Hotel Pan Thitsar

Hotel Pan Thitsar In Pyin Oo Lwin, Hotel Pan Thitsar warmly welcome to you. Rooftop Bar with Pool and Unplugged Music

မိသားစုလိုက် ခရီးသွားတဲ့အခါ အခက်ဆုံးက ဘာများဖြစ်မလဲ ❓လူကြီး၊ လူငယ်၊ ကလေး အကြိုက်ချင်းမတူလို့ ဘယ်ဟိုတယ်မှာ တည်းရမလဲဆိုပြီ...
24/08/2026

မိသားစုလိုက် ခရီးသွားတဲ့အခါ အခက်ဆုံးက ဘာများဖြစ်မလဲ ❓

လူကြီး၊ လူငယ်၊ ကလေး အကြိုက်ချင်းမတူလို့ ဘယ်ဟိုတယ်မှာ တည်းရမလဲဆိုပြီး ရွေးရခက်တဲ့ ပြဿနာပါပဲ … ။

တစ်ယောက်တစ်ပေါက် အကြိုက်မတူလို့ ခေါင်းစားနေရပြီဆိုရင်တော့ မိသားစုဝင်အားလုံးရဲ့ လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးမယ့် Hotel Pan Thitsar ရှိပါတယ်နော်။ 😇

Hotel Pan Thitsar မှာ မိသားစုဝင် တစ်ယောက်ချင်းစီတိုင်းအတွက် ဘယ်လိုအရာတွေက အကြိုက်တွေ့စေမလဲဆိုရင်...

🎬 ဆယ်ကျော်သက်တွေအတွက်
အခန်းထဲမှာပဲ ဇိမ်ကျကျလှဲနေရင်း ကိုယ်အကြိုက်ဆုံး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေကို စိတ်ကြိုက်ကြည့်ရှုနိုင်ဖို့ အခန်းတိုင်းမှာ Netflix ပါဝင်တဲ့ Smart TV တွေ စီစဉ်ပေးထားပါတယ်။

🏊 ကလေးငယ်တွေအတွက်
ရေဆော့ရတာ ဝါသနာပါတဲ့ သားသားမီးမီးတို့ စိတ်ကြိုက်ပျော်ရွှင်နိုင်ဖို့ သန့်ရှင်းပြီး လုံခြုံစိတ်ချရတဲ့ ရေကူးကန် ရှိပါတယ်။

🍹 လူလတ်ပိုင်းတွေအတွက်
တစ်နေ့တာ လည်ပတ်ပြီးလို့ ညဘက်လေညင်းခံရင်း အေးအေးဆေးဆေး စကားစမြည်ပြောဖို့ Rooftop Bar လေးက အသင့်စောင့်ကြိုနေပါတယ်။

🏛️ လူကြီးမိဘတွေအတွက်
လှပတဲ့ ရှုခင်းလေးတွေကို ငေးမောရင်း စိတ်အေးချမ်းသာစွာ အနားယူနိုင်မယ့် ခမ်းနားထည်ဝါတဲ့ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံကြီးနဲ့ သဘာဝအလှတရားတွေက လူကြီးတွေရဲ့ စိတ်ကို အပြည့်အဝ ကျေနပ်စေမှာ အသေအချာပါပဲ။

ဒါကြောင့် မိသားစုဝင်တွေအားလုံး ပြည့်ပြည့်စုံစုံနဲ့ ပျော်စရာကောင်းတဲ့ ပြင်ဦးလွင်ခရီးစဉ်လေးကို ဖန်တီးချင်တယ်ဆိုရင်တော့ Hotel Pan Thitsar မှာ အခုပဲ အခန်းလေးတွေ ကြိုတင် Booking လုပ်
လိုက်ရအောင်နော်​။ 🤗

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791, 085-2023384, 085-2023380, 085-2023381, 085-2023382
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar


ခရီးတစ်ခုထွက်တယ်ဆိုတာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ပါ ....။ဒါပေမဲ့ တချို့ခရီးတွေက ပြန်ခါနီးအချိန်ရောက်ရင် "မပြန်ချင်သေး...
22/08/2026

ခရီးတစ်ခုထွက်တယ်ဆိုတာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ပါ ....။

ဒါပေမဲ့ တချို့ခရီးတွေက ပြန်ခါနီးအချိန်ရောက်ရင် "မပြန်ချင်သေးဘူး" ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။

အဲ့ဒီလို အမှတ်တရကောင်းတွေနဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တာကတော့ တည်းခိုရတဲ့နေရာရဲ့ နွေးထွေးမှုကြောင့်ပါပဲ။

ပြင်ဦးလွင်ကို လာရောက်လည်ပတ်ရင်း Hotel Pan Thitsar မှာ တည်းခိုခဲ့တဲ့ ဧည့်သည်တိုင်းကတော့ ခရီးစဉ်ပြီးဆုံးလို့ အိမ်ပြန်တဲ့လမ်းမှာတောင် အပြုံးပန်းလေးတွေနဲ့အတူ စိတ်ကျေနပ်မှု အပြည့်အဝကို ရရှိသွားကြပါတယ်။

ဘာကြောင့်လဲဆိုရင်...

💁‍♀️ ဟိုတယ်ကို စတင်ခြေချလိုက်ကတည်းက ကိုယ့်အိမ်ကို ပြန်ရောက်သွားသလို ခံစားရစေမယ့် Hotel Pan Thitsar ဝန်ထမ်းတွေရဲ့ လှိုက်လှဲပျူငှာမှုနဲ့ အသေးစိတ်ကအစ ဂရုတစိုက် ဝန်ဆောင်မှုပေးမှုတွေကြောင့်ပါ။

🍳 ပြင်ဦးလွင်ရဲ့ အေးချမ်းတဲ့ မနက်ခင်းလေးကို ခွန်အားတွေ အပြည့်နဲ့ စတင်နိုင်ဖို့ လတ်ဆတ်ပြီး အရသာရှိလွန်းတဲ့ မနက်စာဘူဖေးလေးကို စီစဉ်ပေးထားလို့ပါ။

🛏️ တစ်နေကုန် လည်ပတ်ထားသမျှ ပင်ပန်းနွမ်းနယ်မှုတွေကို အပြည့်အဝ အနားယူနိုင်ဖို့ သန့်ရှင်းသပ်ရပ်ပြီး သက်သောင့်သက်သာရှိတဲ့ အခန်းလေးတွေ ဖန်တီးပေးထားလို့ပါပဲ။

ဒီလို ပြည့်စုံလွန်းတဲ့ ဝန်ဆောင်မှုတွေကြောင့် Hotel Pan Thitsar ကနေ ပြန်လည်ထွက်ခွာသွားတဲ့ အိမ်ပြန်လမ်းတိုင်းဟာ စိတ်ကျေနပ်မှုတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပါပဲ။ 🤗

ပြင်ဦးလွင်ခရီးစဉ်လေးအတွက် အပြည့်စုံဆုံးနဲ့ အနွေးထွေးဆုံး တည်းခိုရာနေရာလေးကို ရှာနေတယ်ဆိုရင်တော့ Hotel Pan Thitsar ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။ 🙌

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


ပြင်ဦးလွင်မိုးက အချစ်ဦးကို သတိရစေတယ်ဆို ❓❤️‍🩹ပြင်ဦးလွင်ကို ရောက်ဖူးသူတိုင်း သိကြမှာပါ … အေးစက်စက် လေပြေနဲ့အတူ ကျဆင်းလာတဲ...
20/08/2026

ပြင်ဦးလွင်မိုးက အချစ်ဦးကို သတိရစေတယ်ဆို ❓❤️‍🩹

ပြင်ဦးလွင်ကို ရောက်ဖူးသူတိုင်း သိကြမှာပါ … အေးစက်စက် လေပြေနဲ့အတူ ကျဆင်းလာတဲ့ မိုးပေါက်လေးတွေရယ်၊ မြူခိုးတွေ ဆိုင်းနေတဲ့ ထင်းရှူးတောတွေရယ်က ရင်ထဲက အလွမ်းဓာတ်ကို ပိုပြီး နိုးဆွပေးတတ်တယ်ဆိုတာကိုပေါ့ …. ။

တစ်ခါတစ်ရံ ကော်ဖီပူပူလေး တစ်ခွက်နဲ့ပြတင်းပေါက်အပြင်ဘက်က မိုးရေစက်တွေကို ငေးကြည့်နေမိတဲ့အခါ... သတိရစရာ အမှတ်တရဟောင်းလေးတွေ၊ လွမ်းမောစရာ အချစ်ဦးရဲ့ ပုံရိပ်လေးတွေက ခေါင်းထဲကို အလိုလို ရောက်လာတတ်ပါတယ်။

ဒီလိုမျိုး ဆွေးဆွေးမြည့်မြည့် ခံစားချက်လေးကို အပြည့်အဝ ခံစားရင်း ပြင်ဦးလွင်ရဲ့ အေးမြတဲ့ ရာသီဥတုကို အလှပဆုံး ခံစားနိုင်ဖို့ အတွက်ကတော့ Hotel Pan Thitsar ရှိပါတယ်။

🌧️ မိုးသံလေးကို နားထောင်ရင်း နွေးနွေးထွေးထွေး အိပ်စက်နိုင်မယ့် သက်သောင့်သက်သာရှိတဲ့ အခန်းလေးမှာ
🌿 သဘာဝနဲ့ အနီးကပ်ဆုံးရှိနေပြီး စိတ်ကို အေးချမ်းစေမယ့် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့
✨ လွမ်းမောစရာ အမှတ်တရတွေကို ပြန်လည်တမ်းတရင်း...အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေဖို့ Hotel Pan Thitsar ကို အခုပဲ လှမ်းလာခဲ့လိုက်ပါနော်။ 🤗

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


Trekking သွားရတာကြိုက်သူလား … 🥾🏔️ပြင်ဦးလွင်ရဲ့ လှပတဲ့ ရေတံခွန်တွေ၊ တောင်တန်းတွေဆီမှာ Trekking သွားရတာက ပင်ပန်းပေမယ့် တော...
18/08/2026

Trekking သွားရတာကြိုက်သူလား … 🥾🏔️

ပြင်ဦးလွင်ရဲ့ လှပတဲ့ ရေတံခွန်တွေ၊ တောင်တန်းတွေဆီမှာ Trekking သွားရတာက ပင်ပန်းပေမယ့် တောင်ထိပ်ရောက်သွားတဲ့အခါ ခံစားရတဲ့ ပီတိက တကယ်ကို အမောပြေစေတာပဲနော် ... ။

ဒါပေမယ့် တစ်နေကုန် တောင်တက်၊ တောင်ဆင်းလုပ်ပြီး ခြေထောက်တွေ ညောင်းညာကိုက်ခဲလာတဲ့အခါ... အကောင်းဆုံး အနားယူဖို့ နေရာလေးတစ်ခုတော့ မဖြစ်မနေ လိုအပ်လာပါပြီ။

တောတောင်တွေထဲ ခရီးကြမ်းနှင်ပြီးလို့ မြို့ပေါ် ပြန်ရောက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေကို အပြည့်အဝ ကုစားပေးဖို့ Hotel Pan Thitsar မှ စောင့်ကြိုနေပါတယ်။ 😇

✨ ညောင်းညာကိုက်ခဲမှုတွေကို ပြေလျော့စေမယ့် နူးညံ့ပြီး သက်သောင့်သက်သာရှိတဲ့ အိပ်ရာလေးရယ်
✨ တစ်နေကုန် ချွေးထွက်ပြီး ဖုန်ပေလာသမျှကို လန်းဆန်းသွားအောင် ဆေးကြောပေးမယ့် ရေနွေးနွေးလေးရယ်
✨ နောက်တစ်နေ့အတွက် အားအင်တွေ ပြန်လည်
ပြည့်ဖြိုးသွားစေမယ့် မနက်စာဘူဖေးလေးရယ်

Outdoor Activities တွေကို ခုံမင်တဲ့ Adventure ချစ်သူတွေအတွက် အကောင်းဆုံးအားပြန်ဖြည့်ဖို့ Hotel Pan Thitsar မှာ အခုပဲ ကြိုတင် Booking တင်ထားလိုက်တော့နော်။ ✌️

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


မိုးတွင်းမှာ ခရီးသွားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား ... 🙋‍♀️မိုးဖွဲဖွဲလေးရွာနေတဲ့အချိန် ခရီးထွက်ရတာက တခြားရာသီတွေနဲ့မတ...
01/08/2026

မိုးတွင်းမှာ ခရီးသွားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား ... 🙋‍♀️

မိုးဖွဲဖွဲလေးရွာနေတဲ့အချိန် ခရီးထွက်ရတာက တခြားရာသီတွေနဲ့မတူဘဲ ပိုပြီး အေးချမ်းတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တယ်နော်။

ကဲ... ဒါဆိုရင် မိုးရာသီကို သဘောကျတဲ့သူတွေအနေနဲ့ ဘယ်ခံစားချက်ကို အကြိုက်ဆုံးဖြစ်မလဲဆိုတာ ရွေးကြည့်ရအောင်...

🌫️ မြူခိုးတွေဝိုင်းနေတဲ့ တောင်တန်းရှုခင်းတွေကို ပြတင်းပေါက်ကနေ ငေးကြည့်ရတာကို သဘောကျတာလား ...

🛌 မိုးသံတဖွဲဖွဲလေးကို နားထောင်ရင်း Hotel Pan Thitsar ရဲ့ ကုတင်အိအိလေးပေါ်မှာ စောင်ထူထူခြုံပြီး ဇိမ်ကျကျ အိပ်ရတာကိုပဲ နှစ်သက်တာလား ...

☕ မိုးအေးအေးမှာ ကော်ဖီပူပူလေး သောက်ရင်း လွမ်းဆွေးရတဲ့ခံစားချက်လေးကိုပဲ ရွေးမလား ...

ဘယ်ခံစားချက်ကို အကြိုက်ဆုံးလဲဆိုတာ ပြောပြပေးခဲ့ပါဦးနော်။

မိုးရာသီရဲ့ အလှတရားတွေကို အပြည့်အဝခံစားဖို့ တောင်ပေါ်မြို့လေးကို အလည်လာခဲ့ရင်တော့ သက်သောင့်သက်သာအရှိဆုံး အနားယူနိုင်ဖို့ Hotel Pan Thitsar က နွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။ 🤗✨

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791, 085-2023384, 085-2023380, 085-2023381, 085-2023382
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


ဟိုတယ်တွေမှာ "Standard Room" လို့ပြောလိုက်ရင် အခန်းကျဉ်းကျဉ်းလေးနဲ့ လေဝင်လေထွက်မကောင်းတာ၊ ဆူညံသံတွေနဲ့ နေရောင်ခြည်မရတာမျ...
30/07/2026

ဟိုတယ်တွေမှာ "Standard Room" လို့ပြောလိုက်ရင် အခန်းကျဉ်းကျဉ်းလေးနဲ့ လေဝင်လေထွက်မကောင်းတာ၊ ဆူညံသံတွေနဲ့ နေရောင်ခြည်မရတာမျိုးတွေကို ပြေးမြင်တတ်ကြတယ်မလား ❓

တချို့ဆို အိပ်ဖို့သက်သက်ပဲလေဆိုပြီး သီးခံကြိတ်မှိတ်နေခဲ့ရတဲ့ အတွေ့အကြုံမျိုးတွေတောင် ရှိဖူးကြမှာပါ ... ။

ဒါပေမယ့် Hotel Pan Thitsar ရဲ့ Standard Room မှာဆိုရင်တော့ ဈေးနှုန်းအသက်သာဆုံးဖြစ်ပေမယ့် ဧည့်သည်တော်တွေအတွက် Premium ခံစားချက်မျိုးကို အပြည့်အဝပေးစွမ်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ ✨

အခန်းတိုင်းမှာ အလင်းရောင်ကောင်းကောင်းရပြီး ဆူညံသံကင်းကင်းနဲ့ အေးချမ်းစွာ အနားယူနိုင်တဲ့အပြင်

💠 စိတ်ကြိုက် ဇာတ်ကားတွေ ကြည့်ဖို့ Smart TV, YouTube & Netflix

💠 အလုပ်လုပ်မလား၊ ဂိမ်းဆော့မလား အဆင်ပြေစေမယ့် 24Hr High-Speed WiFi

💠 လွတ်လွတ်လပ်လပ် ရေကူးဆော့ကစားဖို့ Swimming Pool

💠 တောင်ပေါ်မြို့လေးရဲ့ အလှကို ငေးမောခံစားနိုင်မယ့် Rooftop

ဒီလို ပြီးပြည့်စုံတဲ့ Facilities တွေကိုလည်း အပြည့်အဝ ခံစားခွင့်ရရှိဦးမှာပါ။

သာမန် Standard အခန်းတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အတွေ့အကြုံကို ရရှိမှာဆိုတော့ ပြင်ဦးလွင်ကိုလာရင် Hotel Pan Thitsar မှာပဲ တည်းဖို့ အခုပဲ Booking လှမ်းလုပ်လိုက်တော့နော်... 🛎️✨

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking : 09-882883793, 09-882 883 791, 085-2023384, 085-2023380, 085-2023381, 085-2023382
📍 Location : No. (43/A) Railway Station st, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.

မင်္ဂလာရှိလှတဲ့ ဝါဆိုလပြည့်နေ့လေးမှာ Hotel Pan Thitsar ရဲ့ မိတ်ဆွေများအားလုံး ပြုပြုသမျှ ကုသိုလ်ဒါန အပေါင်းတို့ကြောင့် ဘ...
29/07/2026

မင်္ဂလာရှိလှတဲ့ ဝါဆိုလပြည့်နေ့လေးမှာ Hotel Pan Thitsar ရဲ့ မိတ်ဆွေများအားလုံး ပြုပြုသမျှ ကုသိုလ်ဒါန အပေါင်းတို့ကြောင့် ဘေးရန်ကင်းကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🌕🙏


🚨 လူပျောက်တိုင်ရန်ရှိသည်။🚨ဒီရက်ပိုင်း သူငယ်ချင်းတွေထဲမှာ ဖုန်းဆက်လို့မရ၊ စာပို့ရင်လည်း လုံးဝမပြန်ဘဲ သတင်းအစအန ပျောက်နေသူ...
23/07/2026

🚨 လူပျောက်တိုင်ရန်ရှိသည်။🚨

ဒီရက်ပိုင်း သူငယ်ချင်းတွေထဲမှာ ဖုန်းဆက်လို့မရ၊ စာပို့ရင်လည်း လုံးဝမပြန်ဘဲ သတင်းအစအန ပျောက်နေသူတွေ ရှိပါသလား ❓👀

စိတ်မပူပါနဲ့... စုံစမ်းသိရှိရသလောက်တော့ အဲဒီလူတွေဟာ Hotel Pan Thitsar မှာ အခုပေးနေတဲ့ 10% Off Promotion ကြီးနဲ့ တိတ်တိတ်လေးအနားယူနေကြောင်း ခိုင်လုံတဲ့သတင်းတွေ ရရှိထားပါတယ်။ 🤫

ပြင်ဦးလွင်ရဲ့ အေးချမ်းတဲ့ရာသီဥတုလေးမှာ အခန်းလေးထဲမှာ ဇိမ်ကျနေတော့ ဖုန်းမကိုင်
နိုင်လောက်အောင် အပန်းဖြေနေကြပြီပေါ့ ... ။

ကဲ... သူများတွေတောင် Promotion ကြီးနဲ့ သွား Chill နေကြပြီဆိုတော့ ကိုယ်တွေလည်း နောက်ကျမနေဖို့ Hotel Pan Thitsar ကို အမြန်ဆုံး Booking လှမ်းတင်ပြီး သွားပုန်းလိုက်ကြရအောင်။ 🏃‍♂️💨

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking: 09-882883793, 09-882883791
📍 Location: No. (43/A) Railway Station St, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


#ပြင်ဦးလွင်
#မေမြို့

ပြင်ဦးလွင်က ချယ်ရီပန်းတွေနဲ့ စတော်ဘယ်ရီသီးတွေက အင်္ဂလန်ကနေ တိုက်ရိုက်ရောက်လာတာဆိုတာ သိပါသလား ❓🍓လွန်ခဲ့တဲ့ နှစ်ပေါင်းများ...
22/07/2026

ပြင်ဦးလွင်က ချယ်ရီပန်းတွေနဲ့ စတော်ဘယ်ရီသီးတွေက အင်္ဂလန်ကနေ တိုက်ရိုက်ရောက်လာတာဆိုတာ သိပါသလား ❓🍓

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အင်္ဂလိပ်တို့ဟာ ပြင်ဦးလွင်မြို့လေးကို နွေရာသီအပန်းဖြေမြို့အဖြစ် စတင်တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ပြင်ဦးလွင်ရဲ့ ရေမြေရာသီဥတုက သူတို့ရဲ့မွေးရပ်မြေ အင်္ဂလန်နိုင်ငံနဲ့ တူညီလွန်းလှတာကြောင့်…

🇬🇧 အင်္ဂလန်ကနေ ချယ်ရီ၊ ယူကလစ်၊ စတော်ဘယ်ရီ နဲ့ ဒေစီ စတဲ့ သစ်ပင်ပန်းမန်တွေကို တိုက်ရိုက်မှာယူပြီး စိုက်ပျိုးခဲ့ကြတာပါ။

ဒါကြောင့်လည်း ပြင်ဦးလွင်မြို့လေးဟာ အနောက်တိုင်းဆန်ဆန် အလှတရားတွေနဲ့အတူ ယခုထက်ထိတိုင် သမိုင်းဝင်အလှတရားတွေနဲ့ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။

ပန်းမြို့တော်လေးရဲ့ အလှတရားတွေခံစားရင်း စိတ်အပန်းဖြေဖို့ စဉ်းစားနေပြီဆိုရင်တော့ အေးချမ်းတိတ်ဆိတ်ပြီး သက်သောင့်သက်သာရှိမယ့် Hotel Pan Thitsar မှာ လာရောက်တည်းခိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗

𝐇𝐨𝐭𝐞𝐥 𝐏𝐚𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫
☎️ For Booking: 09-882883793, 09-882883791
📍 Location: No. (43/A) Railway Station St, Hawgone Quarter, Pyin Oo Lwin, Mandalay, Myanmar.


#ပြင်ဦးလွင်
#မေမြို့

Address

9A, Corner Of Railway Station Street & Hawgone Street
Maymyo
05081

Alerts

Be the first to know and let us send you an email when Hotel Pan Thitsar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel Pan Thitsar:

Shortcuts

Share

Category