Golden Future PWDs Development Organization

Golden Future PWDs Development Organization Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Future PWDs Development Organization, Service Apartments, Lashio.

14/05/2026

ကိုမျိုးမြင့်အောင်+နန်းမွန်းစိန်(MMT ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး
မှ(ဆယ့်တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့)အဖြစ် “ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့ အလှူငွေ
၁၁၀၀၀၀(တသိန်းတသောင်း)ကျပ်ကိုအမှတ်တရလှူဒါန်းသွားပါသည်…
ဤသို့လှူဒန်းရခြင်းကြောင့် အဆုံးမတိုင်သောချစ်ခြင်းများဖြင့်ရှေ့ဆက်ပြီး ပြီးးပြည့်စုံသောချစ်ခြင်းများဖြင့်❤️❤️❤️❤️

ဆရာမင်းလွင်ဦး၏ မမျှော်လင့်ဘဲ ကွယ်လွန်သွားခြင်းကြောင့် ရွှေရောင်အနာဂတ် မသန်စွမ်းအဖွဲ့မှ အထူးဝမ်းနည်းကြောင်း ရေးသားအပ်ပါသည...
23/04/2026

ဆရာမင်းလွင်ဦး၏ မမျှော်လင့်ဘဲ ကွယ်လွန်သွားခြင်းကြောင့် ရွှေရောင်အနာဂတ် မသန်စွမ်းအဖွဲ့မှ အထူးဝမ်းနည်းကြောင်း ရေးသားအပ်ပါသည်။

ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ မိသားစုဆရာဝန်အဖြစ် တ
ကူညီပေးပါသော ဆရာ

မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ကုသပေးခြင်းသာမက လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ ကူညီပံ့ပိုးပေးခဲ့သော သနားကြင်နာစိတ်ပြည့်ဝသည့် ဆရာဝန်တစ်ဦးဖြစ်ပါသည်။

ဆရာ၏ လူမှုရေးအကျိုးပြုလုပ်ဆောင်ချက်များနှင့် သဘောထားကောင်းများကို ရွှေရောင်အနာဂတ်မှ အမြဲတမ်း မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ဆရာကို ချစ်ခင်လေးစားသော မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးနှင့်အတူ ဝမ်းနည်းပူဆွေးမှုများကို မျှဝေပါသည်။

ဆရာမိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းမိပါကြောင်း နှင့်
ဆရာ ကောင်းရာမွန်ရာ ရောက်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

09/04/2026

ကိုငြိမ်းချမ်းနိုင်၏(၁၀-၄-၂၀၂၆)ရက်နေ့တွင်ကျရောက်သောမွေးနေ့အလှူအဖြစ်
“ရွှေရောင်အနာဂတ်မသန်စွမ်းသူများ
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့ မွေးနေ့အမှတ်တရအလှူငွေ တသိန်းကျပ်(၁၀၀၀၀၀)ကိုလှူဒါန်းမှုပြုခဲ့ပါသည်။
လှူဒါန်းမှုအတွက် ကိုငြိမ်းချမ်းနိုင်နှင့်မိသားစု စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများရရှိပါစေကြောင်း မသန်စွမ်းသူများကိုယ်စား ကျနော်တို့အဖွဲ့မှမေတ္တာဆုမွန်ကောင်းများဆုတောင်းပေးလိုက်ပါသည်🙏🙏🙏

03/03/2026

(၃-၃-၂၀၂၆)ရက်နေ့တွင်ကျရောက်သော
ဒေါ်အေးအေးသွင်၏(၆၉)နှစ်မြှောက်မွေးနေ့
အလှူဒါနအဖြစ်…
ဦးအေးကို+ဒေါ်အေးအေးသွင်မိသားစုမှ
“ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးရေးအဖွဲ့သို့”အလှူငွေ တသိန်းတသောင်း
(၁၁၀၀၀၀)ကျပ်ကိုလှူဒါန်းခဲ့ပါသည်။
ဤသို့တသိတရလှူဒါန်းရသောအကျိုး
ကြောင့် အန်တီဒေါ်အေးအေးသွင်နှင့်မိသားစု စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းပြည့်စုံပါစေကြောင်း
မသန်စွမ်းသူများကိုယ်စား “ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”မှဆုတောင်းမေတ္တာပို့
သအပ်ပါသည်🙏🙏🙏

24/01/2026

24-1-2026 တွင်ကျရောက်သော
မွေးနေ့မင်္ဂလာကုသိုလ်အဖြစ်
မခင်မိုးမိုးဦး(ရွှေလားရှိုးစားသောက်ဆိုင်)
မိသားစုမှ “ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”သို့
ငွေကျပ်နှစ်သိန်း(၂၀၀၀၀၀-/)လှူဒါန်းပါသည်။လှူဒါန်းမှုကုသိုလ်အစုစုအတွက်
မသန်စွမ်းသူများကိုယ်စား“ရွှေရောင်အနာ
ဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”မှကျေးဇူးအထူးတင်ရှိပါကြောင်း
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်🙏🙏🙏

27/12/2025
ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိန်းအမှတ်အနေဖြင့် မသန်စွမ်းသူ...
09/12/2025

ရွှေရောင်အနာဂတ်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအထိန်းအမှတ်အနေဖြင့်

မသန်စွမ်းသူများZoom application ဖြင့် တွေ့ဆုံခြင်းကို ပြုလုပ်ပြီး

ရှမ်းမြောက်အတွင်းနေထိုင်သော
လားရှိုး
ကျောက်မဲ
သီပေါ မြို့အတွင်းရှိ
ခက်ခဲလျက်ရှိသော မသန်စွမ်း အယောက် ၁၀၀ကျော်အား ဆန် /ဆီ ထောက်ပံ့ပေးအပ်ခဲ့ပါသည်

ယခုလို ဆန် ဆီ ထောက်ပံ့ပေးနိုင်ရန်
ပါဝင်လှူဒါန်းပေးပါသော
အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါကြောင်းကို မသန်စွမ်းသူများကိုယ်စား ကျေးဇူးရှိပါတယ်ရှင့်

အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဒီဇင်ဘာ (၃) ရက်နေ့မှာ ဂုဏ်ပြုကြိုဆိုကြပါစို့ 🌍🤝ဒီဇင်ဘာ ၃ ရက်နေ့ဟာ အပြည်ပြည်ဆိ...
02/12/2025

အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ဒီဇင်ဘာ (၃) ရက်နေ့မှာ ဂုဏ်ပြုကြိုဆိုကြပါစို့ 🌍🤝

ဒီဇင်ဘာ ၃ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "လူမှုဘဝ တိုးတက်မြင့်မားရေးအတွက် မသန်စွမ်းသူများ အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းကို အားပေးမြှင့်တင်ခြင်း" နဲ့အညီ မသန်စွမ်းသူတွေဟာ ကဏ္ဍတိုင်းမှာ တန်းတူညီမျှ ပါဝင်ခွင့်ရဖို့ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်မလဲ?

🧍 လူတစ်ဦးချင်းစီအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အရာများ

✅ စကားလုံးအသုံးအနှုန်း သတိပြုပါ-
"ဒုက္ခိတ" လိုမျိုး သူတို့ရဲ့ ဖြစ်တည်မှုကို ထိခိုက်စေတဲ့ စကားလုံးတွေအစား "အကြားအာရုံမသန်စွမ်းသူ"၊ "အမြင်အာရုံမသန်စွမ်းသူ" စသဖြင့် ဂုဏ်သိက္ခာရှိစွာ ဖော်ပြပါ။

✅ မေးပြီးမှ ကူညီပါ - ကူညီလိုပါက "ဘယ်လိုကူညီပေးရမလဲ" လို့ ဦးစွာ မေးမြန်းပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆွဲကိုင်တာ၊ အတင်းကူညီတာမျိုး ရှောင်ကြဉ်ပါ။

✅ ပြန်လည်မျှဝေပါ - မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို လူမှုကွန်ရက်နဲ့ ပတ်ဝန်းကျင်မှာ မျှဝေပေးပါ။

✅ လေးစားမှုပေးပါ - သနားကရုဏာသက်တဲ့အမြင်အစား သူတို့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး လေးစားမှုနဲ့ ဆက်ဆံပါ။

🏛️ အဖွဲ့အစည်းများအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အရာများ

Building Accessibility (လက်လှမ်းမီမှု) ရှိပါစေ - ရုံးခန်း၊ အိမ်သာနဲ့ လျှောက်လမ်းတွေကို ဝှီးချဲ (သုံးစွဲသူတွေ အလွယ်တကူ သွားလာနိုင်အောင် ပြင်ဆင်ပါ။

📢 နည်းပညာပိုင်း ပံ့ပိုးပါ - ဗီဒီယိုတွေမှာ စာတန်းထိုး (subtitles)၊ လက်သင်္ကေတပြဘာသာစကား (Sign Language) ထည့်သွင်းပေးတာ၊ Website တွေကို Screen Reader နဲ့ သုံးရလွယ်အောင် ဖန်တီးပါ။

🤝 မူဝါဒများ ပြင်ဆင်ပါ - အလုပ်ခန့်အပ်ရာမှာ "ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်" ဆိုတဲ့ မလိုအပ်တဲ့ ကန့်သတ်ချက်တွေဖယ်ရှားပြီး အရည်အချင်းကိုသာ အဓိကထားတဲ့ မူဝါဒတွေ ကျင့်သုံးပါ။

✨ မသန်စွမ်းသူတွေ ဘဝတိုးတက်မြင့်မားရေးအတွက် ကူညီရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပြီး တန်းတူညီမျှ အခွင့်အရေးရရှိဖို့က အဓိကကျပါတယ်။

အတားအဆီးများကို ဖယ်ရှားပြီး အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းကို အတူတူ ဖန်တီးလိုက်ကြရအောင်။

ရှမ်းမြောက်မှ ခက်ခဲစွာ ရပ်တည်နေရသော မသန်စွမ်းညီအစ်ကိုမောင်နှမများ အတွက် "မျှော်လင့်ခြင်းမီးအိမ်" ထွန်းညှိပေးကြပါစို့ရှမ်...
14/10/2025

ရှမ်းမြောက်မှ ခက်ခဲစွာ ရပ်တည်နေရသော မသန်စွမ်းညီအစ်ကိုမောင်နှမများ အတွက် "မျှော်လင့်ခြင်းမီးအိမ်" ထွန်းညှိပေးကြပါစို့

ရှမ်းမြောက်ဒေသရဲ့ လက်ရှိအခြေအနေဟာ ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်း အလွန်ကို ခက်ခဲကြမ်းတမ်းနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူတွေကတော့ မသန်စွမ်းသူတွေပဲ ဖြစ်ပါတယ်။ လက်ရှိ ရှမ်းမြောက်မှာ မသန်စွမ်းသူပေါင်း ၁၀၀၀ ကျော်ဟာ ရှင်သန်ရပ်တည်ဖို့ အရာရာကို ရုန်းကန်နေကြရပါတယ်။

သူတို့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲများ

စားဝတ်နေရေး: နေ့စဉ် စားဝတ်နေရေးအတွက် မပြည့်စုံမှုများ။

ကျန်းမာရေး: တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ လိုအပ်ခြင်း၊ ဆေးဝါးကုသမှု ခံယူရန် အခက်အခဲများ။

နေရပ်စွန့်ခွာရခြင်း: စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေခြင်း။

နေအိမ်ပျက်စီးခြင်း: နေအိမ်များ ပြိုကျပျက်စီးခဲ့တာကြောင့် နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခြင်း နှင့် ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေခြင်း။

ပြန်လည်ထူထောင်ရေး: ဘဝကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လိုအပ်နေခြင်း။

ဒီလို အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မသန်စွမ်းညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တို့ Golden Future PWDs Development Organization အဖွဲ့မှ Volunteers Social Care Fund (VSCF) "စေတနာ့ဝန်ထမ်း ရန်ပုံငွေ" အစီအစဉ်လေးတစ်ခု စတင်လိုက်ပါပြီ။

Volunteers Social Care Fund (VSCF) ဆိုတာဘာလဲ?

VSCF ရဲ့ စေတနာ့ဝန်ထမ်း ရန်ပုံငွေဆိုတာကတော့ အလှူရှင်စေတနာ့ဝန်ထမ်းများအနေနဲ့ မိမိတို့တတ်နိုင်တဲ့ ရန်ပုံငွေပမာဏ အနည်းငယ်ကို လစဉ်ပုံမှန် ထောက်ပံ့ပေးခြင်း (သို့မဟုတ်) တစ်ကြိမ်တည်း ထောက်ပံ့ကူညီပေးခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ရရှိလာသောရန်ပုံငွေတွေကို လစဉ် စုဆောင်းပြီး လိုအပ်နေတဲ့ မသန်စွမ်းသူများထံသို့ ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်

ပွင့်လင်းမြင်သာမှု

ကျွန်တော်တို့ VSCF အနေနဲ့ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး အမြင့်ဆုံး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ငွေရရှိကြောင်း ဖြတ်ပိုင်းများ ပေးအပ်ခြင်း

ငွေစာရင်းရှင်းတမ်းများ ထားရှိခြင်း

လစဉ် ငွေစာရင်းရှင်းတမ်းများ ပေးပို့ခြင်း

ထောက်ပံ့ငွေ ရရှိထားသော မသန်စွမ်းသူများ၏ ရင်တွင်းခံစားချက်များ ဖော်ပြပေးခြင်းနှင့် ဓာတ်ပုံများ (မျက်နှာကွယ်ဝှက်ထားသော ပုံများဖြင့်) ဖော်ပြခြင်း များကိုပြုလုပ်သွားမည်ဖြစ်ပါသည်။

ဘယ်လို ပူးပေါင်းပါဝင်မလဲ?
လူကြီးမင်းတို့ရဲ့ မေတ္တာနဲ့ ကူညီထောက်ပံ့မှုတွေကို အောက်ပါနည်းလမ်းတွေနဲ့ ပေးပို့နိုင်ပါတယ်။

ငွေသားဖြင့် ကူညီခြင်း

KPay ဖြင့် ကူညီခြင်း:

Aye Nyein Thu(Program Director)
09403607033

Phu Nadi Myo Naing (Officer)
09787613940

(KPay အကောင့်များသို့ တိုက်ရိုက်ထည့်ဝင် လှူဒါန်းနိုင်ပါသည်)

k pay Note တွင် VSCF ဟု မှတ်ချက်လေး ရေးပေးလို့ရပါတယ်။

ဒီလို အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ မသန်စွမ်းသူတွေအတွက် ကျွန်တော်တို့ရဲ့ အလှူငွေလေးတွေဟာ သူတို့ဘဝအတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာမှာပါ။

သူတို့ရဲ့ မျက်ဝန်းတွေထဲက မျှော်လင့်ခြင်းအလင်းရောင်လေးတွေ မှိန်ဖျော့မသွားစေဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကူညီပေးကြပါစို့။

သင့်ရဲ့ ရက်ရောမှုက သူတို့ရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ပါတယ်။

Address

Lashio

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959762627723

Website

Alerts

Be the first to know and let us send you an email when Golden Future PWDs Development Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Future PWDs Development Organization:

Share