DREAM AVOCADO FARM

DREAM AVOCADO FARM My Hope My Choice

ကိုယ်ကကောင်းမှမိတ်ကောင်းရတယ်။မိတ်ကောင်းဆွေကောင်း ဆိုတာ၁။ကောင်းကျိုး လိုလားရတယ်။၂။သစ္စာ ရှိရတယ်။၃။တစ်ယောက်ဂုဏ်တစ်ယောက် ကာ...
22/11/2025

ကိုယ်ကကောင်းမှ
မိတ်ကောင်းရတယ်။

မိတ်ကောင်းဆွေကောင်း ဆိုတာ
၁။ကောင်းကျိုး လိုလားရတယ်။
၂။သစ္စာ ရှိရတယ်။
၃။တစ်ယောက်ဂုဏ်တစ်ယောက် ကာကွယ်စောင့်ရှောက်ရတယ်။
၄။လျှို့ဝှက်ရမယ့်အကြောင်းကို ၁၀၀% ထိန်းသိမ်းပေးရတယ်။
၅။ကောင်းတဲ့အကြံဥာဏ်ပေးရတယ်။

ဒါကြောင့်
လူနည်းနည်းနဲ့ ပဲ
နေတာ။

ကိုယ်ပြည့်ဖို့အတွက် မပြည့်တဲ့သူတွေဆီက မခပ်ယူချင်ဘူး ...။ကိုယ်မြင့်ဖို့အတွက် နိမ့်နေတဲ့ ဘဝတွေကို မနင်းတက်ချင်ဘူး ...။လူတွ...
20/11/2025

ကိုယ်ပြည့်ဖို့အတွက် မပြည့်တဲ့သူတွေဆီက မခပ်ယူချင်ဘူး ...။

ကိုယ်မြင့်ဖို့အတွက် နိမ့်နေတဲ့ ဘဝတွေကို မနင်းတက်ချင်ဘူး ...။

လူတွေဆိုတာ တစ်ဦးရှင်သန်ဖို့အတွက် တစ်ဦးနဲ့တစ်ဦး လုယက်ပေါက်ဖွားရတဲ့ ‌အလေ့ကျပင်တွေမှ မဟုတ်တာပဲလေ...။

သူ့တန်ဖိုးနဲ့ သူပါ ...
သူ့အကြောင်းပြချက်နဲ့ သူပါ ...
လောကဓံရဲ့ ကျရာဇာတ်ရုပ်မှာ ကိုယ်စီ အသုံးတော်ခံနေကြတာပဲ မဟုတ်လား ...။

🔹 ရိုးတံ 🔹

ကြားရင်လည်း မကြားသလို သိရင်လည်း မသိသလို နေတတ်မှ လူတိုင်းနဲ့အဆင်ပြေတာ...ကိုယ့်အတင်းပြောသံကြားလည်း ရယ်နေလိုက်ကိုယ့်ကိုချီး...
12/11/2025

ကြားရင်လည်း မကြားသလို
သိရင်လည်း မသိသလို နေတတ်မှ
လူတိုင်းနဲ့အဆင်ပြေတာ...

ကိုယ့်အတင်းပြောသံကြားလည်း ရယ်နေလိုက်
ကိုယ့်ကိုချီးကျူးကြရင်လည်း ပြုံးနေလိုက်
နေတတ်မှ ကိုယ်လှတာ။

အားနည်းချက်ပြောပြလည်း ကျေးဇူးတင်လိုက်
ဝေဖန်နေလည်း အသိအမှတ်ပြုလိုက်
နေတတ်မှ ပညာတစ်ခုတိုးတာ။

ယူတတ်ရင် အသိတရားရနေတဲ့ခေတ်ကြီးထဲ
နေရာတကာ ကိုယ့်ကိုယ်ကို
ဦးစားပေးနေလို့ဘယ်ဖြစ်ပါ့မလဲ....

ဒီဘက်ခေတ်ကြီးထဲ
ကိုယ့်စိတ်နဲ့ထပ်တူ
ယုံကြည်ရမယ့်လူတွေနည်းနေပြီဆိုတော့
ခံစားချက်ဆိုတာကလည်း မြိုသိပ်ထားတတ်အုံးမှ... တော်ကာကျတာ.....။

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။ ကိုယ့်ထက်သာတဲ့သူကိုလည်းမနာလိုတဲ့စိတ် မရှိခဲ့ဘူး ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်းနို...
19/10/2025

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး

ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား

ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော်

#စာပေ

မိသားစု ဖြစ်လာတဲ့အခါမိသားစု ကိုချစ်လာတဲ့အခါကိုယ့်မိသားစုကို ကိုယ်တန်ဖိုးထားတဲ့အခါ…ငါဆိုတဲ့ အတ္တကနေ ငါတို့ဆိုတဲ့ အတ္တအဖြစ...
04/06/2025

မိသားစု ဖြစ်လာတဲ့အခါ
မိသားစု ကိုချစ်လာတဲ့အခါ
ကိုယ့်မိသားစုကို ကိုယ်တန်ဖိုးထားတဲ့အခါ…

ငါဆိုတဲ့ အတ္တကနေ ငါတို့ဆိုတဲ့ အတ္တအဖြစ်တော့ ပြောင်းလဲသွားပေမယ့်လည်း…..

ငါတစ်ယောက်တည်း ပျော်ရွှင်ဖို့ လုပ်ချင်တာလုပ်မယ်ဆိုတာထက်
ငါတို့မိသားစု ပျော်ရွှင်ဖို့ ဒါလုပ်မယ်

ငါတစ်ယောက်တည်း အောင်မြင်ဖို့ ဒီလမ်းကိုရွေးမယ်ဆိုတာထက်
ငါတို့ မိသားစု အဆင်ပြေဖို့ ဒီလမ်းကိုရွေးတာမျိုးပေါ့

ငါတစ်ယောက်တည်းဆိုရင် အဓိပ္ပာယ်မဲ့နေပြီး ငါတို့ အတူတူမှ သာ
ရှေ့ဆက်ရခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ ၊ အောင်မြင်မှုတွေက အဓိပ္ပာယ်ရှိနေတာမျိုးပေါ့။

မိသားစု တစ်စု ဖြစ်လာတဲ့အခါ
ပိုပြီး ပူပန်ရတာတွေ၊ စွန့်လွှတ်အနစ်နာခံရတာတွေ၊ စိတ်ညစ်ရတာတွေ ရှိနိုင်ပေမယ့်လည်း ….
ငါတို့ အတူရှိတယ်ဆိုတဲ့ စိတ်နဲ့ အရာရာထက် တန်ဖိုးရှိနေတာမျိုးပေါ့။

ခြွင်းချက်အနေနဲ့ကတော့ တစ်ယောက်တည်း တစ်ဖက်တည်းကပဲ
မိသားစုအဖြစ် ခံယူထားလို့တော့မရဘူးပေါ့….

#ဘဝအတွတ်စာဖတ်ပါ
#ဆရာအောင်သင်း

လေထဲကလာတဲ့စကားလုံးတွေကမိုးပေါ်က ကျလာတဲ့မိုးသီးလုံးတွေလိုပေါ့တခဏတာပါပဲ🥰
29/04/2025

လေထဲကလာတဲ့စကားလုံးတွေက
မိုးပေါ်က ကျလာတဲ့မိုးသီးလုံးတွေလိုပေါ့
တခဏတာပါပဲ🥰

လိုချင်တာကို ရဖို့မလိုတာတွေကို သတ္တိရှိရှိ စွန့်လွှတ်ဖို့လိုတယ်။
28/04/2025

လိုချင်တာကို ရဖို့

မလိုတာတွေကို သတ္တိရှိရှိ စွန့်လွှတ်ဖို့လိုတယ်။

သူတို့စိတ်တိုင်းကျမဖြစ်ရင် အပြစ်ပြောကြတဲ့ လူ့အသိုင်းအဝိုင်းကို ဂရုမစိုက်ခြင်းဖြင့် နေထိုင်တာကအကောင်းဆုံးပါ ။သူတို့ထက်နိမ...
25/04/2025

သူတို့စိတ်တိုင်းကျမဖြစ်ရင် အပြစ်ပြောကြတဲ့
လူ့အသိုင်းအဝိုင်းကို ဂရုမစိုက်ခြင်းဖြင့် နေထိုင်တာက
အကောင်းဆုံးပါ ။

သူတို့ထက်နိမ့်ကျရင် အထင်သေး
သူတို့ထက်သာရင် မနာလိုဖြစ် ။

ဘယ်လောက်ပဲ ကောင်းအောင်နေနေ လူတွေရဲ့
အပြောကနေ မလွတ်တဲ့အတွက်
ကိုယ်လုပ်စရာရှိတာတွေကိုပဲ အာရုံစိုက်ထားပါ ။

ဒါကြောင့်
လူတိုင်းကြိုက်အောင်နေပြစရာမလိုဘူး
လူတိုင်းက ငါတို့ဘဝအတွက် အရေးမပါဘူးလေ ။

#ဖားစည်ရည်ကျော်

ဘ"ဝမှာ ဘယ်သူနဲ့ဆုံဆုံ ကောင်းခြင်းနဲ့ပဲ ဆုံတွေ့ချင်တယ်.……ဆုံတွေ့စဥ် ခဏလေးမှာ ရယ်ရယ်မောမောလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးပဲ ...
18/04/2025

ဘ"ဝမှာ ဘယ်သူနဲ့ဆုံဆုံ ကောင်းခြင်းနဲ့ပဲ
ဆုံတွေ့ချင်တယ်.……

ဆုံတွေ့စဥ် ခဏလေးမှာ ရယ်ရယ်မောမောလေးနဲ့
ပျော်ပျော်ရွှင်ရွှင်လေးပဲ နေချင်တယ်……..

လူတိုင်းကတော့ ကိုယ့်ရဲ့အပေါ်
ကောင်းပေးနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်
တစ်ချို့ကို နားလည်မှုတွေနဲ့အတူ ရှိနေစေချင်တယ်.…..

လာလမ်းမတူ ပြန်လမ်းမတူကြတဲ့
အခြေ"နေတစ်ခု ဆုံခွင့်သာခို"က်လေးမှာ
အမုန်းမရှိပဲ နေချင်တယ်.……

05/04/2025

ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။

အနာဂတ်အကြောင်း တွေးမပူနဲ့၊မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲတွေးမကြောက်နဲ့တဲ့။

ပန်းကန်တွေ ဆေး။အမှိုက်တွေ လှည်းကျင်း။စာရေးစရာရှိတာ ချရေး။ချက်စရာရှိတာ ချက်။ ဒီလောက် လုပ်နိုင်ရင်ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။တစ်လှမ်းချင်းပေါ့။ ခက်ခဲတဲ့အချိန်မှာတစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။နည်းနည်း အနားယူ။

ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။နောက်တစ်လှမ်း လှမ်း။နောက်တစ်ခါ အနားယူ။ နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေစိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေဖြစ်သွားလိမ့်မယ်။ အနာဂတ်ကို တွေးပူပြီးလက်လျှော့ချင်နေတဲ့စိတ်တွေလျော့ပါးလာလိမ့်မယ်တဲ့။

Crd~ အယ်လီနာ မီခယ်လ်ခိုဗာ
စိတ်သစ်ပင်စာအုပ်စင်

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်ခဏကလေး ရပ်ကြည့်တာကအစဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး၊ကို...
25/02/2025

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခဏကလေး ရပ်ကြည့်တာကအစ
ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး၊

ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ
ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ။


Address

MQV6+Q7, Innkhaung, Myanmar (Burma)
Heho
MQV6+Q7,INNKHAUNG,MYANMAR(BURMA)

Telephone

+9595212602

Website

Alerts

Be the first to know and let us send you an email when DREAM AVOCADO FARM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DREAM AVOCADO FARM:

Share

Category