The Link 78 Mandalay Boutique Hotel

The Link 78 Mandalay Boutique Hotel Cozy and Modernized Hotel

Temporarily Closed for Renovation 🛠️
05/06/2025

Temporarily Closed for Renovation 🛠️

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ ဘေးဥပုဒ်အန္တရာယ်အပေါင်းမှ ကင်းဝေးပြီးကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။
17/04/2025

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ
ဘေးဥပုဒ်အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး
ကျန်းမာချမ်းသာကြပါစေကြောင်း
ဆုတောင်းအပ်ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ သာယာချမ်းမြေ့ဖွယ်ညလေး ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါ...
13/03/2025

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၃ ရက်နေ့ တပေါင်းလပြည့်နေ့မှာ
သာယာချမ်းမြေ့ဖွယ်ညလေး ပိုင်ဆိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် တောင်သူလယ်သမားကြီးများအားလုံး စိုက်သမျှသီးနှံများ ဝေဆာအထွက်တိုးအောင်မြ...
02/03/2025

၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့ တောင်သူလယ်သမားနေ့တွင် တောင်သူလယ်သမားကြီးများအားလုံး စိုက်သမျှသီးနှံများ ဝေဆာအထွက်တိုးအောင်မြင်ပြီး နေ့ရက်တိုင်း ပြုံးပျော်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🌾🌾🌾🌾


14/02/2025
The Link မှာ Daycation နေပြီးအေးအေးဆေးဆေးအနားယူကြမယ်😊😊ချစ်ရသူတွေနဲ့ private အချိန်လေးကုန်ဆုံးဖို့လား၊ တစ်ယောက်တည်း နားနာ...
17/01/2025

The Link မှာ Daycation နေပြီးအေးအေးဆေးဆေးအနားယူကြမယ်😊😊

ချစ်ရသူတွေနဲ့ private အချိန်လေးကုန်ဆုံးဖို့လား၊ တစ်ယောက်တည်း နားနားနေနေအပန်းဖြေချင်တာလား။ 🤔🤔

🛌သန့်ရှင်းသပ်ရပ်ပြီးကျယ်ဝန်းသောအခန်း
💡၂၄ နာရီ လျှပ်စစ်မီး
🛜၂၄ နာရီ မြန်နှုန်းမြင့် Wifi တွေရတဲ့အပြင် Aircon ကောင်းကောင်းလေးနဲ့ သက်တောင့်သက်သာအနားယူရန် The Link 78 Mandalay Boutique Hotel ကိုအရင်ဆုံးသတိရလိုက်ပါ😉😉

အချိန်ပိုင်းတည်းခိုချင်တဲ့သူများအတွက်လည်း Section & Daycation Package တွေလည်းစီစဉ်ပေးထားမို့ အခုပဲ ☎️ Hello လိုက်တော့နော်။

မန္တလေးသို့အလည်တစ်ခေါက်လာလည်မယ့် ခရီးသွားဧည့်သည်များအတွက် ဦးပိန်တံတားလို့ လူသိများထင်ရှားတဲ့ တောင်သမန်တံတား အကြောင်းအနည်...
20/12/2024

မန္တလေးသို့အလည်တစ်ခေါက်လာလည်မယ့် ခရီးသွားဧည့်သည်များအတွက် ဦးပိန်တံတားလို့ လူသိများထင်ရှားတဲ့ တောင်သမန်တံတား အကြောင်းအနည်းငယ်မျှဝေခွင့်ပြုပါရှင်။ 💁‍♀️💁‍♀️

ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းကြီးဟာ 👑 ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက အလွန်ထင်ရှားတဲ့ အင်းကြီးတစ်ခုဖြစ်ပါတယ်။

မုံရွေးဆရာတော်ရဲ့ မှတ်စုထဲမှာ "ရေ-စစ်ကိုင်း၊ လှိုင်း-ပခန်းငယ်၊ လယ်-တောင်တွင်း၊ စပါး-ရမည်းသင်း၊ အင်း-တောင်သမန်၊ ကန်-မိတ္ထီလာ" လို့ တောင်သမန်အင်းအကြောင်းမှတ်တမ်းတင်ထားတာ ဖတ်ရှုရဖူးပါတယ်။
📖📖📖

တောင်သမန်အင်းပေါ်မှာ ဆောက်တည်ခဲ့တဲ့ ဒီတံတားကို ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ် မှာ အမရပူရမြို့ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင်ဆောက်လုပ်ခဲ့ပါတယ်။ တည်ဆောက်ခဲ့သူ မြို့စာရေးမောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတားလို့ ခေါ်ဝေါ်ကြပါတယ်။ 🌉🌉🌉

ဦးပိန်တံတားဟာ မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ် မှာတည်ရှိပြီး ကမ္ဘာအရှည်ဆုံးကျွန်းသစ်တံတားကြီးဖြစ်ကာ စာရင်းမှတ်တမ်းများအရ ၃၉၆၇ ပေ( ၁.၂ ကီလိုမီတာ) ရှည်လျားပါတယ်။ အင်းဝနန်းတော်ဟောင်းမှ သစ်သားတိုင်များကိုအသုံးပြုကာ တံတားတိုင်လုံးပေါင်း ၁၀၈၆ တိုင်ဖြင့်တည်ဆောက်ထားပြီး အခန်းအကန့်ပေါင်း ၄၀၂ ခန်း၊ ဇရပ် ၄ ခုရှိပါတယ်။

အမရပူရရွာအနီးအနားမှ ရွာသူရွာသားများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် တောင်သမန်အင်းကိုဖြတ်ပြီး တံတားဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ❤️❤️❤️

ရွှေမန္တလေးနဲ့ တောင်သမန်အင်းဟာ ခွဲခြားလို့မရသလို 🌁🌁🌁 ဦးပိန်တံတားဟာလည်း တောင်သမန်ရဲ့ လှပတဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ 🖼🖼🖼

စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများနဲ့ အထင်ကရနေရာတွေ ပြည့်နှက်နေတဲ့ ရွှေမန္တလေးသို့ ကိုယ်တိုင်ကိုယ်ကျ အလည်တစ်ခေါက်လာရောက်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ☺️☺️☺️

မန္တလေးကို အလည်ရောက်ရင် တည်းခိုရေးအတွက် စိတ်မပူရလေအောင် The Link 78 Mandalay Boutique Hotel ကိုသာ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ 🥰🥰🥰


🎼🎼အလှမ်းမဝေးပေါင် မန္တလေးတောင်ကျုံးမြို့ရိုးနဲ့ ရာဇဝင်ချည်နှောင်🎼🎼နန်းတော်ရှေ့ဆရာတင်ရဲ့သီချင်းစာသားထဲကလိုပင် အလှမ်းမ‌ဝေး...
12/12/2024

🎼🎼အလှမ်းမဝေးပေါင် မန္တလေးတောင်
ကျုံးမြို့ရိုးနဲ့ ရာဇဝင်ချည်နှောင်🎼🎼

နန်းတော်ရှေ့ဆရာတင်ရဲ့သီချင်းစာသားထဲကလိုပင် အလှမ်းမ‌ဝေးလှတဲ့ မန္တလေးမြို့လယ်ရဲ့ မြောက်ဘက်၊ ပင်လယ်ရေမျက်နှာပြင်မှ (240)မီတာ အမြင့်မှာတည်ရှိတဲ့ ⛰️မန္တလေးတောင်ကြီးသည် လှပတင့်တယ်နေရုံသာမက ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာနေရာလေးတစ်ခုပါ။ 🙏🙏🙏

⛰️တောင်တက်လမ်းတလျှောက် သဘာဝရှုခင်းတွေနှင့် 🌼🌳တောပန်းလေးများအလှက မြင်သူစိတ်ကို
ပင်ပန်းနွမ်းနယ်မှုတွေ မေ့လျော့သွားစေ‌နိုင်ပြီး မန္တလေးတောင်ပေါ်မှ ကြည့်လိုက်ရင်ဖြင့် နန်းမြို့ရိုး၊ ကျုံး နဲ့ မန္တလေးမြို့ပြရှုခင်းကို ရင်သပ်ရှုမောဖွယ်တွေ့မြင်နိုင်မှာ အမှန်ပါပဲရှင်။ 🥰🥰🥰

မန္တလာမြေကို တစ်ခါတခေါက် လာရောက်တဲ့အခါ တင့်တယ်လှတဲ့ ရွှေမန်းတောင်ကြီးဆီသို့ The Link 78 Mandalay Boutique Hotel မှာ တည်းခိုရင်းအရောက်သွားလိုက်ပါနော်။ 🤗🤗🤗

Address

No. 627, Corner Of 78th Street And 31st Street, Kitsanmahi Ward, Chan Aye Thar Zan Township
Mandalay
05024

Alerts

Be the first to know and let us send you an email when The Link 78 Mandalay Boutique Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Link 78 Mandalay Boutique Hotel:

Share