22/10/2024
ဘုရား တရား သံဃာ အားဖြင့် ရတနာမြတ်သုံးပါးသည် လောက၌ အမြင့်ဆုံးပါ။
ရတနာသုံးပါးအထက်၌ ဘယ်အရာမှ မရှိပါ။
ရတနာသုံးပါးသည် လောက၌ အမြတ်ဆုံးပါ။
ရတနာသုံးပါးနှင့်တူသော ဘယ်အရာမှ လောကမှာမရှိပါ။
ရတနာမြတ်သုံးပါးသည် လောက၌ ရတနာအစစ်တွေပါ။
ရတနာမြတ်သုံးပါးသည် လောက၌ အဆိုးမှန်သမျှ အနိုင်ရဖို့ ပေါ်ပေါက်လာတာပါ။
ရတနာမြတ်သုံးပါးသည် လောက၌ အကောင်းမှန်သမျှ အပိုင်ရဖို့ ပေါ်ပေါက်လာတာပါ။
မြတ်စွာဘုရား၏အသက်ကို မည်သူမျှ သေအောင်မသတ်နိုင်ပါ။ အချိန်ကျမှ သဘာဝအားဖြင့် ငြိမ်းတော်မူရတာပါ။
မြတ်စွာဘုရား၏ အသက်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။
မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်ကို မည်သူမျှ အန္တရာယ် မပြုနိုင်ပါ။
မြတ်စွာဘုရားအားလှူဒါန်းထားသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။
မြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ် အရောင်ခြောက်သွယ်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။
ဤအမှန်စကားကြောင့် ငါ့အား နှောင့်ယှက်တတ်သော အဖျက်အန္တရာယ် လုံးဝကင်းပါစေသတည်း။
ဤအမှန်စကားကြောင့် ငါ့အား နှောင့်ယှက်တတ်သော အသက်အန္တရာယ် လုံးဝကင်းပါစေသတည်း။
ဤစကားမှန်ကြောင့် ဘေးရန်ကြောင့်ကြ ဒုက္ခကင်းပါစေသတည်း။
အေးမြချမ်းသာ ကျန်းမာကြပါစေသတည်း။
ဤစကားမှန်ကြောင့် နိုင်ငံကိုနှောင့်ယှက်တတ်သော အဖျက်အန္တရာယ် အမြန်ကင်းပါစေသတည်း။
ဤစကားမှန်ကြောင့် နိုင်ငံကိုနှောင့်ယှက်တတ်သော အသက်အန္တရာယ် အမြန်ကင်းပါစေသတည်း။
သုံးပါးမြတ်စွာရတနာကြောင့် ကမ္ဘာကိုနှောင့်ယှက်တတ်သော အဖျက်အန္တရာယ် အမြန်ကင်းပါစေသတည်း။
သုံးပါးမြတ်စွာရတနာကြောင့် ကမ္ဘာကိုနှောင့်ယှက်တတ်သော အသက်အန္တရာယ် အမြန်ကင်းပါစေသတည်း။
ဤအိမ်အတွင်း ဤအိမ်ဝင်းအတွင်း ဤလမ်းအတွင်း ဤရပ်ကွက်အတွင်း ဤမြို့နယ်အတွင်း ဤမြို့လေးအတွင်း ဤမြို့ကြီးအတွင်း ဤနိုင်ငံအတွင်း ဤကမ္ဘာအတွင်း ရောက်ရှိနေကြသော မိသားစုများနှင့်တကွ ရဟန်းရှင်လူ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့နှင့်တကွ သတ္တဝါအားလုံးတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ပူပန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
နှလုံးစိတ်ဝမ်း ရွှင်ကြည်လန်း၍ အေးချမ်းကြပါစေ။
ဝဲ ယာ ရှေ့ နောက် ထက် အောက်မကြွင်း ခပင်းများစွာ သတ္တဝါ မေတ္တာပျံ့၍အေးပါစေ။