19/10/2023
🌻Good morning, everyone.🌻
“A break from reality” လုပ်ချင်သူများအတွက်
Stella House အကြောင်း
သိကောင်းစရာလေးများကို မျှဝေလိုက်ပါတယ်။
နွေးထွေးစွာ ကြိုဆိုလျှက်ပါ။ 💛🧡
🏠 Details about Stella House
📌 Location: အိမ်က ဗျိုက်တောင် အရှေ့ ကျောက်တန်းရွာမှာ တည်ရှိပါတယ်။ ကလော အင်းပြင် ခြင်္သေ့ ၂ ကောင်က ဝင်ရင် လမ်းနည်းနည်းရှည်ပါတယ်။ ဒါပေမယ့် ပိုနီးပါတယ်။ ပင်လောင်းလမ်းဖက်ကဝင်ရင် အိမ်ရှေ့အထိ လမ်းဖြောင့်တယ်၊ ရွာလမ်းတိုတယ်။ ဒါပေမယ့် ပိုဝေးတယ်၊ စစ်ဆေးရေး ဂိတ်တစ်ခုကို ဖြတ်ရပါတယ်။
👨👨👦👦 Vacation home rental ဖြစ်တဲ့အတွက် တအိမ်လုံး ငှါးတာပါ။ လူ ၆ ယောက်အထိ အများဆုံးနေနိုင်ပါတယ်။
💰တစ်ရက် ငှါးရမ်းခ ကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်ပြီး ၄ ယောက်အထိ လက်ခံပါတယ်။
💰ထပ်တိုး ၂ ယောက် အထိ လက်ခံနိုင်ပြီး extra bed အတွက် တစ်ဦးလျှင် ကျပ်ငွေ ၂၅,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
🚘 ခြံထဲမှာ ကား ၄ စီး ရပ်လို့ရပါတယ်။
🔑 Check-in time: 12:00 noon. Check-out time: 2:00pm. Early check-in, late check-out ရှေ့လူ၊နောက်လူ မရှိရင် free ပါ။ ရှိရင်တော့ မရပါ။
🐶 Pet friendly ဖြစ်ပါတယ်။
🛏 အိပ်ခန်းတစ်ခန်းပါဝင်ပြီး Queen-size bed (5.5’,x6.5’), single size (3’x6.5’) spring mattress, လူ ၆ ဦးစာ ခြင်ထောင်, ခေါင်းအုံး, ဖက်လုံး, မွှေးပွစောင် ထူ ၆ စုံ ထားရှိပါတယ်။ ထပ်ခိုးပေါ်က တစ်ယောက်အိပ်မွေ့ယာများကို အောက်ထပ်တွင်လည်း လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ အလွန်အေးသော အချိန်များအတွက် Portable Heater ၂ လုံး လည်း ရှိပါတယ်။
🫖Fully equipped Kitchen မှာတော့ full sized fridge, water cooler, 2-burner gas stove with gas, portable gas stove အသေး, မီ:သွေး အသားကင်ဖို အသေး, ဒယ်နီ, မှန်ဖုံးနဲ့ oven, coffee maker, microwave, toaster, juicer, ဒယ်အိုး ဒန်ခွက် အစုံ, သုံးထပ်ပေါင်းအိုး, ပန်းကန် ခွက်ယောက်၊ ဓား၊ ကတ်ကြေး၊ ဇွန်း၊ခက်ရင်း အစုံ ရှိပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်များ၊ ငံပြာရည် စသည်တို့နှင့် ခေါက်ဆွဲခြောက်ထုပ်များနှင့် ကော်ဖီ၊ နို့မှုန့်၊ သကြားတို့ ကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။
🚿Towel, shower cream, shampoo များပေးပါတယ်။ Dryer လည်း အသုံးပြုလို့ရပါတယ်။ တအိမ်လုံး ရေပူရေအေး ရောက်ပါတယ်။
👕အဝတ်လျှော်စက် အတွက် laundry detergent များပေးပါတယ်။ လက်ဆေးဘေစင် အောက်က ဗီဒိုထဲမှာပါ။ Iron ရှိပါတယ်။ အဝတ်လှမ်းစင် လည်း ပါဝင်ပါတယ်။
🛋 စားပွဲ၊ ထိုင်ခုံ၊ sofa၊ bean bag၊ ကြိမ်ကုလားထိုင်များ၊ easy chair, ကော်ဇော၊ ဖျာ များကိုလည်း deck ပေါ်သို့ စိတ်ကြိုက်ရွှေ့ပြောင်းနိုင်ပါတယ်။ ည အိပ်ချိန်နဲ့ အပြင်သွားချိန်များမှာတော့ အိမ်ထဲ ပြန်ထည့်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်။
💻 Internet က MPT Fiber တပ်ထားပါတယ်။ Unlimited ပါရှင်။
💡မီးပျက်ချိန် lighting, internet နဲ့ phone အားသွင်းဖို့ 600W power station တပ်ဆင်ထားပါတယ်။ မီးပျက်ရင် breaker box ထဲက tape ကပ်ထားတဲ့ breaker တွေအားလုံးအောက်ကို ချပြီးမှ power station ကို အသုံးပြုရပါမယ်။
🙅🏻♀️ဘာတွေ မပါဘူးလဲ?
- Daily house keeping မပါဝင်ပါ။
- Breakfast or any other meals မပါဝင်ပါ။
- Mini Bar မပါဝင်ပါ။
- သွားတိုက်တံ များ မပေးပါ။
- TV မရှိပါ။
⚠️ သတိပြုရန်များ
- Deck မှာ ၅ ပေမြင့်ပြီး လက်ရမ်းများ တပ်ဆင်ထားခြင်းမရှိသောကြောင့် ကလေးငယ်များ၊ pet များ အတွက် သတိပြုရန်။
- ကလောမြို့မစျေးနဲ့ ၁၀ မိနစ်ခန့် ကားမောင်းချိန် ရှိတာမို့ ကား သို့မဟုတ် ဆိုင်ကယ် ရှိမှ အဆင်ပြေပါတယ်။
- နေ့ခင်းဖက်မှာ ရာသီအလိုက် ယင်ကောင် အနည်းအများ ရှိနိုင်ပါတယ်။ ယင်ကပ်ကော်ပြားများ ချထားနိုင်ပါတယ်။
- ညနေဖက်များမှာလည်း ရာသီအလိုက် ပိုးကောင်အနည်းအများ ကျတတ်နိုင်ပါတယ်။ ညမှောင်ပြီး အကောင်များကျလာလျှင် အိမ်တံခါးများ ပိတ်ထားပြီး ခြင်စကာရှိသော ပြတင်းပေါက်များသာ ဖွင့်ထားနိုင်ပါတယ်။
- တောင်ရိုး ဓနု ဒေသခံ တိုင်းရင်းသားများနေတဲ့ ရွာဖြစ်တာကြောင့် ညနေခင်း (အထူးသဖြင့် မီးမလာတဲ့ အချိန်တွေမှာ) ဆူညံသံများ အလွန်အကျွံမပြုလုပ်ခြင်းဖြင့် သဟဇာတ နေထိုင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။
🏡 မိမိအိမ်ကဲ့သို့ လွတ်လပ်စွာ နေထိုင်ပြီး မိမိအိမ်ကဲ့သို့ပင် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လည်း မေတ္တာရပ်ခံ အပ်ပါတယ်။ 💕