Y House Mandalay

Y House Mandalay Enjoy staying with Us

FULL Moon Day of Warso 🙏🙏🙏🙏🙏
29/07/2026

FULL Moon Day of Warso 🙏🙏🙏🙏🙏

Y House mandalay မှာ   400000  ks 500000 ks တန် အခန်း​များ  booking တင်လ်ု့ ရပါပီ Y-House မှ စီးပွားဖက် မိတ်ဖက် ​မောင်နှ...
18/07/2026

Y House mandalay မှာ 400000 ks 500000 ks တန် အခန်း​များ booking တင်လ်ု့ ရပါပီ Y-House မှ စီးပွားဖက် မိတ်ဖက် ​မောင်နှမများအား​ကျေးဇူးအထူးတင်ရှိ ပါသည်ရှင့်🥰🥰

Y House Mandalay မှာ  9.7. 2026 အတွက် 400,000 ks တန်အခန်း ပဲ ကျန်ပါတယ်  booking တင်လို့ရပါပီရှင် ❤️Aircon wifi အခန်းတိုင...
30/05/2026

Y House Mandalay မှာ 9.7. 2026 အတွက် 400,000 ks တန်အခန်း ပဲ ကျန်ပါတယ် booking တင်လို့ရပါပီရှင် ❤️
Aircon wifi အခန်းတိုင်း ပါပါတယ်။ ထမင်းဟင်းချက်မရပါဘူးရှင်။ စျေးနီး ထမင်းဆိုင်တွေ ပေါပါတယ် ။ အခန်းတိုင်း မွေ့ယာ ကုတင် ရေချိုးခန်း အိမ်သာ တွဲလျက် ပါပါတယ်ရှင်။လိပ်စာလေးကတော့ အရှေ့ကန်ကောက်ရပ် မြကန်သာ ခရေလမ်းသွယ် ၄ မန်းတလေး ပါရှင် ။
2ယောက်ခန်း တစ်ခန်းကို တစ်လ 500,000 ks (or) 400000 ks ပါ။09441009738 ကို စုံစမ်းနိုင်ပါတယ်ရှင်။

မဟာသမယနေ့ ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတွေထဲက တစ်ရက်ဖြစ်ပြီး နှစ်စဉ် နယုန်လပြည့်နေ့ ရောက်တိုင်း ကျင်းပလေ့ ...
30/05/2026

မဟာသမယနေ့ ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတွေထဲက တစ်ရက်ဖြစ်ပြီး နှစ်စဉ် နယုန်လပြည့်နေ့ ရောက်တိုင်း ကျင်းပလေ့ ရှိပါတယ်။
​ဒီနေ့ဟာ ဘာသာရေးအရရော၊ လူမှုရေးအရပါ အလွန်နက်ရှိုင်းတဲ့ သင်ခန်းစာနဲ့ အနှစ်သာရတွေ ရှိနေပါတယ်။

​မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ကပိလဝတ်ပြည်မှ သာကီဝင်မင်းတို့နဲ့ ကောလိယပြည်မှ ကောလိယမင်းတို့ဟာ ရောဟိဏီမြစ်ရေကို အခြေခံပြီး စိုက်ပျိုးရေ ခွဲဝေရာကနေ စကားများကြရာကနေ၊ နောက်ဆုံး စစ်မက်ဖြစ်ပွားပြီး တစ်ဖက်နဲ့တစ်ဖက် သွေးချောင်းစီးမယ့် အခြေအနေအထိ ရောက်ရှိသွားခဲ့ပါတယ်။
​မြတ်စွာဘုရားရှင်က ဒါကို သိမြင်တော်မူတာကြောင့် ကောင်းကင်ယံကနေ ကြွရောက်လာပြီး မင်းပြိုင်နှစ်ဖက်စလုံးကို "ရေရဲ့ တန်ဖိုးနဲ့ လူတွေရဲ့ အသက်၊ သွေးသား တန်ဖိုး ဘယ်ဟာက ပိုမြတ်သလဲ" လို့ မေးခွန်းထုတ်ပြီး တရားဓမ္မ ဟောကြား ဆုံးမခဲ့ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်ကြောင့် မင်းအဆွေအမျိုးတို့ နောင်တရပြီး လက်နက်တွေချကာ ညီညွတ်ခြင်း အစစ်အမှန်ကို ရရှိသွားခဲ့ကြပါတယ်။ ဒါကြောင့် ဒီနေ့ကို "ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးနေ့" လို့လည်း ခေါ်ဆိုနိုင်ပါတယ်။
​ "မဟာသမယ" ဆိုတဲ့ အဓိပ္ပာယ်
​မဟာသမယ ဆိုတာ "ကြီးကျယ်သော ညီလာခံ" လို့ အဓိပ္ပာယ်ရပါတယ်။
​မင်းသားတွေ အချင်းချင်း စည်းလုံးသွားပြီးတဲ့နောက် နှစ်ဖက်စလုံးက မင်းသားပေါင်း ၅၀၀ ဟာ ဘုရားရှင်ထံမှာ ရဟန်းပြုခဲ့ကြပါတယ်။ အဲဒီရဟန်း ၅၀၀ နဲ့ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်အနီးက မဟာဝုန်တောထဲမှာ သီတင်းသုံးနေတဲ့အချိန်မှာ သူတို့ရဲ့ ညီညွတ်မှုကို ကြည့်ညိုဖို့အတွက် စကြဝဠာအနန္တက နတ်ဗြဟ္မာအပေါင်းမြောက်မြားစွာ စုဝေးရောက်ရှိလာခဲ့ကြပါတယ်။ နတ်ဗြဟ္မာတွေ အများဆုံး စုဝေးမိတဲ့ အချိန်အခါကြီး ဖြစ်တာကြောင့် "မဟာသမယ" လို့ တွင်ခဲ့တာ ဖြစ်ပါတယ်။
​မဟာသမယသုတ်တော်
​ဒီလို နတ်ဗြဟ္မာတွေ စုံစုံလင်လင် စုဝေးနေတဲ့အချိန်မှာ မြတ်စွာဘုရားရှင်က ရောက်ရှိလာတဲ့ နတ်ဗြဟ္မာတွေရဲ့ အမည်နာမ၊ အနွယ်တွေကို ဖော်ညွှန်းပြီး "မဟာသမယသုတ်" ကို ဟောကြားတော်မူခဲ့ပါတယ်။
​ဒီသုတ်တော်ဟာ နတ်ဗြဟ္မာတွေ အလွန်နှစ်သက်တဲ့ သုတ်တော် ဖြစ်ပါတယ်။
​နတ်ချစ်ဂါထာ၊ နတ်ပင့်ဂါထာလို့လည်း လူသိများပြီး အိမ်တွေ၊ ရုံးတွေမှာ ရွတ်ဖတ်ပူဇော်ရင် ဘေးအန္တရာယ်ကင်းဝေးပြီး နတ်ကောင်းနတ်မြတ်တို့ရဲ့ စောင့်ရှောက်မှုကို ရရှိစေတယ်လို့ ယုံကြည်ကြပါတယ်။
​အနှစ်သာရအားဖြင့် -
နယုန်လပြည့် (မဟာသမယနေ့) ဟာ ကျွန်တော်တို့ လူသားတွေအတွက် "အချင်းချင်း ရန်မီးဒေါသတွေ ငြိမ်းသတ်ဖို့၊ ညီညွတ်ကြဖို့နဲ့ သွေးစည်းကြဖို့" ကို လက်တွေ့ကျကျ လမ်းညွှန်ပြသနေတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ပဲ ဖြစ်ပါတယ်ရှင်။

Warmly welcome Y House Mandalay 🏘
19/05/2026

Warmly welcome Y House Mandalay 🏘

Y House Mandalay မှာ 29.5.26 အတွက် 500,000 ks တန်အခန်း လွတ်ပါပီ  booking တင်လို့ရပါပီရှင် ❤️Aircon wifi အခန်းတိုင်း ပါပါ...
15/05/2026

Y House Mandalay မှာ 29.5.26 အတွက် 500,000 ks တန်အခန်း လွတ်ပါပီ booking တင်လို့ရပါပီရှင် ❤️
Aircon wifi အခန်းတိုင်း ပါပါတယ်။ ထမင်းဟင်းချက်မရပါဘူးရှင်။ စျေးနီး ထမင်းဆိုင်တွေ ပေါပါတယ် ။ အခန်းတိုင်း မွေ့ယာ ကုတင် ရေချိုးခန်း အိမ်သာ တွဲလျက် ပါပါတယ်ရှင်။လိပ်စာလေးကတော့ အရှေ့ကန်ကောက်ရပ် မြကန်သာ ခရေလမ်းသွယ် ၄ မန်းတလေး ပါရှင် ။
2ယောက်ခန်း တစ်ခန်းကို တစ်လ 500,000 ks (or) 400000 ks ပါ။09441009738 ကို စုံစမ်းနိုင်ပါတယ်ရှင်။

Shan food😋😋
29/04/2026

Shan food😋😋

29/04/2026
"ဆယ့်နှစ်လရာသီမှာ အထူးခြားဆုံး ကဆုန်ညောင်ရေသွန်းပွဲတော် "​မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ ကဆုန်လပြည့်နေ့ဟာ ဘာ...
29/04/2026

"ဆယ့်နှစ်လရာသီမှာ အထူးခြားဆုံး ကဆုန်ညောင်ရေသွန်းပွဲတော် "
​မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ ကဆုန်လပြည့်နေ့ဟာ ဘာသာရေးအရရော ရိုးရာယဉ်ကျေးမှုအရပါ အလွန်တန်ဖိုးရှိပါတယ်။ နွေအပူဆုံးကာလမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီး မညှိုးနွမ်းစေဖို့ ရည်ရွယ်ပြီး စုပေါင်းညောင်ရေသွန်းကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။
​✨ ကဆုန်လပြည့်နေ့ရဲ့ ထူးခြားချက်များ -
-​ ဂေါတမဗုဒ္ဓလောင်းလျာ ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်ခံယူသောနေ့။
- ​အလောင်းတော် ဖွားမြင်သောနေ့။
- ​သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိသောနေ့။
- ​ပရိနိဗ္ဗာန်စံဝင်သောနေ့။
​ဒီနေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ကုသိုလ်တရားများ တိုးပွားနိုင်ကြပါစေကြောင်း Y House Mandalay မိသားစုမှ ဆုမွန်ကောင်းများတောင်းအပ်ပါသည်။

Address

Kayae Street 4 , Mya Kan Thar Kankok Quarter
Mandalay
95-1

Website

Alerts

Be the first to know and let us send you an email when Y House Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category