Gloria Motel Kalaw

Gloria Motel Kalaw Cozy and comfortable place

နယုန်လပြည့် “မဟာသမယသုတ်တော်နေ့” တွင် ခုနှစ်ရက်သားသမီး အပေါင်း ညီညွတ်ခြင်း ချစ်ကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော န...
30/05/2026

နယုန်လပြည့် “မဟာသမယသုတ်တော်နေ့” တွင်
ခုနှစ်ရက်သားသမီး အပေါင်း ညီညွတ်ခြင်း ချစ်ကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော နေ့တနေ့ကိုဖော်ဆောင်သောနေ့ဖြစ်သောကြောင့် အေးချမ်းမှု အပေါင်း သရဖူဆောင်းနိုင်ကြပါစေရှန့်🙏🙏🙏

May လအတွက် အခန်းခ နှုန်းထားလေးများStandard room-50000Superior room-55000Superior Triple room-75000 ဒီရက်ပိုင်းLong stay ...
05/05/2026

May လအတွက် အခန်းခ နှုန်းထားလေးများ
Standard room-50000
Superior room-55000
Superior Triple room-75000

ဒီရက်ပိုင်းLong stay အမေးများလို့ -လ အလိုက်လည်းစျေးနှုန်းသင့်တင့်စွာ စီစဉ်ပေးပါတယ်ရှန့်

အသေးစိတ်သိရှိလိုပါက
09968644291 ☎️ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှန့်

30/04/2026

ပွင့် ဖွား ဟော စံ🙏🙏🙏🙏🙏

30/04/2026

🎉ယနေ့ ၁၃၈၈ ခုနှစ်၊
ကဆုန်လပြည့်(၁၅)ရက်နေ့မှစ၍
သောကအပူ မြူမျှ မတွေ့
သာယာအေးချမ်းမြေ့ကြပါစေ။🎉

25/04/2026
🙏🙏🙏🙏🙏💦🍀💦🍀💦🍀
17/04/2026

🙏🙏🙏🙏🙏💦🍀💦🍀💦🍀

၁၃၈၇ မဟာနှစ်ကူးသကြ်န် အချိန်အခါသမယမှစ၍ မိဘပြည်သူ မိတ်သဂ်ဟများအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်း မေတ္တာရေပတ်ဖျန...
13/04/2026

၁၃၈၇ မဟာနှစ်ကူးသကြ်န် အချိန်အခါသမယမှစ၍ မိဘပြည်သူ မိတ်သဂ်ဟများအားလုံး
ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်း
မေတ္တာရေပတ်ဖျန်းလိုက်ရပါတယ်ရှနိ့💦💦💦

10/04/2026

သင်္ကြန်တွင်း ကလောလာမဲ့သူများအတွက် information ပါရှင်

ခရီးသွားများအားလုံး အဆင်ပြေကြပါစေ

🌲 🌲 🌲 🌲

မနေ့က ကလောကို သွားဖြစ်ခဲ့တယ်
ဒီနှစ်အဖို့ ပထမဆုံးသွားခဲ့တာပါ
သွားဖို့ကြံနေတာ ကြာနေပေမဲ့ ဆီအခက်အခဲတွေဖြစ်နေတာကြောင့်
မသွားဖြစ်သေးတာပါ

ပြီးခဲ့တဲ့ရက်က လီတာ ၂၀ ဖြည့်ထားတော့ ကားထဲမှာ ဆီအပြည့်နီးပါးရှိနေတော့ လမ်းမှာ တစ်ကြိမ်လောက်ထပ်
ဖြည့်လို့ရရင် ကလောရောက်တယ်ဆိုပြီး ထွက်လာခဲ့တယ် ကိုယ်ကားက ကားမ မို့ "မ"ရက်မှာ ထွက်ခဲ့တာပါ

လမ်းမှာ ဆီတန်းစီရရင် ကြာချင်ကြာမယ်လို့ တွေးမိပြီး ခါတိုင်းထက် စောစောထွက်ဖို့ လုပ်ပေမဲ့ မနက် ၅ နာရီထိုးပြီးမှ မြို့ထဲအိမ်ကနေ စ ထွက်ဖြစ်ခဲ့တယ်

မင်္ဂလာဒုံဖက်က သွားတာမို့ လမ်းတလျောက်က ဆီဆိုင်တွေမှာ ညအိပ် တန်းစီနေကြတဲ့ ကားတန်းကြီးတွေကို မြင်ရတော့ လမ်းမှာ ဆီဖြည့်လို့ အဆင်ပြေပါ့လားဆိုပြီး စိတ်လေးနေခဲ့တယ်

ဇီးရိုးမိုင်ကို ခြောက်နာရီကျော်ကျော်လေးမှာ ရောက်သွားပြီး တိုလ်းဂိတ်မှာ စုံ/မ ခွဲတဲ့ ဆိုင်းဘုတ်နဲ့ EV တွေ လမ်းတံတားကြေးပေးရမယ်ဆိုတဲ့
ဗီနိုင်းကပ်ထားတွေ့ခဲ့ပေမဲ့ မ နေ့မို့ စုံကား ပေးသွားမသွားမသိခဲ့ပေမဲ့ လမ်းမှာ သတိထားမိသလောက်ကတော့
စုံကား မတွေ့ခဲ့ဘူး

၃၉ မိုင်အထိကားများပါတယ် လမ်းလဲ
တော်တော်ကောင်းပါတယ် ၂၆၂ ပေပင်လေး လမ်းခွဲအဆင်းထိ ကောင်းပါတယ်
ဆွာချောင်းတံတားအဆင်းနားက ငလျင်ကြောင့်ပျက်ခဲ့ပြီး လမ်းဆိုးနေတာတွေလဲကောင်းသွားတာ တွေ့ခဲ့တယ်

၃၉ မိုင်က နီလာရိုးမမှာ ဆီတန်းနေတဲ့ကားတွေများတာကို တွေ့ခဲ့တယ် ကားရပ်စခန်းကို မဝင်တော့ပဲ ဆက်မောင်းလိုက်တယ် ၆ နာရီခွဲကျော်ကျော်လေးရှိသေးတာရယ် မဆာသေးတာရယ်နဲ့
၁၁၅ ရောက်မှ ဆီဖြည့်ရင်း မနက်စာစားမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့လေ

၁၀၈ မိုင်မှာ Max ဆီဆိုင်ရှိတာကို လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်ကို လှမ်းမြင်လိုက်တော့ သတိရသွားပြီး ဆိုင်ရဲ့ အခြေအနေ သွားကြည့်မယ်ဆိုပြီး under pass ကနေ ဝင်သွားတော့ ဆိုင်က ဆီပေးနေပြီး ကားလဲနဲလို့ ဝင်စီလိုက်တယ်

ဒီနေ့မနက်က 92 တစ်မျိုးထဲရပါတယ်
ပန့်၂ ခုဖြည့်ပေးလို့ နှစ်တန်းစီရပြီး ကိုယ်ရှေ့လဲ ဆယ်စီးမကျော်လို့ မကြာခဲ့ဘူး Scan ဖတ်ပြီး လီတာ ၂၀ ရမယ်ဆိုလို့ ဖြည့်လိုက်တာ အပြည့်နီးပါးဖြစ်သွားတယ် ကိုယ့်ခွဲတမ်းက လီတာ ၂၀ ကျန်သေးတော့ အဲဒါရတာလား တစ်စီးကို ၂၀ ပေးတာလားတော့ မမေးလိုက်မိဘူး ဆိုင်က ဆီဘောက်ချာ တောင်းခဲ့တယ် နောက်ဆိုင်တွေမှာ ထပ်ဖြည့်ရင် ပြဖို့ တောင်းခဲ့ပေမဲ့ နောက်ထပ် ၃ ဆိုင် ဖြည့်ခဲ့ပေမဲ့ တစ်ခါ မပြခဲ့ရဘူး

၁၁၅ မိုင်ကို ၉ နာရီထိုးခါနီးရောက်တော့ အခရာမှာ နံနက်စာစားအပေါ့အပါးသွားပြီး ခနနားပါတယ်
ဆီအပြည့်ပြန်ဖြစ်သွားတော့
စိတ်ထဲလဲ ပေါ့သွားခဲ့တယ်

အဲဒီကdenko မှာတော့
ဆီဖြည့်တဲ့ကား များတာကိုတွေ့လိုက်ရတော့ max မှာဖြည့်ခဲ့မိတာ မှန်သွားခဲ့တယ် ၁၁၅ မိုင်အဝင်မှာ ဝှီးတက်နဲ့ ယာဥ်မောင်းလိုင်စင် စစ်ပါတယ်

ဆွာချောင်းယာယီတံတားကို ရောက်တော့ ကိုယ့်ဖက်လွှတ်နေတော့ တန်းမောင်းရပြီး ဟိုဖက်အဆင်းက စောင့်နေတဲ့ ကားလဲ နဲပါတယ် ကျိုးသွားတဲ့တံတားကို အသစ်ပြန်လုပ်နေတာလဲ တော်တော်မြန်တယ်လို့ ထင်တယ်

မိုင် ၂၀၀ တိုးလ်ဂိတ်ကို ဆယ်နာရီခွဲကျော်လောက်ရောက်သွားပြီး နေပြည်တော်မှာနေတဲ့ ကိုယ့်ရဲ့ကျောင်းနေဖက်သူငယ်ချင်းက
လာတွေ့လို့ ရွှေပုလ္လင်မှာထိုင်နေတုန်း အိမ်သူက Regency မှာ ဆီသွားဖြည့်ပါတယ် အဲဒီဆိုင်မှာ ကားနဲတယ်တဲ့ သူတို့ရှေ့ ခြောက်စီးပဲရှိတယ်တဲ့

95 လဲရပြီး လီတာ ၄၀ ဖြည့်လို့ရတယ်လို့ ပြောပေမဲ့ ၁၈ လီတာပဲ ဆန့်ပါတော့တယ် ရွှေပုလ္လင်မှာ အေးအေးဆေးဆေး စကားပြောပြီး ၁၁ နာရီ ၄ဝ လောက်မှ
ထွက်ခဲ့ပါတယ် အဲဒီတိုးလ်ဂိတ်နားမှာ
ကီလိုကျော် ကား ၂ စီးဖမ်းထားတာတွေ့ခဲ့တယ်

ဒီတစ်ခေါက် နေပြည်တော်ရောက်ခါနီးမှာဟိုအရင်တုန်းကလို ကားဖြတ်တော့မှ
ကိုယ့်ကား speed ကို ပြတဲ့ Digital board တစ်ခုကို တွေ့လိုက်တယ် ကိုယ်ဖြတ်တော့မှ အစိမ်းရောင်မီးနဲ့ 93. ဆိုပြီး လင်းလာတော့ လန့်တောင်သွားတယ် ကိုယ်က ရိုးရိုး ဆိုင်းဘုတ်လေးထောင်ထားတယ်ထင်ပြီး
အမှုမဲ့အမှတ်မဲ့ မောင်းနေခဲ့တာပါ
ဝှက်ထောင်ထားတဲ့ ကင်မရာတွေတော့
ကိုယ်ပဲ မျက်လုံးမကောင်းလို့ ထင်တယ်
မတွေ့ခဲ့ဘူး

နေပြည်တော်ကနေ ၂၆၂ အထိ
လမ်းကတော့ အကောင်းဆုံးလို့ ထင်ပါတယ် မောင်းရတာ အရမ်းကောင်းပါတယ် လမ်းအလယ်ကျွန်းမှာ မီးတိုင်တွေ စိုက်ထားတာလဲ တွေ့ခဲ့တယ် အမြန်လမ်းတလျောက် လမ်းဘေးတွေမှာ ခြောက်သွေ့နေပြီး တောမီးတွေ လောင်ထားတဲ့နေရာတွေလဲ တော်တော်များပါတယ် စက္ကူပန်းရောင်စုံတွေက အရမ်းလှနေပါပြီ

၁၂ နာရီ ၄၀မှာ အမြန်လမ်းပေါ်က ဆင်းလာခဲ့တယ် ပေပင်လေးနဲ့ ပျော်ဘွယ်
လမ်းဘေးက တမာပင်တွေမှာ
တပင်လုံး တမာဖူးတွေနဲ့ ပြည့်နေပြီး လှနေပါတယ် အမြန်လမ်းတလျောက် မိုးအုံ့နေပေမဲ့ အဲဒီလမ်းပိုင်းမှာ နေပူလာလို့ အဲကွန်းဖွင့်လာလို့ တမာနံလေးတော့မရခဲ့ဘူး

ရန်အောင်မှာစျေးနေ့ရှိလို့ အဲဒီနားနဲနဲရှုပ်ပေမဲ့ ပျော်ဘွယ်အထိ ကားရှင်းပါတယ် ခါတိုင်းရှုပ်နေကျ ဆိုင်ကယ်တွေတောင် သိပ်မများပါဘူး အမြန်လမ်းပေါ်မှာလဲ သိပ်မများပေမဲ့ရှိနေစဲ စည်းကမ်းမဲ့မောင်းတုန်းပါပဲ

ပေပင်လေးကနေ ပျော်ဘွယ်အထိ လမ်းတလျောက်က ဆီဆိုင်တွေမှာ အချို့ဆိုင်တွေဆို တစ်စီး နှစ်စီးလောက်ပဲ ဆီဖြည့်နေပြီး အချို့ဆိုင်တွေဆို ဝန်ထမ်းလေးတွေ ငုတ်တုပ်ထိုင် ဖုန်းသုံးနေတာတွေမြင်ခဲ့တယ် ဆိုင်က မပိတ်ပါဘူး ဖွင့်ထားပါတယ်

ပျော်ဘွယ်ကို တစ်နာရီ ဆယ်မိနစ်ကျော်လောက်ရောက်ခဲ့ပြီး ဘုရားငါးဆူကို တစ်နာရီလေးဆယ်လောက်ရောက်သွားတယ် ပျော်ဘွယ်မှာ ကားသိပ်မရှုပ်ဘူး

ကျွဲတပ်ဆုံက boc မှာ ဆီပြန်ဖြည့်ပါတယ်Scan ဖတ်ပါတယ် လီတာ ၂၀ ဖြည့်လို့ ရပါတယ်လို့ ဆိုင်ကပြောပေမဲ့ ၁၄ လီတာနဲ့ဆီအပြည့်ပြန်ဖြစ်သွားပါတယ် အဲဒီမှာ 95 တစ်မျိုးထဲမရပါဘူး

ဆိုင်မှာ တန်းစီစရာမလိုပဲ တန်းဝင်ဖြည့်ယုံမို့ စပ်စုကြည့်တော့ လိုင်စင်မဲ့ကားတွေ၊ဆိုင်ကယ်တွေကို လုံးဝမရောင်းတာမို့ပါလို့ ပြောတာမို့ လမ်းတလျောက် ဆီဆိုင်တွေ ရှင်းနေတာကိုလို့ သဘောပေါက်သွားတယ်

QR တွေ Barcode တွေ Scan ဖတ်ပြီး
ရောင်းမယ်လို့ ကြော်ငြာတွေ ကပ်ထားတယ်Denko မှာတော့ အစုံရပါတယ်
သူလဲကားမများပါဘူး

ကျွဲတပ်ဆုံ Xray gate ကတော့
တန်းစီနေတဲ့ကား တစ်စီးမှ မရှိတာကိုတွေ့ခဲ့တယ် boc မှာ ဆီဖြည့်နေတုန်း မိုးပေါက်လေးတွေကျလာပါတယ် မများပါဘူး

ကျွဲတပ်ဆုံ နန်းပန်တက်လမ်းကတော့
၇၀% လောက် ပြင်ပြီးသွားလို့ အဆင်ပြေပါတယ် ပြင်ဆဲနေရာတွေရှိပေမဲ့ မများတော့သလို
ကားအသွားအလာလဲနဲတာကို တွေ့ခဲ့ရတယ်

နန်းပန်တက်ကို သုံးနာရီ ပတ်ဝန်းကျင်လောက် ရောက်ပါတယ် အဲဒီက စစ်ဆေးရေးဂိတ်မှာ မစစ်ပါဘူး
ဆက်မောင်းသွားဖို့ လက်ပြလို့ မရပ်ခဲ့ဘူး

ကလောရောက်တဲ့အထိ လမ်းက အရင်လိုပဲ ကောင်းပါတယ် ပြင်နေတဲ့ နေရာလေးတွေတော့ ရှိပါတယ် ရေယားက သတိုးစံဆီဆိုင်မှာ ဆီရောင်းနေလို့ ဝင်ဖြည့်တာ 95 ကို လီတာ ၂၀ ဖြည့်လို့ရတယ်လို့ ပြောပေမဲ့၈ လီတာနဲ့ ဆီအပြည်ပြန်ဖြစ်ခဲ့ပါတယ် ရေယောင်းမနားမှာ မိုးပေါက်လေးတွေကျတာနဲ့ ကြုံရသေးတယ်

ကလောကို ညနေ ၃ နာရီခွဲ ပတ်ဝန်းကျင်
ရောက်ပါတယ် ကလောအဝင် နှစ်ထပ်လမ်းနားက boc ကတော့ ပိတ်ထားပါတယ် ကိုယ်ဖြည့်ခဲ့တဲ့ ဆီဆိုင်တွေအားလုံး ငွေသားပဲ လက်ခံပါတယ် "မ"နေ့မို့ "စုံ"ကားတွေကို ဆီမဖြည့်ပေးကြပါဘူး

တီးကမ္ဘာ မှာ လ္ဘက်ရည်ဝင်သောက်ပြီး
ထိုင်နေတုန်း မိုးတွေမဲသဲလာတာမို့ တည်းမဲ့နေရာကို အမြန်သွားခဲ့ပါတယ် အဲဒီလဲ ရောက်ရော မိုးတွင်းကြီးလို မိုးရွာလာတယ်

ရေယားမပြောနဲ့ ကလောရောက်တာတောင် မအေးသေးတာမို့ စိတ်ထဲ တမျိုးဖြစ်နေခဲ့ပေမဲ့ မိုးရွာလဲပြီးရော အေးလာပါတယ်

ရန်ကုန်မှာ အပူဒဏ်ကို ခံခဲ့ရသလောက်
သဘာဝ အအေးဓာတ်နဲ့ နားလို့ ရခဲ့ပါပြီ

လမ်းတလျောက် Express car တွေ ဆီဘောက်ဆာတွေ တွဲကားတွေ ပျက်နေတာ အများကြီး နေရာအနှံ့မှာတွေ့ခဲ့ပါတယ်

Credit:::: Uncle ဦးကိုကိုဦး

#ကိုကိုဦး

ဧပြီလမြန်မာနှစ်သစ်ကူး သကြ်န်ရဲ့ အထိမ်းအမှတ်ပန်းပိတောက်တွေနဲ့တူတူ ပျော်ရွှင်အေးချမ်းတဲ့နေ့ရက်လေးတိုင်းကိုပိုင်ဆိုင်နိုင်က...
01/04/2026

ဧပြီလမြန်မာနှစ်သစ်ကူး သကြ်န်ရဲ့ အထိမ်းအမှတ်ပန်းပိတောက်တွေနဲ့တူတူ ပျော်ရွှင်အေးချမ်းတဲ့နေ့ရက်လေးတိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှန့်🙏🙏🙏

25/02/2026

Address

Cherry Street
Kalaw

Telephone

+959968644291

Website

Alerts

Be the first to know and let us send you an email when Gloria Motel Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share