Kalawe Glamping & EcoActivities

Kalawe Glamping & EcoActivities Myanmar's pioneer Adventure Activity & Glamping park! Located in the beautiful hills of Kalaw.

‎🌿 တောအုပ်လေးထဲမှာ နားခိုခြင်း 🍃‎‎ဒီတစ်ခေါက်သွားဖြစ်ခဲ့တာကတော့ အရမ်းကို ပင်ပန်းနေတဲ့"စိတ်"ကို အနားပေးဖို့အတွက်ပါ...🍁‎‎တစ...
17/08/2026

‎🌿 တောအုပ်လေးထဲမှာ နားခိုခြင်း 🍃

‎ဒီတစ်ခေါက်သွားဖြစ်ခဲ့တာကတော့ အရမ်းကို ပင်ပန်းနေတဲ့"စိတ်"ကို အနားပေးဖို့အတွက်ပါ...
🍁

‎တစ်နေ့တာလုံးရဲ့ ပင်ပန်းမှုတွေကို ခဏချထားပြီး
‎တောအုပ်လေးထဲကို ကိုယ်တိုင်သွားရောက်နားခိုဖြစ်ခဲ့ပါတယ်… 🤎🍀

‎ပတ်ဝန်းကျင်မှာ သစ်ပင်စိမ်းစိမ်းလေးတွေ၊
‎လေပြေညင်းလေးတွေ၊ ငှက်ကလေးတွေရဲ့ အသံလေးတွေ…
‎အရာအားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ကို အေးချမ်းစေခဲ့တယ်။ 🌱

‎ဖုန်းကို ခဏချထားပြီး....
‎သဘာဝရဲ့အသံတွေကို နားထောင်ရင်း၊
‎ကော်ဖီလေးတစ်ခွက်နဲ့ အချိန်တွေကို ဖြည်းဖြည်းချင်း ဖြတ်သန်းရတာက ‎ကိုယ့်အတွက်
တကယ့်ကို လိုအပ်နေခဲ့တဲ့ အနားယူခြင်းလေးတစ်ခုပါပဲ။ ☕🍃

‎တစ်ခါတလေ ဘဝမှာ…
‎ဘယ်ကိုမှ အလျင်စလိုသွားစရာမလိုဘဲ
‎သဘာဝလေးထဲမှာ ခဏနားခိုပြီး
‎ကိုယ့်စိတ်ကိုယ် ပြန်နားထောင်ဖို့လည်း လိုအပ်တယ်ထင်ပါတယ်။ 🤍

‎ဒီတစ်ခေါက်တော့
‎တောအုပ်လေးထဲမှာ အေးချမ်းမှုတစ်ခုကို တကယ်ရှာတွေ့ခဲ့တယ်… 🌿

#တော်အုပ်လေးထဲမှာနားခိုခြင်း
#အေးချမ်းမှုကိုရှာဖွေခြင်း
#သဘာဝတရားနဲ့ထိတွေ့ခြင်း
#ကလောမြို့ရဲ့တစ်နေရာ



‎🌧️ AUGUST MONSOON SPECIAL 🌲‎‎မိုးစက်လေးတွေကြားက အေးချမ်းမှု၊ တောင်တန်းတွေပေါ်မှာ လွင့်မျောနေတဲ့ တိမ်ခိုးတိမ်ငွေ့တွေနဲ့ ...
06/08/2026

‎🌧️ AUGUST MONSOON SPECIAL 🌲

‎မိုးစက်လေးတွေကြားက အေးချမ်းမှု၊ တောင်တန်းတွေပေါ်မှာ လွင့်မျောနေတဲ့ တိမ်ခိုးတိမ်ငွေ့တွေနဲ့ သဘာဝရဲ့ အလှတရားကို အနီးကပ်ခံစားဖို့ အချိန်ရောက်ပါပြီ။
‎ဒီ August တစ်လလုံး Kalawe Glamping Eco Resort မှာ Monsoon Season ရဲ့ ထူးခြားတဲ့အလှကို ခံစားရင်း စိတ်အပန်းဖြေလိုက်ပါ။
နွေးထွေးတဲ့ Glamping Stay၊ လတ်ဆတ်တဲ့တောင်လေ၊ အရသာရှိတဲ့အစားအစာတွေနဲ့
မမေ့နိုင်တဲ့ အမှတ်တရအချိန်တွေကို ဖန်တီးနိုင်ဖို့ August Monsoon Special က သင့်ကို စောင့်ကြိုနေပါတယ်။
‎မိုးရာသီဟာ ခရီးမထွက်ရတဲ့ရာသီမဟုတ်ပါဘူး…
‎သဘာဝနဲ့ ပိုနီးကပ်ပြီး စိတ်ကို အနားပေးရတဲ့ အလှပဆုံးရာသီပါ။
‎‎👉👉 Available throughout August
‎📍 Escape to Nature. Return with Memories.
‎📩 Book your stay today and let this monsoon season become one of your most unforgettable memories.

🛖



‎🌲 Thank You for Visiting Kalawe Glamping Eco Park 🌲‎‎Kalawe Glamping Eco Park သို့ လာရောက်လည်ပတ်ပြီး Adventure Activiti...
01/08/2026

‎🌲 Thank You for Visiting Kalawe Glamping Eco Park 🌲

‎Kalawe Glamping Eco Park သို့ လာရောက်လည်ပတ်ပြီး Adventure Activities မျိုးစုံတွင် တက်ကြွစွာ ပါဝင်ပျော်ရွှင်ခဲ့ကြသော
‎Mawlamyine International School မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

‎သဘာဝအလှတရားများကြားတွင်
‎အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပျော်ရွှင်ဖွယ်ရာအတွေ့အကြုံများကို အတူမျှဝေနိုင်ခဲ့ခြင်းမှာ Adminတို့အတွက်လည်း အလွန်တန်ဖိုးရှိသော အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်ရှင့်....☺️😍

‎ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးခဲ့သည့်အတွက် ထပ်မံကျေးဇူးတင်ရှိပြီး နောင်အနာဂတ်တွင်လည်း ပညာရေးခရီးစဉ်များ၊ Team Building Program များနှင့် အပန်းဖြေအနားယူခြင်းများအတွက် Kalawe Glamping Eco Park မှ နွေးထွေးစွာ ကြိုဆိုလျက်ပါရှင့်....🤗

‎သဘာဝနှင့်အတူ အမှတ်တရကောင်းများကို ထပ်မံဖန်တီးနိုင်ရန် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်လျက်ပါနော်.....✌️😘

‎Thank you for your visit, and we look forward to welcoming you again soon. 💚







‎🙏 မင်္ဂလာရှိသော ဝါဆိုသင်္ကန်းကပ်လှူပွဲ အခါသမယ 🙏‎‎ဝါဆိုလသည် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် သဒ္ဓါတရားနှင့် ကုသိုလ်ကောင်းမှုမ...
30/07/2026

‎🙏 မင်္ဂလာရှိသော ဝါဆိုသင်္ကန်းကပ်လှူပွဲ အခါသမယ 🙏

‎ဝါဆိုလသည် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် သဒ္ဓါတရားနှင့် ကုသိုလ်ကောင်းမှုများ ထွန်းကားသော မြတ်နိုးဖွယ်လဖြစ်ပါသည်။

‎သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းသည် သာသနာတော်ကို ထောက်ပံ့စောင့်ရှောက်ရုံသာမက မေတ္တာ၊ ကရုဏာနှင့် အလှူဒါန၏ အနှစ်သာရကိုလည်း ပိုမိုထင်ဟပ်စေသော မင်္ဂလာအလှူတစ်ရပ် ဖြစ်ပါသည်။

‎ဤမြင့်မြတ်သော အခါသမယတွင် ပြုလုပ်သည့် ကုသိုလ်ကောင်းမှု အစုစုတို့ကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ။ မိသားစုတိုင်း မေတ္တာတရားများ ပြည့်ဝပြီး ငြိမ်းချမ်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
‎ "ဝါဆိုကုသိုလ်၏ အလင်းရောင်ဖြင့် ဘဝခရီးလမ်းတစ်လျှောက် မင်္ဂလာအပေါင်းနှင့်
ပြည့်စုံကြပါစေ။" 🙏
"ဝါဆိုကုသိုလ် အဖန်တလဲလဲပြုနိုင်ကြပါစေ။" 🙏
#ဝါဆိုသင်္ကန်းကပ်လှူပွဲ
#ဝါဆိုလ #ကုသိုလ်ဒါန
#မင်္ဂလာအခါသမယ


#ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏

🍀 သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ..သာယာလှပ စိမ်းမြမြ...🌲🌲🌲သစ်ပင်တစ်ပင်ကို စိုက်ပျိုးလိုက်တဲ့အချိန်ဟာ ဒီနေ့အတွက်သာ မဟုတ်ပါဘူးရှင်...
23/07/2026

🍀 သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ..
သာယာလှပ စိမ်းမြမြ...🌲🌲🌲

သစ်ပင်တစ်ပင်ကို စိုက်ပျိုးလိုက်တဲ့အချိန်ဟာ
ဒီနေ့အတွက်သာ မဟုတ်ပါဘူးရှင်..◉⁠‿⁠◉
အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုကို
မြေကြီးထဲမှာ အတူတကွ စိုက်ပျိုးလိုက်တာလည်း ဖြစ်ပါတယ်။

စိမ်းလန်းတဲ့ သစ်ရွက်တွေက ..☘️🌿
လေကောင်းလေသန့်ကို ပေးစွမ်းသလို၊
အေးချမ်းသာယာတဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးပါတယ်။
ကျွန်ုပ်တို့ရဲ့ သစ်ပင်စိုက်ပျိုးခြင်း
အစီအစဉ်ဟာ သဘာဝကို ချစ်မြတ်နိုးတဲ့စိတ်၊ ပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့စိတ်နဲ့
အနာဂတ်မျိုးဆက်တွေအတွက် 😍
စိမ်းလန်းတဲ့ ကမ္ဘာမြေကို လက်ဆင့်ကမ်းပေးချင်တဲ့ စိတ်ထားကို ဖော်ပြခဲ့တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်ရှင်.....🌳🌲🍀

🌳 သစ်ပင်တစ်ပင်စီက အနာဂတ်ရဲ့
အသက်ရှူသံတစ်ခု…..🌲
စိမ်းလန်းတဲ့ကမ္ဘာကို အတူတကွ ဖန်တီးကြပါစို့။ 💚


#ထင်းရူးပင်စိုက်ပွဲ
#သစ်ပင်စိုက်ပျိုးခြင်း
#သဘာဝတရားကိုချစ်ပါ

သူတို့အဖွဲ့ပေါ့....အမှတ်တရတွေ ဖန်တီးရင်းနဲ့ရီမောပျော်ရွှင်နေကြတာ.....😇အရမ်းကိုကျေးဇူးတင်ရင်း ထပ်လာဖို့လဲ ဖိတ်ခေါ်ပါတယ်နေ...
11/07/2026

သူတို့အဖွဲ့ပေါ့....
အမှတ်တရတွေ ဖန်တီးရင်းနဲ့
ရီမောပျော်ရွှင်နေကြတာ.....😇
အရမ်းကိုကျေးဇူးတင်ရင်း
ထပ်လာဖို့လဲ ဖိတ်ခေါ်ပါတယ်နော် 😍
Mõ Khãm ညီမလေးရေ ပုံတွေဝင်ခွင့်ပေးတာကိုကျေးဇူးတင်ပါတယ်ရှင့် 💚




#ကလောမြို့ရဲ့တစ်နေရာ
#နန်းသဲကျေးရွာ

🍀 Jun 21 တွင်ကျရောက်မည့်.....‎🧘‍♀️✨ International Yoga Day အကြိုအထိမ်းအမှတ်ပွဲအစီအစဉ်ကို Kalawe Glamping & EcoActivities...
13/06/2026

🍀 Jun 21 တွင်ကျရောက်မည့်.....
‎🧘‍♀️✨ International Yoga Day အကြိုအထိမ်းအမှတ်ပွဲအစီအစဉ်ကို Kalawe Glamping & EcoActivities နှင့် The Hotel- Kalaw Hill Lodge တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်ရှင်.... ✨🧘‍♂️

‎ဒီနေ့မှာ ကျွန်မတို့ အကြိုအထိမ်းအမှတ်ပွဲ‌ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ရှင်...🌱✌️🧑‍🩰🤸🧘
‎ကျွန်မတို့ဝန်ထမ်းများသာမက အပြင်မှ စိတ်ပါဝင်စားစွာ လာရောက်ပူးပေါင်းပါဝင်ကြသော ဧည့်သည်များစွာနှင့်အတူ လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြပြီး ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို အတူတကွ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်....🍀

#‎Yoga လေ့ကျင့်ခြင်းမှတစ်ဆင့် နေ့စဉ်ဘဝ၏ စိတ်ဖိစီးမှုများနှင့် ပင်ပန်းနွမ်းနယ်မှုများကို လျော့ပါးစေပြီး ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုတို့ကို ရရှိခံစားနိုင်‌စေပါတယ်ရှင်။
လူတိုင်း၏ မျက်နှာပေါ်မှ အပြုံးများနှင့် စိတ်လှုပ်ရှားပျော်ရွှင်မှုများက ယနေ့အစီအစဉ်ရဲ့ အောင်မြင်မှုကို ပိုမိုထင်ဟပ်စေခဲ့ပါတယ်ရှင်...😊😍
‎အစီအစဉ်အပြီးတွင် လာရောက်ပါဝင်သူများအားလုံးကို ကောက်ညှင်းပေါင်း၊ cake၊ အကြော်စုံနှင့် Tea များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး နွေးထွေးပျော်ရွှင်ဖွယ်ရာ အမှတ်တရကောင်းများကို ဖန်တီးခဲ့ကြပါတယ်...🍁🥳🎉
‎ယနေ့အစီအစဉ်တွင် ပါဝင်ပေးကြသော ဧည့်သည်တစ်‌ယောက်ချင်းစီတိုင်းနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်
‎နောက်နှစ်မှာလည်းယခုလို ပြန်လည်ဆုံဆည်းကြပါစို့နော်.....🙏💚🌲
‎"Yoga for healthy ageing"



🧘‍♀️🌱🌿

Address

Nanthé Village
Kalaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959882288081

Website

Alerts

Be the first to know and let us send you an email when Kalawe Glamping & EcoActivities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category