05/10/2026
ယူတို့ရော ကလောရဲ့ ဘာလေးတွေကိုကြိုက်လို့ လာကြတာလဲ ပြောသွားပေးနော်
ရာသီအလိုက် ရည်ရွယ်ချက်အမျိုးမျိုး နဲ့
Kalaw ကို ခရီးသွားတွေ လာကြတယ် 🤍🌿
ကလောကို ကော်ဖီဆိုင်ထိုင်ဖို့ သီးသန့်
လာကြသူတွေရှိတယ် ။
တချို့က ကလောက အစားအသောက်စား
ရုံသက်သက် လာသူတွေရှိတယ် ။
တချို့က ဘယ်မှမလည် View လှလှမြင်ရမဲ့ဟိုတယ်အခန်းထဲ အေးဆေးနေကြတယ် ။
Vacation Home လေးတွေ ချက်ပြုတ်စား
ဘယ်မှ မထွက်ပဲ အနားယူကြသူတွေလဲရှိတယ် ။
Trekking လျှောက်ဖို့လဲ လာကြတယ် ။
ဆိုင်ကယ်ပတ်စီး ၊ ကားပတ်မောင်းဖို့ လာကြတယ် ။
Campsite တွေမှာ လာနားကြတယ် ။
အရင်ကလေ ကိုယ်လဲ ကလောကို ရိုးရိုးခရီးသွားတွေလိုမျိုး 3 ရက်လောက်နေ လည်စရာ အကုန်ပတ်သွား အဲလိုမျိုးလာလည်ခဲ့တာ ။
အဲတုန်းက ရည်ရွယ်ချက်တခုထဲအတွက် ကလောကို လာနားကြသူအများကြီးရှိတယ်ဆိုတာမျိုး
မတွေးဖူးဘူး ။
ခု ဧည့်သည်တွေအများကြီး နဲ့ တွေ့ စကားတွေပြောဖြစ်မှ ကလောမြို့လေးကိုတွယ်တာကြပြီး
ကလောမှာ လည်ပတ်ဖို့မဟုတ်ဘဲ
စိတ်အနားယူဖို့ လာသူတွေမှ တကယ်ကို
အများကြီးပဲ ❣️😘
ကလောမြို့လေးက ရာသီဥတုမှာ အေးချမ်းပေမဲ့
ကိုယ်တို့လိုသူစိမ်းတွေကိုလဲ သိပ်နွေးထွေးစေတာ ။
တခါလာပြီး ထပ်ခါထပ်ခါ လာချင်စိတ်ပေါ်အောင်
ဆွဲဆောင်နိုင်တယ် ။
ပြီးရင် တဆင့်တက် တောင်ပေါ်မြေမှာအခြေချချင်စိတ်ပေါ်အောင်လဲ သူကညှို့နိုင်တယ်။
You တို့ရော ကလောကို ဘာလုပ်ဖို့ လာချင်တာလဲ
ဒို့ကတော့ ပန်းတွေကြည့်ပြီး လေအေးအေးလေးရှုဖို့အတွက် ကလောကို လာခဲ့တာ ။
ခဏဆိုပြီး ရည်ရွယ်လာခဲ့တာ
ခုများ ဘယ်လောက်တောင်ပျော်လဲဆို
ရောက်တာ 1 နှစ်ကျော် ကိုယ်ဟာဘယ်လိုမှ
မပျင်းဘူး ။ ရန်ကုန် လုံးဝ လုံးဝ မပြန်ချင်တာ ။
ပျော်သရွေ့ တောင်ပေါ်မြေမှာ နေပါမယ် ။
ပျော်စရာအကောင်းဆုံးက ဘာလဲ သိလား
ပန်းတွေ သိပ်ဈေးချိုတာ
လက်ထဲက ပန်းက 1000 ဖိုးထဲ
ငွေကိုမကြည့်ပဲ ပန်းတွေစိတ်ကြိုက်
ဝယ်လို့ရတယ် 😁