Papawady Resort - Maw Tin Soon - မော်တင်စွန်း

  • Home
  • Myanmar
  • Mawdin
  • Papawady Resort - Maw Tin Soon - မော်တင်စွန်း

Papawady Resort - Maw Tin Soon - မော်တင်စွန်း Papawady is a guest house consist of bungalow and single room house.

၀ါဆိုလပြည့်နေ့ ဆုတောင်းမေတ္တာအားလုံးပဲ မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတ...
29/07/2026

၀ါဆိုလပြည့်နေ့ ဆုတောင်းမေတ္တာ
အားလုံးပဲ မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဒီနေ့ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်တဲ့
“ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့” ပဲဖြစ်ပါတယ်။

“ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ဗြာဋိဟာ” ဆိုသောစကားနှင့်အညီ

ဒီကနေ့ဟာ

ဂေါတမမြတ်စွာ ဘုရားလောင်း သေတကေတု နတ်သားစုတေ၍ မယ်တော်မာယာ၏ဝမ်းကြာနုတွင်
ပဋိသန္ဓေ ယူသောနေ့

ဂေါတမ မြတ်စွာဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့

ဓမ္မစင်္ကြာ တရားထူးကို ပထမဦးဆုံး ဟောကြားတော်မူသောနေ့

ရေ၊ မီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်သောနေ့ဖြစ်ပါတယ်။

ဤကဲ့သို့ထူးခြားမှု အပေါင်းနဲ့ ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ်မျိုးမှာ ဘာသာရေးကိုပိုမိုလိုက်စားပြီး ကုသိုလ်ရေး အားထုတ်ဖို့ တိုက်တွန်းလိုက်ရပါသည်။

မြန်မာပြည်သူ၊ ပြည်သားအားလုံး အရာရာကို အသိ၊ သတိဖြင့် ဆင်ခြင်ကာကွယ်နိုင်ကြပြီး ကျရောက်နေတဲ့ ဘေးအန္တရာယ်ခပ်သိမ်းမှ လွတ်ငြိမ်းကင်းဝေးကြပါစေလို့
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာ

#ပပ၀တီဧည့်ရိပ်မွန်မိသားစု

27/07/2026

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်

ပပဝတီဧည့်ရိပ်မွန်တွင် လာရောက်တည်းခိုကြပါသော ဘုရားဖူး မိိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါသည်။
(၇) ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရယ်ကင်း၊ လိုအင်ဆန္ဒများပြည့်ဝကြပါစေ။

မြတ်မော်တင်စွန်းဘုရားအား တနှစ်ပတ်လုံးလာရောက်ဖူးမြော်လို့ရပါသည်။ အခုချိန်လာရောက်ဖူးမြော်လျှင်လူအရမ်းမများသည့်အတွက်စိတ်နှလုံးအေးချမ်းပြီးစိတ်ကြည်နူးစွာဖူးမြော်ပူဇော်နိုင်ပါသည်ရှင်။

09453440128
09691673434
095185529

တို့ဖြင့်သာ ဘိုကင်လက်ခံပါသည်

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော

#ပပဝတီဧည့်ရိပ်မွန်
09453440128 / 09691673434

27/07/2026
ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်နှင့် ပပဝတီ ဧည့်ရိပ်မွန်် ၂၀၂၆ ဇူလိုင်လ ၈ ရက်နေ လာရောက်တည်းခိုကြပါသော ဘုရားဖူး မိိတ်...
09/07/2026

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်နှင့် ပပဝတီ ဧည့်ရိပ်မွန််
၂၀၂၆ ဇူလိုင်လ ၈ ရက်နေ လာရောက်တည်းခိုကြပါသော ဘုရားဖူး မိိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါသည်။
(၇) ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရယ်ကင်း၊ လိုအင်ဆန္ဒများပြည့်ဝကြပါစေ။

မြတ်မော်တင်စွန်းဘုရားအား တနှစ်ပတ်လုံးလာရောက်ဖူးမြော်လို့ရပါသည်။ အခုချိန်လာရောက်ဖူးမြော်လျှင်လူအရမ်းမများသည့်အတွက်စိတ်နှလုံးအေးချမ်းပြီးစိတ်ကြည်နူးစွာဖူးမြော်ပူဇော်နိုင်ပါသည်ရှင်။

09453440128
09691673434
095185529

တို့ဖြင့်သာ ဘိုကင်လက်ခံပါသည်

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော

ပပဝတီဧည့်ရိပ်မွန်
09453440128 / 09691673434

၂၀၂၆ ဇွန်လ ၂၃ ရက်နေ့ ဆံတော်ရှင်  မြတ်မော်တင်စွန်း စေတီတော်နှင့် ပပဝတီဧည့်ရိပ်မွန်လာရောက်တည်းခိုကြပါသော ဘုရားဖူး မိိတ်ဆွေ...
23/06/2026

၂၀၂၆ ဇွန်လ ၂၃ ရက်နေ့ ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်နှင့် ပပဝတီဧည့်ရိပ်မွန်
လာရောက်တည်းခိုကြပါသော ဘုရားဖူး မိိတ်ဆွေများကို ကျေးဇူးအထူးတင်ရှိပါသည်။
(၇) ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရယ်ကင်း၊ လိုအင်ဆန္ဒများပြည့်ဝကြပါစေ။

မြတ်မော်တင်စွန်းဘုရားအား တနှစ်ပတ်လုံးလာရောက်ဖူးမြော်လို့ရပါသည်။ အခုချိန်လာရောက်ဖူးမြော်လျှင်လူအရမ်းမများသည့်အတွက်စိတ်နှလုံးအေးချမ်းပြီးစိတ်ကြည်နူးစွာဖူးမြော်ပူဇော်နိုင်ပါသည်ရှင်။

☎09453440128
☎09691673434
☎095185529

တို့ဖြင့်သာ ဘိုကင်လက်ခံပါသည်

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော
#ပုသိမ်
#ဧရာဝတီတိုင်းဒေသကြီး

ပပဝတီဧည့်ရိပ်မွန်
09453440128 / 09691673434

23/06/2026

ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် (၂၂.၆.၂၀၂၆ )
#ခုနစ်ရက်သားသမီးများအားလုံးစိတ်နှလုံးအေးချမ်းကြပါစေ
#အစစအရာရာအဆင်ပြေအောင်မြင်ကြပါစေ
#အဓိဋ္ဌာန်ဆုတောင်းများလည်းပြည့်ဝကြပါစေ
🙏🙏🙏

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော #ပုသိမ်
#ဧရာဝတီတိုင်းဒေသကြီး

"  #ကောင်းမှုကုသိုလ်များ၏  #အဆင့်အတန်းများကွဲပြားပုံ "ငါဘုရားလောင်း ဝေလာမ ပုဏ္ဏားကြီး ဖြစ်စဥ်ကတစ်သက်လုံး လှူဒါန်းပေးကမ်း...
21/06/2026

" #ကောင်းမှုကုသိုလ်များ၏ #အဆင့်အတန်းများကွဲပြားပုံ "

ငါဘုရားလောင်း ဝေလာမ ပုဏ္ဏားကြီး ဖြစ်စဥ်ကတစ်သက်လုံး လှူဒါန်းပေးကမ်းခဲ့လို့ ရတဲ့ ဒါနကောင်းမှု အားလုံးတို့ထက် ဟောဒီ သာသနာမှာသစ္စာလေးပါးတရားကို ထိုးထွင်းပြီးတော့ သိမြင်ထားတဲ့ သောတာပန်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ပေးလှူရတာက သာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

သောတာပန် အယောက် ၁၀၀ ကို ပေးလှူရတာထက်သကဒါဂါမ် တစ်ဦးတစ်ယောက်ကို ပေးလှူရတာကသာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

သကဒါဂါမ် အယောက် ၁၀၀ ကို ပေးလှူရတာထက်အနာဂါမ် တစ်ဦးတစ်ယောက်ကို ပေးလှူရတာကသာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

အနာဂါမ် အယောက် ၁၀၀ ကို ပေးလှူရတာထက်ရဟန္တာ တစ်ဦးတစ်ယောက်ကို ပေးလှူရတာကသာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

ရဟန္တာ အပါး ၁၀၀ ကို ပေးလှူရတာထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရတာက သာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

ပစ္စေကဗုဒ္ဓါ အပါး ၁၀၀ ကို ပေးလှူရတာထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ပေးလှူရတာက သာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှုကို ပြုရာရောက်တယ်။

သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို ပေးလှူရတာထက်ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာကို ပေးလှူရတာကသာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကောင်းမှု ဖြစ်သွားပြန်တယ်။ ဒါကျတော့ မြတ်စွာဘုရားနဲ့ သံဃာ့အဖွဲ့အစည်းပါ ပါသွားတာပေါ့။

မြတ်စွာဘုရားက ဆက်ပြောတယ်။ ဘုရားအမှူးရှိတဲ့ ရဟန်းသံဃာကို ကျောင်းဆောက်ပြီးလှူမယ် ဆိုလို့ရှိရင် အဲဒါ တန်ဖိုးအကြီးမားဆုံး ဒါနကောင်းမှု ဖြစ်သွားတယ်တဲ့။

မြတ်စွာဘုရားက ဆက်ပြီးတော့ ကုသိုလ်ကောင်းမှုတွေရဲ့ တန်ဖိုးအနိမ့်အမြင့်ကို ပိုင်းခြားဝေဖန်ပြပြန်တယ်။

ဘုရားအမှူးပြုတဲ့ ရဟန်းသံဃာကို ကျောင်းကြီးဆောက်ပြီးလှူရလို့ ဖြစ်တဲ့ ကုသိုလ်ကောင်းမှုထက်ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူးကို သိမြင် နားလည်ပြီးတော့ ကြည်ညိုစိတ်နဲ့ဆောက်တည်ထားတဲ့ သရဏဂုံသုံးပါးက သာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကုသိုလ်ကောင်းမှု ဖြစ်တယ်။

ကြည်ညိုစိတ်နဲ့ ဆောက်တည်ထားတဲ့ သရဏဂုံသုံးပါးထက် ကြည်ညိုစိတ်နဲ့ ဆောက်တည်ကျင့်သုံးတဲ့ ငါးပါးသီလက သာလွန်ပြီးတော့ တန်ဖိုးကြီးမားတဲ့ ကုသိုလ်ကောင်းမှု ဖြစ်တယ်။

ကြည်ညိုစိတ်နဲ့ ဆောက်တည်ကျင့်သုံးတဲ့ ငါးပါးသီလထက် သာလွန်မြင့်မားတဲ့ ကုသိုလ်ကုသိုလ်ကောင်းမှုက ဘာလဲဆိုတော့ မေတ္တာတရားပဲ။ မေတ္တာဆိုတာ သတ္တဝါတွေရဲ့ အပေါ်မှာ ချမ်းသာစေလိုတဲ့ စိတ်ထားလေးကို ပြောတာ။ မေတ္တာတရားက ဘယ်လောက်တောင် တန်ဖိုးရှိသလဲ ဆိုလို့ရှိရင် မြတ်စွာဘုရားက နံ့သာ တစ်ရှူတရှိုက်မျှ ကာလ၌ မေတ္တာစိတ်ကို ဖြစ်စေငြားအံ့။ အဲဒါဟာ ငါးပါးသီလကို ဖြူစင်သန့်ရှင်းအောင် ဆောက်တည်ကျင့်သုံးထားတဲ့ ကုသိုလ်ကောင်းမှုထက် သာလွန်တဲ့ ကောင်းမှု ဖြစ်သွားပြန်တယ်။

အဲဒီလောက် မြင့်မြတ်ပြီး တန်ဖိုးကြီးတဲ့ မေတ္တာထက်သာလွန်မြင့်မားတဲ့ ကောင်းမှုလည်း ရှိသေးတယ်။အဲဒီကောင်းမှုက ဘာလဲဆိုတော့ အနစ္စသညာ တဲ့။အနိစ္စဆိုတာ မတည်မြဲခြင်း၊ သညာဆိုတာ အမှတ်ရတာ။ မတည်မြဲခြင်းကို အမှတ်ရနေတာ။

မမြဲခြင်းတရားကို အမှတ်ရနေရတဲ့ အမြင့်မြတ်ဆုံး ကုသိုလ်ကောင်းမှုကို ရဖို့အတွက် ဘယ်နည်းနဲ့ ရှာဖွေကြရမလဲလို့ မေးရင်တော့ သတိပဋ္ဌာန် ဘာဝနာဆိုတဲ့ နည်းလမ်းနဲ့ ရှာဖွေကြရမယ်။

#သစ္စာရွှေစည်ဆရာတော်ဘုရား
#အရှင်ဦးဥတ္တမ

 #ခုနစ်ရက်သားသမီးများအားလုံးစိတ်နှလုံးအေးချမ်းကြပါစေ #အစစအရာရာအဆင်ပြေအောင်မြင်ကြပါစေ #အဓိဋ္ဌာန်ဆုတောင်းများလည်းပြည့်ဝကြပ...
17/06/2026

#ခုနစ်ရက်သားသမီးများအားလုံးစိတ်နှလုံးအေးချမ်းကြပါစေ
#အစစအရာရာအဆင်ပြေအောင်မြင်ကြပါစေ
#အဓိဋ္ဌာန်ဆုတောင်းများလည်းပြည့်ဝကြပါစေ
🙏🙏🙏
09453440128
09691673434
09760143439
095185529
တို့ဖြင့်သာ ဘိုကင်လက်ခံပါသည်

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော #ပုသိမ်
#ဧရာဝတီတိုင်းဒေသကြီး

နေ့ထူးနေ့မြတ် "ကဆုန်လပြည့် ဗုဒ္ဓနေ့"ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားမွန်မြတ်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဂ...
30/04/2026

နေ့ထူးနေ့မြတ် "ကဆုန်လပြည့် ဗုဒ္ဓနေ့"
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားမွန်မြတ်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားနဲ့ ပတ်သက်ပြီး...
ဗျာဒိတ်ခံယူသည့်နေ့
ဖွားမြင်တော်မူသည့်နေ့
ဘုရားဖြစ်တော်မူသည့်နေ့
ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ ဆိုတဲ့ အကြောင်းအရာ (၄) ချက်ဟာ ကဆုန်လပြည့်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တာကြောင့် "ဗုဒ္ဓနေ့" လို့ ကမ္ဘာကပါ သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း ဗောဓိညောင်ပင်တွေကို ညောင်ရေသွန်းလောင်းရင်း ကုသိုလ်ယူကြသလို၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုရင်း စိတ်၏ငြိမ်းချမ်းခြင်းကို ရှာဖွေနိုင်ကြပါစေ။

 #ပပဝတီဧည့်ရိပ်မွန်တွင်လာရောက်တည်းခိုခဲ့ကြသော #ဘုရားဖူးဧည့်သည်တော်များအားပပဝတီဧည့်ရိပ်မွန်မိသားစုမှကျေးဇူးတင်ပါသည်ရှင် (...
27/04/2026

#ပပဝတီဧည့်ရိပ်မွန်တွင်လာရောက်တည်းခိုခဲ့ကြသော
#ဘုရားဖူးဧည့်သည်တော်များအားပပဝတီဧည့်ရိပ်မွန်မိသားစုမှကျေးဇူးတင်ပါသည်ရှင် (25.4.2026)

09453440128
09691673434
09760143439
095185529
တို့ဖြင့်သာ ဘိုကင်လက်ခံပါသည်

#မဟာမကုဋရံသီဆံတော်ရှင်
#မြတ်မော်တင်စွန်းဘုရား
#မော်တင်စွန်းကမ်းခြေ
#ဟိုင်းကြီးကျွန်းမြို့
#ငပုတော #ပုသိမ်
#ဧရာဝတီတိုင်းဒေသကြီး

Address

Maw Tin Soon Pagoda Street
Mawdin

Alerts

Be the first to know and let us send you an email when Papawady Resort - Maw Tin Soon - မော်တင်စွန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Papawady Resort - Maw Tin Soon - မော်တင်စွန်း:

Shortcuts

Share

Category