Hpa-an River View Hotel & Sky Bar

Hpa-an River View Hotel & Sky Bar Welcome to Hpa-an River View Hotel
(1)

မင်္ဂလာအခါသမယနဲ့ပြည့်စုံသောဝါဆိုလပြည့်နေ့လေးဖြစ်ပါစေရှင် 🙏
29/07/2026

မင်္ဂလာအခါသမယနဲ့ပြည့်စုံသော
ဝါဆိုလပြည့်နေ့လေးဖြစ်ပါစေရှင် 🙏

Hpa an River View Hotel ရဲ့ ဘယ်အခန်းမှာတည်းရမလဲ စဉ်းစားနေသူများအတွက် အခန်းအမျိုးအစား (၅) မျိုးအကြောင်းကို ရှင်းပြပေးလိုက...
28/07/2026

Hpa an River View Hotel ရဲ့ ဘယ်အခန်းမှာတည်းရမလဲ စဉ်းစားနေသူများအတွက် အခန်းအမျိုးအစား (၅) မျိုးအကြောင်းကို ရှင်းပြပေးလိုက်ပါတယ်ရှင့်။

🛌Budget room : စျေးသက်သက်သာသာနဲ့ တည်းခိုလိုသူတွေအတွက် အခန်းလေးဖြစ်ပါတယ်။ Ground floor မှာတည်ရှိပါတယ်။ နှစ်ယောက်အိပ်ခန်းဖြစ်ပါတယ်ရှင်။🙏
Bed type : Double or 2 singles ရွေးချယ်လို့ရပါတယ်။

🛌Superior room : ပိုသက်တောင့်သက်သာရှိတဲ့အခန်းလေးမှာ အနားယူချင်သူတွေအတွက်သင့်လျော်ပါတယ်ရှင်။ နှစ်ယောက်အိပ်ခန်းဖြစ်ပါတယ်။ 🙏
Bed type : Double or 2 singles ရွေးချယ်လို့ရပါတယ်။

🛌River view room : Hotel ရဲ့ Signature room ဖြစ်ပါတယ်ရှင်။ သက်တောင့်သက်သာအနားယူနိုင်ပြီး သံလွင်မြစ်ပေါ်က ညနေနေဝင်ချိန်ကို မှန်ပြတင်းပေါက်ကျယ်ကျယ် ဟိုတယ်ခန်းထဲကနေ ရှုမျှော်ခံစားနိုင်တဲ့ အခန်းလေးဖြစ်ပါတယ်။ နှစ်ယောက်အိပ်ခန်းဖြစ်ပြီး ကြိုတင်ဘွတ်ကင်တင်မှ ရနိုင်မယ့်အခန်းလေးပါရှင်။
Bed type : Double bed ရရှိနိုင်မှာဖြစ်ပါတယ်။

🛌Family triple room : မိသားစုလိုက်လာရောက်အနားယူဖို့အတွက်သင့်လျော်တဲ့အခန်းလေးပါရှင်။ မိသားစုသုံးယောက် ကောင်းမွန်စွာ တည်းခိုနိုင်ပါတယ်ရှင်။
Bed type : 1 Double + 1 singles ရရှိနိုင်ပါတယ်။

🛌Family quad room : မိသားစုလိုက်လာရောက်အနားယူဖို့အတွက်သင့်လျော်တဲ့အခန်းလေးပါရှင်။ မိသားစုလေးယောက် ကောင်းမွန်စွာ တည်းခိုနိုင်ပါတယ်ရှင်။
Bed type : 1 Double + 2 singles ရရှိနိုင်ပါတယ်။

အသေးစိတ်ကိုတော့ Hpa an river view hotel ရဲ့ messenger ကနေဖြစ်စေ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကနေဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင့်။

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️ 📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွ...
16/07/2026

📣 ခရီးသွားမိတ်ဆွေများအတွက် သတင်းကောင်း!
📢 ရသေ့ပျံဂူ အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်အား 🚣‍♀️
📌 ခရီးစဉ်အဆင်ပြေချောမွေ့စေရန် အွန်လိုင်းမှ ကြိုတင် Booking ပြုလုပ်နိုင်ပါပြီ။

📞 Booking & Inquiry
👩 ဒေါ်လေးခင်ဦး – 09-792502850
👨 ဦးစံတင် – 09-786802544

✅ ခရီးစဉ်မတိုင်မီ ကြိုတင်ဘိုကင်ပြုလုပ်ထားခြင်းဖြင့်
🌿 အချိန်ကုန်သက်သာစေခြင်း
🚣‍♂️ ဝါးဖောင်စီးဝန်ဆောင်မှုကို အဆင်ပြေစွာ ရယူနိုင်ခြင်း
📅 မိမိစိတ်ကြိုက်ရက်စွဲအတွက် စီစဉ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

📍 ရသေ့ပျံဂူ (Yathaypyan Cave)
📍 အာလဝံအင်း ဝါးဖောင်စီးခရီးစဉ်
📍 ဘားအံမြို့၊ ကရင်ပြည်နယ်

📢 ရသေ့ပျံဂူသို့ လာရောက်လည်ပတ်မယ့် မိသားစု၊ သူငယ်ချင်းများရှိရင် ဒီပို့စ်လေးကို Share ပေးပြီး အသိပေးလိုက်ပါ။ 🤝

💬 ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုသည်များရှိပါက Comment ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📲 Like • Comment • Share လုပ်ပေးခြင်းဖြင့် ကရင်ပြည်နယ်ရဲ့ လှပတဲ့ ခရီးသွားနေရာများကို ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်အောင် အတူလက်တွဲကူညီပေးကြပါဦး။ ❤️
#အာလဝံအင်း #ဝါးဖောင်

ဘားအံရဲ့ နာမည်ကြီးနေရာတွေမှာ လူများနေလို့ လူနည်းနည်းနဲ့ လှတဲ့နေရာလေးတွေကိုလည်ချင်ရင် ဒီနေရာလေးတွေကိုလည်ကြည့်ပါရှင်။ ဘားအ...
01/07/2026

ဘားအံရဲ့ နာမည်ကြီးနေရာတွေမှာ လူများနေလို့ လူနည်းနည်းနဲ့ လှတဲ့နေရာလေးတွေကိုလည်ချင်ရင် ဒီနေရာလေးတွေကိုလည်ကြည့်ပါရှင်။ ဘားအံနဲ့နီးနီးနားနားမှာပဲရှိပြီး အများစုကျော်သွားတတ်ကြတဲ့နေရာလေးတွေရှင်။

(၁) လင်းနို့ဂူ
ဘားအံမြို့တစ်ဖက်ကမ်းမှာရှိတဲ့ဂူလေးပါ။ ခရီးသွားအများစုကတော့ ရသေ့ပျံဂူ နဲ့ ကော့ဂွန်းဂူကို နှစ်ခုဆီသွားပြီးပြန်ကြတာများပြီး လင်းနို့ဂူကိုကျော်သွားတက်ကြပါတယ်။ လင်းနို့ဂူရဲ့အလှဆုံးအချိန်ကတော့ ညနေစောင်းနေဝင်ချိန် လင်းနို့တွေအစာရှာထွက်ဖို့ ဂူထဲကထွက်ချိန်ပါရှင်။ သံလွင်တံတားကိုဖြတ်ပြီး ညာဘက်ချိုးရင်ရောက်ပါပြီနော်။

(၂) ဖားပုတောင်
ဘားအံမြို့ကို ဇွဲကပင်တောင်နောက်ခံနဲ့ အလှဆုံးမြင်ရတဲ့ တောင်ဖြစ်ပါတယ်ရှင်။ သံလွင်မြစ်တစ်ဖက်ကမ်းမှာရှိတာမို့ လှေနဲ့ကူးသွားလို့ရပါတယ်။ နေထွက်ချိန်နဲ့ နေဝင်ချိန် အရမ်းလှတဲ့နေရာလေးဖြစ်ပါတယ်။ လှေစီးချင်ရင်တော့ ရွှေယဉ်မျော်ဘုရားဘေးကနေ စီးလို့ရပါတယ်ရှင်။

(၃) ကော့ကသောင်တောင်
ကော့ကသောင်ဂူရဲ့အပေါ်တည့်တည့်ကတောင်ပေါ်ကိုတက်လို့ရတာ အများစုကမသိကြပါဘူး။ မိနစ် (၂၀) လောက်တက်ရုံနဲ့ ဇွဲကပင်တောင်ကြားနဲ့ လယ်ကွင်းတွေရဲ့ အလှကိုခံစားနိုင်မှာပါရှင်။

(၄) လက္ခဏရွာ
ကော့ကသောင်ဂူကိုလည်ပြီးရင် လက္ခဏရွာလေးထဲကိုဝင်ပြီး ရွာတံတားလေးပေါ် ဖြတ်လျှောက်ကြည့်ပါရှင်။ ကျေးလက်ဆန်တဲ့ အလှတရားစစ်စစ်ကို သေချာပေါက်ခံစားရမှာပါ။

(၅) မုက္ကဓိရွာ
ထုံးကျောက်တောင်နဲ့ စပါးခင်းစိမ်းစိမ်းစိုစိုလေးတွေကိုမြင်ချင်ရင် ခရီးသွားမရှိသလောက်နည်းတဲ့ မုက္ကဓိရွာဘက်ကိုသွားပါရှင်။

ဒီလောက်ဆိုရင်တော့ ဘားအံရဲ့လူသွားနည်းပြီးလှတဲ့နေရာလေးတွေကို လည်လို့ရပါပြီရှင်။

ဘားအံကို အလည်လာရင် သဘာဝကိုမထိခိုက်စေဖို့ အမှိုက်လေးတွေမပစ်ချမိစေပဲ အမှိုက်ပုံးထဲထည့်ဖို့ အမှိုက်လေးတွေပြန်ယူသွားပေးဖို့ တောင်းဆိုပါရစေနော်🙏🙏🙏

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

Hpa-an  River  View  Hotelတွင် Meeting room , Lunch, Tea break & Dinner ငှားရမ်းကျင်းပပေးပါသော  Insight Marketing Compan...
28/06/2026

Hpa-an River View Hotelတွင် Meeting room , Lunch, Tea break & Dinner ငှားရမ်းကျင်းပပေးပါသော Insight Marketing Company Limited အားအထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်🙏🙏🙏

NGO, INGOများ၏ အစည်းအဝေးပွဲများ၊သင်တန်းများ၊ မွေးနေ့ပွဲ၊ မင်္ဂလာညစာစားပွဲ၊ စေ့စပ်မင်္ဂလာပွဲ နှင့် ပါတီအမျိုးမျိုးကို Hpa-an River View Hotel မှ လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်လက်ခံကျင်းပပေးနေပါပြီရှင် 🤩🤩🤩

အထူးအစီအစဉ်အနေဖြင့် ဘားအံမြို့နယ် အခြေစိုက် လူမှူရေးအသင်းအဖွဲ့ များ ၊ အဖွဲ့အစည်းများအား အထူးစျေးနှုန်းဖြင့် ဝန်ဆောင်မှူပေးနေပါသည်ရှင်🙏

☎️09793000045

ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏
26/06/2026

ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏

EV နဲ့ဘားအံလာလည်ချင်သူတွေအတွက်သတင်းကောင်းလေးရှိပါတယ်ရှင့် 😊အဲဒါကတော့ Hpa-an River View Hotel မှာ🔋EV charging station လေး...
21/06/2026

EV နဲ့ဘားအံလာလည်ချင်သူတွေအတွက်
သတင်းကောင်းလေးရှိပါတယ်ရှင့် 😊
အဲဒါကတော့
Hpa-an River View Hotel မှာ
🔋EV charging station လေးရှိနေပါပြီဆိုတာလေးပါ။

တစ်နေကုန်လည်ပြီးရင်
တကူးတက တခြားမှာအားသွားသွင်းစရာမလိုပဲ
Sky Bar ကနေ ဖြစ်ဖြစ်
အခန်းထဲမှာ အေးအေးလူလူနားနေရင်းဖြစ်ဖြစ်
အချိန်ကုန်သက်သာစွာနဲ့
အားသွင်းလို့ရပြီဆိုတဲ့အကြောင်းလေး
သတင်းကောင်းလေး ပါးပါရစေရှင်။ ။ ။ ။

Hpa An River View Hotel
ကမ်းနားလမ်းမကြီး ၊ ဘားအံမြို့
095660335 , 09793000045

11/06/2026
Hpa-An River View Hotel အနေနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနဲ့ လူထုအကျိုးပြု လှုပ်ရှားမှုတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တဲ...
03/06/2026

Hpa-An River View Hotel အနေနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနဲ့ လူထုအကျိုးပြု လှုပ်ရှားမှုတစ်ခုမှာ ပါဝင်ခွင့်ရခဲ့တဲ့ အမှတ်တရလေးကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။ ✨
ပုံထဲက ဆိုင်းဘုတ်လေးမှာ ပါတဲ့အတိုင်းပဲ "တောင်ပေါ်မှ အဆင်းတွင် အမှိုက်များ သိမ်းဆည်း သယ်ယူပေးခြင်းဖြင့် ကုသိုလ်ယူပါ" ဆိုတဲ့ ကုသိုလ်ဖြစ် လှုပ်ရှားမှုလေးမှာ ကျွန်တော်တို့ Hpa-An River View Hotel မှလည်း ကုသိုလ်ယူ ပါဝင်ကူညီခဲ့ပါတယ်။ ❤️

ဒီလှုပ်ရှားမှုလေးအတွက် ကျွန်တော်တို့ ဘားအံမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ တောင်ဝိုင်းတောင်နဲ့ ဇွဲကပင်တောင်တို့ကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တော်တွေ အဆင်ပြေပြေ စွန့်ပစ်အမှိုက်တွေကို စနစ်တကျ ပြန်လည်သယ်ဆောင်လာနိုင်ဖို့အတွက် အမှိုက်အိတ်များ လှူဒါန်းခြင်းနဲ့ အသိပေး ဆိုင်းဘုတ်လေးတွေကို စိုက်ထူတပ်ဆင်ပေးခြင်း စတာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ⛰️🎒

Together, Let's Make Our Community Shine! 🌿

မိမိတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပဖို့ဆိုတာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတာမို့ အခုလို စုပေါင်းအင်အားနဲ့ ပါဝင်ခွင့်ရတာဟာ တကယ်ကို ဝမ်းမြောက်စရာ ကောင်းလှပါတယ်။
တောင်တက်ခရီးသည်တွေအနေနဲ့လည်း မိမိတို့ရဲ့ စွန့်ပစ်အမှိုက်တွေကို စနစ်တကျ ပြန်လည်သယ်ဆောင်လာခြင်းဖြင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ကုသိုလ်ယူကြဖို့ တိုက်တွန်းပါရစေ။ အသေးအမွှားလေးလို့ ထင်ရတဲ့ လုပ်ရပ်တစ်ခုချင်းစီကနေတစ်ဆင့် ပိုမိုစိမ်းလန်းပြီး သန့်ရှင်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို အတူတကွ ဖန်တီးနိုင်မှာ အသေအချာပါပဲဗျာ။ 🤝💚

Hpa-an  River  View  Hotelတွင် ၃ကြိမ်မြောက် 20.5.2026  မှ 24.5.2026အထိ လေးရက်တိုင် Meeting room ငှားရမ်းကျင်းပပေးပါသော  ...
01/06/2026

Hpa-an River View Hotelတွင် ၃ကြိမ်မြောက် 20.5.2026 မှ 24.5.2026အထိ လေးရက်တိုင် Meeting room ငှားရမ်းကျင်းပပေးပါသော #ရွှေစကြာဝဠာရွှေသင်တန်းကျောင်း အားအထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်🙏🙏🙏

NGO, INGOများ၏ အစည်းအဝေးပွဲများ၊သင်တန်းများ၊ မွေးနေ့ပွဲ၊ မင်္ဂလာညစာစားပွဲ၊ စေ့စပ်မင်္ဂလာပွဲ နှင့် ပါတီအမျိုးမျိုးကို Hpa-an River View Hotel မှ လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်လက်ခံကျင်းပပေးနေပါပြီရှင် 🤩🤩🤩

အထူးအစီအစဉ်အနေဖြင့် ဘားအံမြို့နယ် အခြေစိုက် လူမှူရေးအသင်းအဖွဲ့ များ ၊ အဖွဲ့အစည်းများအား အထူးစျေးနှုန်းဖြင့် ဝန်ဆောင်မှူပေးနေပါသည်ရှင်🙏

☎️09793000045

Address

4/12, Kan Nar Road
Hpa-an

Telephone

09793000045

Website

Alerts

Be the first to know and let us send you an email when Hpa-an River View Hotel & Sky Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category