Fiber Internet Service Agent-Mandalay

Fiber Internet Service Agent-Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fiber Internet Service Agent-Mandalay, Mandalay.

မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိမှုများသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူဖြစ်ပါက Facility Q...
22/04/2020

မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိမှုများသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူဖြစ်ပါက Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရမည်

မန္တလေးတိုင်းဒေသကြီးအပါအဝင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ ၁၂၁ ဦး ရှိပြီဖြစ်ရာ ထပ်မံ၍ ရောဂါကူးစက်မှု မဖြစ်ပွါးစေရေးအတွက် မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိမှုများသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိသူဖြစ်ပါက Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၂၁ ရက်တွင် ညွှန်ကြားစာထုတ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ ညွှန်ကြားစာတွင် ရောဂါပိုးတွေ့ရှိခြင်း မရှိသည့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်မှသာ Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန်၊ မိသားစုလိုက် ပြန်လည်ရောက်ရှိလာသူဖြစ်ပါက နေအိမ်အလွတ် (သို့မဟုတ်) သီးသန့်နေရာတစ်ခုခုတွင် မိသားစုလိုက် Quarantine ပြုလုပ်လိုပါက သတ်မှတ်ရက်အတိုင်း ပြုလုပ်ခွင့်ပြုရန်၊ Hotel Quarantine ပြုလုပ်လိုပါက ခွင့်ပြုပေးရန်နှင့် မိသားစုလိုက်မဟုတ်ဘဲ တစ်ဦးချင်း ပြန်လာခြင်းဖြစ်ပါက သတ်မှတ်နေရာတွင် Facility Quarantine ခံယူရန် ထပ်မံဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုအတွက် ဝင်/ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှအပ ကျန်ရှိသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများအားလုံး၊ ဘုရားဖူးယာဉ် များအားလုံး၊ အပန်းဖြေခရီးသွားယာဉ်များအားလုံး၊ အလည်အပတ်သွားရောက်သည့် ယာဉ်များအားလုံးနှင့် အိမ်စီးကားများအနက် (ယာဉ်မောင်းများအပါအဝင် (၄) ဦးထက်ပိုသော) မော်တော်ယာဉ်များအားလုံး မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်/ထွက် သွားလာခွင့်အား (၂၁-၄-၂၀၂၀) ရက်နေ့၊ ည(၁၂)နာရီအချိန်မှ (၃၀-၄-၂၀၂၀) ရက်နေ့၊ ည(၁၂)နာရီအချိန်ထိ ခေတ္တယာယီပိတ်သိမ်းထားရန်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်၊ မိုတယ်၊Innများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အထည် ဆိုင်များအစရှိသည့်လုပ်ငန်းများအားလုံးကို ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ ခေတ္တယာယီပိတ်သိမ်းထားရန်၊ ပိတ်သိမ်းခြင်းမပြုပါက ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် မရှိမဖြစ်လိုအပ်သောစားသောက်ကုန်များရောင်းချနေသည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါး ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များအစရှိသည့်လုပ်ငန်းများဖွင့်လှစ်ရမည်ဖြစ်ပြီး ဖွင့်လှစ်ခြင်းမပြုပါကလည်းဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်အမှတ် (၅/၂၀၂၀) ကိုလည်း ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိဘပြည်သူများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း၊ မေတ္တာရပ်ခံပန်ကြားခြင်း၊ အသိပေးတင်ပြခြင်းအပြင် အခြေအနေပေါ်မူတည်၍ တားမြစ်အမိန့်များ ထုတ်ပြန်ခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက်ရှိသည်။

 #အရေးကြီးလာပါပြီ   at home  #အိမ်မှာပဲနေပေးကြပါ။  တွေတော့စပြီ Case -025Case -026 လွန်ခဲ့သော၁၄ရက်အတွင်း ပြည်ပခရီးသွားရာဇ...
10/04/2020

#အရေးကြီးလာပါပြီ
at home
#အိမ်မှာပဲနေပေးကြပါ။
တွေတော့စပြီ
Case -025
Case -026 လွန်ခဲ့သော၁၄ရက်အတွင်း ပြည်ပခရီးသွားရာဇဝင်မရှိ။COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃:၀၀) နာရီ

 COVID-19ရောဂါနှင့်ပတ်သက်၍အင်မတန်အရေးကြီးသည့် အချိန်ရောက်လာသောကြောင့် ဧပြီ ၇ရကမြှ ဧပြီ၂၁ရက်အထိမန္တလေးတွင်ခရီးသွားလာမှုရပ...
03/04/2020



COVID-19ရောဂါနှင့်ပတ်သက်၍အင်မတန်အရေးကြီးသည့်
အချိန်ရောက်လာသောကြောင့် ဧပြီ ၇ရကမြှ ဧပြီ၂၁ရက်အထိ
မန္တလေးတွင်ခရီးသွားလာမှုရပ်နား၍ ကန့်သတ်သွားမည်

ဧပြီ ၃ ၊မန္တလေး

COVID-19ရောဂါနှင့်ပတ်သက်၍အင်မတန်အရေးကြီးသည့်
အချိန်ရောက်လာသောကြောင့် ဧပြီ ၇ရကမြှ ဧပြီ၂၁အထိ
မန္တလေးတွင်ခရီးသွားလာမှုရပ်နား၍ ကန့်သတ်မည်ဖြစ်
ကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်က သူ၏ လူမှုကွန်ရက်
တွင် "မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ပြည်သူသို့ ပန်ကြားချက်"ဟူ၍ ယနေ့ညပိုင်းက ရေးသားထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၂ ရက်နေ့ညကြေညာချက်
အရ လူနာအမှတ် ၁၅ ကနေ သူ့ရဲ့မိသားစုဝင် ၄ ယောက်ကိုကူးစက်တာတွေ့ရကြောင်း၊ တကယ်တော့ လူနာအမှတ် ၁၅ ကိုယ်တိုင်က SOS clinic မှာလာပြတဲ့ ပြင်သစ်အုပ်စုတွေဆီကနေကူးစက်တာဆိုတော့ လူနာအမှတ် ၈ ကနေတဆင့်ကူးစက်သူ ၈ ယောက်ရှိသွားလို့ local transmission ကို အရမ်းဂရုစိုက်ဖို့လိုအပ်လာပါပြီဟု ရေးသားထားသည်။

ကာကွယ်တာကို အထူးဂရုပြုရမယ့် ရောဂါဖြစ်သောကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အနေဖြင့် တင်းကြပ်မှုများ ထပ်မံ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခရီးသွားလာမှုကန့်သတ်ချက်ကို ထပ်မံအဆင့်မြှင့်သည့်
အနေဖြင့် ဧပြီလ ၆ ရက်နေ့ည ၁၂ နာရီတိတိ ( ၇ ရက်နေ့ မနက် ၀၀.၀၁ နာရီ)မှ စတင်ပြီး ဧပြီ ၂၁ ရက်နေ့အထိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုစတင်ရပ်နားသွားမည်
ဖြစ်ကြောင်းသိရသည်။ ရက်သတ္တပတ် ၂ ပတ်ကြာ အထိပိတ်
မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ချက်များ ထပ်မံချမှတ်သွားပါမည်ဟုသိရသည်။

"စားသောက်ကုန် နဲ့ ဆေးဝါး၊ ဆေးပစ္စည်းများ မပြတ်လပ်စေရေးအတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုတော့ ဆက်
လက်ခွင့်ပြုသွားမှာပါ။ဟော်တယ် နဲ့တည်းခိုခန်းတွေကိုလည်းတစ်နေ့ထဲ အတူတူပိတ်ခိုင်းမှာပါ။အဓိကရည်ရွယ်ချက်က
အပန်းဖြေတာ၊ ဘုရားဖူးတာ၊ အလည်အပတ်သွားတာစတဲ့
မလိုအပ်ပဲ ခရီးသွားလာမှုမျိုးကို ပိတ်ပင်ချင်တာပါ။ မရှိမဖြစ်
လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံများကလွဲပီး ကျန်လုပ်ငန်းများကိုလည်း ဧပြီ ၇ နေ့ကစပြီး ပိတ်ခိုင်းမှာပါ"ဟု ရေးသားဖော်ပြ
ထားသည်။

မန္တလေးတွင် အပြင်ထွက်သူများပြန်လည်များလာပြီး
ကျုံးဘေး ၆၆ လမ်းပလက်ဖောင်းသို့ရောက်လာသူလည်း
များပြားလာသည်။ လမ်းမများတွင် mask မတပ်သူ၉၀%
လောက်ရှိနေကြီး COVID-19 ရောဂါပြန့်ပွားရေးကို
အားပေးသလိုဖြစ်နေသည့်အတွက် ပြည်သူများလိုက်နာကြဖို့
မြို့တော်ဝန်က အလေးအနက်တိုက်တွန်းထားသည်။

009

02/04/2020
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင...
01/04/2020

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၃၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁-၄-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၆) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁-၄-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၆)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၄) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိ ပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောငရွှကရွနွှနှိုးဆောွ အပ်ပါသည်။

Copy #COVID 19 လူနာအမှတ် ၅ ဆုံးပါးမင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ်   ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က  ဝေဘာဂီဆေးရုံမှ...
31/03/2020

Copy #

COVID 19 လူနာအမှတ် ၅ ဆုံးပါး

မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။

အဲဒီလူနာဟာ ကင်ဆာရောဂါအခံရှိသူ အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံနဲ့ စကာပူနိုင်ငံတွေကနေ ပြန်ရောက်လာပြီး COVID 19 လူနာအဖြစ် ဝေဘာဂီဆေးရုံ အထူးကြပ်မတ်ဆောင်ထဲမှာ ကုသပေးနေချိန် သေဆုံးသွားဖြစ်ပါတယ်။

နှာခေါင်းကင်ဆာနဲ့ ဩစတြေးလျမှာ တစ်လလောက်ကုသမှုခံယူခဲ့ပြီး စင်ကာပူကတဆင့် မြန်မာနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီဖြစ်ပြီး လူနာ အမှတ် ၅ ဟာ မြန်မာနိုငငံမှာ COVID 19 နဲ့ သေဆုံးတဲ့ ပထမဆုံးလူနာဖြစ်ပါတယ်။

လူနာအမှတ် ၅ နဲ့ ထိတွေ့ခဲ့ အမျိုးသားတစ်ဦးက COVID 19 လူနာအမှတ် ၁၀ ဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူ နေဆဲဖြစ်ပါတယ်။

7day

မြန်မာနိုင်ငံတွင် COVID-19 တိုက်ဖျက်ကုသရေးကူညီရန် တရုတ်ဆေးပညာရှင်အဖွဲ့ လာမည် တစ်ရက်လျှင် လူ၂၀၀ကို COVID-19 ရောဂါရှိ၊မရှိ...
30/03/2020

မြန်မာနိုင်ငံတွင် COVID-19 တိုက်ဖျက်ကုသရေးကူညီရန် တရုတ်ဆေးပညာရှင်အဖွဲ့ လာမည်
တစ်ရက်လျှင် လူ၂၀၀ကို COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်းပါလာမည်

ထက်အာကာကျော်

ရန်ကုန် - တရုတ်နိုင်ငံဆေးအဖွဲ့(Medical Team)သည် ဧပြီ ပထမပတ်တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး COVID-19 ကာကွယ်၊ ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့တွင် ကူးစက်ရောဂါကာကွယ်ရေးပညာရှင်များ၊ ကုသရေးပညာရှင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များနှင့်အတူ တစ်ရက်လျှင် လူ၂၀၀ကို COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်းလည်း ပါဝင်လာမည်ဟု အထက်ပါ အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

အဲဒီတော့ ဒီအဖွဲ့ဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၄ ရက်တိတိနေထိုင်ပြီးတော့ ကျွန်တော်တို့မြန်မာပညာရှင်များနဲ့ အတွေ့အကြုံဖလှယ်တဲ့ကိစ္စ တွေဆောင်ရွက်မယ် ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။

အထက်ပါ တရုတ်ဆေးအဖွဲ့သည် ယူနန်ပြည်နယ်မှဖြစ်ပြီး ၎င်းတို့၏ COVID-19 နှင့်ပတ်သက် သည့် ရောဂါအတွေ့အကြုံများကို မြန်မာဆေးပညာရှင်များနှင့် ဖလှယ်မည်ဟု အမြဲတမ်းအတွင်း ဝန်က ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မတ်လ ၂၉ ရက် ည ၁၀ နာရီခွဲသတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် COVID-19 ပိုးရှိသူ ၁၀ ဦးရှိလာပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း(National Health Laboratory)မှ တစ်ရက်လျှင် လူ၃၀၀ခန့်ကို COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးပေးနေသည်။

တရုတ်အစိုးရက မြန်မာသို့ COVID-19 တိုက်ဖျက်ရေး ပစ္စည်းများအား မတ်လ ၁၇ ရက်တွင် ပထမ အသုတ်အဖြစ် လူဦးရေ ၂,၀၁၆ ဦးစာအတွက် ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယအသုတ် အဖြစ် တစ်ကိုယ်ရေ သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း နှစ်သိန်းတို့ကို မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ထားသည်။

: 7Day

30/03/2020

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Fiber Internet Service Agent-Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share