23/01/2020
ခရီးသွားခြင်း (1)
Htun Yadanar Motel,
Mawlamyine.
လူတွေရဲ့ စိတ်ဝင်စားမှု ခံစားချက် လုပ်ဆောင်နိုင်စွမ်းတွေမတူကြသလို ခရီးသွားတဲ့ပုံစံ ခရီးသွားတဲ့ရည်ရွယ်ချက် ခရီးသွားတဲ့ကြာချိန်တွေ ကွဲပြားခြားနားကြပါတယ်။
တခါမှာ ဆွေမျိုးတွေ အလည်လာပါတယ်။ တောင်ပေါ်ဘုရားတွေလိုက်ပို့ (သူတို့မရောက်ဖူးတဲ့) ကော့ဂွန်းဂူ ရသေပျံဂူ ကျောက်ကလပ်လိုက်ပို့ပါတယ်။ ကော့ဂွန်းဂူရောက်တော့ ရှေ့ဟောင်းတွေ သမိုင်းတွေ စိတ်ဝင်စားပုံမရပါဘူး။ ရသေပျံဂူရောက်တော့ အပေါ်တောင်မတက်တော့ပဲ အောက်မှာတင်ထိုင် စကားပြောနေကြပါလေရော။ သူတို့ရဲ့စိတ်ဝင်စားရာနဲ့ရည်ရွယ်ချက်က အလည်လာတယ် ရှေးဟောင်းနှောင်းဖြစ် စကားတွေအများကြီးပြောမယ် စားကြမယ်သောက်ကြမယ် ဈေးဝယ်မယ် ဆိုတာပါပဲ။
တခါမှာ ဘန်ကောက်ခရီးစဉ်တခုကို သားနှစ်ယောက်နဲ့သွားပါတယ်။ ခရီးစဉ်က ဈေးတွေ တဈေးပြီးတဈေးလိုက်ပို့ပါတယ်။ ကလေးတွေက ဈေးတခုရောက်တာနဲ့ အပေါ်ဆုံးထပ်ကို တောက်လျောက်တက်ပါတယ်။ အပေါ်ဆုံးထပ်မှာ ကစားကွင်းနဲ့ ဂိမ်းဆိုင်တွေရှိတယ်လေ။ သူတို့စိတ်ဝင်စားတာက ကစားကွင်း ဂိမ်းဆိုင်နဲ့ Zoo ဖြစ်ပါတယ်။ မြဘုရားလည်း စိတ်မဝင်စားပါဘူး။ အဆောက်အဦး လက်ရာတွေ လှုပ်ရှားသွားလာနေတဲ့ လူတွေကိုလည်း စိတ်မဝင်စားပါဘူး။
နောက်အပိုင်းတွေမှာ ကိုယ်က ဘယ်လိုခရီးသွားတာမျိုးနဲ့သင့်လျော်သလဲ ဆိုတာကိုခန့်မှန်းနိုင်ဖို့ ကွဲပြားတဲခရီးသွားပုံစံတွေအကြောင်း တင်ဆက်သွားပါမယ်။
Htun Yadanar Motel.
05725575, 05725425
Kyaikthanlan Pagoda St
Mawlamyine, Mon State.
#ခရီးသွားလုပ်ငန်း
#ဟိုတယ်