20/09/2018
ပြည်ရိပ်မွန် ဧည့်ဂေဟာရဲ့ ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ်များရှင် မကြာခင် ၀ါလလွတ်ကင်း သီတင်းကျွတ်ပါတော့မယ်။ပွင့်လင်းရာသီမှာ အေးမြလတ်ဆတ်တဲ့ တောင်ပေါ်လေကို ရှူရှိုက်ရင်း သာယာလှပတဲ့ ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်လည်ပတ်အပန်းဖြေဖို့ လာကြမယ်ဆိုရင် ပြည်ရိပ်မွန် မိသားစုမှ နွေးထွေးပျူငှါ ကြိုဆိုလျက်ပါနော်။
သန့်ရှင်းသပ်ရပ်တဲ့ အခန်းတိုင်းမှာလိုအပ်တဲ့တစ်ကိုယ်ရေအသုံးအဆောင်များအပြင် ရေပူရေအေးသုံးနိုင်တဲ့ ရေချိုးခန်းအိမ်သာတွဲလျက်ပါပါတယ်။၁ ယောက်ခန်း။၂ ယောက်ခန်း။၃ ယောက်ခန်း။၎ ယောက်ခန်းများမှာ နွေးထွေးလုံခြုံစွာ တည်းခိုနိုင်ပါတယ်။နံနက်စာ set menu အပါအ၀င်ဖြစ်ပြီး အခြားသောဝန်ဆောင်မှုများကိုလည်း စီစဉ်ပေးလျက်ရှိပါတယ်။
(ကား/ဆိုင်ကယ်၊ရထားလုံး ငှါးရမ်းပေးခြင်း၊
ခရီးစဉ် trip plan ဆွဲပေးခြင်း၊
Trekking tour ချိတ်ဆက်ပေးခြင်း၊
ကား၊လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊
ဒိုဘီအပ်နှံခြင်း)ပြည်ရိပ်မွန်မှာ တည်းခိုရတာ စိတ်ချမ်းသာရစေမှာ အသေအချာပါလို့ သတင်းပေးရင်း ဖိတ်ခေါ်လိုက်ပါတယ်။
တည်နေရာကလည်း ပြင်ဦးလွင်ရဲ့အထင်ကရ သီရိပဒေသာကားကြီးဝင်း၊Ruby Mart၊တို့နဲမနီးမဝေးမှာပါရှင့်။