Thant Bungalow - Kan Thar Yar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

  • Home
  • Myanmar
  • Gwa
  • Thant Bungalow - Kan Thar Yar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

Thant Bungalow - Kan Thar Yar Beach  သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ Thant Bungalow is located in Kan Thar Yar Beach, Gwa, Rakhine State, Myanmar. Ph No: 09250827909.

သစ်သားလုံးချင်းဘန်ဂလိုလေးတွေဖြစ်တာကြောင့်
သဘာဝဆန်ဆန်နေလိုသောမိတ်ဆွေများ၊
Adventure ကြိုက်သောအဖွဲ့လိုက်ခရီးသွားများအပြင်
လူကြီး၊ လူငယ်များအားလုံး လွတ်လပ်အဆင်ပြေစွာ
အနားယူအပန်းဖြေနိုင်ပါတယ်ခင်ဗျာ။

ကမ်းသာယာသို့ လွမ်းချင်း.....ဒီ Page လေးမှာ Guest House အကြောင်းထက်ကမ်းသာယာကမ်းခြေရဲ့ သဘာဝအလှလေးတွေကိုပိုပြီးတော့မှ တင်ဖြ...
23/11/2024

ကမ်းသာယာသို့ လွမ်းချင်း.....

ဒီ Page လေးမှာ Guest House အကြောင်းထက်
ကမ်းသာယာကမ်းခြေရဲ့ သဘာဝအလှလေးတွေကို
ပိုပြီးတော့မှ တင်ဖြစ်ခဲ့ပါတယ်။
Admin ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင်ကို
ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်လို့ပါ။

ငယ်ရွယ်စဥ်ကတည်းက ကမ်းခြေလေးဟာ
တဖြည်းဖြည်း ​ဆင့်ကဲတိုးတက်လာပေမယ့်
လတ်ဆတ်တဲ့ ပင်လယ်လေညှင်းတွေနဲ့
လှိုင်းခတ်သံတွေဟာ ရိုးအီမသွားပါဘူး။
ပင်လယ်စာတွေဟာ လတ်ဆတ်မြဲပါပဲ။
ကင်းပုံချောင်းကလေးဟာလည်း စီးဆင်းလျက်ပါပဲ။

ကမ်းခြေဆီ အလည်လာရင်
ပင်လယ်ကြီးက ဆီးကြိုလို့ ပျော်ရွှင်ရသလို
အိမ်ပြန်ရင်လည်း ရိုးမတောင်တန်းတွေကြား
အလွမ်းတွေ ထွေးပိုက်ပြီး ပြန်ရစမြဲပါ။

Admin အရွယ်ရောက်လာတော့
ကမ်းခြေရဲ့ အလှတွေကို Social Media ပေါ်
တတ်နိုင်သလောက် မျှဝေခဲ့ပါတယ်။
ကမ်းခြေလေးကို အဝေးက သတိရရင်
အလွမ်းပြေ ကြည့်နိုင်အောင်ပေါ့။

မိုးလေကင်းစင်တဲ့ အခုလိုရာသီမှာ
ပင်လယ်ပြာပြာကြီးကို ပိုလွမ်းမိပါတယ်
အခုအချိန်မှာတော့ ကမ်းခြေလေးကို
လွမ်းနေတဲ့သူဟာ Admin တစ်ယောက်တည်း
မဟုတ်တာသေချာပါတယ်။

ကမ်းခြေလေးကို လွမ်းနေရင်လည်း
Page ထဲက Photo တွေ Video ကိုကြည့်ရင်း
အလွမ်းဖြေနိုင်ကြပါစေ။
ကိုယ်စိတ်နှလုံး ငြိမ်းချမ်းကြပါစေ။
ဘဝအမောတွေ ပြေပျောက်ကြပါစေ။
ကမ်းခြေကျေးရွာလေးလည်း ဘေးကင်းပါစေ။

ကဗျာလေးတစ်ပုဒ်ကတော့.....

" လူသားတွေဟာ လောကကြီးထဲ
ဝင်လာလိုက် ထွက်ခွာလိုက်ပါပဲ.....
ကင်းပုံချောင်းကလေးကတော့
အမြဲစီးဆင်းနေမှာပါ..... "

Memory ⛱🏖🏝✌✌
22/10/2023

Memory ⛱🏖🏝✌✌

17/10/2023

ညနေခင်း ​နေဝင်ဆည်းဆာအလှ 🏝🌄🌊

"သန့်" ဘန်ဂလို ကမ်းသာယာကမ်းခြေမှမှာယူသုံးဆောင်နိုင်တဲ့ စားသောက်ဖွယ်ရာများပါခင်ဗျာ။ 😋😋😋မြန်မာထမင်းဟင်း။ 🍽🍽🍽ပင်လယ်စာ။  🐟🐠🦑...
16/04/2023

"သန့်" ဘန်ဂလို ကမ်းသာယာကမ်းခြေမှ
မှာယူသုံးဆောင်နိုင်တဲ့
စားသောက်ဖွယ်ရာများပါခင်ဗျာ။ 😋😋😋

မြန်မာထမင်းဟင်း။ 🍽🍽🍽
ပင်လယ်စာ။ 🐟🐠🦑🐙
ရခိုင်အစားအစာ။ 🍝☕🌯🥗

🍗🍗🍗
ကြက်အာပူသောက်ဆမ်း။
ကြက်သား ရခိုင်သုပ်။
ကြက်သားဆီပြန်။

🐠🐟🐟
ငါးကြော်။
ငါးကင်။
ငါးချိုချဥ်။
ငါး ချဥ်စပ်။
ငါး အာပူသောက်ဆမ်း။
ငါးမုန့်ကြော်။
ငါးနီတူ ရခိုင်သုပ်။

🦐🦐🦐
ပုဇွန် ရခိုင်သုပ်။
ပုဇွန်ကြော်။
ပုဇွန် အချိုချက်။
ပုဇွန် ချဥ်စပ်။

🦑🦑🦑
ပြည်ကြီးငါး ရခိုင်သုပ်။
ပြည်ကြီးငါး အချိုချက်။
ပြည်ကြီးငါး ချဥ်စပ်။

🐚🐚🐚
ဂုံး အချိုချက်။
ဂုံး ချဥ်စပ်။
ဂုံး ရခိုင်သုပ်။

ပင်လယ်စာဟင်းချို၊
အသုပ်၊ ချို၊ ချဥ်၊ ငံ၊ စပ်။ 🐙🦑🐠🐟🐚🦐

လ္ဘက်ထမင်း။ 🍽🍽
လ္ဘက်သုပ်။ 🍝🍝
ကော်ဖီ။ ☕☕
လ္ဘက်ရည်။ ☕☕
အအေး။ 🍸🍸
သဘာဝအုန်းစိမ်းရည်များကို
စျေးနှုန်းချိုသာစွာဖြင့်
သုံးဆောင်နိုင်ပါပြီခင်ဗျာ။ 😋😋😋

Booking လုပ်ထားသော
ချစ်မိတ်ဆွေများအနေဖြင့်
အစားအသောက်များကို
ခရီးထွက်လာစဥ်တည်းက
ကြိုတင်မှာယူနိုင်ပါတယ်ခင်ဗျာ။ 🍽🍸🍵🍴

မိတ်ဆွေသစ်များအတွက်
ဘန်ဂလို အကြောင်းအသေးစိတ်ကိုလည်း
ဒီ link မှာဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ 🙋‍♂️🙋‍♂️🙋‍♂️
https://m.facebook.com/story.php?story_fbid=257653024899709&id=143237226341290&mibextid=Nif5oz

ဘန်ဂလိုအကြောင်းအသေးစိတ်နဲ့
အခန်းကြိုတင်မှာယူလိုပါက ကျေးဇူးပြု၍
ဖုန်းနံပါတ် 09250827909 နဲ့ 09254593593 ကို
ဆက်သွယ်ပြီး မေးမြန်းနိုင်/ ကြိုတင် Booking
လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ ☺☺

မိတ်ဟောင်း၊ မိတ်သစ်များအား.....
ကျေးဇူးတင်ဖော်ရွေစွာဖြင့်...🌷🌷🌷

"သန့်" ဘန်ဂလို 🏠🏡🏘
ကမ်းသာယာကမ်းခြေ ⛱🏝🏖

Ph No: 📞📞📞
09250827909 / 09254593593

Nature is awesome  🧡
18/05/2022

Nature is awesome 🧡

ရောက်လာကြတဲ့ချစ်မိတ်ဆွေများ အမောပြေစေဖို့ပင်လယ်လေညှင်းတွေနဲ့အတူ ရင်ထဲအေးသွားမယ့် သဘာဝ အုန်းစိမ်းရည် 😋😋🌴
10/04/2022

ရောက်လာကြတဲ့ချစ်မိတ်ဆွေများ အမောပြေစေဖို့
ပင်လယ်လေညှင်းတွေနဲ့အတူ ရင်ထဲအေးသွားမယ့်
သဘာဝ အုန်းစိမ်းရည် 😋😋🌴

မိုးဖွဲဖွဲလေး ရွာနေခိုက်မှာ....ကော်ဖီပူပူလေး & စာအုပ်လေးနဲ့ အခန်းအောင်းချင်လား?တံတားထိပ်လေးသွားပြီး Fishing မလား?ဝရံတာလေ...
23/03/2022

မိုးဖွဲဖွဲလေး ရွာနေခိုက်မှာ....
ကော်ဖီပူပူလေး & စာအုပ်လေးနဲ့ အခန်းအောင်းချင်လား?
တံတားထိပ်လေးသွားပြီး Fishing မလား?
ဝရံတာလေးမှာထိုင်ပြီး မိုးစက်လေးတွေ ငေးမလား?
လှမ်းလာခဲ့ပါ ချစ်မိတ်ဆွေတို့ရေ....

ဖော်ရွေစွာဖြင့်...
Thant Bungalow - Kanthayar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

ချစ်မိတ်ဆွေ မိသားစုများ၊ အဖွဲ့လိုက်ခရီးသွားများ၊ လူကြီး လူငယ်များအနေဖြင့် " သန့်" ဘန်ဂလို - ကမ်းသာယာကမ်းခြေ မှာသီးသန့်လု...
04/03/2022

ချစ်မိတ်ဆွေ မိသားစုများ၊ အဖွဲ့လိုက်ခရီးသွားများ၊
လူကြီး လူငယ်များအနေဖြင့်

" သန့်" ဘန်ဂလို - ကမ်းသာယာကမ်းခြေ မှာ
သီးသန့်လုံးချင်း ဘန်ဂလိုများဖြင့် အေးချမ်းစွာအနားယူနိုင်ပြီး

ခြံဝင်းထဲမှာ မီးပုံပွဲဖြင့် အခုလို လွတ်လပ်စွာ
ချက်ပြုတ် ကင်စားနိုင်ပါတယ် 😋😋

ဖော်ရွေစွာဖြင့်...

Thant Bungalow - Kanthayar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

ညခင်းရဲ့ ပင်လယ်လေညှင်းလေးတွေကိုထိတွေ့စဉ်....ဖော်ရွေစွာဖြင့်...Thant Bungalow - Kanthayar Beach  သန့် ဘန်ဂလို - ကမ်းသာယာက...
28/02/2022

ညခင်းရဲ့ ပင်လယ်လေညှင်းလေးတွေကိုထိတွေ့စဉ်....

ဖော်ရွေစွာဖြင့်...

Thant Bungalow - Kanthayar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

လတ်ဆတ်တဲ့ ပင်လယ်လေညှင်းတွေနဲ့အတူနေဝင်ချိန်ရှူခင်းကို ငေးလို့ကောင်းတဲ့ နေရာလေး 🌄🌅ဖော်ရွေစွာဖြင့်...Thant Bungalow - Kanth...
05/02/2022

လတ်ဆတ်တဲ့
ပင်လယ်လေညှင်းတွေနဲ့အတူ
နေဝင်ချိန်ရှူခင်းကို
ငေးလို့ကောင်းတဲ့ နေရာလေး 🌄🌅

ဖော်ရွေစွာဖြင့်...
Thant Bungalow - Kanthayar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ
Ph No: 📞📞📞
09250827909 / 09254593593

5:59 PM... 6:00 PM... 6:01 PM...Sunsetဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေကြောင်း....ဖော်ရွေစွာဖြင့်...Thant Bungalow - Kan Th...
02/02/2022

5:59 PM... 6:00 PM... 6:01 PM...Sunset

ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေကြောင်း....

ဖော်ရွေစွာဖြင့်...

Thant Bungalow - Kan Thar Yar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ

Ph No: 📞📞📞
09250827909 / 09254593593

Address

Thant Bungalow & Guest House, Kan Thar Yar Beach
Gwa
PGMV+69KINPON

Alerts

Be the first to know and let us send you an email when Thant Bungalow - Kan Thar Yar Beach သန့် ဘန်ဂလို - ကမ်းသာယာကမ်းခြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

“Welcome”

“ သန့်ရှင်းခိုင်ခံ့တဲ့ လုံးချင်းဘန်ဂလိုလေးတွေဖြစ်တာကြောင့် သဘာဝအလှကို ချစ်မြတ်နိုးသော မိတ်ဆွေတွေ၊ မိသားစုတွေ၊ ဇနီးမောင်နှံတွေ၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ခရီးသွားတွေအတွက် လွတ်လပ်၊ အဆင်ပြေစွာအပန်းဖြေ အနားယူနိုင်ပါတယ်”


;) ;) ;)