Khwe Ka Baung Hotel

Khwe Ka Baung Hotel Khwe Ka Baung Hotel Pageမှ ကြိုဆိုပါတယ်
လိပ်စာ-အမှတ်-၁၊ အ.ထ.က(၄)ကျောင်းလမ်း၊ကြာအင်းရပ်,ဘားအံမြို့
Ph No.-09457486313

05/07/2025

🌧️Rainy season of Hpa-an
Don’t miss the chance to feel this natural moment appeared only in this season 🩵🩵. #ရေပြာအိုင် #ဘားအံမြို့

26/06/2025

What a peaceful place🩵🩵 #ကျောက်ကလပ်

15/07/2023

ဘယ်ရာသီရောက်ရောက်အမြဲတမ်းလှနေတဲ့
တွန့်ပတိုင်❤️❤️
အရင်ကဝါးတံတားလေးပဲရှိပေမယ့် ခုတော့တောင်ခြေပတ်ပတ်လည်သစ်သားတံတားလုပ်လိုက်ပြီးဆိုတော့ ထွန့်ပတိုင်အလှကိုတဝကြီးခံစားလို့ရပြီးပေါ့…

📌သက်သက်လွတ်နယ်မြေမို့အသားငါးနဲ့အရက်ဘီယာယူလာလို့မရပါဘူး..

📌သက်သက်လွတ်စတုဒီသာနေ့တိုင်းကျွေးပါတယ်။သက်သက်လွတ်ပဲငါးပိရည်ကတော့ စားဖူးသူတိုင်းအသဲစွဲပေါ့💞စတုဒီသာအလှူလေးလည်းဝင်လှူလို့ရပါတယ်…

📌ရေကန်ထဲ ငါးတွေဘေးမဲ့လွှတ်ထားတဲ့အတွက် ပေါင်မုန့်လေးတွေဝယ်ပြီးကျွေးလို့ရပါတယ်..ကျွေးပီးရင်လည်း အမှိုက်တွေကိုစနစ်တကျအမှိုက်ပုံးထဲစွန့်ပစ်ပေးပါနော်…ရေကန်ထဲပစ်မချကြမိဖို့အထူးသတိထားပေးပါ…

📌သနပ်ခါးတုံးနဲ့ကျောက်ပြင်အကြီးကြီးထားထားတာမို့ သနပ်ခါးလေးတော့လိမ်းသွားကြပေါ့နော်..🥰

📌အရေးကြီးဆုံးအချက်ကတော့ တံတားတလျှောက်အမှိုက်ပုံးတွေထားထားတာမို့ အမှိုက်လေးတွေကိုတော့သေချာစွန့်ပစ်ပေးပါနော်…🥰

ဘားအံရောက်ပြီးဆို ထွန့်ပတိုင်က မဖြစ်မနေသွားသင့်ပါတယ်…အလှတရားလည်းရှုစားရင်း သက်သက်လွတ်စတုဒီသာလည်းဝင်စား ဝင်လှူရင်းပေါ့…😇

ချစ်ခြင်းများစွာဖြင့်😍


🤵‍♂️Wai&Phyo👰‍♀️Thank you for letting us share on your special day. Wishing you two a long and happy marriage 🎊💌
29/03/2023

🤵‍♂️Wai&Phyo👰‍♀️

Thank you for letting us share on your special day. Wishing you two a long and happy marriage 🎊💌

အခြေအနေတွေပြန်ကောင်းရင် ကရင်ပြည်နယ်ကိုလာလည်ကြဖို့ဖိတ်ခေါ်ပါတယ်....🤍
06/09/2021

အခြေအနေတွေပြန်ကောင်းရင် ကရင်ပြည်နယ်ကိုလာလည်ကြဖို့ဖိတ်ခေါ်ပါတယ်....🤍

🎄🎄🎄 Merry Christmas to you all!!! 🎄🎄🎄ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပါစေကြောင်းခွယ်ကဘောင်ဟိုတယ်မိသားစု မှဆုမွန်ကောင်းတေ...
25/12/2020

🎄🎄🎄 Merry Christmas to you all!!! 🎄🎄🎄

ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပါစေကြောင်း
ခွယ်ကဘောင်ဟိုတယ်မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...🌟

ချစ်ခင်‌လေးစားရပါသော ဧည့်သည်တော်များခင်ဗျာယနေ့ (၁၆ . ၁၂ . ၂၀၂၀ ) တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခွ...
16/12/2020

ချစ်ခင်‌လေးစားရပါသော
ဧည့်သည်တော်များခင်ဗျာ

ယနေ့ (၁၆ . ၁၂ . ၂၀၂၀ ) တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခွယ်ကဘောင် ဟိုတယ်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း
မိတ်ဟောင်း မိတ်သစ် ဧည့်သည်တော်များအား သတင်းကောင်းပါးချင်ပါတယ်ခင်ဗျာ။

ဟိုတယ်အခန်းစျေးနှုန်းများကတော့
အောက်ပါနှုန်းထားများ အတိုင်း
ဖြစ်ပါတယ်ခင်ဗျာ။

🛏Double Room ( ၂ ယောက်ခန်း) – 35000 kyat
🛏Twin Room ( ၂ ယောက်ခန်း) – 35000 kyat
🛏Family Room (၄ ယောက်ခန်း) – 65000 kyat
🛏Family Room (၅ ယောက်ခန်း) – 75000 kyat
🛏Extra Bed ( တစ်ဦးလျှင်) - 10000 kyat

အခန်းများထဲတွင်
☑️ ရေပူ ၊ ရေအေး
☑️ တီဗီ
☑️ အဲကွန်း ၊ ရေခဲသေတ္တာ
☑️ Free Wifi အပြင်
ကျယ်ဝန်းသောကားပါကင် နှင့် အရသာရှိတဲ့ မနက်စာ လည်းပါဝင်မှာဖြစ်ပါတယ် ခင်ဗျာ။

ကိုဗစ်ကာလ ဖြစ်တာကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံချက်၊ ကျန်းမာရေးရောဂါကင်းစင်ကြောင်း အထောက်အထားများနဲ့ ခရီးသွားရာဇဝင်များကိုပါ မဖြစ်မနေ ယူဆောင်လာကြဖို့ အသိ‌ပေးလိုပါတယ်ခင်ဗျာ။

Booking တင်လိုပါက Page Messenger ကနေတဆင့်ဆက်သွယ်နိုင်ပြီး ဖုန်းနှင့် ဆက်သွယ်လိုပါက
☎️ 09 – 457486313
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
Stay safe!

ဟိုတယ်သို့ လာရောက်တည်းခိုမည့် ဧည့်သည်တော်များခင်ဗျာ။အောက်ပါ ပုံတွင် ပါသောညွှန်ကြားချက်များအရ ဟိုတယ်တွင်လာရောက် တည်းခိုမည်...
26/08/2020

ဟိုတယ်သို့ လာရောက်တည်းခိုမည့် ဧည့်သည်တော်များခင်ဗျာ။
အောက်ပါ ပုံတွင် ပါသောညွှန်ကြားချက်များအရ ဟိုတယ်တွင်လာရောက် တည်းခိုမည်ဆိုပါက ထောက်ခံစာများ ယူလာပေးပါရနိ
မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ။

မိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ပြန်လည်တည်းခိုနေနိုင်စေရန်အတွက် ဟိုတယ်တစ်ခုလုံးအား ပြန်လည်သန့်ရှင်းဆေးကြောနေခြင...
31/05/2020

မိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ပြန်လည်တည်းခိုနေနိုင်စေရန်အတွက် ဟိုတယ်တစ်ခုလုံးအား ပြန်လည်သန့်ရှင်းဆေး
ကြောနေခြင်း။
နွေးထွေးသောချစ်ခြင်းများစွာဖြင့်
ခွယ်ကဘောင်ဟိုတယ်။

Hotel Khwe Ka Baung အားစဉ်ဆက်မပြတ်အားပေးခဲ့ကြသော ညီအစ်ကိုမောင်နှမများခင်ဗျာ ကျွန်ုပ်တို့၏ ဟိုတယ်မှာ(2.6.2020)( TUE )day ...
29/05/2020

Hotel Khwe Ka Baung အားစဉ်ဆက်မပြတ်အားပေးခဲ့
ကြသော ညီအစ်ကိုမောင်နှမများခင်ဗျာ ကျွန်ုပ်တို့၏ ဟိုတယ်မှာ
(2.6.2020)( TUE )day မှစ၍ ပြန်လည်စတင်ဖွင့်လှစ်မည်
ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။

Address

B. E. H. S (4) School Street, Kyar Inn
Hpa-an
003001701

Opening Hours

Monday 05:00 - 22:00
Tuesday 05:00 - 22:00
Wednesday 05:00 - 22:00
Thursday 05:00 - 22:00
Friday 05:00 - 22:00
Saturday 05:00 - 22:00
Sunday 05:00 - 22:00

Telephone

+959457486313

Alerts

Be the first to know and let us send you an email when Khwe Ka Baung Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category