06/12/2020
🏕❤️❤️
တစ်နေ့မှာ ချစ်တဲ့သူတွေနဲ့ တူတူသွားချင်တဲ့ Camping 🏕
ရေကြည်ကြည်လေးတွေ စီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးမှာ ထင်းရှူးနံ့သင်းသင်းလေးနဲ့ camp fire လေးလုပ်ရင်း မီးခိုးနံ့သင်းနေမယ့် မျက်နှာလေးတွေကို အချင်းချင်းကြည့် ရီမောကြမယ်
သီချင်းလေး ခပ်တိုးတိုးဖွင့် ညနေ ဆည်းဆာချိန်ကို ကမ်းစပ်ပေါ်ကနေ ထိုင်ငေးရင်း ညနေကျရင် စားဖို့အတွက် အကင်တွေကင်ကြမယ်
ညဘက် ကြယ်တွေစုံလာရင် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကို လိုက်ရေရင်း မြက်ခင်းပေါ်ကြောဆန့် လမင်းကြီးထွက်လာတဲ့အထိ ကောင်းကင်ကြီးကို လွမ်းလွမ်းဆွတ်ဆွတ် ထိုင်ငေးမယ်
ပိုးစုန်းကြူးလေးတွေအလင်းနောက်လိုက်ရင်း သဲသောင်ပြင်ပေါ် နှင်းတွေနဲ့စိုနေတဲ့မြက်ခင်းတွေပေါ်မှာ ခြေဗလာနဲ့ လရောင်အောက်မှာ လမ်းနည်းနည်းလျှောက်မယ်
သစ်ရွက်လေတိုးသံ ပိုးကောင်လေးတွေ အိပ်နေတဲ့အသံ ဖားအော်သံလေးတွေ ငြိမ်ငြိမ်သက်သက် နားထောင်ရင်း သီချင်းတိုးတိုးလေးငြီးနေမယ်
နည်းနည်းလေး အေးလာတဲ့အချိန် နွေးအောင် မီးဖိုဘေးမှာ မီးလှုံရင်း ဝိုင်ခွက်လေးတွေကိုင် တူတူရှိမယ့်သူတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ဟာသတွေပြောရင်း တူတူသီချင်းတွေဆို Game လေးတွေ အပျော်ဆော့ပေါ့
ပီးရင် နွေးထွေးတဲ့ campfire ဘေးမှာ mashmello လေးတွေကင်ရင်း Hot Chocolate ပူပူလေးသောက် sleeping bag ထဲ အသီးသီးလျိုဝင်ရင်း တစ်ညတာကို အေးအေးချမ်းချမ်းကုန်ဆုံးကြမယ်
🌤🌞 မနက်ခင်းကို နှင်းတွေနဲ့ စိုစွတ်နေတဲ့ Tent တဲလေးထဲကထွက် နေရောင်ခြည်လေး မဆိုသလောက်ထွက်လာတာကို စောင်လေးထူထူချုံရင်း အိပ်ချင်မူးတူးမျက်လုံးတွေပွတ်ကြည့်ပီး တစ်ချက် ပြုံးမိမယ်
ပြီးရင် ရေနွေးပူပူလေးတည် အငွေ့တစ်ထောင်းထောင်းနဲ့ ကော်ဖီလေးသောက်ရင်း မနက်စာကို ပေါင်မုန့်မီးကင်ကို ထောပတ်လေးသုတ် ကြက်ဥ scrambled လေးcheese နဲ့ကြော်စားမယ်
နေလေးနည်းနည်းမြင့်လာရင် ရှေ့ကစမ်းချောင်းလေးထဲဆင်းရေစိမ်ရင်း အနားက ဖြတ်သွားတဲ့ ငါးဖမ်းလှေလေးတွေကို လက်ပြနှုတ်ဆက်မယ်
နေ့ခင်းနေ့လည်တွေဆို သစ်ပင်ရိပ် ဝါးရိပ်အောက်မှာ ဖျာလေးခင်း ဒါမှမဟုတ် ပုခက်လေးပေါ်မှာ လေတစ်ဖြူးဖြူးခံရင်း စာအုပ်လေးတစ်အုပ်ဖတ်ပီး တစ်ရေးတစ်မောအိပ်မယ်...
ဗိုက်ဆာလာရင် ရွာထဲက စိုက်ခင်းတွေသွား ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ပြောင်းဖူးတွေကိုယ်တိုင်လိုက်ချိုးရင်း ဒေသခံတွေနဲ့ စကားပြော သူတို့တိုက်တဲ့ အကြမ်းရေလေးနဲ့ လက်ဖက်သုပ်လေးထိုင်စားမယ်
ဒီလိုအေးချမ်းပီး စိတ်ရဲ့ အနှောင်အဖွဲ့တွေ အပူအပင်တွေဝေးရာ ပျော်ရွှင်အေးချမ်းစရာ နေရာလေးမှာ အော့ကျိဟာ သဘာဝရဲ့ လွတ်လပ်တဲ့ အရသာကို ခံစားရင်း Camping လုပ်ချင်တယ်
Instagram .diarymm