26/10/2019
Warmly Welcome To Ever Guest House(2)
မင်္ဂလာပါ ရွှေဆည်မြို့ရဲ့ မိတ်ဟောင်းမိတ်သစ်များခင်ဗျာ.....
ကျွန်တော်တို့ Ever Group မှ မိတ်ဆွေများအတွက် Ever Guest House -2 ကို အသစ်ထပ်မံဖွင့်လှစ်ထားပါတယ်.....။
စျေးနှုန်းတွေကတော့👉7000/17000/25000👈ပါ
✳️Everဆိုတာလူကြီးမင်းတို့အတွက် ကောင်းမွန်သောဝန်ဆောင်မှုများနဲ့ အမြဲတမ်းစိတ်ကျေနပ်မှုပေးစွမ်းနေတဲ့ Guest Houseဆိုတာ လူကြီးမင်းတို့အတွက် အထူးကြော်ငြာစရာ မလိုပါဘူး....။
✳️Everဆိုတာနဲ့ လူကြီးမင်းတို့ အတွက် သင့်လျော်တဲ့စျေးနှုန်းနဲ့ အခန်းတွေ၊ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ကျယ်ဝန်းပြီးလုံခြုံစိတ်ချရတဲ့ ကားပါကင်၊၂၄နာရီ လျှပ်စစ်မီးဝန်ဆောင်မှုတွေဆိုတာ ပြောပြစရာမလိုအောင်ကို ရှိနေတယ်ဆိုတာ လူကြီးမင်းတို့အတွက် သိရှိနေပြီးသားပါ....။
✳️ယခု အသစ်ဖွင့်တဲ့ Ever Guest House -2ကတော့ အားသာချက်လေးတစ်ခုပိုရှိလာပါတယ်.....။
အဲ့ဒါကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးချမ်းချမ်း အနားယူတဲ့သူတွေအတွက်၊မိသားစုလိုက် ဘုရားဖူးရင်း အေးအေးဆေးဆေး အနားယူလိုသုတွေအတွက်၊မြို့ရဲ့အငွေ့အသက်တွေကို မခံစားဘဲ သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်ကို ရှူရင်း လှပတဲ့တောင်တန်းတွေရဲ့ အလှအပနဲ့ မျက်စိအေးစိတ်အေးနှလုံးအေးအေးလေးနဲ့ ခံစားလိုသူတွေအတွက် အရမ်းသင့်တော်တဲ့နေရာလေးမှာ ဖွင့်လှစ်ထားရခြင်းပဲဖြစ်ပါတယ်.......။
✳️မနက်ခင်းမိုးလင်းတာနဲ့ ကောင်းမွန်သောလေကောင်းလေသန့်ကိုရှူရင်း အေးအေးဆေးဆေး Exerciseလုပ်ချင်ပါသလား၊ဝေဘူဆရာတော်ဘုရားကြီးရဲ့ စံမြန်းရာလှိုင်ဂူတော်ကိုဖူးမျှော်လိုပါသလား၊ကျောက်ဆည်မြို့ရဲ့အလှအပ ရွှေသာလျောင်းတော်ပေါ်ကိုတက်လိုပါသလား အနီးစပ်ဆုံးနဲ့အမြန်ဆုံးသွားလာနိုင်မည့်နေရာမှာ ဖွင့်လှစ်ထားပါတယ်......။
✳️နေ့ခင်းဘက်မှာ ကျောက်ဆည်မြို့ရဲ့ အလှတစ်နေရာဖြစ်တဲ့ စွန်ရဲအင်းကိုသွားလိုပါသလား၊တန်ခိုးတော်ကြီးမြတ်လှပြီး လှပသောရှူခင်းများရှိတဲ့ ဓာတ်တော်တောင်ကို ဘုရားဖူးသွားလိုပါသလား၊လူအများသိတဲ့ တန်ခိုးအင်မတန်ကြီးလှတဲ့ အဓိဌါန်ဝင်မဟာဆုတောင်းပြည့် ရွှေသိမ်တော်မြတ်စွာဘုရားကိုဖူးမျှော်လိုပါသလား မိနစ်ပိုင်းအတွင်း ခဏတာနဲ့အရောက်သွားနိုင်မယ့် နေရာလေးမှာ ဖွင့်လှစ်ထားပါတယ်......။
✳️အလည်ပတ်တွေသွားပြီး ညဘက်ရောက်လို့ အမောပန်းတွေပြေဖို့ အခန်းတွင်းမှာပဲ Airconအေးအေးလေးဖွင့်ပြီး 32inches TVနဲ့ Channelအစုံကိုကြည့်ပြီး အမောဖြေမလား၊ဒါမှမဟုတ် သဘာဝလေအေးအေးလေးကိုရှူရင်း လေညှင်းခံအမောဖြေလိုပါသလား ကျွန်တော်တို့ Ever Guest House -2မှာ အားလုံးကိုအဆင်ပြေပြေရရှိနိုင်ပါတယ်......။
✳️TVကြည့်ရင်း မီးပြတ်မှာကိုလဲစိုးရိမ်စရာမလိုပါဘူး လျှပ်စစ်မီး 24 hours ဝန်ဆောင်မှုဖြစ်လို့ လူကြီးမင်းတို့အတွက် စိတ်ကျေနပ်မှုအပြည့်ရရှိစေမှာပါ.....။
အစားအသောက်အတွက်လဲ အရမ်းစိတ်ပူစရာမလိုပါဘူး ည ၉ နာရီအချိန်အထိ လူကြီးမင်းတို့ စားသောက်လိုသည့်အရာများကို အပြုံးချိုချိုလေးများဖြင့် ဆောင်ရွက်ပေးနိုင်မည့် ဝန်ထမ်းလေးများလဲရှိနေပါတယ်........။
✳️လူကြီးမင်းတို့ပါလာတဲ့ ကား၊ဆိုင်ကယ်များအတွက်လဲ စိုးရိမ်စရာမရှိပါဘူး ကျယ်ဝန်းသော ကားပါကင်နှင့် 24 hours လုံခြုံရေးရှိနေမို့စိတ်ချလက်ချ စိတ်လေးလက်အေး အိပ်စက်နိုင်ပါတယ်.........။
သင့်တင့်သော အခန်းစျေးနှုန်းများ
ကျယ်ဝန်းပြီးပြီးပြည့်စုံသောအခန်းတွင်းဝန်ဆောင်မှု
ရေချိုးခန်း၊အိမ်သာတွဲလျက်ပါရှိပြီး
၂၄နာရီ လျှပ်စစ်မီး ဝန်ဆောင်မှု
ကျယ်ဝန်းသောကားပါကင်နှင့် ၂၄နာရီ လုံခြုံရေး
ဖော်ရွေပျူငှါပြီး အေးချမ်းသောအပြုံးလေးများဖြင့်ဝန်ဆောင််မှုပေးသော ဝန်ထမ်းများရှိနေတဲ့
ကျွန်တော်တို့ရဲ့ Ever Guest House-2ကို အရောက်လှမ်းလာပြီး လာရောက်တည်းခိုရန်ဖိတ်ခေါ်အပ်ပါတယ်...........။
👉လိပ်စာကတော့။............ ။ကျောက်ဆည်မြို့ရှောင်လမ်းအနီး၊တောင်ပတ်လမ်းဟောင်း၊ငှက္ကတောင်ကွက်သစ် ကျောက်ဆည်မြို့။
👉Phone Number....... 09682150111, 09682150222