Marvel Mandalay by Amazing

Marvel Mandalay by Amazing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Marvel Mandalay by Amazing, Hotel, Corner of 78th Street & 30th St, Mandalay Railway Station, Chan Aye Tharzan Township, Mandalay.
(400)

Guests at Hotel Marvel are sure to enjoy the abundance of nearby attractions, shopping, restaurants and entertainment venues while getting to know magical Mandalay.

မန္တလေးမြို့ရဲ့ အချက်ချာကျဆုံးနေရာမှာ စမတ်ကျကျတည်းခိုရင်း စိတ်အေးချမ်းသာစွာအနားယူလိုက်ပါ 🤩🤩မန္တ​လေးကိုလွမ်းတယ် မန္တ​လေးန...
23/08/2022

မန္တလေးမြို့ရဲ့ အချက်ချာကျဆုံးနေရာမှာ စမတ်ကျကျတည်းခိုရင်း စိတ်အေးချမ်းသာစွာအနားယူလိုက်ပါ 🤩🤩

မန္တ​လေးကိုလွမ်းတယ် မန္တ​လေးနှင့်အတူ Hotel Marvel လေးကိုလွမ်း​နေပါတယ်ဆိုတဲ့ ချစ်ရသူတို့အတွက် Marvel Mandalay By Amazing ကို ပြန်လည်ဖွင့်လှစ်ထားပါတယ်ရှင့် 🥳

Welcome Back အထိမ်းအမှတ်​လေး အ​နေဖြင့်
Hotel Marvelရဲ့ ဧည့်သည်​တော်များအတွက်
အထူး​စျေးနှုန်း​လေး​တွေကိုလည်း တစ်ပါတည်းယူလာခဲ့တယ်​ရှင့်.....

​စျေးနှုန်း​လေး​တွေက​တော့ 👇👇

🌟 Deluxe Double & Twin : 48000 ks
🌟 Marvel Deluxe Double & Twin : 58000 ks
🌟 Suite Double & Twin : 88000 ks

မခန်းမရလိုက်တာမျိုးမရှိရလေအောင်ဘိုကင်လေးတော့ကြိုတင်ပေးပါဦးနော်💗

📞📞Reservation Hotline : 09777123700,09777123800,09777123900
Viber - 09777123700

💰ငွေပေးချေရာတွင်လည်း လွယ်ကူစေရန် AYA,CB mobile banking အပြင် AYA pay, CB pay, KBZ pay ကို % မယူပဲ လက်ခံပေးပါတယ်ရှင့်

ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါသမယတွင် ခုနှစ်ရက်သားသမီးအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာ၍ မင်္ဂလာအပေါင်းနှင့်ပြည့်စ...
12/07/2022

ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါသမယတွင် ခုနှစ်ရက်သားသမီးအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာ၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း Marvel Mandalay by Amazing မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

☎️ Head Office ☎️ 09777123700, 09777123800, 09777123900, 09765422072, 09765422073

Marvel Mandalay by Amazing နှစ်သစ်ဦးကုသိုလ် 🙏🏻🙏🏻🙏🏻
17/04/2022

Marvel Mandalay by Amazing နှစ်သစ်ဦးကုသိုလ် 🙏🏻🙏🏻🙏🏻

၁၃၈၃ - ၁၃၈၄ ခုနှစ်တွင်ကျရောက်သောမြန်မာ့နှစ်ဆန်း (၁)ရက်​​နေ့မှစ၍ တစ်နှစ်ပတ်လုံးကျန်းမာခြင်း၊ ချမ်းသာခြင်း၊ပျော်ရွှင်ခြင်း...
17/04/2022

၁၃၈၃ - ၁၃၈၄ ခုနှစ်တွင်ကျရောက်သောမြန်မာ့နှစ်ဆန်း (၁)ရက်​​နေ့မှစ၍ တစ်နှစ်ပတ်လုံးကျန်းမာခြင်း၊ ချမ်းသာခြင်း၊ပျော်ရွှင်ခြင်း၊ချစ်သူခင်သူပေါများခြင်း၊ လိုအင်ဆန္ဒများပြည့်ဝခြင်း☘️၊အလုပ်အကိုင်များအောင်မြင်ခြင်း နှင့် အလှူရေစက်လက်နှင့်မကွာလှူတန်းနိုင်ကြပါစေကြောင်း Amazing Hotels & Resorts မိသားစုမှ ဆုမွန်ကောင်းခြွေလိုက်ပါတယ်ရှင့်🙏🏻

ပျော်ရွှင်ဖွယ်မြန်မာ့နှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေရှင် 💦🇲🇲💦

 #သကြင်္န်သီချင်းသံလေးရယ် 🎼🎼🎼 #မိုးသံလေးတွေကြားတဲ့အချိန်🌧🌧⛈⛈  ပိတောက်ဖူးလေးကပွင့်လန်းဖို့စောင့်မျှာ်နေလေရဲ့🌳🌳🌳🌿🌿🌱🌱ပိတောက...
11/04/2022

#သကြင်္န်သီချင်းသံလေးရယ် 🎼🎼🎼
#မိုးသံလေးတွေကြားတဲ့အချိန်🌧🌧⛈⛈

ပိတောက်ဖူးလေးကပွင့်လန်းဖို့စောင့်မျှာ်နေလေရဲ့
🌳🌳🌳🌿🌿🌱🌱

ပိတောက်ပန်း သည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်သည်။

မြန်မာ ဆယ့်နှစ်လ ရာသီများတွင် တန်ခူးလဟူသော မြန်မာ နှစ်သစ်ကူးလတွင် ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ဖူးကြသည်။

မြန်မာလူမျိုးတို့သည် ပိတောက်ပန်းအား ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်ဆင်ခြင်းတို့တွင် အသုံးပြုကြသည်။ ပိတောက်ပန်းနှင့် ပက်သက်သော ကဗျာများ၊ သီချင်းများ၊ ဝတ္ထုဇတ်လမ်းများ အများအပြားရှိသည်။ ပိတောက်ပင်ကို မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် တွေ့ရှိရသည်။

ပိတောက်ပင်သည် ယေဘုယျအားဖြင့် အလယ်အလတ် အမျိုးအစား အပင်မျိုးဖြစ်ပြီး ၁၀ မီတာမှ ၃၀ မီတာထိ ရှည်လျားတတ်ပြီး အချင်း ၁.၇ မီတာခန့်ရှိသည်။

ခြောက်သွေ့ရာသီတွင် ပေါက်ရောက်သော အမျိုးအစားဖြစ်သည်။ အပင်အပြင်ခွံသည် အညိုရောင် ဖြစ်ပြီး ပွရောင်းသည်။ အတွင်းသားသည် အနီရောင် ဖျော့ဖျော့ ရှိသည်။

အပွင့်များသည် ၂၀-၂၅ စင်တီမီတာ ရှည်လျား၍ အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာ ရှည်လျားကြသည်။ ပိတောက်သီးသည် အစေ့ဆံ ၂ခု သို့ ၃ခုခန့် ပါရှိတတ်ပြီး အတောင့် သဏ္ဍန်ရှိသည်။ ၎င်းကို ၄.၅မှ ၇ စင်တီမီတာခန့်ရှိသော အတောင်ပံကဲ့သို့သော အမွေးပါးလေးများဖြင့် ဝန်းရံထားသည်။

ပိတောက်သားသည် သစ်မာအမျိုးအစား ဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များနှင့် အခြား ပရိဘောဂ အမျိုးမျိုးတို့တွင် အသုံးပြုကြသည်။

#ပိတောက်ပန်းကဗျာကို အမျိုးသားစာဆို #ဆရာဇော်ဂျီ ရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ ကျောင်းချစ်ဟူသော ကလောင်ဖြင့် ရေးသားခဲ့သည်။ အရေးအဖွဲ့ ၊ စိတ်ကူးစိတ်သန်း ဆန်းသစ်မှုကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။ ခေတ်ဆန်းမြန်မာစာသည် ပိတောက်ပန်းမှ ဆင်းသက်သည်ဟုပင် သတ်မှတ်ခြင်း ခံခဲ့ရသည်။

#ကဗျာစာသား
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

#ပိတောက်ပန်း
***********
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ..

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူဖန်ဂူထိပ်မှာလ
ပစ္စေက ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာရာ..

တနှစ်တွင် ဒီတလပေပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ရက်ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း..

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နဲ့
ခါသင်္ကြန် ဂိမာန်ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတလျှောက်သင်းပါဘိ
ဆန်းသလောက်မလင်းနိုင်ဘု
ပန်းပိတောက်မင်း...။

#ဦးကြော့



❣️ Happy International Women's Day! ❣️
08/03/2022

❣️ Happy International Women's Day! ❣️

❣️ Happy International Women's Day! ❣️

ယနေ့ကျရောက်သော International Women's Day လေးကို Amazing Hotels & Resorts မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်ရှင်🤗🤗

Amazing ရဲ့ ဧည့်သည်တော်အမျိုးသမီးလေးတွေအားလုံး‌ အေးချမ်းစွာနဲ့ စမတ်ကျကျ အမြဲလှနိုင်ကြပါစေရှင် 😍😍

''မန်းရွှေစက်တော်ဘုရားသမိုင်း”မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကို...
03/03/2022

''မန်းရွှေစက်တော်ဘုရားသမိုင်း”
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချထားပေးတော် မူခဲ့သော ခြေတော်ရာများကို ဌာပနာပြု၍ တည်ထားကိုးကွယ်လာခဲ့သော မန်းရွှေစက်တော် ဘုရားများသည် ယနေ့ထက်တိုင် တည်ရှိနေလျှက် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် ရက်ပေါင်းအများဆုံးကျင်းပသော အညာဒေသပွဲတော်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများ ကြည်ညိုသဒ္ဓါပွားနိုင်ရန်အလို့ငှာ မန်းရွှေစက်တော်ဘုရားသမိုင်းကို ထပ်မံတင်ပြလိုက် ပါသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်မှာ သီတင်း သုံးနေတော်မူပါတယ်။
ထိုအချိန်မှာ သုနာပရန္တတိုင်း၊ ဝါဏိစ္စဂါမရွာ(ယခု မြန်မာနိုင်ငံ၊ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့) တွင် မဟာပုဏ္ဏနဲ့ စူဠပုဏ္ဏဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ ၎င်းညီ အစ်ကိုနှစ်ယောက်ဟာ ကုန်သည်များဖြစ်ကြပြီး၊ တစ်လှည့်စီ လှည်းငါးရာနှင့်အတူ အိန္ဒိယနိုင်ငံသို့ ကူးသန်းရောင်းဝယ်နေကြပါတယ်။

အကိုဖြစ်သူ မဟာပုဏ္ဏဟာ ကူးသန်းရောင်းဝယ်သွားရင်း သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော် အနီးမှာ ခေတ္တရပ်နားတည်းခိုနေစဉ်၊ မြို့သူမြို့သားများဟာ လှူဘွယ်ပစ္စည်းများနှင့်အတူ နေ့စဉ်နံနက် တစ်ကြိမ် ညနေတစ်ကြိမ် ဖြတ်သွားနေကြတာကို မဟာပုဏ္ဏကမြင်တွေ့နေရလို့ မေးမြန်းကြည့်တော့ “မြတ်စွာဘုရားရှင်ပွင့်တော်မူနေပြီဖြစ်ကြောင်း၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပြီး၊ တရားဒေသနာတော်များ ဟောကြားနေကြောင်း၊ ယခု မြတ်စွာဘုရားရှင်အား လှူဒါန်းရင်းနဲ့တရားနာရန် သွားရောက်မည်ဖြစ်ကြောင်း”ဖြေကြားသဖြင့် မဟာပုဏ္ဏလည်း စိတ်ဝင်စားကာ အတူလိုက်ပါသွားခဲ့ ပါတယ်။

မဟာပုဏ္ဏဟာ ဘုရားရှင်ရဲ့ တရားတော်ကိုနာယူပြီးတဲ့နောက် ဗုဒ္ဓဘာသာဝင်ဖြစ်ကာ၊ နောက်တစ်နေ့မှာ ဘုရားရှင်နှင့် နောက်ပါသံဃာငါးရာတို့ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ပြီးလို့ တရားတော်များကိုနာယူပြီးနောက် မဟာပုဏ္ဏဟာ ရဟန်းပြုခွင့်ပေးပါရန် ခွင့်ပန်သဖြင့် ဇေတဝန်ကျောင်း သို့ခေါ်ပြီး ရဟန်းပြုပေးလိုက်ပါတယ်။ ရဟန်းဖြစ်လာတဲ့ မဟာပုဏ္ဏဟာ အတူလိုက်ပါလာတဲ့ ကုန်သည်များ ကို ဌာနေသို့ပြန်လွှတ်ပြီး ကုန်ပစ္စည်းအားလုံးကိုလည်း ညီငယ်အားအပ်နှံကာ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေ၍ တရားဘာဝနာများ အားထုတ်နေပါတော့တယ်။

တစ်နေ့မှာ မဟာပုဏ္ဏရဟန်းဟာ သာဝတ္ထိမြို့ရဲ့ ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကြောင့် ကောင်းစွာတရားအားမထုတ်နိုင်ဖြစ်သဖြင့် ဌာနေ ဖြစ်တဲ့ ဝါဏိစ္စဂါမရွာသို့ပြန်၍ တရားအားထုတ်ခွင့်ပြုပါရန် ဘုရားရှင်ထံခွင့်တောင်းပါတယ်။ မဟာပုဏ္ဏ ရဟန်းဟာ မြတ်စွာဘုရားရှင်ထံမှ တရားတော်များကို နာယူပြီး၊ ဝါဏိစ္စဂါမရွာသို့ပြန်ကာ ကောင်းစွာ တရားအားထုတ်နိုင်သဖြင့် ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (မြန်မာပြည်ရဲ့ ပထမဦးဆုံးရဟန္တာဖြစ်ပါတယ်။)

ညီဖြစ်သူ စူဠပုဏ္ဏဟာ ကုန်သည်လုပ်ငန်းတွေကို ဆက်လက်တာဝန်ယူရပါတယ်။ တစ်နေ့မှာ ကုန်ရောင်းဝယ်အတွက် ခရီးမထွက်မီ အကိုကြီးမဟာပုဏ္ဏရဟန္တာအား ဆွမ်းကပ်လှူခြင်း၊ သီလခံယူ ဆောက်တည်ခြင်းကိုပြုပြီး၊ ယခုထွက်ခွာမည့် ရေလမ်းခရီးကိုစောင့်ရှောက်ပေးပါရန်ပြောကာ သငေ်္ဘာ ခရီးစဉ် စတင်ခဲ့ပါတယ်။

စူဠပုဏ္ဏတိ့ု ကုန်သည်အဖွဲ့ဟာ ရေလမ်းခရီးသွားနေစဉ်လမ်းမှာ မာလာယုကျွန်းသ့ိုရောက်ရှိကြပြီး ကျွန်းပေါ်တက်ခဲ့ကြပါတယ်။ စားသောက်ရန် ချက်ပြုတ်ဖို့အတွက် ထင်းရှာထွက်ခဲ့ကြပြီး၊ သစ်ပင်များကို ခုတ်လှဲမီးရှို့ကြတဲ့အခါ အလွန်မွှေးကြိုင်လှတဲ့ ရနံ့များရရှိကြသဖြင့် သေချာစစ်ဆေးကြည့်ရှုလိုက်တော့ အလွန်တန်ဖိုးကြီးလှတဲ့ စန္ဒကူး (နံ့သာဖြူ) ပင်တွေဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပါလာတဲ့ ကုန်ပစ္စည်းအားလုံးကို စွန့်ပစ်ပြီး စန္ဒကူးပင်တွေကို ရသလောက်ခုတ်ကာ သငေ်္ဘာပေါ်တင်ကြတယ်။

အဲဒီအခါ စန္ဒကူးတောဟာ ကုန်လုနီးပါးအထိဖြစ်သွားတော့ အဲဒီစန္ဒကူးတောမှာ နေထိုင်တဲ့ဘီလူးတွေဟာ ဒေါသအမျက်ချောင်းချောင်းထွက်နေကြတယ်။ “ဒီလူသားတွေကို ဒီကျွန်းပေါ်မှာ သတ်ပစ်လိုက်ရင် ပုတ်စော်နံကုန်မှာစိုးလို့ သငေ်္ဘာထွက်ပြီးမှ နောက်ကနေလိုက်သတ်ပစ်မယ်” လို့လဲ ကြံစည်ကြိမ်းဝါး ထားကြတယ်။

သဘောင်္ထွက်ပြီး မကြာမီမှာပင် မုန်တိုင်းကြီး ရုတ်တရက် စတင်လာပြီး၊ အဲဒီနောက် လေကြမ်း၊ မိုးကြမ်းကျလာကာ ဧရာမလှိုင်းလုံးကြီးတွေ ထောင်တက်လာလိုက်တာ မိုးသက်မုန်တိုင်းကြားမှာ သငေ်္ဘာ ဟာ နစ်တော့မလိုဖြစ်လို့ သဘောင်္သားအားလုံး “ကယ်တော်မူပါ၊ ကယ်တော်မူပါ”လို့ အော်ဟစ်ပြီး ဟိုပြေးဒီလွှာနဲ့ ပြာယာခတ်ကုန်ကြတယ်။ ဘီလူများ စတင်တိုက်ခိုက်နေကြပြီ။ စူဠပုဏ္ဏဟာ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးမှာ သဘောၤဦးမှာမတ်တက်ရပ်ပြီး “နောင်တော်ကြီးကယ်တော်မူပါ” လို့ သုံးကြိမ်အော် ၍ အကူအညီတောင်းလိုက်တယ်။

နောင်တော် မဟာပုဏ္ဏရဟန္တာလည်း ကြားရသည့်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ကြွလာကာ သဘောၤဦးမှာရပ်တော်မူပြီး မိုးသက်မုန်တိုင်းကို တန်ခိုးတော်ဖြင့် ရပ်စဲပစ်လိုက်ပါတယ်။ ဒီလိုနဲ့ မဟာပုဏ္ဏရဟန္တာရဲ့ ကျေးဇူးတော်ကြောင့် သငေ်္ဘာဟာ ဝါဏိစ္စဂါမရွာကို အန္တရာယ်ကင်းဘေးရှင်းစွာ ပြန်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စန္ဒကူးအချို့ကို လှူဒါန်းလာသဖြင့် ၎င်းတို့ကိုကျောင်းတော်ကြီးဆောက်လုပ်ကာ၊ ၎င်းစန္ဒကူးကျောင်းတော်ကြီးကို ဆက်၍လှူဒါန်းမယ်လို့ စိတ်ကူးကာ မဟာပုဏ္ဏရဟန္တာကြီးဟာ မြတ်စွာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ သာဝတ္ထိပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားပါတယ်။

မြတ်စွာဘုရားရှင်ဟာ မဟာပုဏ္ဏရဲ့အလှူကိုလက်ခံတော်မူပြီး၊ ရှင်အာနန္ဒာအပါအဝင် အတူ လိုက်ပါမည့် ရဟန္တာ (၄၉၉) တို့ကို စီစဉ်နေတော်မူချိန်မှာ၊ တာဝတိ`ံသာနတ်ပြည်က သိကြားမင်းရဲ့ (ပန္တုကဗလာမြကျောက်ဖျာ) ကလှုပ်တော်မူတယ်။ အကြောင်းရင်းကို သိကြားမင်းကြည့်လေသော်၊ မြတ်စွာဘုရားရှင် ဝါဏိစ္စဂါမရွာကို ကြွချီဖို့အတွက် ရထားပျံလိုအပ်နေကြောင်း သိရသဖြင့်၊ ရထားပျံ (၅၀၀) ကိုစီမံပြင်ဆင်ပေးတော်မူပါတယ်။ ဘုရားရှင်ဟာ ရဟန္တာ (၄၉၉) ပါးကိုရထားပျံ (၅၀၀)ဖြင့် နောက်ဆုံး ရထားပျံတွင် ရဟန္တာမပါပဲ သုနာမရန္တတိုင်းသို့ ကြွတော်မူပါတယ်။ သုနာပရန္တတိုင်း (မကွေး) သို့မရောက်မီ လမ်းခုလပ် သစ္စာဗန္ဓတောင် အရောက်မှာ ဘုရားရှင်ဟာ ရထားပျံများကို ကောင်းကင်ယံထက်ရပ်တန့်စေပြီး ထိုတောင်ပေါ်သို့ တစ်ပါးတည်းကြွတော် မူပါတယ်။

သစ္စာဗန္ဓတောင်မှာတော့ ယခင်က သစ္စာဗန္ဓမုဆိုးအဖြစ် နေခဲ့ရာမှ ကျွတ်တမ်းဝင်ပြီး ရသေ့ဝတ် ကာ ယခု သစ္စာဗန္ဓရသေ့တစ်ပါးနေထိုင်နေပါတယ်။
သစ္စာဗန္ဓမုဆိုးဟာ အရင်ဘဝက ရွာတစ်ရွာမှာအလွန်ဆိုးသွမ်းတဲ့ နွားလားဥဿဖကြီးဖြစ်ခဲ့ဖူးပြီး၊ ရွာသူရွာသားတွေ ဝိုင်းသတ်ကြလို့ သေဆုံးကာ ယခုဘဝမှာ “မကုလ”လို့ခေါ်တဲ့ တောင်မှာ ခွန်အားဗလ နဲ့ပြည့်ဝတဲ့ မုဆိုးကြီးဘဝရခဲ့တယ်။ အရင်ဘဝက နွားလားဥဿဖကြီးကို သတ်ခဲ့တဲ့ ရွာသူရွာသားတွေ ကတော့ ယခုဘဝမှာ သမင်၊ ဒရယ်စတဲ့ အဲဒီမုဆိုးကြီးရဲ့ သားကောင်များဖြစ်လို့ နေပါတယ်။
အမဲလိုက်ခြင်းနဲ့အသက်မွေးနေတဲ့ မုဆိုးကြီးဟာ အကုသိုလ်တွေများလွန်းနေတာကို သိလိုက် ရတဲ့ သိကြားမင်းက ဒီဘဝကနေကယ်ချွတ်ဖို့ မုဆိုးအသွင်ဖန်ဆင်းပြီး မုဆိုးကြီးလာမည့် လမ်းကနေ စောင့်နေပါတယ်။

မုဆိုးနှစ်ယောက်တွေ့ကြတော့ ဒေသခံမုဆိုးက “ဟေ့ မုဆိုး၊ င့ါပိုင်နက်တောထဲကို ဘာလာလုပ်တာလဲ၊ ခုထွက်သွားစမ်း”လို့ပြောတော့၊ သိကြားမင်းမုဆိုးက “အေနီ ဆိုတဲ့သားကောင် တစ်ကောင်ပျောက်သွားလို့ လိုက်ရှာရင်းနဲ့ ဒီတောထဲထိရောက်လာခဲ့တာ၊ မင်းတွေ့အောင်ရှာပေးရမယ်။ မတွေ့ရင် လျော်ကြေးပေးရမယ်။ မပေးနိုင်ရင် ဒီတောထဲက ထွက်ပေးရမယ်”လို့ပြောပြီး လေးနှင့်မြှား အစုံပေးကာ တောင်ကုန်းတစ်နေရာမှာ ပုန်းကွယ်ပြီး စောင့်ကြည့်နေတယ်။ ၎င်းတောင်ကို “သိကြားပုန်း တောင်” လို့ ယနေ့တိုင် အမည်တွင်ပါတယ်။

ဒေသခံ မုဆိုးဟာ ခွန်အားဗလကြီးမားသော်လည်း လေးနှင့်မြှားကို အကြိမ်ကြိမ်တင်ပါ သော်လည်း ဘယ်လိုမှ တင်မရဖြစ်နေတယ်။ အဲဒီလို ဒုက္ခရောက်နေစဉ်မှာပဲ သိကြားမင်းက ပုန်းကွယ်ရာမှ ထွက်လာပြီး“သင်ဒီဒုက္ခက လွတ်ချင်သလား၊ လွတ်ချင်ရင်ငါ့ရဲ့သစ္စာစကားကို ခံယူရလိမ့်မယ်”“သင်က ဘာမို့လို့ သစ္စာစကားခံယူရမှာလဲ” လို့မေးတော့
“ငါဟာ သိကြားမင်းပဲ”ဟု သိကြားမင်းဟာ မူလပုံသဏ်ဏ္ဍာန်ကို ပြန်ပြောင်းပြီး ပြောလိုက်တယ်။
“ဘာသစ်စာခံယူရမလဲ”
“ခုအချိန်ကစပြီး တောလိုက်ထွက်ရင် အထီးသတ္တဝါကိုသာ ပစ်ပါမယ်လို့သစ္စာဆိုပြီး ထွက်ပါ။ အဲဒီနေ့မှာ အထီးသတ္တဝါကိုသာ ပစ်ရမယ်။ နောက်တစ်ရက်ကျရင် အမသတ္တဝါတွေကိုသာ ပစ်ပါ့မယ်လို့ သစ္စာဆိုပြီးထွက်ပါ။ အဲဒီနေ့မှာ အမသတ္တဝါကိုသာပစ်ရမယ်။ လွဲမှားခဲ့ရင် သင်သစ္စာပျက်ပြီ” လို့ သိကြားမင်းကပြောတော့-
“ကောင်းပါပြီ”လို့ မုဆိုးကြီးက သစ္စာပြုလိုက်တယ်။ ဒါကြောင့် သိကြားမင်းက မုဆိုးကြီး အကုသိုလ်တွေမလုပ်ဖြစ်အောင် သစ္စာပြုခဲ့လို့ သစ္စာဗန္ဓမုဆိုးလ့ိုအမည် တွင်ပါတယ်။ “သစ္စာ” ဆိုတာ ကတိသစ္စာ၊ “ဗန္ဓ” ဆိုတာကတော့ နှောင်ဖွဲ့ခြင်း၊ တုတ်နှောင်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ သစ္စာဗန္ဓမုဆိုးကြီးနေတဲ့ တောင်ကိုလည်း “သစ္စာဗန္ဓတောင်” လို့ခေါ်ကြတယ်။

အဲဒီလိုနဲ့ မုဆိုးကြီးဟာ တောလိုက်ထွက်တဲ့အခါ အထီးတွေချည်းပစ်မယ်ဆိုတဲ့နေ့မှာ အမတွေချည်းသာတွေ့ရပြီး၊ အမတွေချည်း ပစ်မယ်ဆိုတဲ့နေ့မှာ အထီးတွေနဲ့ချည်းတွေ့ရတယ်။ အဲဒီရက်တွေမှာ မုဆိုးကြီးဟာ သတ်သတ်လွတ်စားပြီး အချိန်တွေကုန်ခဲ့ရတယ်။ (ဒီလိုဖြစ်အောင်လည်း သိကြားမင်းက တမင်တကာဖန်တီးထားတာလို့ ဆိုပါတယ်) အဲဒီနောက် သစ္စာဗန္ဓမုဆိုးကြီးဟာ စိတ်ပျက်လာပြီး လေးမြှားတွေကို တောင်ပေါ်ကပစ်ချစွန့်ပစ်ကာ အဲဒီတောင်ပေါ်မှာပဲ ရသေ့ဝတ်နေ လိုက်တယ်။ သစ္စာဗန္ဓရသေ့လို့ အမည်တွင်ပါတယ်။ အဲဒီ သစ္စာဗန္ဓရသေ့ကြီးကို တရားဟောဖို့ ဘုရားရှင် ဟာ ခေတ္တခဏ သစ္စာဗန္ဓတောင်ပေါ်ကို ကြွရောက်ဆင်းသက်တော် မူလာခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က သစ္စာလေးပါးတရားကို ဟောကြားတော်မူပြီးသည့်အဆုံးမှာတော့ သစ္စာဗန္ဓရသေ့ကြီးဟာ ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ (သစ္စာဗန္ဓရဟန္တာဟာ မြန်မာပြည်ရဲ့ ဒုတိယမြောက်ရဟန္တာဖြစ်ပါတယ်။ ) အဲဒီနောက် ဘုရားရှင်ဟာ ရထားပျံ (၅၀၀) အနက် လွတ်နေတဲ့ နောက်ဆုံး ရထားပျံမှာ သစ္စာဗန္ဓရဟန္တာကို စီးစေပြီး ဝါဏိစ္စဂါမရွာသို့ ဆက်လက်ကြွမြန်းတော်မူပါတယ်။

ဘုရားရှင်ဟာ မဟာပုဏ္ဏရဟန္တာလှူဒါန်းတဲ့ စန္ဒကူးနံ့သာကျောင်းတော်မှာ (၇)ရက်တိုင် သီတင်း သုံးပြီး နေ့ညမပြတ် တရားဒေသနာများ ဟောကြားတော်မူရာ တစ်ရက်လျှင် လူပေါင်းရှစ်သောင်း လေးထောင် ကျွတ်တန်းဝင်ကြပါတယ်။
ဘုရားရှင်ဟာ (၇)ရက်ပြည့်ပြီးနောက် မဟာပုဏ္ဏရဟန္တာအား ဒီစန္ဒကူးနံ့သာကျောင်းမှာနေ၍ သာသနာပြုပါဟု တာဝန်ပေးကာ သာဝတ္ထိပြည်သို့ ပြန်ကြွပါတယ်။ ယခုအခါ စန္ဒကူးနံ့သာကျောင်းဟာ မီးလောင်သွားပြီးဖြစ်လို့ ၎င်းကျောင်းတော်နေရာမှာ စေတီတည်ထားပါတယ်။ ဝါဆိုလ ၎င်းဘုရားပွဲကာ လမှာဆိုလျှင် များစွာသောငါးတွေ ဘုရားဖူးလာကြလို့ ကုသိုလ်ရေးအတွက် ငါးစာကျွေးရတာဟာ စိတ်ဝင်စားစရာတစ်ခုပါ။ (အဲဒီငါးတွေဟာ မာလာယုကျွန်းရဲ့ စန္ဒကူးနံ့သာတောက ဘီလူးတွေကနေ ဖြစ်လာတာလို့ ဆိုကြပါတယ်။)

မြတ်စွာဘုရားရှင်ဟာ ဝါဏိစ္စဂါမရွာမှအပြန်တွင် နမ္ပဒါမြစ် (ယခုမန်းချောင်း)မှ ဖြတ်သွားရာ နဂါးမင်းကထွက်၍ ပင့်ဆောင်သဖြင့် နဂါးပြည်ထိကြွကာ တရားဒေသနာဟောကြားတော်မူခဲ့ပါတယ်။ နဂါးမင်းက နောင်အခါ ကိုးကွယ်ပူဇော်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးခဲ့ပါရန် တောင်းပန်သဖြင့် မြစ်ကမ်းစပ်တွင် ခြေတော်ရာတစ်ဆူကို ချထားပေးတော်မူခဲ့ပါတယ်။ ၎င်းပါဒစေတီဟာ ယခုအခါ “အောက်စက်တော်ရာဘုရား”လို့ အမည်တွင်ပြီး၊ မန်းချောင်းအနီးတွင်တည်ရှိသောကြောင့် “မန်းစက်တော်ရာဘုရား”“မန်းရွှေစက်တော်ဘုရား”လို့လည်း ခေါ်ဆိုကြပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ သစ္စာဗန္ဓတောင်ဘက်ဆီသို့ ဆက်၍ကြွသွားပြီ သစ္စာဗန္ဓရ သေ့ကြီးအား ဒီတောင်မှာနေရစ်ပြီး သာသနာပြုရန်တာဝန်ပေးတော်မူပါတယ်။ သစ္စာဗန္ဓရသေ့ကြီးဟာ လည်း ဝတ်ပြုကိုးကွယ်ရန် ဘုရားရှင်၏ကိုယ်စား တစ်ခုခုပေးသနားတော်မူပါရန်တောင်းပန်သဖြင့် ဘုရားရှင်ဟာ တောင်ပေါ်မှာ ခြေတော်ရာတစ်ဆူကို ချထားပေးပြီး သာဝတ္ထိပြည်သို့ ပြန်လည်ကြွသွားတော် မူပါတယ်။ ၎င်းပါဒစေတီကို ယခုအခါ “အထက်စက်တော်ရာဘုရား”လို့ အမည်တွင်ပါတယ်။

စက်တော်ရာတည်ရှိရာဒေသများမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှ မော်တော်ကားဖြင့် မိုင် (၃၀) ကျော် အကွာတွင်တည်ရှိသည်။ ရန်ကုန်နှင့်မန္တလေးတို့မှ ရွှေစက်တော်ဘုရားအထိ မော်တော်ကား ဖြင့်သွားလျှင် (၁၀)နာရီကျော် ကြာပါမည်။ ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၅)ရက်မှ တန်ခူးလနှစ်ဆန်း တစ်ရက်နေ့အထိ (၂)လကျော်ကြာ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။
Credit မူရင်းတင်သူ

" မ ဟာ မု နိ ရှာ ပုံ တော် """""""""""""""""""""""""""""""""""""""""သက်လှယ်ဘုန်းခေါင် ညီများနောင်လည်းခြောက်ရောင်အာဏာ ဘဝဂ်...
21/02/2022

" မ ဟာ မု နိ ရှာ ပုံ တော် "
""""""""""""""""""""""""""""""""""""""""
သက်လှယ်ဘုန်းခေါင် ညီများနောင်လည်း
ခြောက်ရောင်အာဏာ ဘဝဂ်ဖြာသည်
မဟာမုနိ ဓိပတိ ကို
ရာကြီး စဉ်းကြီး ကျိန်မသီးအောင်
ဆောင်ထီးပိုင်ပြည် ပင့်ခဲ့မည်ဟု
မှာသည်နှင့်ညီ မှန်ကောင်းပြီလျက်
လွမ်းသီရက်ခိုင် ကုံးစီခိုင်း၍
မုန်တိုင်းလေရူး မင်းလွင်မြူးသည်
လေဦးပေါက်ပြန့် ခဲ့ပြီသောဝ်…။
ဦးတိုး(ရာမရကန်)

၁၁၄၆ခုနှစ်(အေဒီ- ၁၇၈၄)တွင် ဘိုးတော်ဘုရားက
သားတော်ကြီးအိမ်ရှေ့မင်း ရခိုင်သို့ ချီတက်တိုက်ခိုက်
သိမ်းပိုက်ရန် စေလွှတ်ရာ စာဆိုရာမရကန်ဦးတိုးသည်လည်း အိမ်ရှေ့အိမ်တော်ရွှေတိုက်စိုးအဖြစ် အိမ်ရှေ့စံ၏
နောက်တော်ပါးမှ လိုက်ပါလာခဲ့ရသည်။
ရမ်းဗြဲကျွန်းမှ စတင်တိုက်ရာ အရပ်ရပ်နိုင်သည်ချည်းပင်၊
သံတွဲ၌ လူတစ်သောင်းလက်နက်ချ၏။
ဓညဝတီ(မြောက်ဦး)၌ ရခိုင်ဘုရင်မဟာသမ္မတမင်း (၁၁၄၄-၁၁၄၆)နှင့် သားတော်များအလုံးအရင်းနှင့်
ခုခံခဲ့သော်လည်း မတတ်နိုင်ထွက်ပြေးကြ၍ မြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ရခိုင်ဘုရင်ထွက်ပြေးရာသို့
လိုက်လံဖမ်းဆီးစေရာ လောင်းကြတ်(မြို့ဟောင်း)တောင်ဘက် ကျွန်းသာယာ၌ ဘုရင်နှင့်မိဖုရားကြီး၃ပါး၊
သမီးတော်၂ပါး၊ သားတော်၂ပါးနှင့် ရံရွေတော်၁၀၀ခန့်အတူဖမ်းဆီးရမိသည်။

ထိုရက်၌ပင် ဓညဝတီတွင် အိမ်ရှေ့မင်းစက်တော်ခေါ်စဉ် အိပ်မက်မြင်မက်သည်မှာ
(မဟာမုနိရုပ်ပွားတော်က အရှေ့ဘက်သို့ လှည့်ကာ
"ငါ့ကိုပင့်လျှင် လိုက်တော်မူမည်"ဟု စကားပြောတော်မူသည်) ဟု အိပ်မက်မက်သဖြင့် အိမ်ရှေ့မင်းလည်း အမြန်ပင်ရေကြောင်းမှ ဖောင်တော်ဖြင့် ပင့်ဆောင်ရန် စက်ယန္တယားများစီရင်ရလေသည်။ ထိုအချိန်၌ပင် ရခိုင်ဘုရင်ကိုလည်း
ဖမ်းမိသည်။ အမရပူရမြို့တော်၌ ရခိုင်မင်းနှင့်မိဖုရားတို့အား စကြောနှစ်ပွင့်အိမ်တော်နှင့်အဝတ်အစားအသုံးအဆောင်
မညှိုးနွမ်းစေရန် လုံလောက်ပြည့်ဝအောင် ပေးကမ်းပြုစု
တော်မူသည်။ နောက်၂နှစ်ခန့်တွင် ထိုမင်းကွယ်လွန်၏။

ရှစ်တီးပြောင်းရွှင် ခန်းပလ္လင်ထက်
ကျည်းရှင်လှစ်ဖွင့် စိုးမိုးတင့်သား
ဘုန်းပွင့်ကြိုင်ရွှင်း ရခိုင်မင်းနှင့်
ထီးစင်းတို့မှ မေခဒွါရာ
ရမ္မာဝတီ ကျောက်စီပြည်ထောင်
သိမ်းမြန်းဆောင်၍ ခြောက်ရောင်ထွန်းညှိ
ထွတ်မုနိကို ဓိပတိပြည်
ပင့်တော့မည်ဟု အုန်းခြည်ကွန်ရက်
မီးရေစက်လည်း ဖြူ ရွက်ဘုံပေါ်
မယ်နှောင်းမျှော်နှင့် ရှေ့တော်တပြိုင်
မဖူးပိုင်၍ မောင်ဆိုင်မယ်ဦး
ချစ်ကြိုးကူးသည်
ကံဆူးနှောင်က ယှက်မျှသောဝ်။

ယခုလို ရခိုင်ပြည်မှ မဟာမုနိဘုရားကြီးကို ပင့်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေချိန်တွင် မောင်မယ်ယှဉ်တွဲကာ
ဖူးမျှော်ပူဇော်လိုပါသော်လည်း မတတ်သာ၍
အိမ်ရှေ့မင်းကိုယ်တော်တိုင် အစစစီမံဆောင်ရွက်နေရကြောင်း၊ ဦးတိုးမှတဆင့် ကဗျာစီရေးစေလျှက်
အိမ်ရှေ့မိဘုရားထံ သိစေဟန်ဖြစ်၏။
ရခိုင်ပြည်မှ သိမ်းယူခဲ့သော လူသူပစ္စည်းစသည်တို့တွင် အမြှောက်၂၀၀၀၊ သေနတ်၁၀၀၀၀
ယိုးဒယားကြေးသွန်းရုပ် ၃၀ကျော်နှင့်
ပုဏ္ဏားမျိုးဇာတ်မြင့်သူ အိမ်ထောင်စု ၅၀၀၊
မိန်းမစိုး၃၀၀၊ သုံ့ပန်းလူသု ၂၀၀၀၀ပါရှိလေသည်။
ကြေးရုပ်ကြီးများမှာ ဘုရင့်နောင်မင်းတရားကြီး
ယိုးဒယားမှ သိမ်းယူလာခဲ့ပြီးနောက် တောင်ငူမြတ်စောညီနောင်ဘုရား နှင့် ပဲခူးမြို့မဟာစေတီတို့တွင် ထားရှိခဲ့ရာ ရခိုင်ဘုရင်မင်းရာဇာကြီးက ပဲခူးနှင့်တောင်ငူကို
တိုက်ခိုက်ကာ ရခိုင်ပြည်သို့ သိမ်းယူသွားခဲ့ပြီး
မဟာမုနိရုပ်ပွားတော်စံမြန်းသည့် သီရိဂုတ္တတောင်ပေါ်မှတဆင့် အိမ်ရှေ့မင်းက သိမ်းယူခဲ့ပြန်ရာ မန္တလေးမြို့ မဟာမြတ်မုနိ
ဘုရားကြီးတွင် ယခုအခါ ရောက်ရှိနေခြင်း ဖြစ်သည်။

မဟာမုနိဘုရားကြီးကို ပင့်ဆောင်ရန် စီစဉ်ရင်း
အိမ်ရှေ့မင်းသည် လှည့်လည်ကြည့်ရှု့ရာ နောက်တော်ပါး၌ ရကန်ဦးတိုးအပါအဝင် ရခိုင်မြန်မာပညာရှိ ပုဂ္ဂိုလ်များပါ
ရှိလေသည်။ ရုပ်ပွားတော်ကြီးစံမြန်းရာ သီရိဂုတ္တတောင်သည် ခရုသင်းပုံသဏ္ဍာန်ရှိ၍ ပေ၁၀၀ခန့်မြင့်၏။
ထိုတောင်ကုန်းကို တံတိုင်းသုံးထပ် ကာရံထားရာ
အောက်ခြေပထမတံတိုင်း၏ အတွင်းဘက်တွင်
သီရိသုဓမ္မာမင်းကောင်းမှု့ ပိဋကတ်တိုက်ရှိ၏။
ဒုတိယ တံတိုင်းအတွင်းဘက်တွင် ရခိုင်ပြည်မပေါ်မီကပင်
ရှိခဲ့သော ဟိန္ဒူနတ်ကြီးငါးပါးရုပ်ထုကြီးများရှိသည်။
တတိယတံတိုင်းအတွင်း အလယ်ဗဟို၌ ရုပ်ပွားတော်ကြီး
စံမြန်းရာ ဂန္ဓာကုဋိတိုက်အပြင် ယတြာခေါင်းလောင်း
ကြီးတစ်ခုရှိသည်။ ထိုခေါင်းလောင်းကြီးတွင် ဂါထာ
မန္တယာအင်းအိုင်များပါရှိပြီး တိုင်းပြည်ကိုရန်သူများ
တိုက်ခိုက်ရန်ပြုလာပါက မည်သို့ယတြာများ ပြုလုပ်
စီမံရမည်ဟူသော ညွှန်ကြားချက်များ ထွင်းထုရေးသား
ထားရှိသည်။

ရုပ်ပွားတော်မြတ်မှာ နှစ်ပေါင်း၁၈၀၀ကျော်မျှ
သက်တမ်းရှည်ခဲ့သော်လည်း အတော်ပင်အဆင့်
အတန်းမြင့်သောလကြေးသွန်းလက်ရာ ဖြစ်သည်။
ဂန္ဓကုဋီတန်ဆောင်ကြီးမှာ အကြိမ်ကြိမ်ဖျက်ဆီးခြင်းခံခဲ့ရဖူးသည့်အပြင် နှစ်ပေါင်းအတော်ကြာအောင်လည်း
နောချုံများ ပိတ်ဖုံးကာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ဖူးသည်။ ပထမတံတိုင်းအတွင်း ပိဋကတ်တိုက်တွင် သီရိသုဓမ္မာမင်း သိမ်းဆည်းခဲ့သော ပေစာထုပ်အမြောက်အများရှိခဲ့ဖူး၏။
ယင်းတို့အနက်မှ အလွန်ရှေးကျပြီး မှတ်သားဖွယ်ကောင်းသော "သပ္ပဒါနပကာရန"ကျမ်းသည် မဟာမုနိရုပ်ပွားတော်ကြီး
သွန်းလုပ်ခြင်းနှင့်ဆိုင်သော ရာဇဝင်သမိုင်းမှတ်တမ်း
ကျမ်းကြီးပင် ဖြစ်သည်။ ထိုကျမ်းကို သီရိဂုတ္တတောင်ခြေရင်း၌ တည်ရှိခဲ့ဖူးသော ဓညဝတီနေပြည်တော်
(ယခုအခါမြို့ဟောင်းနေရာ)ပထမမြို့တည်နန်းတည်
စန္ဒသူရိယဘုရင်မင်းမြတ်မှ စတင်ဖော်ပြရေးသားထားသည်။ထိုမင်းသည်မြတ်စွာဘုရားသခင် မဇ္ဈိမဒေသ၌ပွင့်တော်မူပြီဟုကြားသိရသော် ဘုရားသခင်ကို ဖူးမြင်လိုစိတ်ပြင်းပြတော်
မူသဖြင့် ဘုရားပွင့်ရာသို့ သွားရန် ကြံရွယ်သည်ကို
ဘုရားသခင်က သဗ္ဗညုတဥာဏ်တော်ဖြင့် သိတော်မူ၍
ရခိုင်တိုင်းသို့ ကြွရောက်ကာ ဗုဒ္ဓသာသနာထွန်းစေလိုသည်
တကြောင်း၊ ရှေးဘဝများစွာက နုစဉ်အခါနေထိုင်ခဲ့ဖူးသည်ဖြစ်၍ တကြောင်း၊ ကောင်းကင်ခရီးဖြင့် ဒေသစာရီကြွချီတော်မူလာခဲ့သည်။

ဤသို့ဖြင့် ဓညဝတီပြည်တွင် ရက်သတ္တပတ်မျှ
သီတင်းသုံးတော်မူ၍ တရားဓမ္မများ ဟောဖော်ညွန်
ပြတော်မူခဲ့သည်။ ပြန်ကြွချီခါနီးတွင် စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဓညဝတီပြည်သူတို့ ဆက်လက်ကိုးကွယ်နိုင်ရန် ရုပ်ပွားတော်တစ်ဆူထားရှိပေးရန် လျှောက်ထားရာ သိကြားမင်းကိုယ်တိုင် ကြေးသွန်းပုံတော်ကိုထုလုပ်စေခဲ့ပြီး ဘုရားရှင်ကိုယ်တော်တိုင် ထွက်သက်ဝင်သက်များသွင်းမှုတ်၍ အသက်သွင်းပေးတော်မူသည်။
(မဟာမုနိသမိုင်း၌ ရွှေရင်ငွေ့ကိုအုပ်ကာအုပ်ကာ
ခုနှစ်ခါတည့်"ဟုလည်းအဆိုရှိ၏)

ဘုရားရှင်သည် ဤဓညဝတီပြည်၌ ရှေးအခါ
နုစဉ်ဘဝဟောင်းများက ဝက်မင်းဘဝဖြင့်
ဝေဠုဝနတောင်တွင်လည်းကောင်း၊
ဂန္ဓာဂီရိတောင်တန်း၌ ဘုရားလောင်းကြံ့မင်းအဖြစ်လည်းကောင်း၊
သာလမာယာတောင်ယံတွင် ဥယျာဉ်မှုး၊
သေလာပဗ္ဗတောင်ခြေ၌ ဗြဟ္မဏပုဏ္ဏား၊
ရာဇပဗ္ဗတောင်၌ ဆင်မင်း၊
ကသိနပဗ္ဗတောင်၌ ဥဒေါင်းမင်းအဖြစ်လည်းကောင်း
အသီးသီးနေထိုင်ကျက်စားခဲ့ဖူး၏။

ထိုသို့ ရုပ်ပွားတော်ကြီး ပြီးမြောက်သောအခါ
မြတ်စွာဘုရားရှင်နှင့် ခွဲခြားမရအောင် တူညီသော
ဘုရားနှစ်ဆူကိုယှဉ်လျှက် တွေ့ရသည့်အတိုင်းပင်
တူညီလှသည်။ အသက်သွင်းပြီးသည်နှင့် ကြေးသွန်း
ရုပ်ပွားတော်က ထိုင်တော်မူရာမှထ၍ မြတ်စွာဘုရားအား ဦးညွှတ်ကန်တော့လေရာ ဘုရားရှင်က

"အိုညီတော်... ရပ်တော်မမူနှင့်ထိုင်မြဲထိုင်လေ
ငါဘုရားသက်တော်၈၀ရှိလျင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာ နှစ်၅၀၀၀ပတ်လုံး ညီတော်က ငါ့ကိုယ်စားသာသနာ
ပြုကာ ငါ၏ကောင်းမွေဆိုးမွေတို့ကိုလည်း ခံယူရပေမည်။
တချိန်က ချီဒူပါကျွန်းတွင် ဥယျာဉ်မှူးတစ်ဦး၏ပေါင်ကို
ရိုက်ချိုးခဲ့ဖူးပြီး မင်းသားတစ်ပါး၏ကျောပြင်မှ အသားကိုဒဏ်ရာအနာတရဖြစ်စေခဲ့ဖူးသော ကမ္မဝိပါကတို့ကို
ညီတော်ပင်ခံယူရလိမ့်မည်"ဟု မိန့်ဆိုခဲ့သည်။

ထို့ကြောင့် အိမ်ရှေ့မင်းအမရပူရသို့ သယ်ယူသောအခါ အလေးချိန်ပေါ့ပါးစေရန် ပေါင်တော်နှင့် ကျောမှကြေးတို့ကိုဖိုကျင်ထိုးကာ ခွဲစိတ်သယ်ယူ ခြင်းခံရသည်ဟု မှတ်တမ်းရှိလေသည်။

အိမ်ရှေ့မင်း။ ဒါထက် ဓညဝတီ ဆိုတဲ့စကား
အဓိပ်ပ္ပါယ်က ဘာတဲ့လဲ။

ဦးတိုး။ အဲဒါတော့ကျွန်တော်မျိုး မသိပါဘုရား
ရခိုင်လူမျိုးစစ်စစ်ကို မေးသင့်ကြောင်းပါ။

ဦးရွှေဖြူ ။ ကျွန်တော်မျိုးလျှောက်တင်ပါရစေဘုရား
ဒီဝေါဟာရကလည်း မြတ်စွာဘုရားရှင်ကပဲ မှည့်ခေါ်
ထားရှိခဲ့ခြင်းပါ သီးနှံရိက္ခာပေါများ ကြွယ်ဝလှတာမို့
ဓညဝတီ-သီးနှံမျိုးစုံစားမကုန်တဲ့နိုင်ငံ လို့ ဗျာဒိတ်ပေး
ခဲ့ခြင်းပါဘုရား။ ဘယ်တော့မှမငတ်နိုင်ဘူးလို့ မိန့်ဆို
ခဲ့ကြောင်းပါ။

ထို့နောက်အိမ်ရှေ့မင်းနှင့်အဖွဲ့သည် ရုပ်ပွားတော်ရှိရာ
အထက်ပစ္စယံရှ်ိ ဂန္ဓာကုဋီတိုက်သို့ ဝင်ကြကုန်၏။

အိမ်ရှေ့မင်း။ ဒီကုန်းတော်ကို စောင့်ရှောက်ရာမှာ
နတ်များသာမက ယတြာခေါင်းလောင်းကြီးလည်း
ရှိတယ်မဟုတ်လား။

ဦးရွှေဖြူ ။ မှန်လှပါ ယခုအထက်ပစ္စယံ အရှေ့မြောက်ထောင့်မှာ ရှိကြောင်းပါဘုရား ခေါင်းလောင်းမှာ အင်းကွက်များချထားပြီး ရန်သူနိုင်ငံပျက်စီးစေလ်ိုလျှင်
ထိုနိုင်ငံနှင့်ဓါတ်တူနံတူ (၁)ဘုရားတည်ခြင်း
(၂)ကန်တူးခြင်း (၃)သစ်ပင်စိုက်ခြင်း (၄)နဂါးတိုင်ထူခြင်း
(၅)နေရာရွေးခြင်းများ ပြုလုပ်ရပါတယ်။
ခေါင်းလောင်းပေါ်မှာ အဲ့ဒီအညွှန်းများကို ရေးထိုးထားရှိပါတယ်။ ဥပမာ ဟံသာဝတီကို ပျက်စေလိုလျှင် ဖရုံကာကျွန်းမှာ
လေးတောင်ပြည့်ဘုရားတည်ရမည်။
နဂါးတိုင်ကိုပျဉ်းကတိုးသစ်သားနှင့်လုပ်ရမည်။
ထိုအနီး၌ ရင်ရှေ့ပင်စိုက်ရမည် မြောက်ဘက်မှာ ကန်တူးရမည်စသည်ဖြင့် အသေးစိတ်ညွှန်းဆိုချက်များ ပါဝင်ပါတယ်။

အိမ်ရှေ့မင်း။ ရန်သူဘယ်နှစ်မျိုး(ဘယ်တိုင်းပြည်)တွေကို
ရည်ညွှန်းထားပါသလဲ။

ဦးရွှေဖြူ ။ ရန်သူတော် ၁၅ မျိုး သတ်မှတ်ထားပါတယ်ဘုရား။ (၁) ဘရင်ဂျီအင်္ဂလိပ်များ (၂)ယိုးဒယား
(၃) မုတ္တမ (၄)ပဲခူး (၅)မွန် (၆)သန်လျင် (၇)ပြည်
(၈)တောင်ငူ (၉)ပုဂံ (၁၀)အင်းဝ (၁၁)အောက်သား
(၁၂)ဥဒရစ် (၁၃) ပထန်ကုလား (၁၄)ရှမ်း
(၁၅)သက်လူမျိုးများ ဖြစ်ပါသည်ဘုရား

အိမ်ရှေ့မင်း။ ဟင် ရန်သူဆိုတာလည်း အိမ်နီးချင်းဟူသမျှ အကုန်ပါဝင်သကိုး။ အောက်သားဆိုတာက
ဘယ်သူတွေကို ခေါ်တာလဲ ဂေါပကကြီးရဲ့။

ဦးရွှေဖြူ ။ ရခိုင်ပြည်အောက်ပိုင်း သံတွဲမြို့တောင်ဘက်
နယ်သားများအားလုံး အကျုံးဝင်ပါတယ်ဘုရား။

အိမ်ရှေ့မင်း။ ဥဒရစ် တို့ သက်တို့ကရော။

ဦးရွှေဖြူ ။ မှန်ပါသူတို့ကတော့ ရခိုင်ပြည်မြောက်ပိုင်းသားများ ဖြစ်ကြပါတယ်။

အိမ်ရှေ့မင်း။ ဒီစာရင်းမှာ ပထန်ကုလားများတော့ပါတယ်၊ ဟိန္ဒူ ကုလားတွေကော ဘာလို့မထည့်လဲ။

ဦးတိုး။ အဲ့ဒီ့မေးခွန်းကို ကျွန်တော်မျိုးမောင်တိုး
ဖြေခွင့်ပြုပါဘုရား။ ဟိန္ဒူ ပုဏ္ဏားများဟာ အင်းအိုင်
ခလှည့်ဂါထာမန္တယားများမှာ ကျွမ်းကျင်တော့ ဒီကိစ္စမျိုးကို
သူတို့ပင် တာဝန်ယူဆောင်ရွက်လေ့ ရှိကြပါတယ်။
ဒီရန်သူစာရင်းနှင့် ယတြာများကို ဟိန္ဒူများကသာ
ရွေးချယ်ရေးသားခဲ့တာမို့ သူတို့ကျတော့
တမင်ချန်ထားခဲ့ဟန် တူပါတယ်ဘုရား။

အားလုံးရယ်မောကြလျှက် ဆက်လျှောက်လာရင်း
ဦးရွှေဖြူ က ရခိုင်မှတ်တမ်းများပါ မဟာမုနိ ရာဇဝင်ကို
ဆက်ပြောပြသည်။

"သက္ကရာဇ် ၂၉၈(AD-၉၃၆)ခုနစ်တွင် ပုဂံပြည်မှ
လစကာနှင့်မာကြလုံ အမည်ရှိမထေရ်ကြီးနှစ်ဦးရောက်လာပြီး ဒီကုန်းတော်ပေါ်မှာ ရှိတဲ့ဟိန္ဒူ နတ်ရုပ်တွေအစား
ဗုဒ္ဓဆင်းတုတော်များ ထားရှိရန် စီစဉ်တဲ့အခါ
ဝေသာလီမင်းက ခွင့်မပြုလို့ ဆင်းတုတော်နှစ်ဆူသာ
ထားခွင့်ရခဲ့ပါတယ်။ ဒုတိယပစ္စယံအရှေ့ဘက်မှာ
အဲ့ဒီနတ်ရုပ်တွေကို တွေ့နိုင်ပါတယ်။

၃၂၇ခုနှစ်(AD-၉၆၅)မှာ ပိတ်ဖြူ မင်းလက်ထက် ရှမ်းများ
ဝင်ရောက်လာပြီး မဟာမုနိပလ္လင်တော်အောက်မှ
စန္ဒသူရိယမင်းမြှုပ်နှံခဲ့တဲ့ ရတနာသိုက်ကို တူးဖော်ရယူကာ
ကန္ဓကုဋီတိုက်တော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း။သက္ကရာဇ်၃၆၃(AD-၁၀၀၁)မှာ ပုဂံပြည့်ရှင်
အနော်ရထာမင်းစော ကိုယ်တိုင်ကြွချီလာပြီး
ရှမ်းတို့ ဖျက်ဆီးခဲ့သည်တို့ကို ပြန်လည်ပြုပြင်မွမ်းမံကာ
ပြသာဒ်တော်အသစ် ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

၄၅၉ခုနှစ်(AD-၁၀၉၇)တွင် ပုဂံပြည်မှ အလောင်းစည်သူမင်းဟာ စစ်သည်ဗိုလ်ပါငါးသောင်းနှင့် ချီတက်လာပြီး
အနောက်ဘက်ပရဝုဏ်မှာ စခန်းချပါတယ်။
ကန္ဓကုဋီတိုက်သစ်ဆောက်လုပ်ခဲ့ပြီး စံကားပင်များစွာ
စိုက်ပျိုးခဲ့ပါတယ်။ သူပြန်သွားတော့ ပဉ္စာပြည်မင်းက
အလောင်းစည်သူမင်း ကုသိုလ်တော်များကို
ဖျက်ဆီးပစ်ခဲ့ပြီး ကျောင်းသစ်တိုက်သစ်များကို
သူက အစားထိုးလှူ ဒါန်းခဲ့ပါတယ်။
၄၆၁ခုနှစ် (AD-၁၀၉၉)တွင် ပျု နှင့်မွန်များ ရခိုင်ပြည်ကိုအုပ်စိုးကာ မဟာမုနိကျောင်းကန် အားလုံးဖျက်ဆီးခံရပါတယ်။နှစ်ပေါင်း ၅၀ကျော် ပြုပြင်မယ့်သူမရှိပဲ
တောအတိ ဖြစ်ခဲ့ရပါတယ်။

၅၁၆ခုနှစ်(AD-၁၁၅၄)တွင် ဓဇရာဇာမင်းက နေရာဟောင်းကို တောနင်းရှာဖွေတွေ့ရှိခဲ့ပြီး အသစ်ပြန်လည်ပြုစုတော်မူတယ်။

သက္ကရာဇ်၆၁၀(AD-၁၂၄၈)တွင် လောင်းကြက်ပြည့်ရှင်
အလိုမဖြူ မင်းကထပ်မံပြုပြင်တော်မူပါတယ်။၇၀၇ခုနစ်(AD-၁၃၄၅)မှာ လောင်းကြက်ပြည်ကို
ရှမ်းတို့သိမ်းယူပြီး မဟာမုနိကို ဖျက်ဆီးပြန်ပါတယ်။
၇၅၆(AD-၁၃၉၄)ခုနှစ်တွင် လောင်းကြက်ပြည့်ရှင်စိန္တက အသစ်ဆောက်လုပ် လှူဒါန်းပြန်တယ်။
၇၉၃(AD-၁၄၃၁)တွင် မင်းစောမွန်ကမြို့ဟောင်းမြို့ကိုပြန်လည်ပြုပြင်ရာ မြို့တော်မှမဟာမုနိအထိ ဘုရားဖူးများအတွက် လမ်းသစ်ဖောက်လုပ်ပေးခဲ့ပြီး လမ်းဘေး ဇရပ်များရေကန်များ ဆောက်လုပ်ပေးခဲ့ပါတယ်။
၈၀၂ ခုနှစ်(AD-၁၄၄၀)မှာ အလီခင်မင်းက ပိဋကတ်တော်များကို သီဟိုဠ်မှကူးယူစေပြီး မဟာမုနိပိဋကတ်တိုက်တွင်
ထားရှိခဲ့ပါတယ်။

၈၉၉ခုနှစ်(AD-၁၅၃၇)တွင် ရခိုင်ဘုရင်မင်းတင်က
မဟာမုနိရုပ်ပွားတော်အများအပြားသွန်းလုပ်ကာ
ရခိုင်ပြည်အနှံ့ ဘုရားပုထိုးများ၌ ကိုးကွယ်စေပါတယ်။
၁၀၄၇ခုနှစ်(AD-၁၆၈၅)တွင် သာသနာတော်ပွင့်လင်း
ကာ ကုန်းတော်ပတ်လည်၌ ဘုန်းကြီးကျောင်းများ
ဆောက်လုပ်စေ၍ တစ်နှစ်အတွင်း သံဃာရှစ်ထောင်
မျှ ရဟန်းပြုခဲ့ကြပါတယ်။ သက္ကရာဇ် ၁၀၉၄(AD-၁၇၃၂)တွင် ဖျက်ဆီးခံရတဲ့ ယတြာခေါင်းလောင်းကြီးကို
အသစ်သွန်းလုပ်ကာ ယခင်ရေးထိုးပါရှိသည့်အတိုင်း
ပါဠိ၊ မြန်မာ သင်္သကရိုက်ဘာသာမန္တယားများ ရေးထိုး
ပါရှိပုံကို

"အိမ်ရှေ့ကိုယ်တော်ကြီးရှု့စားတော်မူပါဘုရား။"

အိမ်ရှေ့မင်း။ သာဓု သာဓု သာဓု…။

အချို့ကလည်း မြန်မာတို့ ပင့်ဆောင်သွားသော
ရုပ်ပွားတော်မှာ မဟာမုနိအစစ်မဟုတ်ဟု ဆို၏။
အိမ်ရှေ့ဥပရာဇာက ၁၁၄၆(AD-၁၇၈၄)ခုနှစ်တပို့တွဲ
လဆန်း၁၃ရက်နေ့တွင် ရုပ်ပွားတော်ကြီးကို စျေးချောင်း
ဆိပ်ဝယ်ဖောင်တော်ပေါ်တင်စဉ် ဖောင်ကွဲအက်ကာ
ရုပ်ရှင်တော်မြတ်ရေဝယ်ကိန်းဝပ်တော်မူရာ ဖောင်တော်ပါ ကုလားပျိုသွေးသောက်တို့က ရာဇဝတ်ဒဏ်
ကြောက်သဖြင့် ရှာဖွေကြသောအခါ အဆင်းသဏ္ဍာန်
တူညီသော ရုပ်ပွားတော်တစ်ဆူကို ရ၍ ဖောင်တော်ပေါ် တင်ဆောင်ခဲ့ကြောင်း ဆရာငမည်းရေးဓညဝတီ
ရာဇဝင်၌ ရေးသားဖော်ပြထားသည်။
မည်သို့ဆိုစေအိမ်ရှေ့မင်းကား ရခိုင်မှ ကြေးသွန်းဆင်းတုတော်ကြီးတစ်ဆူကို ပင့်ဆောင်ခဲ့သည်ကား
အမှန်ပင်ဖြစ်၏။

တောင်ကုတ်လမ်းအတိုင်း ပန်းတောင်းသို့ ရောက်သည်အထိ ရုပ်ပွားတော်ကြီးကိုအပိုင်းပိုင်းအပြတ်ပြတ်ပြု၍ ပင့်ဆောင်ခဲ့ပြီး ပန်းတောင်းမြို့၌ ပြန်လည်ဆက်စပ်ကာ ချောမောမွမ်းမံသည်။ ၁၇၈၅ခုနှစ်တွင် အမရပူရနေပြည်တော်သို့
ရောက်ရှိပြီးမှ ရွှေချိန်၁၀၀၀ဖြင့် ထပ်လောင်းမွမ်းမံကာ ဦးခေါင်းတော်၊ မျက်နှာတော်၊ ပုခုံးတော်စသည်တို့ကို
အချောသပ် မွမ်းမံခြယ်လှယ်သည်။ ဘိုးတော်မင်းတရားက
မောင်းထောင်ဆရာတော်ကြီးထံ မေးလျှောက်ခဲ့ရာ
မြို့တော်နှင့် မနီးမဝေး အလားအလာကောင်းသည့်အရပ်တွင် တည်ထားကိုးကွယ်သင့်ကြောင်း ဖြေကြားသည့်အတိုင်း လက်ရှိမန္တလေးရှမ်းစုအရပ်တွင် ဂန္ဓာကုဋီတိုက်တော်ကြီးဆောက်လုပ် တည်ထားကိုးကွယ်ခဲ့သည်။

ထိုတိုက်တော်မှာ ရခိုင်မှပင့်ခဲ့ပြီး နှစ်၁၀၀အကြာ
သီပေါမင်းလက်ထက်တွင် မီးလောင်ပျက်စီးခဲ့သည်။
မီးခစဉ် ရုပ်ပွားတော်ပကတိမှာ တစ်စုံတစ်ရာမချွတ်
ယွင်းသော်လည်း မကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်နှင့် ရွှေသင်္ကန်းတော်များ မီးခပျက်ယွင်းသည်။
မှုးမတ်အရာရှိများကို အရည်ပျော်ကျခဲ့သော ရွှေများအား ကြီးကြပ်သိမ်းဆည်းစေ၍ ချိန်တွယ်ရာ ရွှေပိဿာချိန် ၅၄၅၀ကျော် ရှိလေသည်။ ၁၂၄၆(AD-၁၈၈၄)ခုနှစ်
ဝါဆိုလဆုတ်၉ရက်နေ့တွင် ငွေသိန်း၃၀တန် ရွှေမကိုဋ်နှင့်
ဒုယင်တော်တပ်ကာ သီပေါမင်းနှင့်စုဖုရားလတ်တို့က ရေစက်ချ မျက်နှာတော်ဖွင့်တော်မူ၏။
၁၈၈၅ခုနှစ်တွင် အရှင်နှစ်ပါး ပါတော်မူလေသည်။

မဟာမုနိရုပ်ပွားတော်မြတ်မှာ မြတ်စွာဘုရား
ပရိနိဗ္ဗာန်ပြုတော်မူသော ဘီစီ ၅၄၃ခုနှစ်မီ ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့မင်းမြန်မာပြည်သို့ ပင့်ဆောင်ခဲ့သည့် အေဒီ-၁၇၈၅ခုနှစ်အထိ နှစ်ပေါင်း၂၃၂၈ခုနှစ် တိုင်အောင် သာသနာတစ်ဝက်မျှ ရခိုင်ပြည် သီရိဂုတ္တတောင်ထိပ်တွင်ကိန်းဝပ်စံပ္ပါယ်တော်မူခဲ့သည်။ ထိုမှမန္တလေးသို့ ရောက်ရှိတော်မူသည်မှာ နှစ်ပေါင်း ၂၃၃နှစ်ခန့်သာ ရှိပေသေးသည်။

စာကိုး။ အိုးဝေညိုမြ၏ ကုန်းဘောင်ရှာပုံတော်
ဒေါက်တာသန်းထွန်း၏ မန္တလေးရက်စဉ်
သမိုင်း
ဦးလှဒင်မြန်မာပြန်မောရစ်ကောလစ်၏
ရတနာရွှေမြေ
သန်းထွန်း(လှည်းကူး)၏ သမိုင်းပုံရိပ်များ
Credit to Saya Phoe Kyaw

Khant Nyar Thu
ခန့်ညားသူGroup (မြန်မာ့သမိုင်းကြောင်းရာများစိတ်ဝင်စားသူ)

ဓာတ်တော်တောင်မန္တလေးမြို့ တောင်ဘက် ၂၇ မိုင်ခန့်အကွာ စွန်ရဲအင်း အရှေ့ဘက်က သာသနာ့နယ်မြေ တောင်တော် တစ်ခုဖြစ်ပါတယ်။ ကျောက်စက...
13/02/2022

ဓာတ်တော်တောင်

မန္တလေးမြို့ တောင်ဘက် ၂၇ မိုင်ခန့်အကွာ စွန်ရဲအင်း အရှေ့ဘက်က သာသနာ့နယ်မြေ တောင်တော် တစ်ခုဖြစ်ပါတယ်။ ကျောက်စက်ပန်းဆွဲများနဲ့ ထူးခြားသော ထုံးကျောက်ဂူကြီးနဲ့ မြစေတီ ရှိပါတယ်။ ပေ ၁၀၀၀ ကျော်မြင့်ပြီး ခြေလျင်သာ တက်ရောက်ရမှာဖြစ်ပါတယ်။တောင်ထပ်မှာ ဘုရားတည်နေတာကြောင့် အုတ်၊သဲ စတဲ့ အရာတွေကို တောင်ခြေမှ ချထားပေးပြီး တောင်ပေါ်သို့ သယ်ယူခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်

ရွှေသာလျောင်းတောင်
မန္တလေးမြို့တောင်ဘက် ၃၈ မိုင်ခန့်အကွာက ကျောက်ဆည်မြို့အလည်မှာ ရှိတဲ့ ကျောက်ဆည်သူကျောက်ဆည်သားတွေရဲ့ နှလုံးသားလို့ တင်စားကြတဲ့ တောင်တော်တစ်ခုဖြစ်ပါတယ်... ထူးခြားလှသော ဘုရားစေတီများ နဲ့ ကျောက်ဆည်ဆင်ပွဲတော် ကျင်းပသော နေရာတစ်ခုလည်းဖြစ်ပါတယ်။

တောင်တက်ရတာ မောတယ် ဆိုပေမယ့် "တောင်ကြီး ဖဝါးအောက်" ဆိုတဲ့ ဆိုရိုးအတိုင်း တောင်ထိပ်ကိုရောက်ရင် ငါလုပ်နိုင်ခဲ့ပြီ I did it ဆိုတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်တာမို့
#ဘဝအမောတွေပြေဖို့တောင်တက်ကြစို့

ပြက္ခရွေ့တောင် မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ခုလိုဆောင်းရာသီ အရမ်းသွားလို့ကောင်းပါတယ်။...
12/11/2021

ပြက္ခရွေ့တောင်

မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ခုလိုဆောင်းရာသီ အရမ်းသွားလို့ကောင်းပါတယ်။
ပြက္ခရွေ့တောင် လို့ပြောလိုက်ရင် အရှေ့ နဲ့ အနောက်ဆိုပြီး တောင် ၂ ခု ရှိပါတယ် .. မန္တလေးမြို့တောင်ဘက် မိုင် ၅၀ ကျော်အကွာ ကူမဲမြို့နားမှာရှိပါတယ်။အပူပိုင်းဒေသက တောင်ဖြစ်ပေမယ့် တောင်ထိပ်မှာတော့ အေးမြသောလေနဲ့အတူ လှပလွန်းသော ရှုခင်းများက မပြန်ချင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။(လူပျိုကြီး၊အပျိုကြီးများ အိမ်ထောင်ဖက်ရဖို့အတွက် ဆုတောင်းလို့ရတဲ့ ထူးခြားတဲ့နေရာတစ်ခုရှိပါတယ် ) ဒါကြောင့် လက်တွဲဖော်မရှိသေးရင် သွားရောက်ဆုတောင်းလို့ရပါတယ်နော်။
အဲဒီမှာချစ်စရာကောင်းတဲ့အချက်က တောင်အတက်မှာ တုတ်ကလေးတွေစုပြီးထောင်ထားတယ်
တောင်တက်တဲ့သူတွေအားလုံး အဲ့တုတ်လေးတွေကိုရွေးပြီးယူသွားကြတယ်(အပြန်မှာပြန်သယ်လာပြီး ပြန်ထောင်ပေးခဲ့ကြတယ်)

Crd to original writer

စိန်ခနောက်/မြခနောက်တောင်📌For Hiking Onlyနောက်ထပ် လမ်းလျှောက်တောင်တက်စရာ နေရာတစ်ခုအဖြစ် နာမည်ကြီးရာတောင်ဖြစ်ပါတယ်... တောင...
05/11/2021

စိန်ခနောက်/မြခနောက်တောင်
📌For Hiking Only
နောက်ထပ် လမ်းလျှောက်တောင်တက်စရာ နေရာတစ်ခုအဖြစ် နာမည်ကြီးရာတောင်ဖြစ်ပါတယ်... တောင်တက်ဖို့အတွက် ၃ နာရီလောက်ထိ အချိန်ပေးရသော တောင်တစ်ခုဖြစ်ပါတယ်(လူငယ်လူရွယ်များအတွက်သာ သင့်တော်ပါတယ်)...မန္တလေးမြို့ အရှေ့ဘက်မှာ တည်ရှိပြီး ရေတံခွန်တောင်တန်းနဲ့နီးကပ်စွာရှိတဲ့တောင်ကြောတစ်ခုဖြစ်ပါတယ်..နေဝင်ချိန်ရှုခင်းအလှကတော့ အလွန်ပင် ကျော်ကြားပါတယ်..

Crd to original photo & writer

Address

Corner Of 78th Street & 30th St, Mandalay Railway Station, Chan Aye Tharzan Township
Mandalay
100102

Alerts

Be the first to know and let us send you an email when Marvel Mandalay by Amazing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marvel Mandalay by Amazing:

Share

Category