Kalaw Eain Hotel

Kalaw Eain Hotel Feels Like Home!

ကလောဈေးသို့အလည်တစ်ခေါက်မှာ တိုင်မပတ်ဖို့ !😵ပလန်မရှိလို့ ဈေးရောက်မှ ဘယ်သွားပြီး ဘာအရင်လုပ်ရမှန်းမသိ ယောင်ဝါးဝါးလျှောက်သွာ...
03/08/2026

ကလောဈေးသို့အလည်တစ်ခေါက်မှာ တိုင်မပတ်ဖို့ !😵

ပလန်မရှိလို့ ဈေးရောက်မှ ဘယ်သွားပြီး ဘာအရင်လုပ်ရမှန်းမသိ ယောင်ဝါးဝါးလျှောက်သွားရင်း တစ်နေ့လုံး အချိန်ကုန်သွားတယ်ဆိုရင်စိတ်ညစ်စရာ မကောင်းသွားဘူးလား?

ဒါကြောင့် ကလောဈေးသွားမယ်ဆို ကြိုစုံစမ်းထားသင့်တာလေးတွေကို Kalaw Eain Hotel က ဘယ်သူမှမပြောခင် ကြိုပြောပြထားဦးမယ်နော်🤫

ကလောဈေးမှာ အဆင်ပြေချင်ရင် ဒါတွေစုံစမ်းသွား
📝ဈေးလည်လို့ ကောင်းတဲ့အချိန်
မနက်စာလည်း စားဦးမယ်... ဈေးလည်း စုံစုံလင်လင် လတ်လတ်ဆတ်ဆတ်ပတ်ဝယ်ချင်ပြီး ဓာတ်ပုံ၊ ဗီဒီယို‌လည်း ရိုက်ချင်သေးတယ်ဆိုရင် မနက်ပိုင်း ဈေးမကွဲခင်သွားပါ၊ စောလေ ကောင်းလေပါပဲ။

📝ဝါးတီးဖွင့်ဖို့ဆိုင်
အားလုံးက ရှမ်းစာပဲဆိုပေမဲ့ မတူတဲ့ဒေသကလာတဲ့ကိုယ့်အတွက် ဘယ်ဆိုင်ဝင်မှ ကိုယ့်ပါးစပ်နဲ့ကိုက်မလဲ အရင်စုံစမ်းပါနော်

📝ဝယ်ချင်တဲ့ ပစ္စည်းစာရင်း
ရောက်မှဝယ်မယ်ဆိုရင် ဝယ်စရာတွေက တန်လွန်းလို့လက်မဆံ့အောင်ပါပဲ။"ငါ ဒါလေးဝယ်ခဲ့သင့်တာကွာ" ဆိုပြီး မကျန်ခဲ့ဖို့ စာရင်းလေးတစ်ခုလုပ်ထားတာ မမှားပါဘူး။

အရေးကြီးဆုံးကတော့ ဈေးနေ့ကို Double Check လုပ်ပါ။အခု ဩဂုတ်လရဲ့ကလောဈေးနေ့တွေကတော့ (4) (9)၊ (14)၊ (19)၊ (24)၊ (29) ရက်နေ့တွေဖြစ်ပါတယ်။ 🗓️

ဈေးနေ့တွေ မမေ့အောင်‌သေချာမှတ်ပြီး အလွယ်တကူ Double Check လုပ်လို့ရအောင် Page လေးကို Like & Follow လုပ်ထားပါဦးနော်👍





#ကလောစျေးနေ့

ဗုဒ္ဓဘာသာဝင်တို့ အလွန်အင်မတန် လေးမြတ် တန်ဖိုးထားရတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ဒေသအရပ်ရပ်က ဗုဒ္ဓဘာသာဝင်များအားလု...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ အလွန်အင်မတန် လေးမြတ် တန်ဖိုးထားရတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ဒေသအရပ်ရပ်က ဗုဒ္ဓဘာသာဝင်များအားလုံး မြတ်စွာဘုရားရဲ့ တရားထူးတရားမြတ်များကို ပိုမိုနာကြားရင်း တရားဘာဝနာများ ပိုမိုပွားများနိုင်စေလို့ Kalaw Eain Hotel မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ… 🙏🌕


#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

August လမှာ ကလောကိုသွားရင်ကောင်းတယ်‌ဆိုတာ သိပြီးပြီလား? ဘာလို့လဲဆိုတော့…𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 တွေရတော့မှာမို့လေ🤩အလုပ်ကိစ္စ ဒါမှမဟုတ်...
27/07/2026

August လမှာ ကလောကိုသွားရင်ကောင်းတယ်‌ဆိုတာ သိပြီးပြီလား?
ဘာလို့လဲဆိုတော့…
𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 တွေရတော့မှာမို့လေ🤩

အလုပ်ကိစ္စ ဒါမှမဟုတ် အားလပ်ရက်ရလို့ မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူနဲ့အတူ ကလောမြို့လေးရဲ့မိုးရာသီ အငွေ့အသက်လေးကို ခံစားပြီး 𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 လည်းယူချင်တယ်ဆိုရင် အနွေးထည်လေး‌တွေတော့ ယူခဲ့နော်🫣

ကလောမြို့မှာ အနားယူဖို့အကောင်းဆုံးအချိန် ဩဂုတ်လအတွင်း လာမဲ့သူတွေအတွက် Kalaw Eain Hotel က Booking တင်ပြီးတာနဲ့ 𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 𝟐𝟎𝟎𝟎𝟎𝐌𝐌𝐊 ပေးတော့မှာပါ။ 🥳

𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 က ဩဂုတ်လ တစ်လတည်းပေးမှာမို့ ရက်မပြည့်ခင် အမြန်ဆုံး Booking တင်ထားလိုက်တော့နော်
အိမ်ကလေးတစ်လုံးလို နွေးထွေးတဲ့ Kalaw Eain Hotel က ဧည့်သည်တော်တိုင်း စိတ်ကျေနပ်မှုရစေဖို့ စောင့်ကြိုနေပါတယ်။ 🏠

အသေးစိတ်သိရှိလိုပါက Page Messenger ကနေ အသေးစိတ် မေးမြန်းနိုင်ပါတယ် ✉️

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]

ထိုင်းဘက်နွယ်ပေမဲ့ အရသာမှာမြန်မာတို့အကြိုက် "ထိုင်းစတိုင်လ် အုန်းနို့ငါးကြွပ်ကြော်လေး" Kalaw Eain Hotel  မှာ ရနေပါပြီ။ 🎏...
02/07/2026

ထိုင်းဘက်နွယ်ပေမဲ့ အရသာမှာမြန်မာတို့အကြိုက် "ထိုင်းစတိုင်လ် အုန်းနို့ငါးကြွပ်ကြော်လေး" Kalaw Eain Hotel မှာ ရနေပါပြီ။ 🎏

ဒီဟင်းပွဲက ဇူလိုင်တစ်လတည်း ရရှိနိုင်မှာဖြစ်ပြီး... အပြင်ပိုင်းက ရွှေရောင်ကြွပ်ကြွပ် အတွင်းပိုင်းမှာ နူးညံ့လတ်ဆတ်တဲ့ ငါးအသားကို ထိုင်းစတိုင်လ်အုန်းနို့ဆော့စ်နဲ့ ဆိမ့်ညက်အိစက်နေအောင် ပေါင်းစပ်ဖန်တီးထားပါတယ်။ 🍛

အုန်းနို့ရဲ့မွှေးပျံ့တဲ့ အနံ့အရသာရှိပေမဲ့ ချိုချဥ်စပ်လေးပါ ပါဝင်တဲ့ ထိုင်းစတိုင်လ်ဟင်းလျာဖြစ်တာမို့ အီစိမ့်နေတာမျိုးမဟုတ်ဘဲ အစပ်အဟက်မိလို့ ဘယ်လောက်စားစား သိပ်ကိုခံတွင်းမြိန်… 😋

ဒီလို တစ်ခါစားရုံနဲ့ ဘဝ တစ်သက်စာ ထပ်ခါထပ်ခါမှာစားချင်စေမဲ့ ဟင်းလျာမျိုးကို မြည်းစမ်းချင််တယ်ဆိုရင် Kalaw Eain Hotel ကို အခုပဲ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 😍

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]




တစ်ရက်စာချက်ဖို့ စျေးသွားတာနဲ့အေးချမ်းစည်ကားတဲ့ ကလောမြို့မစျေးမှာ စျေးဝယ်ထွက်တာက ဆန့်ကျင်ဘက်မတူညီတဲ့အရာပါ။ 🤗မိုးတွင်း စျ...
29/06/2026

တစ်ရက်စာချက်ဖို့ စျေးသွားတာနဲ့အေးချမ်းစည်ကားတဲ့ ကလောမြို့မစျေးမှာ စျေးဝယ်ထွက်တာက ဆန့်ကျင်ဘက်မတူညီတဲ့အရာပါ။ 🤗

မိုးတွင်း စျေးထဲသွားတာချင်းအတူတူတောင် ကလောစျေးရဲ့ စျေးတန်းက အရောင်းအသွေးစုံတယ်၊ တိုင်းရင်းသားစုံတယ်၊ ရိုးရာအစားအသောက်နဲ့ ဘာသာစကားအသစ်တွေကိုကြားရတဲ့အခါ ချစ်စဖွယ်ဖြစ်ပြီး ကြည်နူးသစ်လွင်မှုကို ခံစားရစေတယ်။😍🍃

တစ်နေ့တာရဲ့အလုပ်တွေထဲက တစ်ခုမဟုတ်ဘဲ အသစ်အဆန်းတွေကို မြင်တွေ့နိုင်တဲ့ Activity တစ်ခုလို ခံစားရတာမို့ ဇူလိုင်လလို မိုးဖွဲဖွဲကျတဲ့လမှာ (5)၊ (10)၊ (15)၊ (20)၊ (25)၊ (30) ရက်နေ့တွေက စျေးဝယ်ထွက်ကြည့်သင့်တယ်နော် 🫶🏼

ကလောစျေးနေ့တွေကို လတိုင်းသိရဖို့ Page လေးကို Like & Follow လုပ်ထားပါဦးနော်





#ကလောစျေးနေ့

"လူကြီးဖြစ်သွားပြီလေ... မိုးရွာရင် ပျော်တာ ကလေးတွေပဲရှိတယ်" လို့တွေးရင် Kalaw Eain Hotel ကိုလာဖို့ လိုနေပါပြီ။ 🤔ကလေးတုန်...
27/06/2026

"လူကြီးဖြစ်သွားပြီလေ... မိုးရွာရင် ပျော်တာ ကလေးတွေပဲရှိတယ်" လို့တွေးရင် Kalaw Eain Hotel ကိုလာဖို့ လိုနေပါပြီ။ 🤔

ကလေးတုန်းက ပျော်ရွှင်မှုတွေပြန်ရဖို့ ကလေးပြန်ဖြစ်ဖို့ မလိုပါဘူး။ Kalaw Eain Hotel မှာသာတည်းမယ်ဆိုရင် တည်းခိုနေစဥ်အတွင်း မိုးရွာခဲ့ရင် အဲ့ဒီနေ့အတွက် Room Rate 20% လျှော့ပေးလို့ မိုးရွာတိုင်း ပျော်နေရမှာပါ။ 😍

ချစ်ရသူလေး ဘေးမှာပါလာရင်တောင် ခရီးသွားလို့ မိုးရွာတိုင်း စိတ်ညစ်တယ်မဟုတ်လား! Kalaw Eain Hotel ကိုလာရင်တော့ မိုးရွာလေ ပိုတန်လေပဲဖြစ်မှာဆိုတော့ ပျော်ရွှင်တဲ့စိတ်ခံစားချက်ကြောင့် Quality time လေးတွေ ဖန်တီးလို့ရမှာ အသေအချာပဲလေ။🫣

ဝန်ဆောင်မှုပိုင်းမှာ Review ကောင်းတွေ ရထားပြီး အပြင်မထွက်ရင်တောင် View တွေအပြည့်နဲ့အေးချမ်းလှပသလို အိမ်ကလေးတစ်လုံးလို နွေးထွေးတဲ့ဝန်ဆောင်မှုတွေနဲ့ဟိုတယ်လေးမို့ ချစ်သူလေးရဲ့လက်ကိုဆွဲပြီး ကလောမြို့လေးကိုရောက်တယ်ဆိုရင် Kalaw Eain Hotel မှာပဲတည်းဖို့ ရွေးချယ်ပါနော်

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]




ဧည့်သည်တော်တို့ရဲ့ အတွေ့အကြုံကောင်းတွေကို ပြန်လည်ကြားသိရတာက "Kalaw Eain Hotel" ရဲ့ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခံ...
18/06/2026

ဧည့်သည်တော်တို့ရဲ့ အတွေ့အကြုံကောင်းတွေကို ပြန်လည်ကြားသိရတာက "Kalaw Eain Hotel" ရဲ့ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခံရတာဖြစ်သလို "Kalaw Eain Hotel" အတွက် အားတက်စရာအကောင်းဆုံးဆုလာဘ်တစ်ခုပါပဲ။ 🫶🏼

တည်းခိုနေစဥ်အတွင်းမှာ ကောင်းမွန်အဆင်ပြေခဲ့ကြောင်း အတွေ့အကြုံများကို ယခုလိုမျိုး ပြန်လည်မျှဝေပေးလာလို့ Kalaw Eain Hotel က ဝမ်းသာပီတိဖြစ်ရပါတယ်။ 📩

နောက်ထပ် ကလောမြို့လေးကိုလာလည်မဲ့ ဧည့်သည်တော်များကို ဧည့်ဝတ်ကျေပွန်ဖို့လည်း ယုံကြည်မှုနဲ့အသေအချာကြိုးစားပြင်ဆင်ထားမှုတွေ Kalaw Eain Hotel မှာ ရှိနေမှာပါ။

ဒါ့အပြင် ဧည့်သည်တော်များအတွက် မတူညီတဲ့ Promotion တွေကိုလည်း အမြဲစီစဥ်ပေးနေတာမို့ ကလောမြို့ကိုလာရင် အိမ်ကလေးတစ်လုံးလိုနွေးထွေးပြီး ဝန်ဆောင်မှုအပြည့်နဲ့ Kalaw Eain Hotel မှာတည်းခိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်…💕

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]




ကလောရဲ့ အေးမြတဲ့ တောင်ပေါ်ရာသီဥတုလေးထဲမှာ "ကလောအိမ်" ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပြီး လာရောက်အပန်းဖြေ တည်းခိုသွားပေးတဲ့...
09/06/2026

ကလောရဲ့ အေးမြတဲ့ တောင်ပေါ်ရာသီဥတုလေးထဲမှာ "ကလောအိမ်" ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပြီး လာရောက်အပန်းဖြေ တည်းခိုသွားပေးတဲ့ အဆိုတော် ကိုအောင်မြင့်မြတ် နှင့် မမေဂရေစ့် တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🏡✨

နောင်လည်း ကလောကို လာဖြစ်တဲ့အခါ မိသားစုအိမ်လေးလို နွေးထွေးမှုမျိုးနဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ ကလောအိမ်လေးက အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေပါရစေဦးရှင်။ ⛰️❤️

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]

ဇွန် တစ်လတည်းရနိုင်မဲ့ Kalaw Eain Hotel ရဲ့ အထူးအစားအစာ ငါးရံ့လယ်သမားဟင်းရည်✨ဆန်းဆန်းပြားပြားလေးမှ စားချင်တဲ့ဧည့်သည်တော်...
08/06/2026

ဇွန် တစ်လတည်းရနိုင်မဲ့ Kalaw Eain Hotel ရဲ့ အထူးအစားအစာ ငါးရံ့လယ်သမားဟင်းရည်✨

ဆန်းဆန်းပြားပြားလေးမှ စားချင်တဲ့ဧည့်သည်တော်တို့အတွက် နာမည်လေးကအစ တမူထူးခြားတဲ့ ငါးရံ့လယ်သမားဟင်းရည်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်....🍲
ရှူးရှူးရှဲရှဲအရသာဆိုပေမဲ့ အသားငါးအသီးအရွက်တွေက အချိုအဆိမ့်အချဥ်ဓာတ်ပါဝင်အောင် ထိန်းပေးထားလို့ လျှာပေါ်မှာ ထိမိနေပြီး မိုးတွင်းမှာထမင်းပိုမြိန်စေတယ်။🤤

သူ့ရဲ့ထူးခြားမှုက ဟင်းရည်တစ်ခွက်မှာတင် သန့်ရှင်းလတ်ဆတ်မှု၊ မြန်မာ့အရသာစစ်စစ်နဲ့ အာဟာရတွေ တစ်ပါတည်းပေါင်းစည်းပေးထားလို့ အရသာစုံလင်ပြီး စားသုံးတဲ့သူကို နွေးထွေးပျော်ရွှင်စေမှာပါ။

မိုးရွာရင် တိမ်မှိုင်းမှိုင်းလေးနဲ့အဆွေးဓာတ်လျှံနေတဲ့ ကလောမြို့လေးမှာ အချမ်းပြေသောက်ဖို့ ငါးရံ့လယ်သမားဟင်းရည်က Kalaw Eain Hotel မှာပဲရှိတာမို့ မြည်းစမ်းဖို့ အခုကတည်းက ဖိတ်ခေါ်လိုက်ပါတယ်။😋

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]




ဇွန်လထဲ ❝ထင်းရှူးမြို့တော် မြူမြို့တော်❞ ကို လာရောက်လည်ပတ်မယ့် ဧည့်သည်တော်များအတွက် Kalaw Eain Hotel ရဲ့အထူးအတန်ဆုံးပရို...
02/06/2026

ဇွန်လထဲ ❝ထင်းရှူးမြို့တော် မြူမြို့တော်❞ ကို လာရောက်လည်ပတ်မယ့် ဧည့်သည်တော်များအတွက် Kalaw Eain Hotel ရဲ့အထူးအတန်ဆုံးပရိုမိုးရှင်းလေး လာပါပြီ။ 😍

ကလောမြို့လေးရဲ့အလှဆုံးအချိန်လို့ပြောရမဲ့ ဇွန်လတစ်လလုံး Kalaw Eain Hotel မှာ အထူးအစီအစဉ်တစ်ခုအဖြစ် Stay 3 Nights, Pay for 2 Nights Only! ကို ပေးအပ်ထားပါတယ်။

(၃) ည ဆက်တိုက်တည်းခိုပါက (၂) ညစာသာ ပေးချေရမှာဖြစ်ပြီး တတိယညအတွက် အခန်းခကို FREE တည်းခိုနိုင်မှာပါ။ ✨

သဘာဝတရားက ခရီးသွားဆွဲဆောင်မှုဖြစ်နေပြီး ပူပန်စရာတွေဖျောက်ဖျက်ပေးတဲ့ တစ်ခြားကမ္ဘာတစ်ဖက်လို့ တင်စားကြတဲ့ ကလောမြို့မှာ ခရီးသွားနဲ့ဧည့်သည်တော်များအဆင်ပြေစေမဲ့ Kalaw Eain Hotel ရဲ့ အထူးအစီအစဥ်လေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် အဆင့်မြင့်သပ်ရပ်ပြီး Cozy Vibe အပြည့်နဲ့ အိမ်ကလေးတစ်လုံးလို နွေးထွေးတဲ့တောင်ပေါ်ကဟိုတယ်လေးမှာ အတန်ဆုံးတည်းခိုချင််တယ်ဆိုရင် Kalaw Eain Hotel မှာ အခုပဲ Booking တင်ထားလိုက်တော့နော်🫵🏼

🏩 Kalaw Eain – Feels Like Home
📍 8 Ward, Hnee Pagoda Street, Kalaw
📞 09-449 542 907 | 09-753 520 647
📧 [email protected]




Address

Station Street, Myanmar (Burma)
Kalaw
06021

Alerts

Be the first to know and let us send you an email when Kalaw Eain Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category