Hotel Spring - Pyin Oo Lwin

Hotel Spring - Pyin Oo Lwin Our hotel, named for its elegant beauty as Hotel Spring offers you 32 lovely rooms, specially decorate. Cool and quiet place. Suitable for rest.

Eid al-Fitr Mubarak! ✨ယနေ့ကျရောက်တဲ့ Eid al-Fitr နေ့မြတ်မှာ စိတ်နှလုံးရွှင်ပြုံး အေးချမ်းသာယာပြီး ကောင်းခြင်းမင်္ဂလာအပေါ...
21/03/2026

Eid al-Fitr Mubarak! ✨

ယနေ့ကျရောက်တဲ့ Eid al-Fitr နေ့မြတ်မှာ စိတ်နှလုံးရွှင်ပြုံး အေးချမ်းသာယာပြီး ကောင်းခြင်းမင်္ဂလာအပေါင်း ပြည့်စုံပါစေကြောင်း Hotel Spring မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ✨ 🍃

နွေဦးအကြိုမှာ Hotel Spring ရဲ့ ညချမ်းအလှကို ခံစားရအောင် 🍃ဒီဇင်ဘာထက် လွမ်းစရာကောင်းတဲ့ ဖေဖော်ဝါရီရဲ့ ညချမ်းတွေမှာ အခုလို ...
17/02/2026

နွေဦးအကြိုမှာ Hotel Spring ရဲ့ ညချမ်းအလှကို ခံစားရအောင် 🍃

ဒီဇင်ဘာထက် လွမ်းစရာကောင်းတဲ့ ဖေဖော်ဝါရီရဲ့ ညချမ်းတွေမှာ အခုလို မြူတွေလည်းဆိုင်းတတ်တယ်နော်။ ဒီလိုညချမ်းမှာ ချစ်ရတဲ့သူတွေနဲ့အတူ မီးရောင်အောက် လမ်းလျှောက်ရင်း အေးမြတဲ့လေညင်းကို ခံစားလို့ရမှာဖြစ်တယ်။

နွေဦးမရောက်ခင်ပဲ ရရှိနိုင်တဲ့ အအေးဓာတ်လေးကို Hotel Spring မှာ လာရောက်ခိုလှုံရင်း သိမ်းဆည်းထားလို့ရပါတယ်။

Address 🏡: မာလာလမ်း (ယုဇနလမ်း) ၊ ရက်ကွက်ကြီး (၆) ၊ ခြံအမှတ် (၃) ၊ တရုတ်ဘုံကျောင်းနောက်ကျောလမ်း ရုံးပေါင်းစုံ အတက်
09 4004 63 444
09 4004 63 555

“ ပြည်ထောင်စုနေ့ကို Hotel Spring မှ ဂုဏ်ပြုအပ်ပါသည်”
12/02/2026

“ ပြည်ထောင်စုနေ့ကို Hotel Spring မှ ဂုဏ်ပြုအပ်ပါသည်”

🇲🇲 January 4Freedom is not just a date,it is a responsibility.မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက်ဂုဏ်ယူလေးစားစွာ အမှတ်ရပါသည...
03/01/2026

🇲🇲 January 4
Freedom is not just a date,
it is a responsibility.

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက်
ဂုဏ်ယူလေးစားစွာ အမှတ်ရပါသည်။
✨ Happy Independence Day ✨

🇲🇲 🌿

🎉 Happy New Year 2026 🎉နှစ်သစ် ၂၀၂၆ ခုနှစ်တွင် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်မှုများ အမြဲပြည့်စုံနေပါစေလ...
01/01/2026

🎉 Happy New Year 2026 🎉

နှစ်သစ် ၂၀၂၆ ခုနှစ်တွင် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်မှုများ အမြဲပြည့်စုံနေပါစေလို့ Hotel Spring မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
နှစ်သစ်တစ်နှစ်လုံး အမှတ်တရကောင်းများနှင့် အေးချမ်းပျော်ရွှင်စရာ အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ 🌸

🎉 Happy New Year 2026 🎉

May the New Year 2026 bring you good health, happiness, and success. The Hotel Spring family warmly wishes you a year filled with peaceful moments and beautiful memories.
Wishing you a joyful and prosperous New Year 🌸

🎉 2026 新年快乐 🎉

在 2026 新年之际,
愿您身体健康、幸福快乐、事业成功。
Hotel Spring 全体成员
谨向您致以新年的美好祝福。
愿新的一年里,
您能拥有美好的回忆,
享受宁静而愉快的每一刻 🌸

မင်္ဂလာပါ Hotel Spring ကနေ နှုတ်ခွန်း ဆက်သလိုက်ပါတယ် ... ✨ဧည့်သည်တော်တို့ အခန်း အတွက် Booking လေးတွေ တင်ချင်တာတွေ မေးမြန...
21/09/2025

မင်္ဂလာပါ Hotel Spring ကနေ နှုတ်ခွန်း ဆက်သလိုက်ပါတယ် ... ✨

ဧည့်သည်တော်တို့ အခန်း အတွက် Booking လေးတွေ တင်ချင်တာတွေ မေးမြန်းချင်တာတွေ ပိုပြီး အဆင်ပြေစေရန် အတွက် Viber မှာဆိုလည်း Business Account လေးရဲ့ QR Code လေးရယ် Tiktok အတွက်လည်း Link လေးတင်ပေးထားပါတယ် ...

ပိုပြီး ဆက်သွယ်လွယ်ကူစေရန်အတွက် Viber နဲ့ Tiktok Account လေးကို Follow လေးလုပ်ထားလိုက်ပါနော် ...

Follow ထားတဲ့ Follower လေးတွေ အတွက်လည်း သပ်သပ်စီစဉ်ပေးမယ့် Discount Events လေးတွေရှိလာမှာမို့ Follow ထားမှ ဖြစ်မယ်နော် ... 🫰

Tiktok Link :
https://www.tiktok.com/.spring?_t=ZT-8zuAhFZVc5d&_r=1

🍃ဝန်ထမ်းခေါ်ယူခြင်း Hotel Spring တွင်  စိတ်အားထက်သန်ပြီး ဧည့်ဝတ်ကျေပွန်စွာဆောင်ရွက်နိုင်မည့် ဝန်ထမ်းများ ခေါ်ယူနေပါပြီ။“...
03/07/2025

🍃ဝန်ထမ်းခေါ်ယူခြင်း

Hotel Spring တွင် စိတ်အားထက်သန်ပြီး ဧည့်ဝတ်ကျေပွန်စွာဆောင်ရွက်နိုင်မည့် ဝန်ထမ်းများ ခေါ်ယူနေပါပြီ။

“Job Description & Requirements “

1. Supervisor
2. Front Office Staff
3. Housekeeping Staff (PA/RA)
4. Security Staff
5. Maintenance Staff

📌အနည်းဆုံး အခြေခံအထက်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အချို့ရာထူးများအတွက် ပို၍မြင့်မားသော အတွေ့အကြုံနှင့် ပညာအရည်အချင်း တို့ လိုအပ်ပါသည်)
📌 ဧည့်သည်များကို ကောင်းမွန်စွာ ဆက်ဆံနိုင်သူ ဖြစ်ရမည်။
📌စိတ်ရှည်သည်းခံပြီး ဖော်ရွေပျူဌာမှု ရှိရမည်။
📌အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရမည်။
📌ပြဿနာဖြေရှင်းနိုင်စွမ်း ရှိခြင်း၊ အထက်လူကြီးမှချမှတ်ထားသော အလုပ်တာဝန်များကို ကျေပွန်စွာလုပ်ကိုင်နိုင် ရမည်။

လျှောက်ထားရန် စိတ်ဝင်စားသူများသည် မိမိ၏ CV ၊ သက်ဆိုင်ရာ ပညာရေးအထောက်အထား၊ လျှောက်ထားလိုသည့် ရာထူးကိုဖော်ပြ၍ အောက်ဖော်ပြပါ လိပ်စာ၊ Viber နံပါတ်၊ email မှ တစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ (ရုံးချိန်အတွင်းသာ ဆက်သွယ် လျှောက်ထားပေးပါရန်)

📞09 4004 63 444
📧[email protected]
🏡မာလာလမ်း (ယုဇနလမ်း) ၊ ရက်ကွက်ကြီး (၆) ၊ ခြံအမှတ် (၃) ၊ တရုတ်ဘုံကျောင်းနောက်ကျောလမ်း ရုံးပေါင်းစုံ အတက်




30/06/2025

မိုးရွာသံနဲ့အတူ သက်သာလှတဲ့ July – Hotel Spring မှာ သဘာဝကိုခံစားဖို့အချိန်! ☔🌿

မိုးသွန်းသံတွေကြား၊ မြက်ခင်းအစိမ်း လမ်းတလျှောက်… ပြင်ဦးလွင်ရဲ့ မိုးရာသီဟာ သာမန်မိုးရာသီမဟုတ်ပါဘူး... သက်တောင့်သက်သာနဲ့ သဘာဝအေးချမ်းမှုကို အပြည့်အဝခံစားဖို့အတွက် အချိန်တစ်ခုဆိုရင်တော့ Hotel Spring မှာ July လက သွားဖို့အကောင်းဆုံးပါပဲ ...

🌧️ ဘာလို့မိုးရာသီမှာ Hotel Spring လာလည်သင့်သလဲ?

✅ သစ်ပင်အရိပ်ကြီးများ၊ နွေးထွေးတဲ့ပတ်ဝန်းကျင် – မိုးရွာချိန်တောင်အေးချမ်းပြီး romantic ဖြစ်စေတဲ့ လမ်းလျှောက်ခြင်းတွေ ...

☕️ မိုးရွာချိန်မှာ ကော်ဖီတစ်ခွက်ရယ်၊ စာအုပ်တစ်စောင်ရယ်နဲ့ ခဏတာကိုပဲ luxury trip လုပ်နေတာလိုခံစားရမယ် ...

⛅️ Sunset View – မိုးတွင်း နေမလှည့်တဲ့နေ့တစ်ခုမှာ အပင်လေးတွေကြားကနေ ထိုးထွက်ပြီးမြင်ရတဲ့ နေရောင်လေးက ခံစားမှုကို တစ်ခါမှမမေ့နိုင်ဘူး ...

🌿 မိုးရွာလို့မသွားဘူးဆိုတဲ့အတွေးကို ခဏထားပြီး၊ မိုးရာသီမှာပဲ သဘာဝနဲ့ကိုက်ညီတဲ့ ဟိုတယ်အတွေ့အကြုံကို Hotel Spring မှာခံစားကြည့်ပါ ...

📍 Location – Hotel Spring, Pyin Oo Lwin
📆 Best time to visit? – Right now. July!




" မင်္ဂလာပါ Hotel Spring မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့် "အလုပ်တွေကြောင့်ပင်ပန်းနေတာလား?ရာသီဥတုအပူကြောင့်စိတ်ညစ်နေတာလား...
16/05/2025

" မင်္ဂလာပါ Hotel Spring မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့် "

အလုပ်တွေကြောင့်ပင်ပန်းနေတာလား?
ရာသီဥတုအပူကြောင့်စိတ်ညစ်နေတာလား?
ဒါမှမဟုတ် တနင်္ဂနွေနေ့မတိုင်ခင် အေးဆေးလှပတဲ့နေရာတစ်ခုမှာ ခဏနားချင်တာလား?
ဒါဆိုရင်တော့ Hotel Spring ကို အပြေးလှမ်းလာပြီး TGIF လို့ ရပြီနော် ✨

မြို့ပြရဲ့ဆူညံသံတွေအဝေးမှာ စိမ်းစိုစိုသစ်ပင်တို့နဲ့အတူ
စာအုပ်ဖတ်ရင်းပဲ အနားမလား …
ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ အတွေးနယ်ချဲ့ရင်း အနားယူမလား ….
လေအေးအေး ၊နေနွေးနွေး ၊မနက်ခင်းစိမ်းစိမ်းနဲ့ စစ်မှန်တဲ့ “Pyin Oo Lwin Vibe” ကို Hotel Spring မှာခံစားနိုင်မှာ ဖြစ်ပါတယ်ရှင်💚


07/05/2025

“အမှတ်တရကောင်းတွေ ဖန်တီးဖို့ အချိန်ခဏပေးစို့”

ကျွန်တော်တို့ Hotel Spring- Pyin Oo Lwin အနေနှင့် ဧည့်သည်တော်တို့ တည်းခိုမှုနှင့်သက်ဆိုင်တဲ့ ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာရန် ရည်ရွယ်ပြီး စစ်တမ်းကောက်ယူနေတာ ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် Hotel Spring မှာလာရောက်တည်းခိုသွားတဲ့ ဧည့်သည်တော်တို့အနေနှင့် မိမိတို့ ဝေဖန်အကြံပြုလိုသည်များကို ယခု survey form မှာ လွတ်လပ်စွာ အကြံပေးနိုင်မှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ အကြံပြုချက်အပေါ် မူတည်ပြီး တည်းခိုစဉ်ကာလအတွင်း ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုများ၊ အမှတ်တရကောင်းများရရှိပိုင်ဆိုင်လာအောင် ကျွန်တော်တို့ဘက်မှ ကြိုးစားဆောင်ရွက်လိုသည့်အတွက် ဤစစ်တမ်းကောက်ယူမှုမှာ ပါဝင်၍ ကူညီဖြေကြားစေလိုပါတယ်ခင်ဗျာ။

ပြီးတော့ ယခုစစ်တမ်းကောက်ယူမှုက သုတေသနပရောဂျက် တစ်ခုနှင့်လည်း သက်ဆိုင်နေတာဖြစ်တဲ့အတွက်
မိမိတို့သာအသုံးပြုမည်ဖြစ်ပြီး ပြင်ပသို့ ထုတ်ဖော်ပြောကြားမည်မဟုတ်ပါဘူး ခင်ဗျာ ။
အချိန်ပေးပြီး ဖြေဆိုပေးသွားတဲ့ ဧည့်သည်တော်များကိုအထူးကျေးဇူးတင်ရှိပါတယ် 💛

https://docs.google.com/forms/d/e/1FAIpQLSfF9peGL-N_iDyQ82tl_I5omAy8qU-m5kjc9iyYjZuFw5-9iA/viewform?usp=header

မိခင်မြေ၏ ခြေထောက်များအလုပ်သမားနေ့ – May 1stအလုပ်သမားတို့၏ အခွင့်အရေးများ၊ လုပ်အားနှင့် ညီမျှသည့်လုပ်ခရရန်၊ ဝန်နှင့်အားမ...
01/05/2025

မိခင်မြေ၏ ခြေထောက်များ
အလုပ်သမားနေ့ – May 1st

အလုပ်သမားတို့၏ အခွင့်အရေးများ၊ လုပ်အားနှင့် ညီမျှသည့်လုပ်ခရရန်၊ ဝန်နှင့်အားမျှတသည့် အလုပ်များလုပ်ဆောင်နိုင်ရန်အတွက် ကြိုးစားဖော်ထုတ်ပေးခဲ့ကြသည့် မေဒေးဟုခေါ်တွင်သော ယနေ့ကျရောက်သည့် ကမ္ဘ့ာအလုပ်သမားနေ့ ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ကမ္ဘာတစ်ဝန်းမှ ကာယအား၊ ဉာဏအားများကို ရင်းကာ ဇွဲ၊လုံလ၊ဝီရိယ၊စေတနာတို့ဖြင့် အသက်မွေးမှုအတွက်ကြိုးစားလုပ်ကိုင်နေကြသော အလုပ်သမားများအားလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း Hotel Spring-Pyin Oo Lwin မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်။






Address

NO. 3 , Quarter 6 , Mar Lar (YuZaNa) Street , Pyin Oo Lwin (MayMyoe) , Mandalay Division
Maymyo
2

Alerts

Be the first to know and let us send you an email when Hotel Spring - Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel Spring - Pyin Oo Lwin:

Share

Category