Kandawgyi Hill Resort

Kandawgyi Hill Resort Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kandawgyi Hill Resort, Hotel & Lodging, Nandar Road, Quarter (6), Pyin Oo Lwin, Maymyo.

Kandawgyi Hill Resort, a popular colonial hill station of Pyin Oo Lwin about 69km away from Mandalay, is a delightful respite from the summer heat with an altitude of 1070m and relatively cool climate.

🙏🏻 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယ 🙏🏻ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတော...
29/07/2026

🙏🏻 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယ 🙏🏻

ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည့် အထွတ်အမြတ်နေ့ဖြစ်ပါသည်။ 🌕✨

ဤမင်္ဂလာနေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ငါးပါးသီလ စောင့်ထိန်းခြင်း၊ တရားနာယူခြင်း၊ တရားထိုင်ခြင်းနှင့် မေတ္တာတရားများ ဖြန့်ဝေခြင်းဖြင့် စိတ်၏အေးချမ်းမှုနှင့် ကောင်းမြတ်သောဘဝကို တည်ဆောက်နိုင်ကြပါစေ။ ✨

ဝါဆိုလပြည့် ဓမ္မစကြာနေ့၏ အနှစ်သာရကို နှလုံးသွင်းကာ မိမိကိုယ်တိုင်၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် ကောင်းမြတ်သောအကျိုးများ ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻

🌿 "တရား၏အလင်းရောင်ဖြင့် စိတ်နှလုံးအေးချမ်းပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။" 🪔

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆေ...
19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲

နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် စွန့်လွှတ်အနစ်နာခံမှုများကို လေးစားဂုဏ်ပြု အောက်မေ့အပ်ပါသည်။

79th Martyrs' Day 🇲🇲

On this Martyrs' Day, we pay our deepest respect and heartfelt tribute to the national leaders and martyrs who made the ultimate sacrifice for our nation and its people. May their courage, dedication, and selfless sacrifices always be remembered and honored.

#အာဇာနည်နေ့

🙏🏻Htoo Group of Companies ဥက္ကဋ္ဌကြီး၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် အမျိုးသားကန်တော်ကြ...
18/07/2026

🙏🏻Htoo Group of Companies ဥက္ကဋ္ဌကြီး၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် Kandawgyi Hill Resortတို့မှ ဝန်ထမ်းများပူးပေါင်း၍ မဟာဇေတဝန်(မစိုးရိမ်ကျောင်းတိုက်)မှ သံဃာတော်(၅)ပါးအား အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းကပ်လှူခြင်းနှင့် ဝန်ထမ်း(၂၈၀)ဦးအား အာဟာရဒါနကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ဤကဲ့သို့ မွန်မြတ်လှသော ကုသိုလ်အလှူမှ ရရှိသော အကျိုးကျေးဇူးအပေါင်းတို့ဖြင့် ဦးတေဇနှင့် မိသားစုဝင်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ အသက်ရှည်အနာမဲ့ကာ လိုအင်ဆန္ဒများ ပြည့်ဝပြီး Htoo Group of Companies ၏ လုပ်ငန်းများလည်း ယခုထက်ပိုမို အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻




🌸  Happy Myanmar Women's Day🌸🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှ...
03/07/2026

🌸 Happy Myanmar Women's Day🌸

🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများ၊ အိပ်မက်များနှင့် စွမ်းဆောင်နိုင်မှုများ ရှိကြပြီး မိမိတို့၏ ကြိုးစားအားထုတ်မှုများဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုလျက်ရှိပါသည်။
🌿 အမျိုးသမီးတစ်ဦး၏ တန်ဖိုးသည် သူမ၏ ရုပ်ရည်၊ အသက်အရွယ် သို့မဟုတ် လူမှုအဆင့်အတန်းပေါ်တွင် မူတည်ခြင်းမရှိပါ။ မိမိကိုယ်ကို ယုံကြည်မှု၊ ကြိုးစားမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အခြားသူများအပေါ် ကောင်းမွန်သော သဘောထားတို့သည် အမျိုးသမီးတစ်ဦး၏ အမှန်တကယ်တန်ဖိုးကို ဖော်ပြပေးပါသည်။
💐 ယနေ့ခေတ်တွင် အမျိုးသမီးများသည် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ ထိုကဲ့သို့သော ပါဝင်မှုများသည် မိသားစုများသာမက နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။
🌸မြန်မာအမျိုးသမီးများနေ့တွင် ထိုအရည်အချင်းများပိုင်ဆိုင်ထားသည့် မြန်မာအမျိုးသမီးတရပ်လုံးအား ဂုဏ်ပြုသကဲ့သို့ Htoo Zoos & Gardens Business Unit ရှိ ဥယျာဉ်သီးသီး၌ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု၊ ခွန်အားနှင့် တန်ဖိုးများကို လေးစားဂုဏ်ပြုအပ်ပြုအပ်ပါသည်။

🌸 Happy Myanmar Women's Day 🌸

🩷 Today, 3 July, we celebrate Myanmar Women's Day.Women are a vital driving force behind the development of families, communities, and the nation. Every woman possesses unique talents, dreams, and the ability to make meaningful contributions to society through her dedication and hard work.

🌿 A woman's true value is not defined by her appearance, age, or social status. Instead, it is reflected in her self-confidence, determination, resilience, and kindness toward others.

💐 Today, women are actively contributing across various fields, including education, business, healthcare, science and technology, administration, and community development. Their dedication and achievements play an essential role in strengthening not only their families but also the nation's progress.

🌸 On this Myanmar Women's Day, we proudly celebrate and honor all Myanmar women for their strength, resilience, and achievements. We also extend our sincere appreciation to all the women serving across the various parks of the Htoo Zoos & Gardens Business Unit, whose commitment, hard work, and valuable contributions continue to make a positive impact every day.

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်း...
01/07/2026

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား" ကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိဘများနှင့် ဂုဏ်ပြုဆုချီးမြှင့်ခံရသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများကို အစဉ်တစိုက် အားပေးဂုဏ်ပြုလျက်ရှိပြီး ယနေ့အခမ်းအနားကိုလည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုရန်နှင့် ရှေ့ဆက်ပညာရေးခရီးလမ်းတွင် ပိုမိုထူးချွန်အောင်မြင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်း(၂)ဦးနှင့် ဝန်ထမ်းသား/သမီး (၇)ဦး စုစုပေါင်း (၉) ဦး အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလေးထားဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ လူမှုဘဝနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ပံ့ပိုးအားပေးသွားမည်ဖြစ်ပါသည်။ ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအားလုံးအနေဖြင့် မိမိတို့၏ အောင်မြင်မှုကို အခြေခံ၍ ပိုမိုမြင့်မားသော ရည်မှန်းချက်များ ထားရှိကာ ပညာရေးလမ်းကြောင်းတွင် ဆက်လက်ကြိုးစားပြီး အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော အရည်အချင်းပြည့်ဝသည့် လူငယ်များ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။








..........................................................
Htoo Zoos & Gardens Business Unit Holds Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination

On 1 July 2026, Htoo Zoos & Gardens Business Unit held a Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination at the Assembly Hall of Yangon Zoological Gardens.

The ceremony commenced with opening remarks delivered by the Chief Executive Officer and was attended by management representatives, employees, parents, and the award recipients.

As part of its ongoing commitment to employee welfare and human resource development, Htoo Zoos & Gardens Business Unit continuously recognizes and encourages the educational achievements of employees and their families. This ceremony was organized to honor the dedication and hard work of employees and employees' children who successfully passed the matriculation examination, while inspiring them to pursue greater academic excellence in their future educational journeys.

During the ceremony, a total of nine award recipients—comprising two employees and seven employees' children who successfully passed the 2025–2026 Matriculation Examination—were presented with certificates of recognition and cash awards in appreciation of their outstanding achievement.

Htoo Zoos & Gardens Business Unit remains committed to investing in human capital and will continue supporting the education, well-being, and future development of its employees and their families. We extend our heartfelt congratulations to all award recipients and wish them continued success as they pursue higher education and grow into capable individuals who will contribute positively to their organizations, communities, and the nation.








(၂၀၂၆) ခုနှစ်၊ ဇွန်လ၊ (၆) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် Kand...
06/06/2026

(၂၀၂၆) ခုနှစ်၊ ဇွန်လ၊ (၆) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် Kandawgyi Hill Resort တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာရေးခရီးစဉ်တွင် အထောက်အကူဖြစ်စေရန်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးကူညီရန် ရည်ရွယ်၍ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 📚🎒
ပညာရေးသည် အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။ ယခုအစီအစဉ်မှတစ်ဆင့် မျိုးဆက်သစ်လူငယ်များအား မိမိတို့၏ ပညာရေးလမ်းကြောင်းပေါ်တွင် ယုံကြည်မှုရှိစွာဖြင့် ကြိုးပမ်းလေ့လာနိုင်ရန် အားပေးကူညီပံ့ပိုးပေးလိုပါသည်။ ✨
ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာပျော်ရွှင်၍ ပညာကို ကြိုးစားသင်ယူနိုင်ကြပြီး မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ကာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော ထူးချွန်သူများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💐
Htoo Zoos & Gardens Business Unit လက်အောက်ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ ရတနာပုံ၊နေပြည်တော်) ၊ လှော်ကားဥယျာဉ်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နှင့် Kandawgyi Hill Resort တို့မှ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူ ဝန်ထမ်းသားသမီးများစုစုပေါင်း (၃၉၂) ဦးအား မူလတန်း၊အလယ်တန်း၊အထက်တန်း အဆင့်အလိုက် ထောက်ပံ့ငွေနှင့် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ပေးအပ်ခဲ့ပါသည်။ မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်အောင်မြင်မှုများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ✨

On 6 June 2026, a scholarship and school supplies donation ceremony was held for the children of employees serving at the National Kandawgyi Gardens, the National Landmarks Garden, and Kandawgyi Hill Resort in Pyin Oo Lwin. The program was organized with the aim of supporting students in their educational journey and contributing to their academic development. 📚🎒
Education is the best investment for the future. Through this initiative, we hope to encourage and support the younger generation in pursuing their studies with confidence and determination. ✨
We extend our heartfelt wishes to all students for good health, happiness, and academic success. May they continue to learn diligently, achieve their goals, and become outstanding individuals who contribute positively to society. 💐
Htoo Zoos & Gardens Business Unit proudly provided educational support grants and school supplies to a total of (392) children of employees from Yangon Zoo, Yadanabon Zoo, Nay Pyi Taw Zoological Gardens, Hlawga Park, National Kandawgyi Gardens, National Landmarks Garden, and Kandawgyi Hill Resort for the (2026–2027) academic year. We are delighted and honored to contribute to the academic development and future success of the next generation. ✨

“ကမ္ဘာ့အလုပ်သမားနေ့”မေလ(၁)ရက်နေ့တွင် ကျရောက်သော (၁၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝှမ်းရ...
30/04/2026

“ကမ္ဘာ့အလုပ်သမားနေ့”

မေလ(၁)ရက်နေ့တွင် ကျရောက်သော (၁၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဂုဏ်အပ်ပြုပါသည်။ 👩🏻‍🌾🌱

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့)🌕ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။ကဆုန်လပြည့်နေ...
29/04/2026

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့)🌕

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဘုရားရှင်၏ ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊ နောက်ဆုံးဘဝ၌ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်းတို့သည် ကဆုန်လပြည့်တစ်နေ့တည်းတွင်သာ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်လေးမျိုးတို့နှင့် ပြည့်စုံသောကြောင့် ဤနေ့ကို “ကဆုန်လပြည့် ဗုဒ္ဓနေ့”ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။ ✨

ဤကဆုန်လပြည့်နေ့တွင် ဗောဓိပင်ကို ရေလောင်းသပ္ပာယ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်း၊ မိဘတို့အား ကျွေးမွေးပြုစုခြင်း၊ ဇီဝိတဒါနပြုခြင်း၊ ပံ့သကူပြစ်ခြင်း၊ ဆီမီး၊အမွှေးတိုင်ကပ်လှူခြင်းနှင့် မေတ္တာတရားများ ဖြန့်ဝေခြင်းတို့သည် ဒီနေ့၏ အဓိက အဓိပ္ပါယ်ဖြစ်ပါသည်။ 🕯️📿🪔

ကဆုန်လပြည့်နေ့၏ အလင်းရောင်အောက်တွင် မိမိစိတ်နှလုံးသားကို တိတ်ဆိတ်အေးချမ်းစေပြီး မေတ္တာ၊ ကရုဏာနှင့် ငြိမ်းချမ်းမှုတို့ဖြင့် ဘဝလမ်းကြောင်းကို တောက်ပနိုင်ကြပါစေ။ ဒီနေ့၏ ကုသိုလ်အကျိုးကြောင့် မိမိနှင့် မိသားစုများသာမက သက်ရှိသတ္တဝါအားလုံးတို့ ချမ်းသာသုခများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Kandawgyi Hill Resort မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🏻

အပူချိန်လွန်ကဲသောရာသီဥတုအချိန်အခါတွင်မိမိကိုယ်တိုင်၏ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါစို့ 🧴☀️💦🌳☂️
19/04/2026

အပူချိန်လွန်ကဲသောရာသီဥတုအချိန်အခါတွင်မိမိကိုယ်တိုင်၏ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါစို့ 🧴☀️💦🌳☂️

“နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ” ✨🍀🙏🏻
16/04/2026

“နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ” ✨🍀🙏🏻

Address

Nandar Road, Quarter (6), Pyin Oo Lwin
Maymyo
05081

Alerts

Be the first to know and let us send you an email when Kandawgyi Hill Resort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share