29/07/2026
🙏🏻ယနေ့ကျရောက်သော ဒုတိယဝါဆိုလပြည့်နေ့ 🙏🏻နေ့ထူးနေ့မြတ်အချိန်အခါသမယတွင်
🍀၇ရက်သားသမီးများအားလုံး
🙏🏻ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး
ကောင်းမှုကုသိုလ်များဆောင်ရွက်နိုင်ပါစေ
🙏🏻ဘေးအန္တရာယ်အပေါင်းကင်းဝေး၍
🙏🏻ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း
🙏🏻ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း
Area 22 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🏻🙏🏻🙏🏻
🌕 ဝါဆိုလပြည့်နေ့၏ ထူးခြားချက်ကြီး (၅) ရပ်
၁။ 👶 ပဋိသန္ဓေယူသောနေ့
ဂေါတမဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် မယ်တော်မာယာဒေဝီ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စတင်ယူခဲ့သော နေ့ထူးနေ့မြတ် ဖြစ်သည်။
၂။ 🐎 တောထွက်တော်မူသောနေ့
သိဒ္ဓတ္ထမင်းသားသည် လောကီစည်းစိမ်၊ နန်းစည်းစိမ် အားလုံးကို စွန့်ပယ်ကာ သံဝေဂဉာဏ်ဖြင့် ဆံတော်ပယ်၍ တောထွက်တော်မူခဲ့သောနေ့ ဖြစ်သည်။
၃။ ☸️ တရားဦးဟောကြားသောနေ့
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား သံသရာမှ လွတ်မြောက်ကြောင်း "ဓမ္မစကြာတရားဦး" ကို စတင်ဟောကြားတော်မူခဲ့သောနေ့ ဖြစ်သည်။
၄။ 🌟 သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့
တရားဦးကို နာကြားရပြီးနောက် အရှင်ကောဏ္ဍညသည် ပထမဆုံး သောတာပန်အဖြစ်သို့ ရောက်ရှိကာ "ဧဟိဘိက္ခု" ရဟန်းအဖြစ်ကို ခံယူခဲ့သဖြင့် ကမ္ဘာပေါ်တွင် သံဃာရတနာ စတင်ပေါ်ထွန်းခဲ့သောနေ့ ဖြစ်သည်။
၅။ 🌧️ ဝါဆိုဝါကပ် စတင်သောနေ့
ရဟန်းတော်များ သုံးလတာကာလပတ်လုံး ဒေသစာရီ လှည့်လည်ကြွချီခြင်းမပြုဘဲ တစ်နေရာတည်း၌ သီတင်းသုံးကာ တရားအားထုတ်ရမည့် "ဝါတွင်းကာလ" စတင်သတ်မှတ်သောနေ့ ဖြစ်သည်။
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့