Tea Story

Tea Story A hidden gem, away from the mundane hustle and bustle of city life. Come here to relax and unwind your weary self. Such is our little tea story.

Go back in time to our primitive roots to be in touch with Mother Nature and the bounty she provides.

ကော်ဖီပင်လေးတွေ အများကြီး စိုက်ထားတယ်။ကော်ဖီလာသောက်ဖို့ နေ့လည်နေ့ခင်း ခနဖြစ်ဖြစ် စာဖတ်ရင်း လာနားဖို့လည်း ပြင်ဆင်နေပါတယ်။...
25/02/2026

ကော်ဖီပင်လေးတွေ အများကြီး စိုက်ထားတယ်။ကော်ဖီလာသောက်ဖို့ နေ့လည်နေ့ခင်း ခနဖြစ်ဖြစ် စာဖတ်ရင်း လာနားဖို့လည်း ပြင်ဆင်နေပါတယ်။

အသက်ရှူနေတဲ့လေရဲ့ ညစ်ညမ်းမှုတွေ ပြည့်နေတဲ့ အချိန်မှာ ထင်းရှုး၊ ကော်ဖီ ၊ လက်ဖက်တွေကြားက အေးစိမ့်နေတဲ့လေကို တမ်းတရသော နေ့ရက်များပါပဲ။

အကြံပေးကြပါဦး.... ခြံကို ရောက်ဖူးတဲ့သူတွေ ကော်ဖီပင်နဲ့ လက်ဖက်ပင်တွေကြား ထင်းရှူးရိပ်အောက်မှာ စာဖတ်ရင်း အနားယူချင်လား? နေ...
16/02/2026

အကြံပေးကြပါဦး.... ခြံကို ရောက်ဖူးတဲ့သူတွေ

ကော်ဖီပင်နဲ့ လက်ဖက်ပင်တွေကြား ထင်းရှူးရိပ်အောက်မှာ စာဖတ်ရင်း အနားယူချင်လား? နေ့လည်နေ့ခင်း စာလေးဖတ် သူငယ်ချင်းတွေ မုန့်တွေစား ကော်ဖီသောက် စကားပြောချင်လား?

ခြံထဲမှာ ကော်ဖီတွေ အများကြီး တိုးပြီးစိုက်ထားတယ်။ ခြံထွက်ကော်ဖီတွေလည်း တိုက်ချင်လှပြီမို့ နေ့လည်ခင်းပိုင်းလေးတွေ ခြံလာလည်လို့ ရအောင် စီစဉ်ပေးမလားတော့ စဉ်းစားနေတယ်။ မနက် ၈လောက်ကနေ စဖွင့်ပြီး ညနေ ၄နာရီလောက်ထိပေါ့။ စာအုပ်တွေ အများကြီးလည်း ထည့်ထားပေးမယ်။ ဝင်ကြေးလည်း မကောက်ချင်ဘူး ကော်ဖီဖိုးပဲ ယူမလားလို့...

ဒီလိုအချိန်က နေကြာရိုင်းတွေပွင့်လက်ဖက်တွေထွက်ကော်ဖီတွေမှည့်မြူတွေကျထင်းရှုးနံ့လှိုင်လှိုင်ရတဲ့အချိန်လေးတစ်ခုပေါ့။ပုံပြင်...
23/11/2025

ဒီလိုအချိန်က
နေကြာရိုင်းတွေပွင့်
လက်ဖက်တွေထွက်
ကော်ဖီတွေမှည့်
မြူတွေကျ
ထင်းရှုးနံ့လှိုင်လှိုင်ရတဲ့
အချိန်လေးတစ်ခုပေါ့။
ပုံပြင်တွေ ပြောပြဖို့ရော ပုံပြင်တွေ နားထောင်ဖို့ရော
Tea Story ပြန်လာခဲ့ပါဦးမယ်…..
ခုတော့ ခြံလေးကို အလွမ်းပြေ ကြည့်ထားနှင့်ပါ

ကော်ဖီတွေ စိုက်ရမယ့်အချိန်ရောက်ပြီအရင်က ခြံလာတဲ့ ဧည့်သည်တွေကို ခြံထွက်ကော်ဖီနဲ့ လက်ဖက်တွေ ဧည့်ခံခဲ့ရတာ အမြဲ သတိရပါတယ်။လက...
23/05/2025

ကော်ဖီတွေ စိုက်ရမယ့်အချိန်ရောက်ပြီ
အရင်က ခြံလာတဲ့ ဧည့်သည်တွေကို ခြံထွက်ကော်ဖီနဲ့ လက်ဖက်တွေ ဧည့်ခံခဲ့ရတာ အမြဲ သတိရပါတယ်။
လက်ဖက်ခင်းလေးက ဓာတ်ပုံတွေထဲ အမြဲပါလို့ လူတိုင်း သိကြပေမယ့် ဝင်ဝင်ချင်း ဝဲယာ နှစ်ဖက်က ကော်ဖီပင်လေးတွေကို သတိမပြုမိကြဘူးလေ။
အရင်က ဧည့်သည်တွေ ကြယ်ကြည့်ကြ မီးလှုံကြတဲ့ နေရာလေးတွေမှာတော့ အခု ကော်ဖီခင်းလေးတွေ ဖြစ်နေပေါ့။
ပြန်တွေ့ကြဦးမယ်လို့လည်း အမြဲ မျှော်လင့်ထားပါတယ်။
လွမ်းရက်တွေ အကြောင်း ပြန်ပြောကြတာပေါ့။

လက်ဖက်တွေလည်းထွက်လို့ ခါတော်မှီရွက်တွေလည်း ကြွေပါပြီ။ခြံထဲ အမှိုက်အပွဆုံး ၊ အလုပ်အရှုပ်ဆုံးအချိန်ပေါ့။ကော်ဖီတွေတော့ အမှု...
26/02/2025

လက်ဖက်တွေလည်းထွက်လို့ ခါတော်မှီရွက်တွေလည်း ကြွေပါပြီ။
ခြံထဲ အမှိုက်အပွဆုံး ၊ အလုပ်အရှုပ်ဆုံးအချိန်ပေါ့။
ကော်ဖီတွေတော့ အမှုန့်ကြိတ်ပြီးပြီ။
လွမ်းပါတယ်။
ပုံပြင်တွေ ပြန်ပြောကြမယ်။

Coffee time arrives…
02/02/2025

Coffee time arrives…

ခြံကလောလောဆယ် ဧည့်သည် လက်မခံနိုင်သေးပါဘူးရှင့်။တနေ့တော့ ပြန်ဆုံကြမယ်နော်။ကော်ဖီတွေလည်း တိုက်ချင်သေးတယ်။လက်ဖက်သုပ်တွေလည်း...
30/12/2024

ခြံကလောလောဆယ် ဧည့်သည် လက်မခံနိုင်သေးပါဘူးရှင့်။
တနေ့တော့ ပြန်ဆုံကြမယ်နော်။
ကော်ဖီတွေလည်း တိုက်ချင်သေးတယ်။
လက်ဖက်သုပ်တွေလည်း ကျွေးချင်သေးတယ်။
ပုံပြင်တွေလည်း ပြောချင်ပါသေးတယ်။
နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။

ခြံကို လက်ဖက်ပင်တန်းလေးတွေနဲ့ တွဲပြီး အသိများပေမယ့် ခြံတလျှောက်မှာ ကော်ဖီပင်တွေ အများကြီးရှိတာ သတိထားမိချင်မှ ထားမိပါလိမ...
06/08/2024

ခြံကို လက်ဖက်ပင်တန်းလေးတွေနဲ့ တွဲပြီး အသိများပေမယ့် ခြံတလျှောက်မှာ ကော်ဖီပင်တွေ အများကြီးရှိတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။

ဧည့်သည်တွေ လက်ခံနိုင်မယ့်အချိန်ကြ တဝကြီး သောက်လို့ရအောင် ကော်ဖီပင်တွေ တိုးပြီး စိုက်ထားပါသေးတယ်။

ကော်ဖီခါးခါးလေးရယ် ကြယ်တွေစုံတဲ့ ကောင်းကင်ရယ် ပုံပြင်လေးတစ်ပုဒ် ပြောကြပါစို့လားကွယ်…

Please enjoy some updates!
05/06/2024

Please enjoy some updates!

ခြံလေးမှာ ပြောပြစရာပုံပြင်တော့ မရှိပါဘူးလက်ဖက်ပင်တွေရော ကော်ဖီပင်တွေရော ကျန်းမာပါတယ်ခါတော်မှီပင်တွေလည်း တဖွဲဖွဲကြွေလျက်ပ...
21/04/2024

ခြံလေးမှာ ပြောပြစရာပုံပြင်တော့ မရှိပါဘူး
လက်ဖက်ပင်တွေရော ကော်ဖီပင်တွေရော ကျန်းမာပါတယ်
ခါတော်မှီပင်တွေလည်း တဖွဲဖွဲကြွေလျက်ပါပဲ
နေကြာရိုင်းတွေ ပွင့်ချိန်တော့ မရောက်သေးပါဘူး
ပုံပြောကြတဲ့သူတွေရယ် သူတို့ရဲ့ ပုံပြင်တွေရယ်ကို လွမ်းနေရုံပါပဲ
အမြန်ဆုံးပြန်တွေ့နိုင်ဖို့ မျှော်လင့်လျက်…

Just in case of missing us…
09/03/2024

Just in case of missing us…

They both passed away due to poison..A story will be told..
05/02/2024

They both passed away due to poison..
A story will be told..

Address

Kandawgyi Pat Lan
Maymyo

Telephone

+959796880882

Website

Alerts

Be the first to know and let us send you an email when Tea Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share