24/09/2026
⛔️⚠️ ငွေလွှဲအထူးသတိပြုကြပါရန်....🙏
ဧည့်သည်တော်များခင်ဗျာ....
နောက်လတွေဆိုရင် ကျောင်းပိတ်/ရုံးပိတ်ရက်ပွင့်လင်းရာသီ ခရီးသွားကာလ ရောက်ရှိတော့မှာဖြစ်လို့ ကလောမြို့ကို လာလည်ချင်တဲ့အခါ
Kalaw Garden Hotel ကို ကြိုတင် ဘိုကင်တင်ချင်ကြတဲ့ ဧည့်သည်တော်များအတွက် အရေးကြီးတဲ့ အချက်လေး အသိပေးပါရစေနော်✨
ဧည့်သည်တော်များ ငွေကြေးလိမ်လည်ခံရမှု မရှိစေရေးနဲ့ စိတ်အေးချမ်းစွာ တည်းခိုနိုင်ဖို့အတွက် အခန်းဘိုကင်များကို အောက်ပါ တရားဝင် social media platform များမှသာ ဆက်သွယ်မှာယူပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
🏡 Kalaw Garden Hotel
☎️ 09 953 100 100, 09 448 001 001
📱 Official page
👉 Kalaw Garden Hotel (https://www.facebook.com/share/1CUvsYxyCr/?mibextid=wwXIfr )
📳 Kalaw Garden Hotel Viber
💜 09 953 100 100
⚠️ လိမ်လည်မှုများမှ ကာကွယ်ရန် အဓိက သတိထားရမည့်အချက်များ
1️⃣ တရားဝင် Kalaw Garden အမည်ရှိ MMQR Code တစ်ခုတည်းသာ အသုံးပြုပါ.
အခန်းဘိုကင် လက်ခံခြင်း၊ Payment QR Code ပေးပို့ခြင်းများကို အထက်ပါ တရားဝင် Viber မှဆောင်ရွက်ပေးပါတယ်။ ဟိုတယ်၏ တရားဝင် Payment QR Code မှလွဲ၍ အခြား နာမည်နှင့် နံပတ်/QR code များသို့ ငွေမလွှဲကြပါရန် မေတ္တာရပ်ခံပါတယ်။
2️⃣ TikTok မှ ဘိုကင် လုံးဝ (လုံးဝ)လက်မခံပါ
ကျွန်တော်တို့၏ တရားဝင် TikTok (https://www.tiktok.com/?_r=1&_t=ZS-99zTUIqH0qa )
မှတဆင့် အခန်းဘိုကင် သီးသန့် လက်ခံပေးခြင်း မရှိပါ။
3️⃣ ငွေမလွှဲမီ အမြဲအတည်ပြုပါ
အခြား Fake Page များ၊ သံသယဖြစ်ဖွယ် Viber Account များမှ ငွေလွှဲခိုင်းပါက လုံးဝ မယုံကြည်ပါနှင့်။ ပွင့်လင်းရာသီခရီးသွားများသောကာလတွင် မသင်္ကာပါက ငွေမလွှဲမီ Official Page Messenger သို့ အရင်ဆုံး ဆက်သွယ်အတည်ပြုပေးပါ။
🙏🏼 တရားဝင် မဟုတ်သော အကောင့်များသို့ မှားယွင်းငွေလွှဲမိပါက ဟိုတယ်ဘက်မှ တာဝန်ယူပေးနိုင်မည် မဟုတ်ပါသဖြင့် အထူးသတိပြု စစ်ဆေးပေးကြပါရန် မေတ္တာရပ်ခံပါရစေနော်။
ဧည့်သည်တော်များအားလုံး ဘေးကင်းလုံခြုံစွာနဲ့ သာယာသော ခရီးစဉ်ဖြစ်ပါစေကြောင်း Kalaw Garden Hotel Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ 🙏