25/04/2026
တောင်တန်းတွေပေါ်
နွေဦးရောက်လာချိန် … 🦋
မင်းကိုရှာဖို့
တိတ်ဆိတ်နေတဲ့ တောတန်းလေးဆီ
သစ်ခုတ်သံက ပဲ့တင်ထပ်လို့
ငါ တယောက်တည်း … 🦋
စမ်းချောင်းထဲကရေတွေ
ခဲနေဆဲလား …
ပန်းခင်းတွေပေါ် နှင်းပွင့်တွေ
တင်ကျန်နေဆဲလား … 🦋
ဆည်းဆာဦးမှာ
မင်းတို့မြို့လေးဆီ ရောက်လာခဲ့မယ်
ငါ တယောက်တည်း … 🦋
~သန့်ဇော်