Hpa-an River View Hotel & Sky Bar

Call Directions

Hpa-an River View Hotel & Sky Bar Welcome to Hpa-an River View Hotel
(1)

ဘားအံကိုလည်လို့အကောင်းဆုံးရာသီကိုရောက်လာပါပြီရှင် 🙏ဘားအံရဲ့ မိုးတွင်းအလှတရားကိုအနီးကပ်မြင်ချင်ကြပေမယ့်မိုးမျာစလို့ မလာဖြ...
04/10/2026

ဘားအံကိုလည်လို့အကောင်းဆုံးရာသီကို
ရောက်လာပါပြီရှင် 🙏

ဘားအံရဲ့ မိုးတွင်းအလှတရားကို
အနီးကပ်မြင်ချင်ကြပေမယ့်
မိုးမျာစလို့ မလာဖြစ်သေးသူတွေအတွက်
မိုးအကုန် ဆောင်းအကူးကာလဖြစ်တဲ့
အောက်တိုဘာ နိုဝင်ဘာလကို အလည်လာပါရှင်။

အခုအချိန်ဆိုရင် မိုးလည်းကုန်ပြီဖြစ်သလို
မိုးအငွေ့အသက်တွေနဲ့
တောင်တန်းတွေလည်းစိမ်းစိုနေပြီး
ကံကောင်းရင် တိမ်ပင်လယ်ပါမြင်ရနိုင်တဲ့
အချိန်ကောင်းလေးမို့
Hpa an river view hotel မှာတည်းခိုပြီး
ဘားအံကိုလာလည်လိုက်တော့နော် 😊

Hpa An River View Hotel
4/12, ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

ဘားအံမြို့ရဲ့ အချက်အခြာအကျဆုံးနဲ့စျေးအသင့်ဆုံးဟိုတယ်ကို ရှာဖွေနေတယ်ဆိုရင်ကမ်းနားလမ်းမကြီးပေါ်မှာတည်ရှိပြီးအဝေးပြေးကားတို...
23/09/2026

ဘားအံမြို့ရဲ့ အချက်အခြာအကျဆုံးနဲ့
စျေးအသင့်ဆုံးဟိုတယ်ကို ရှာဖွေနေတယ်ဆိုရင်
ကမ်းနားလမ်းမကြီးပေါ်မှာတည်ရှိပြီး
အဝေးပြေးကားတိုင်း ဟိုတယ်ရှေ့ထိရောက်တဲ့
Hpa an river view hotel ရှိပါတယ်ရှင် 🙏

ဟိုတယ်အနီးတဝိုက် 1km အတွင်းမှာတင်
- Sky bar and restaurant (ဟိုတယ်အပေါ်ထပ်)
- လဘ္ဘက်ရည်ဆိုင်
-ကမ်းနားညစျေး
- စားသောက်ဆိုင်
- Fashion accessories shop
- ဆေးခန်း
- ရွှေဆိုင်
- Souvenir shop နဲ့
- မုန့်ဆိုင်ငယ်လေးတွေလည်းရှိတာမို့

တစ်ခုခုလိုအပ်ရင် ၁၀ မိနစ်ခန့်လမ်းလျှောက်ရုံနဲ့
အလွယ်တကူရောက်နိုင်တာမို့
အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်ရှင်။

မြို့တွင်းသွားလာဖို့နဲ့
လည်ပတ်ဖို့အတွက် လိုအပ်လာရင်လည်း
ဒေသခံ သုံးဘီး / ကား များနဲ့
အကောင်းဆုံး အဆင်ပြေအောင်
ချိတ်ဆက်ပေးတာမို့
အလည်ပဲလာလာ အလုပ်ကိစ္စပဲဖြစ်ဖြစ်
Hpa an river view hotel မှာလာရောက်တည်းခိုဖို့ဖိတ်ခေါ်ပါတယ်ရှင်။

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

သံလွင်မြစ်ရဲ့အလှနဲ့ဘားအံမြို့လေးရဲ့ အလှကိုအပေါ်စီးကနေသက်တောင့်သက်သာနဲ့မြင်ကွင်းကျယ်ကျယ်ခံစားကြည့်ရှူ အနားယူချင်ရင်းHpa a...
26/08/2026

သံလွင်မြစ်ရဲ့အလှနဲ့

ဘားအံမြို့လေးရဲ့ အလှကို

အပေါ်စီးကနေ

သက်တောင့်သက်သာနဲ့

မြင်ကွင်းကျယ်ကျယ်ခံစားကြည့်ရှူ အနားယူချင်ရင်း

Hpa an River View Hotel ရဲ့

အသစ်မိတ်ဆက်ထားတဲ့

River View Deluxe Room မှာတည်းကြည့်ပါရှင်။

ပိုမိုကျယ်ဝန်းတဲ့ အခန်းကိုမှ

180° မှန်ချပ်တွေနဲ့ ကာရံထားတာကြောင့်

တမူထူးခြားတဲ့ အတွေ့အကြုံသစ်ကို

ခံစားနိုင်မှာအသေအချာပါရှင်။

Riverview deluxe အခန်းမှာတည်းခိုဖို့
Booking လေးတော့ ကြိုတင်ပြုလုပ်ပေးပါရှင် 🙏

River View Sky Bar & Restaurant
အမှတ် (၄/၁၂)၊ ကမ်းနားလမ်း၊ ဘားအံမြို့
09679999001

Workshop နဲ့အလုပ်ရုံဆွေးနွေးပွဲတွေအတွက်သွားလာရလွယ်ကူချော့မွေ့ပြီး ✨ပါဝင်သူ အယောက် (၄၀) ထိကိုဝန်ဆောင်မှုပေးနိုင်တဲ့နေရာလေ...
11/08/2026

Workshop နဲ့အလုပ်ရုံဆွေးနွေးပွဲတွေအတွက်
သွားလာရလွယ်ကူချော့မွေ့ပြီး ✨
ပါဝင်သူ အယောက် (၄၀) ထိကို
ဝန်ဆောင်မှုပေးနိုင်တဲ့နေရာလေးကို
ရှာဖွေနေတယ်ဆိုရင်တော့
Hpa an river view hotel ကိုသာ သတိရလိုက်ပါရှင်

ယာဉ်ရပ်နားစရာ ပါကင်ကျယ်ကျယ်ဝန်းဝန်းရှိပြီး
ကုမ္ပဏီနဲ့ NGO များအတွက်
🔸လူ (၄၀) ဆန့် Meeting Room
🔸Wifi အင်တာနက်
အချိန်ကြာကြာလိုအပ်တဲ့ workshop များအတွက်
🔸ကြာချိန် (၃-၇) နာရီထိငှါးရမ်းနိုင်ပြီး
အစားအသောက် အဆင်သင့်ပြင်ဆင်ပေးနိုင်သော
🔸Sky bar ပါဝင်သည့်အပြင်
နေရာထိုင်ခိုင်းနဲ့ တည်းခိုစရာပါရနိုင်တဲ့
Hpa-an river view hotel & sky bar မှာ
One stop service ရယူနိုင်ကြောင်းလေး
သတင်းကောင်းပါးလိုက်ပါတယ် 🙏

Hpa-an River View Hotel
အမှတ် (၄/၁၂)၊ ကမ်းနားလမ်း၊ ဘားအံမြို့
095660335,09793000045

မင်္ဂလာအခါသမယနဲ့ပြည့်စုံသောဝါဆိုလပြည့်နေ့လေးဖြစ်ပါစေရှင် 🙏
29/07/2026

မင်္ဂလာအခါသမယနဲ့ပြည့်စုံသော
ဝါဆိုလပြည့်နေ့လေးဖြစ်ပါစေရှင် 🙏

Hpa an River View Hotel ရဲ့ ဘယ်အခန်းမှာတည်းရမလဲ စဉ်းစားနေသူများအတွက် အခန်းအမျိုးအစား (၅) မျိုးအကြောင်းကို ရှင်းပြပေးလိုက...
28/07/2026

Hpa an River View Hotel ရဲ့ ဘယ်အခန်းမှာတည်းရမလဲ စဉ်းစားနေသူများအတွက် အခန်းအမျိုးအစား (၅) မျိုးအကြောင်းကို ရှင်းပြပေးလိုက်ပါတယ်ရှင့်။

🛌Budget room : စျေးသက်သက်သာသာနဲ့ တည်းခိုလိုသူတွေအတွက် အခန်းလေးဖြစ်ပါတယ်။ Ground floor မှာတည်ရှိပါတယ်။ နှစ်ယောက်အိပ်ခန်းဖြစ်ပါတယ်ရှင်။🙏
Bed type : Double or 2 singles ရွေးချယ်လို့ရပါတယ်။

🛌Superior room : ပိုသက်တောင့်သက်သာရှိတဲ့အခန်းလေးမှာ အနားယူချင်သူတွေအတွက်သင့်လျော်ပါတယ်ရှင်။ နှစ်ယောက်အိပ်ခန်းဖြစ်ပါတယ်။ 🙏
Bed type : Double or 2 singles ရွေးချယ်လို့ရပါတယ်။

🛌River view room : Hotel ရဲ့ Signature room ဖြစ်ပါတယ်ရှင်။ သက်တောင့်သက်သာအနားယူနိုင်ပြီး သံလွင်မြစ်ပေါ်က ညနေနေဝင်ချိန်ကို မှန်ပြတင်းပေါက်ကျယ်ကျယ် ဟိုတယ်ခန်းထဲကနေ ရှုမျှော်ခံစားနိုင်တဲ့ အခန်းလေးဖြစ်ပါတယ်။ နှစ်ယောက်အိပ်ခန်းဖြစ်ပြီး ကြိုတင်ဘွတ်ကင်တင်မှ ရနိုင်မယ့်အခန်းလေးပါရှင်။
Bed type : Double bed ရရှိနိုင်မှာဖြစ်ပါတယ်။

🛌Family triple room : မိသားစုလိုက်လာရောက်အနားယူဖို့အတွက်သင့်လျော်တဲ့အခန်းလေးပါရှင်။ မိသားစုသုံးယောက် ကောင်းမွန်စွာ တည်းခိုနိုင်ပါတယ်ရှင်။
Bed type : 1 Double + 1 singles ရရှိနိုင်ပါတယ်။

🛌Family quad room : မိသားစုလိုက်လာရောက်အနားယူဖို့အတွက်သင့်လျော်တဲ့အခန်းလေးပါရှင်။ မိသားစုလေးယောက် ကောင်းမွန်စွာ တည်းခိုနိုင်ပါတယ်ရှင်။
Bed type : 1 Double + 2 singles ရရှိနိုင်ပါတယ်။

အသေးစိတ်ကိုတော့ Hpa an river view hotel ရဲ့ messenger ကနေဖြစ်စေ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကနေဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင့်။

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️ 📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွ...
16/07/2026

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!
📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️
📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွန်လိုင်းမှ ကြိုတင် Booking ပြုလုပ်နိုင်ပါပြီ။

📞 Booking & Inquiry
👩 ဒေါ်လေးခင်ဦး – 09-792502850
👨 ဦးစံတင် – 09-786802544

✅ ခရီးစဉ်မတိုင်မီ ကြိုတင်ဘိုကင်ပြုလုပ်ထားခြင်းဖြင့်
🌿 အချိန်ကုန်သက်သာစေခြင်း
🚣‍♂️ ဝါးဖောင်စီးဝန်ဆောင်မှုကို အဆင်ပြေစွာ ရယူနိုင်ခြင်း
📅 မိမိစိတ်ကြိုက်ရက်စွဲအတွက် စီစဉ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

📍 ရသေ့ပျံဂူ (Yathaypyan Cave)
📍 အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်
📍 ဘားအံမြို့၊ ကရင်ပြည်နယ်

📢 ရသေ့ပျံဂူသို့ လာရောက်လည်ပတ်မယ့် မိသားစု၊ သူငယ်ချင်းများရှိရင် ဒီပို့စ်လေးကို Share ပေးပြီး အသိပေးလိုက်ပါ။ 🤝

💬 ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုသည်များရှိပါက Comment ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📲 Like • Comment • Share လုပ်ပေးခြင်းဖြင့် ကရင်ပြည်နယ်ရဲ့ လှပတဲ့ ခရီးသွားနေရာများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်အောင် အတူလက်တွဲကူညီပေးကြပါဦး။ ❤️
#အာလဝံအင်း #ဝါးဖောင်

ဘားအံရဲ့ နာမည်ကြီးနေရာတွေမှာ လူများနေလို့ လူနည်းနည်းနဲ့ လှတဲ့နေရာလေးတွေကိုလည်ချင်ရင် ဒီနေရာလေးတွေကိုလည်ကြည့်ပါရှင်။ ဘားအ...
01/07/2026

ဘားအံရဲ့ နာမည်ကြီးနေရာတွေမှာ လူများနေလို့ လူနည်းနည်းနဲ့ လှတဲ့နေရာလေးတွေကိုလည်ချင်ရင် ဒီနေရာလေးတွေကိုလည်ကြည့်ပါရှင်။ ဘားအံနဲ့နီးနီးနားနားမှာပဲရှိပြီး အများစုကျော်သွားတတ်ကြတဲ့နေရာလေးတွေရှင်။

(၁) လင်းနို့ဂူ
ဘားအံမြို့တစ်ဖက်ကမ်းမှာရှိတဲ့ဂူလေးပါ။ ခရီးသွားအများစုကတော့ ရသေ့ပျံဂူ နဲ့ ကော့ဂွန်းဂူကို နှစ်ခုဆီသွားပြီးပြန်ကြတာများပြီး လင်းနို့ဂူကိုကျော်သွားတက်ကြပါတယ်။ လင်းနို့ဂူရဲ့အလှဆုံးအချိန်ကတော့ ညနေစောင်းနေဝင်ချိန် လင်းနို့တွေအစာရှာထွက်ဖို့ ဂူထဲကထွက်ချိန်ပါရှင်။ သံလွင်တံတားကိုဖြတ်ပြီး ညာဘက်ချိုးရင်ရောက်ပါပြီနော်။

(၂) ဖားပုတောင်
ဘားအံမြို့ကို ဇွဲကပင်တောင်နောက်ခံနဲ့ အလှဆုံးမြင်ရတဲ့ တောင်ဖြစ်ပါတယ်ရှင်။ သံလွင်မြစ်တစ်ဖက်ကမ်းမှာရှိတာမို့ လှေနဲ့ကူးသွားလို့ရပါတယ်။ နေထွက်ချိန်နဲ့ နေဝင်ချိန် အရမ်းလှတဲ့နေရာလေးဖြစ်ပါတယ်။ လှေစီးချင်ရင်တော့ ရွှေယဉ်မျော်ဘုရားဘေးကနေ စီးလို့ရပါတယ်ရှင်။

(၃) ကော့ကသောင်တောင်
ကော့ကသောင်ဂူရဲ့အပေါ်တည့်တည့်ကတောင်ပေါ်ကိုတက်လို့ရတာ အများစုကမသိကြပါဘူး။ မိနစ် (၂၀) လောက်တက်ရုံနဲ့ ဇွဲကပင်တောင်ကြားနဲ့ လယ်ကွင်းတွေရဲ့ အလှကိုခံစားနိုင်မှာပါရှင်။

(၄) လက္ခဏရွာ
ကော့ကသောင်ဂူကိုလည်ပြီးရင် လက္ခဏရွာလေးထဲကိုဝင်ပြီး ရွာတံတားလေးပေါ် ဖြတ်လျှောက်ကြည့်ပါရှင်။ ကျေးလက်ဆန်တဲ့ အလှတရားစစ်စစ်ကို သေချာပေါက်ခံစားရမှာပါ။

(၅) မုက္ကဓိရွာ
ထုံးကျောက်တောင်နဲ့ စပါးခင်းစိမ်းစိမ်းစိုစိုလေးတွေကိုမြင်ချင်ရင် ခရီးသွားမရှိသလောက်နည်းတဲ့ မုက္ကဓိရွာဘက်ကိုသွားပါရှင်။

ဒီလောက်ဆိုရင်တော့ ဘားအံရဲ့လူသွားနည်းပြီးလှတဲ့နေရာလေးတွေကို လည်လို့ရပါပြီရှင်။

ဘားအံကို အလည်လာရင် သဘာဝကိုမထိခိုက်စေဖို့ အမှိုက်လေးတွေမပစ်ချမိစေပဲ အမှိုက်ပုံးထဲထည့်ဖို့ အမှိုက်လေးတွေပြန်ယူသွားပေးဖို့ တောင်းဆိုပါရစေနော်🙏🙏🙏

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

Hpa-an  River  View  Hotelတွင် Meeting room , Lunch, Tea break & Dinner ငှားရမ်းကျင်းပပေးပါသော  Insight Marketing Compan...
28/06/2026

Hpa-an River View Hotelတွင် Meeting room , Lunch, Tea break & Dinner ငှားရမ်းကျင်းပပေးပါသော Insight Marketing Company Limited အားအထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်🙏🙏🙏

NGO, INGOများ၏ အစည်းအဝေးပွဲများ၊သင်တန်းများ၊ မွေးနေ့ပွဲ၊ မင်္ဂလာညစာစားပွဲ၊ စေ့စပ်မင်္ဂလာပွဲ နှင့် ပါတီအမျိုးမျိုးကို Hpa-an River View Hotel မှ လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်လက်ခံကျင်းပပေးနေပါပြီရှင် 🤩🤩🤩

အထူးအစီအစဉ်အနေဖြင့် ဘားအံမြို့နယ် အခြေစိုက် လူမှူရေးအသင်းအဖွဲ့ များ ၊ အဖွဲ့အစည်းများအား အထူးစျေးနှုန်းဖြင့် ဝန်ဆောင်မှူပေးနေပါသည်ရှင်🙏

☎️09793000045

ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏
26/06/2026

ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏

Address

4/12, Kan Nar Road
Hpa-an

Telephone

09793000045

Website

Alerts

Be the first to know and let us send you an email when Hpa-an River View Hotel & Sky Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category