AMN book rental shop

AMN book rental shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMN book rental shop, E 1 , Shwe Thazin Quarter, Mawlamyaing.

မင်္ဂလာပါ အောင်မိုးညွှန်အရုပ်ဆိုင်ကို 2001 ကနေ စတင်ခဲ့ပါတယ် သင်ထောက်ကူလေးများကိုတော့ Online ကနေ 2020 မှာ တဖြည်းဖြည်းတိုးချဲ့ရောင်းလာခဲ့ပါတယ် အခုတခါ 2021,nov မှာ ကလေးများအတွက် စာအုပ်လေးကို အငှားဆိုင်ဖြစ် တိုးချဲ့ဖွင့်လှစ်လာပါတယ် ရည်ရွယ်ချက်က စာလေးများ စာဖတ်စွမ်းရည် မြင့်တက်လာစေရန်ဖြစ်ပါတယ် .

16/11/2024
17/11/2021
ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ...
15/11/2021

ဘာလို့ ပုံပြင်တွေဟာ ကလေးတွေဉာဏ်ရည် ဖွံဖြိုးရေးအတွက် အရေးပါတာလဲ

ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ အခန်းက ပါဝင်နေပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ ပုံပြင်ထဲက ဇါတ်ကောင်တွေဟာ ကလေးတွေအတွက်တော့ သူတို့ရဲ့ သူငယ်ချင်းကောင်း တွေပါပဲ။ ပုံပြင်စာအုပ်တွေ ဖတ်ရှုရာကတဆင့် ကလေးတွေဟာ စာအုပ်ကောင်းလေးတွေ ရွေးချယ်ဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိလာ နိုင်ပါတယ်။ စာအုပ်တွေကနေ ဘဝမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ အချက်အလက်တွေ ရှာဖွေနိင်တယ်ဆိုတာ ကလေးတွေ နားလည်လာ စေပါတယ်။ ပုံပြင်တွေကပေးတဲ့ အကျင့်စာရိတ္တဆိုင်ရာ သင်ခန်းစာ တွေကလဲ ကလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးတွေအဖြစ် ပြုစုပျိုးထောင်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေနိုင်တယ်
ပုံပြင်စာအုပ်တွေကို စိတ်ဝင်တစား ဖတ်ရှုရာကနေ စာဖတ်စွမ်းအား တိုးတက်လာ စေပါတယ်။ စာဖတ်အား တိုးတက်လာတဲ့အတွက် ကလေးဟာ ငါစာကောင်းကောင်း ဖတ်နိုင်တယ်ဆိုပြီး ကိုယ့်အစွမ်းအစကို ယုံကြည်မှု ရလာပါတယ်။ ကျောင်းစာမှာလဲ စာဖတ်အားကောင်းတဲ့အတွက် အလွယ်တကူ လိုက်နိုင်ပါတယ်။ နောက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနဲ့ ယုံကြည်မှု ရှိဖို့ အထောက်အကူ ပြုတဲ့ အချက်တစ်ချက်ကတော့ ဒီလူ့ပတ်ဝန်းကျင်မှာ ကိုယ်ကဘယ်အခန်းက ပါဝင်လဲ ဆိုတဲ့ သိနားလည်မှုပဲ ဖြစ်ပါတယ်။ ဒီလိုကိုယ့်ရဲ့ အခန်းကို ရှာဖွေတွေ့ရှိ အောင်လို့ ပုံပြင်စာအုပ်တွေက ကလေးတွေကို အခြားသူတွေရဲ့ အကြောင်းအရာတွေနဲ့ အခြားနိုင်ငံတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မိတ်ဆက်ပေးခြင်းအားဖြင့် ကူညီပေးပါတယ်။

ဘာသာစကားကို ကျွမ်းကျင်လာစေတယ်၊ ကလေးတွေကိုလဲ ဘဝသင်ခန်းစာတွေ သင်ကြားပေးနိုင်တယ်
ပုံပြင်တွေဟာ ကလေးတွေကို စကားလုံးအသစ်တွေနဲ့ မိတ်ဆက်ပေးသလို စကားလုံးတွေ၊​ ဝါကျတွေ ဖွဲ့စည်းတည်ဆောက်ပုံ၊ သုံးစွဲပုံတွေကိုလဲ သင်ကြားပေး နိုင်ပါတယ်။ ကလေးငယ်ငယ်မှာ ရုပ်ပုံစာအုပ်တွေကစလို့ ဆယ်ကျော်သက်မှာ ဝတ္ထုစာအုပ်တွေနဲ့ ထိတွေ့တဲ့ အချိန်အထိ ကလေးတွေကို စကားလုံးတွေ၊ စာအရေးအသားတွေနဲ့ တဆင့်ချင်း မိတ်ဆက်ပေး သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေကို ပုံပန်းတွေ၊ အရွယ်အစား၊ အကြီးအသေး အနိမ့်အမြင့် နှိုင်းယှဉ်မှု၊ အရောင်တွေ၊ ဂဏန်းတွေ၊ အရာဝတ္ထုတွေရဲ့ အမည်တွေ၊ ကြိယာ (verb) တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါဟာ အင်္ဂလိပ်စာလို မိခင်ဘာသာစကား မဟုတ်တဲ့ ဘာသာစကားတစ်ခုကို လေ့လာရာမှာ အလွန်အရေးပါပါတယ်။ ကလေးတွေကို နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကိုလဲ သင်ပေးနိုင်ပါတယ်။ ဥပမာ သွားတိုက်တာ၊ ရေချိုးသန့်စင်တာ၊ ထမင်းစားတာ အစရှိ သဖြင့်ပေါ့။

ဒါတင်မက သေးပါဘူး။ နက်နဲတဲ့ သဘောတရားတွေ ဖြစ်တဲ့ တပါးသူအပေါ် ကျင်နာသနား တတ်တဲ့ စိတ်ဓါတ်၊ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်၊ ကစားစရာနဲ့ မုန့်တွေကို အခြားသူငယ်ချင်းတွေ ညီအကို မောင်နှမတွေနဲ့ ဝေမျှ ကစားတတ်၊ စားသုံးတတ်တဲ့ အကျင့်စားရိုက်တွေ၊ အစရှိတာမျိုးတွေကိုလဲ သင်ကြားပေး နိုင်ပါတယ်။

တကယ့်အဖြစ်အပျက်တွေ အပေါ် အခြေခံတဲ့ ပုံပြင်တွေဟာ ကလေးတွေကို အခြားသူတွေရဲ့ ဘဝအကြောင်းအရာတွေကို သင်ကြားပေး နိုင်ပါတယ်။ ကလေးတွေဟာ ကမ္ဘာ့တခြားအရပ်က လူတွေရဲ့ အကြောင်းတွေ သိလာလို့ ဗဟုသုတ ရလာသလို ဘဝအကြောင်းလဲ နားလည်လာနိုင်တယ်။

ဒီလို ပုံပြင်တွေကတဆင့် သင်ကြားရာမှာ အရေးအပါဆုံး အချက်ကတော့ ကျောင်းမှာ စာသင်သလိုမျိုး သင်တာ မဟုတ်ပဲ စိတ်ဝင်စားဖွယ် ပုံပြင်တွေကတဆင့် မသိမသာ သင်ကြားပေးသွားတာ ဖြစ်လို့ ကလေးတွေဟာ သူတို့မသိလိုက်ပဲ အတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာကောင်းတွေကို ရရှိသွား စေတာပဲ ဖြစ်ပါတယ်။

ကလေးကို စိတ်လက်ပျော်ရွှင်စေတယ်
ပုံပြင်တွေ ဖတ်ရှုရာမှာ ချက်ချင်းရရှိတဲ့ အကျိုးကျေးဇူးကတော့ ကလေးကို စိတ်ပျော်ရွှင် စေတာပါပဲ။ အထူးသဖြင့် ကလေးအိပ်ရာမဝင်မီမှာ ပုံပြင်ဖတ်ပြ ခြင်းအားဖြင့် ကလေးကို စိတ်ပျော်ရွှင်လာစေပြီး ကောင်းကောင်းအိပ်ပျော်အောင် အားပေးပါတယ်။ ကလေးတွေဟာ နေ့အချိန် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ စိတ်ဝမ်းနည်းရမှုတွေကို ခနတာ မေ့ပျောက်သွားပြီး ပုံပြင်ထဲမှာ စိတ်ဝင်စား သွားပြီး သူစိတ်ညစ်တာတွေကို ခနတာ မေ့လျှော့သွား စေပါတယ်။

စိတ်ကူးဉာဏ်ကို ရင့်သန်စေတယ်
ပုံပြင်စာအုပ်တွေဟာ ကလေးတွေကို စိတ်ကူးယဉ် ကမ္ဘာထဲကို ခေါ်ဆောင်သွားပါတယ်။ အခြားကမ္ဘာက ဂြိုလ်သားတွေ၊ စိတ်ကူးယဉ် ကမ္ဘာထဲက တိုင်းပြည်တွေ၊ ရှေးအတိတ်က ကမ္ဘာ့ အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ် ဇတ်ကောင်တွေနဲ့ ကလေးကို မိတ်ဆက်ပေးပါတယ်။ ဒါတွေဟာ ကလေးတွေရဲ့ စိတ်ကူးယဉ်မှုကို ရင့်သန်စေပါတယ်။ ကလေးဘဝက စိတ်ကူဉာဏ် ကွန်းမြူးနိုင်ခွင့်ဟာ အသက်ကြီးလာတဲ့အခါမှာ ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း (creativity) ဖွံဖြိုးမှုကို အားပေး အထောက်အကူ ပြုပါတယ်။ ဒီခေတ်ကြီးမှာ အောက်မြင်မှု ရဖို့ဆိုတာ creativity ရှိမှုပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒီ တီထွင်ဖန်တီးနိုင်စွမ်း ဖွံဖြိုးဖို့ ပုံပြင်စာအုပ်တွေက အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။

ကလေးရဲ့ ခံစားချက်တွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူပြုတယ်
ကလေးတွေက ပုံပြင်ထဲက ဇါတ်ကောင်တွေရဲ့ စိတ်ခံစာရမှုတွေကို ဖတ်ရှုရတဲ့ အခါမှာ သူတို့ရဲ့ အလားတူ ကြုံတွေ့ရတဲ့ ခံစာမှုတွေကို နားလည် သဘောပေါက်လာအောင် အထောက်အကူ ဖြစ်စေပါတယ်။ ပုံပြင်ထဲက ဇါတ်ကောင်တွေ ဝမ်းနည်းတာ၊ ပူဆွေးတာ၊ ငိုကျွေးတာတွေကို ဖတ်ရှုရတာဟာ သူတို့ရဲ့ အလားတူ ခံစားရ မှုတွေကို နားလည်သဘောပေါက် လာစေပါတယ်။ ဒီလိုခံစားရတာဟာ သူတို့တစ်ယောက်ထဲ မဟုတ်ပါလား ဆိုတဲ့ အသိအမြင်ကို ရရှိလာပါတယ်။ ပုံပြင်ထဲက ဇါတ်ကောင်တွေရဲ့ စိတ်ခံစားချက်တွေကို တုံ့ပြန်မှုတွေက ကလေးတွေကို ဒီလို စိတ်ခံစားချက်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သင်ပေးနိုင်ပါတယ်။ ကလေးကို စိတ်ခံစားချက်တွေကို ရင်ဆိုင်နိုင်အောင်၊ ခံနိုင်ရည်ရှိလာအောင် အကူအညီ ပေးနိုင်ပါတယ်။

ပုံပြင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာ ဖွံဖြိုးရေးအတွက် အလွန်အရေးပါပါတယ်။ ဒါ့ကြောင့် ဒီနေ့ပဲ သင့်ကလေးကို ပုံပြင်လေးတွေ စတင်ပြီး ဖတ်ပြပါ။ ပြောပြပါ။ နောက်နေ့ကို မဆိုင်းနေ ပါနဲ့တော့။🤗🤗

Credit to original writer

05/11/2021

Baby Duck
Finger puppet Book
Suitable age 9 month to 3 years
Contact no 09978611240

04/11/2021

ဖော့စာအုပ်
6 လအထက် ကလေးများအတွက် အဆင်ပြေပါတယ်
ကိုက်လို့ရပါတယ်
ငှားလို့ပါက 09978611240 ကိုဆက်သွယ်ငှားနိုင်ပါတယ်
အိမ်တွင်ကိုယ်တိုင် လာရောက်ငှားရမ်းလို့ပါက
No5. သာယာကုန်း ၀တ်ကြီးဘုရားလမ်း မြန်မာစီးပွါးရေးဘဏ်အနီးပါ
လာခါနီး ဖုန်းကြိုဆက်ပေးပါ

Address

E 1 , Shwe Thazin Quarter
Mawlamyaing
110101

Website

Alerts

Be the first to know and let us send you an email when AMN book rental shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMN book rental shop:

Share