D Snow Villa ပြင်ဦးလွင်

D Snow Villa ပြင်ဦးလွင် Construction

အမှောင်ကိုခွင်း အလင်းရောက်ရှိကြပါစေ။ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာပြည့်ပါစေ။
07/11/2022

အမှောင်ကိုခွင်း အလင်းရောက်ရှိကြပါစေ။
ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာပြည့်ပါစေ။

အပြင်ပိုင်းကလဲ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ လေကောင်းလေသန့်ရပီးမျက်စိလေးလဲအေးရမယ်၊အတွင်းပိုင်းကလဲ ရှင်းရှင်းလင်းလင်း သဘာဝဆန...
08/03/2022

အပြင်ပိုင်းကလဲ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ လေကောင်းလေသန့်ရပီးမျက်စိလေးလဲအေးရမယ်၊အတွင်းပိုင်းကလဲ ရှင်းရှင်းလင်းလင်း သဘာဝဆန်ဆန်လေးပဲနေချင်တယ်သူတွေအတွက်အခုဆောက်လက်စပုံစံလေးပါ။ ပူပင်မူ၊မွန်းကြပ်မူတွေ​နဲ့ဝေးရာမှာလဲနေချင်တယ်၊အိမ်ကိုအကြီးကြီးလဲမဆောက်ချင်သူတွေအတွက်ပါ။ စိတ်ဝင်စားသူများလဲ သိချင်တာများအတွက်cb ကမေးမြန်းစုံစမ်းနိုင်ပါတယ်။
ခိုင်ခံမူရယ်၊တခန်းချင်းစီရဲ့အနှစ်သာရရှိဖို့က ဆောက်လုပ်ရေးလုပ်ငန်းတခုရဲ့တာဝန်ပါ၊တသက်တာစိတ်ချရဖို့အတွက် ရွှေးချယ်မူ မှန်ကန်ဖို့ကလူကြီးမင်းတို့ရဲ့တာဝန်ပါ။

အတွင်းအပြင် ခံစားမူအသစ်အဆန်း​ လေးတွေနဲ့ ဘန်ဂလိုလေး (သို့) အိမ်လေးတလုံး ပြင်ဦးလွင်မှာဆောက်ချင်သူများအတွက်နှင့်ခြံဝန်းလေး...
18/09/2021

အတွင်းအပြင် ခံစားမူအသစ်အဆန်း​ လေးတွေနဲ့ ဘန်ဂလိုလေး (သို့) အိမ်လေးတလုံး ပြင်ဦးလွင်မှာဆောက်ချင်သူများအတွက်နှင့်
ခြံဝန်းလေးလဲရှိ အိမ်လေးတလုံးဆောက်ရင်းနှီးမြုပ်နှံပီးပြန်ရောင်းချင်သူများအတွက်ပါ။
ဒီလိုအိမ်လေးတလုံးဖြစ်ဖို့အချိန်လေးတော့ပေးရပါတယ်။ဆောင်းတွင်းအအေးဓာတ်လေးခံစားဖို့ရယ်၊နွေရာသီအပူရှောင်ဖို့သူများ နွေရာသီအမှီဆောက်ဖို့အတွက် ခံစားလေ့လာလို့ရအောင် အခုဆောက်နေတဲ့ sqft- 1000 ရှိတဲ့ ဘန်ဂလိုလေးရဲ့ ပုံလေးတွေပါ။
စိတ်ဝင်စားသောလူကြီးမင်းများ page လေးကို like လုပ်ထားလို့ရပါတယ်။

အခုဆောက်နေတဲ့ ဘန်ဂလိုလေးရဲ့တိုးတက်မူပုံလေးတွေပါ။ compact ဖြစ်အောင်ဆောက်ထားတဲ့ထမင်းစားခန်းထဲကပုဂံစဥ်ပုံလေးပါပြထားပါတယ်။ က...
04/09/2021

အခုဆောက်နေတဲ့ ဘန်ဂလိုလေးရဲ့တိုးတက်မူပုံလေးတွေပါ။ compact ဖြစ်အောင်ဆောက်ထားတဲ့ထမင်းစားခန်းထဲကပုဂံစဥ်ပုံလေးပါပြထားပါတယ်။ ကျွန်တော်တို့ဆောက်​လုပ်ရေးကတော့ အပြင်ပိုင်းကိုပိုင်းနင်းအုတ်ကွက်လေးတွေနဲ့ပဲဆောက်လုပ်ပေးပီး အတွင်းပိုင်းကိုတော့လူကြီးမင်းတို့ကြိုက်နှစ်သက်ရာ ဒီဇိုင်းရွေးချယ်နိုင်ပါတယ်။အတွင်းပိုင်းရော အပြင်ပိုင်းပါ အားလုံးကို သဘာဝကပေးတဲ့ အုတ်၊သစ် တွေကိုပဲအသုံးပြုပီးquality အ​​ပြည့်ဆောက်လုပ်သွားမှာပါ။ ၁၀လ ပိုင်းဆိုရင်စပီးဆောက်လုပ်ပေးတော့မှာဖြစ်သည့်အတွက် အမိုးချွန်ချွန်နဲ့အိမ်လေးတွေ ပြင်ဦးလွင်မှာဆောက်လုပ်ဖို့ ရည်ရွယ်ထားတဲ့လူကြီးမင်းများလည်း cb မှာ သိချင်တဲ့မေးခွန်းလေးများကိုမေးထားလို့ရပါတယ်။ဒီလိုပုံစံအိမ်လေးတွေက ရေရှည်ထိန်းသိမ်းစရိတ်သက်သာတယ်၊ဘယ်ခေတ်ပဲရောက်ရောက်ရိုးရိုးရှင်းရှင်းလေးနဲ့လှနေမှာပါပဲ။
page လေးကိုလဲ like လုပ်ထားလို့ရပါတယ်ခင်ဗျား!

အပြင်ပိုင်းအုတ်ပိုင်းနင်းကွက်လေးရယ်နဲ့ အမိုးချွန်ချွန်အိမ်လေးနဲ့ပြင်ဦးလွင်မှာမနေချင်ကြဘူးလားဗျာ? အခုတင်ပေးမဲ့အိမ်လေးကတေ...
25/08/2021

အပြင်ပိုင်းအုတ်ပိုင်းနင်းကွက်လေးရယ်နဲ့ အမိုးချွန်ချွန်အိမ်လေးနဲ့ပြင်ဦးလွင်မှာမနေချင်ကြဘူးလားဗျာ?
အခုတင်ပေးမဲ့အိမ်လေးကတော့ နမူနာပြဖို့ အခိုင်အခံဆောက်ထားတဲ့ ဒုတိယမြောက် အတွင်းအပြင်ပိုင်းနင်းကွက်နဲ့ဖြစ်ပါတယ်။
ထမင်းစားခန်း၊ရေချိုးခန်းကအစ တခန်းချင်းစီရဲ့ ခံစားမူလေးတွေအပြည့်ရအောင် အတွင်းပိုင်း decoration ကအစ သစ်သား တွေနဲ့ပဲအလှဆင်မှာပါ။
Foundation-သံ ၆မူး ၆လုံး (export)
ဒိုင်း- ၅.၂"
သုံးထားပီးတသက်စာအတွက်အခိုင်အခံဆောက်ထားတာပါ။
ပိုင်းနင်းကွက်အိမ်လေးတွေက ရိုးရှင်းတယ်၊ခံစားမူအသစ်ပေးတယ်၊သေချာဆောက်ထားရင်ပြန်ရောင်းရလွယ်တယ်၊ရေရှည်ထိန်းသိမ်းစရိတ်သက်သာတယ် ဆိုတဲ့အားသာချက်တွေရှိပါတယ်။
ကျွန်တော်တို့ရဲ့ဆောက်လုပ်နေမူတွေကို အတွင်းပိုင်းအလှဆင်ထားတဲ့ပုံလေးတွေအထိတင်ပေးသွားမှာပါ။
စိတ်ဝင်စားသောလူကြီးမင်းများ page လေးကို like လုပ်ထားလို့ရပါတယ်ခင်ဗျား

ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ကျွန်တော်တို့က အိမ်မက်ချင်းတူတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။ကျွ...
24/08/2021

ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ကျွန်တော်တို့က အိမ်မက်ချင်းတူတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
ကျွန်တော်တို့က အပြင်ပိုင်းကို ပိုင်းနင်းကွက် လေးတွေကိုပဲသီးသန့်ဆောက်လုပ်မှာဖြစ်ပါတယ်ခင်ဗျား။
အတွင်းပိုင်းကိုတော့ လူကြီးမင်းတို့ကြိုက်တဲ့ပုံစံရွေးချယ်နိုင်ပါတယ်ခင်ဗျား။ လူကြီးမင်းတို့ရဲ့စိတ်ကူးအိမ်မက်ထဲကအိမ်ပုံစံလေးကကျွန်တော်တို့ရဲ့အိမ် design ဖြစ်ပါတယ်။ အလုပ်အပ်ဖို့စိတ်ဝင်စားပီး အိမ်ပုံစံလေးထုတ်တော့မယ်ဆိုရင် ကျွန်တော်တို့ အခုနမူနာပြဖို့ဆောက်ထားတဲ့အိမ်လေး ၂မျိုးထဲ လူကြီးမင်းတို့ကိုတိုင်လေ့လာပီးတခန်းချင်းစီစိတ်တိုင်းကျလူကြီးမင်းတို့စိတ်ကြိုက်ပုံစံလုပ်ပေးမှာပါ။ အဲ့ဒီအိမ်လေး၂မျိုးကတော့အခုဆေက်လုပ်နေဆဲပါ။လူကြီးမင်းတို့စိတ်ဝင်စားပီး ပိုင်းနင်းကွက်ပုံစံ​အိမ်လေးတွေဆောက်ဖို့ ရည်မှန်းထားသူဆိုလျှင်တော့ကျွန်တော်တို့ page လေးကို အပန်းမကြီးရင် like လေးလုပ်ပေးထားကြပါ။
အခုဆောက်နေတဲ့အိမ်ပုံစံလေးတွေကို အစမှ တိုးတက်မူအဆင့်ဆင့်ပုံလေးတွေကိုလဲ လေ့လာစိတ်ကူးလေးယဥ်လို့ရအောင်တင်ပေးမှာပါ။
ပိုင်းနင်းကွက်လေးနဲ့အိမ်လေးတွေက အခိုင်အခံသေချာဆောက်ထားပီးရင် ထိန်းသိမ်းခသက်သာတယ် ၊ ရိုးရှင်း​တယ်၊ခံစားမူအသစ်လေးတွေပေးပါတယ်။
ဆောက်တော့မယ်ဆိုရင်
၁.ခိုင်ခံရမယ်
၂.ရိုးရှင်းရမယ်
၃.လေဝင်လေထွက်ကောင်းရမယ်
၄.အလင်းရရှိမူကောင်းရမယ်
ဆိုတဲ့အချက်လေးချက်ကိုဦးစားပေးပါတယ်။
အိမ်တအိမ်ဆောက်တော့မယ်ဆိုရင် ကုန်ကျစရိတ်လေးနဲ့တန်အောင် ကိုယ်နေချင်တဲ့အိမ်ပုံစံ၊အခန်းပုံစံနဲ့ တသက်လှည့်ကြည့်စရာမလိုတဲ့ခိုင်မာတဲ့အဆောက်အဦးလေးတစ်ခုဖြစ်ဖို့ကအလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့လုပ်ငန်းကတော့ ၁၀လ ပိုင်းလောက်မှစမှာပါခင်ဗျား။
အခု နမူနာပြဖို့ဆောက်ထားတဲ့အိမ်လေး ၁ မျိုးက မြန်မာဆန်ဆန်နေချင်သူအတွက်ရယ်၊ နောက်တမျိုးကတော့ ပြင်ဦးလွင်နဲ့လဲလိုက်ပီး အတွင်းကလဲ ရေချိုးခန်း၊ထမင်းစားခန်းပါ မကျန်စတိုင်ကျကျ ရိုးရိုးရှင်းရှင်းနေချင်သူတွေအတွက် ပါ။
လေ့လာလိုလေးရအောင် အတွင်းမြန်မာ ပုံစံအကြမ်းထည်လေးစတင်ပေးထားပါတယ်။အပြင်ပိုင်းကတော့နောက်နှစ်ဆိုအပင်လေးတွေနဲ့အပြည့်အုပ်သွားမှာပါ။
Page အသစ်လေးမို့လို မပြည့်စုံမူလေးတွေကိုတော့ ကြိုပီးတောင်းပန်ပါစေခင်ဗျား!

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when D Snow Villa ပြင်ဦးလွင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category