Hom Hein Hotel

Hom Hein Hotel Hotel

ဧည့်သည်များအား အားလုံးသတိထားရအောင်တင်ပေးခြင်းဖြစ်ပါတယ်ရှင့်။ ဒီacc ဖုန်းနံပါတ် ဟာ ကျွန်မတို့Hom Hein Hotel နဲ့လုံးဝလုံးဝ...
13/04/2026

ဧည့်သည်များအား အားလုံးသတိထားရအောင်တင်ပေးခြင်းဖြစ်ပါတယ်ရှင့်။ ဒီacc ဖုန်းနံပါတ် ဟာ ကျွန်မတို့Hom Hein Hotel နဲ့လုံးဝလုံးဝ ပတ်သက်မှုမရှိပါ။ အကယ်၍ ဤဖုန်းနံပါတ်နဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ပါကHom Hein Hotel မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ Online မှဖြစ်စေ၊ဖုန်းဖြင့်ဆက်သွယ်၍ ဘိုကင်တင်လိုသည်ဖြစ်စေ ကျွန်မတို့ official page တွင်တင်ပေးထားသော ဖုန်းနံပါတ်များနှင့်လိပ်စာကဒ်တွင်ထည့်သွင်းပေးထားသောဖုန်းနံပါတ်များကိုသာ ဆက်သွယ်စုံစမ်းမေးမြန်းပြီးမှသာလျှင် ဘိုကင်ယူကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ Official page မှ တင်ပေးထားသော ဖုန်းနံပါတ်မဟုတ်ဘဲ အခြားသောဖုန်းနံပါတ်များနှင့် ငွေကြေးကိစ္စများရှိလာခဲ့လျှင် ကျွန်မတို့ ဟိုတယ်ဖက်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း သတိပေးအပ်ပါတယ်ရှင့်။

12/04/2026

ယခုလိုသင်္ကြန်အခါသမယမှာ စိတ်အေးလက်အေးနဲ့ အနားယူလိုပါသလား?🤔
ကျွန်မတို့Hom Hein Hotel ကိုသာ အရောက်လှမ်းခဲ့ပါ။🫢🙂‍↔️

🌟သင်္ကြန်အခါသမယမှာ အပန်းဖြေဖို့အကောင်းဆုံးနေရာ🌟သင်္ကြန်ရဲ့အပူချိန်တွေကြားမှာလည်း ကျွန်မတို့ဟိုတယ်က အေးမြသန့်ရှင်းတဲ့ခန်း...
12/04/2026

🌟သင်္ကြန်အခါသမယမှာ အပန်းဖြေဖို့အကောင်းဆုံးနေရာ🌟

သင်္ကြန်ရဲ့အပူချိန်တွေကြားမှာလည်း ကျွန်မတို့ဟိုတယ်က အေးမြသန့်ရှင်းတဲ့ခန်းမများ စိတ်ချမ်းသာစေမယ့် ဝန်ဆောင်မှုများနဲ့ သင့်ရဲ့အနားယူချိန်ကို အထူးဖြစ်စေပါမယ်နော်။🤩

သင်္ကြန်ရက်အတွင်းဖြစ်တဲ့ ၁၃/၁၄/၁၅ရက်နေ့များတွင် ကျွန်မတို့ဟိုတယ်မှ ဧည့်သည်တစ်ဦးချင်းစီအတွက် စိတ်ကျေနပ်မှုအပြည့်နဲ့အနားယူနိုင်ဖို့ အထူးပြင်ဆင်ထားပါတယ်ရှင့်🫣

အခန်းအတွင်းတွင် မေတ္တာလက်ဆောင်များကိုလည်း စေတနာပြည့်ဝစွာပြင်တင်ထားရှိပေးပြီး Lobby မှာလည်း သင်္ကြန်အငွေ့အသက်ကိုခံစားနိုင်ရန် ပိတောက်ပန်းနှင့်ပုသိမ်ထီးများဖြင့် လှပစွာအလှဆင်ပေးထားပါတယ်ရှင့်။🥰

ကျွန်မတို့ဟိုတယ်မှာ လာရောက်တည်းခိုသောကာလအတွင်း ဧည့်သည်များအနေဖြင့် အဆင်မပြေမှုတစုံတရာ ရှိခဲ့ပါက ကျွန်မတို့ဘက်မှအနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင်။ ကျွန်မတို့ဟိုတယ်ကို ရွေးချယ်ပြီးလာရောက်တည်းခိုသော ဧည့်သည်တစ်ယော်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ သင်္ကြန်ကာလတွင် ဧည့်သည်များ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာစွာဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

🌟ဒီနှစ်သင်္ကြန်မှာလည်း ပျော်ရွှင်မှု၊အေးချမ်းမှုနှင့်နွေးထွေးသောအမှတ်တရများကို ကျွန်မတို့ဟိုတယ်နဲ့အတူဖန်တီးလိုက်ပါ။🤝🤝

Address

Kengtung
06321

Telephone

+959444446456

Website

Alerts

Be the first to know and let us send you an email when Hom Hein Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hom Hein Hotel:

Shortcuts

Share

Category