Yadanar Guest House

Yadanar Guest House A guest house located in middle of Meiktila City, Mandalay Division. Fair price! Clean and Quiet place!

အပြိုအပျက်တွေကြားက ရုန်းထခဲ့ပြန်ပြီ ရတနာ
21/09/2025

အပြိုအပျက်တွေကြားက ရုန်းထခဲ့ပြန်ပြီ ရတနာ

✨မြို့လုံးကျွတ် သံဃာ အာရုံဆွမ်းလောင်းလှူပွဲ ✨ကွယ်လွန်ခဲ့ပီးသော မိဘများအားရည်စူး၍ ရတနာ ဧည့်ရိပ်သာ မိသားစု မောင်နှမများမှ ...
20/09/2025

✨မြို့လုံးကျွတ် သံဃာ အာရုံဆွမ်းလောင်းလှူပွဲ ✨

ကွယ်လွန်ခဲ့ပီးသော မိဘများအားရည်စူး၍ ရတနာ ဧည့်ရိပ်သာ မိသားစု မောင်နှမများမှ နှစ်စဉ်နှစ်တိုင်း မြို့လုံးကျွတ် သံဃာ အာရုံဆွမ်းလောင်းလှူ ကုသိုလ်ယူဖြစ်ကြပါတယ်

ဒီနှစ်မှာတော့ သံဃာတော်စုစုပေါင်း ၇၈၃ ပါး လောင်းလှူနိုင်ခဲ့ပါတယ် 🙏🏻🙏🏻

✨✨ Yadanar Guest House✨✨✨✨ Newly Renovated and Decorated✨✨We’ve been serving guests with warm hospitality and a home-lik...
20/09/2025

✨✨ Yadanar Guest House✨✨
✨✨ Newly Renovated and Decorated✨✨

We’ve been serving guests with warm hospitality and a home-like atmosphere. After the earthquake, we have fully renovated our building, and now we are ready to welcome you again — stronger, safer, and more comfortable than ever. 🏠❤️

🌟 What we offer:
✔️ Freshly renovated rooms
✔️ Clean, cozy, and affordable stay
✔️ Friendly staff always ready to help
✔️ Great location for travelers

Whether you’re here for a short trip, family visit, or business stay, we’ll make you feel right at home.

📞 09 955 846287

We look forward to hosting you soon! 💐

09/05/2021

မင်္ဂလာပါ

17/06/2020
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရတနာတည်းခိုခန်း လုပ်ငန်း...
13/06/2020

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရတနာတည်းခိုခန်း လုပ်ငန်းအား စနစ်တကျပြန်လည်ဖွင့်လှစ်ပါပြီ။

အမှတ်(၁၃၁)၊ လေတပ်လမ်း၊ ရတနာမာရ်အောင်ရပ်၊ မိတ္ထီလာမြို့
No(131), Laytatt str, Yadanar Manaung Qr, Meiktila
Contact no: 064-23661 / 09 754022114

Covid-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်လာတော့ ကျွန်တော်တို့ အပါအဝင် အားလုံးသောသူများ အခက်အခဲ ရင်ဆိုင်ကြရတာပါ။ အခုဆိုရင် ကျွန်တေ...
05/06/2020

Covid-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်လာတော့ ကျွန်တော်တို့ အပါအဝင် အားလုံးသောသူများ အခက်အခဲ ရင်ဆိုင်ကြရတာပါ။ အခုဆိုရင် ကျွန်တော်တို့ အားလုံးဟာ ကပ်ရောဂါရဲ့ အစဦးဆုံးကာလကို အကောင်းဆုံးနှင့် အထိအခိုက်အနဲဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ ရတနာတည်းခိုခန်း အနေနှင့်လဲ ကိုဗစ်ကပ်ရောဂါ အစဦးကာလမှာ အားလုံးနှင့်အတူ ပူပေါင်းပါဝင်ခြင်းအနေဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ညွှန်ကြားချက်များနှင့်အညီ တည်းခိုခန်းလုပ်ငန်းအား ယာယီပိတ်ထားခဲ့ပါသည်။
ယခုအချိန်လို ကိုဗစ်ကပ်ရောဂါနှင့် အတူယှဥ်တွဲ ဖြတ်သန်းရမယ့် ကာလ (New normal period) မှာလဲ အကောင်းဆုံး၊ အထိအခိုက်အနဲဆုံးနှင့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ ညွှန်ကြားချက်များအား အတိအကျလိုက်နာပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ ပြင်ဆင်ထားရှိမှုများကိုလဲ သက်ဆိုင်ရာ ဦးစီးဌာနထံမှ စီစစ် စစ်ဆေး ခြင်းကို ခံယူပြီးဖြစ်ပါသည်။
ကျွန်တော်များ ရတနာတည်းခိုခန်းအနေဖြင့် နောက်နောင် ကိုဗစ်ကာလတလျှေက်လုံးတွင် လာရောက်တည်းခိုသူ ဧည့်သည်များအား ကိုဗစ်ကပ်ရောဂါဆိုးမှ ကာကွယ်ပေးနိုင်ရေးသာမက ကျွန်တော်များ၏ ရတနာတည်းခိုခန်း ဝန်းထမ်းတစ်ဦးချင်းစီအတွက် ရောဂါကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ရေးကို အစဥ်တစိုက်ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။

ကျွန်တော်တို့ အားလုံး တစ်ယောက်တစ်လက် တွဲကူလို့ ဒီကိုဗစ်ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်ကြပါစို့ ခင်ဗျာ။

မကြာမီ ပြန်လည်ဆုံတွေ့ကြမည်။

မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြရေး ဦးစီးဌာန ထံသို့ကျွန်တော်တို့ ရတနာတည်းခိုခန်း လုပ်ငန်းအား ပြန်လည်ဖ...
04/06/2020

မန္တလေးတိုင်း ဒေသကြီး
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြရေး ဦးစီးဌာန ထံသို့
ကျွန်တော်တို့ ရတနာတည်းခိုခန်း လုပ်ငန်းအား ပြန်လည်ဖွင့်လှစ်ခွင့်အတွက် စီစစ်ပေးနိုင်ပါရန် တင်ပြလျှောက်ထားခဲ့ပါသည်။

ဟိုတယ်၊ မိုတယ် နှင့် တည်းခိုခန်းများတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက် (Version 1.0) Updated as of 3-6-2020ဟိုတယ်န...
03/06/2020

ဟိုတယ်၊ မိုတယ် နှင့် တည်းခိုခန်းများတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက် (Version 1.0)
Updated as of 3-6-2020

ဟိုတယ်နှင့် ခရီး ဝန်ကြီးဌာန (Ministry of Hotels and Tourism) ၏ page မှ ကူးယူဖော်ပြပါသည်။

https://m.facebook.com/story.php?story_fbid=2948249701960444&id=402576259861147

Covid-19 ရောဂါကို ထိန်းချုပ် ကာကွယ်နိုင်ရန် နိုင်ငံတော် (မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့) ၏ ညွှန်ကြားချက် နှင့်အညီ 24. ...
21/05/2020

Covid-19 ရောဂါကို ထိန်းချုပ် ကာကွယ်နိုင်ရန် နိုင်ငံတော် (မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့) ၏ ညွှန်ကြားချက် နှင့်အညီ 24. 03. 2020 မှစ၍ ယနေ့အထိ ကျွန်တော်တို့၏ ရတနာတည်းခိုခန်း လုပ်ငန်းကို ယာယီရပ်နားထားခဲ့ပါသည်။

ယခုအခါ ကျွန်တော်တို့ လုပ်ငန်းသည် နိုင်ငံတော် (မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့) ၏ Covid-19 ဆိုင်ရာ ဒုတိယအဆင့်ဖြေလျော့ခြင်း တွင်ပါဝင်ခဲ့ပြီ ဖြစ်သည့်အလျောက် မိမိတို့ တည်းခိုခန်းလုပ်ငန်းအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားပါသည်။

‌Reception counter အား ပလပ်စတစ်အကာ ကာခြင်း၊
‌အဝင်/အထွက် နေရာတွင် လက်ဆေးကန်ထားရှိခြင်း၊
‌ဝန်ထမ်းများအား ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် စနစ်တကျ အသုံးပြုနိုင်ရန် ညွှန်ကြားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊
‌အခန်းတွင်း/ပြင် နေရာများ၊ အများသုံးနေရာများ၊ အသုံးအဆောင်ပစ္စည်းများအား သတ်မှတ်ညွှန်ကြားထားသော ပိုးသတ်ဆေးဖျော်ရည်ဖြင့် ပိုးသတ်သန့်ရှင်းစေခြင်း၊
‌ပိုးသတ်ဆေးဖျော်ရည်ဖြင့် နေ့စဥ် ပိုးသတ်သန့်ရှင်းနိုင်ရန် စီစဥ်ညွှန်ကြားထားခြင်း၊
‌ဝန်ထမ်းတစ်ဦးခြင်းစီ၏ ကျန်းမာရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးအား အစဥ်မပြတ်စောင့်ကြည့် ကာကွယ်နိုင်ရန် စီစဥ်ညွှန်ကြားခြင်း၊
‌တည်းခိုခန်းသို့ လာရောက်တည်းခိုသူ ဧည့်သည်တို့၏ ကျန်းမာရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်နိုင်ရန် စီစဥ်ဆောင်ရွက်ထားခြင်း၊
‌Social distance နေရာသတ်မှတ်ထားခြင်း၊
‌Air Con များအား Indoor/Outdoor/Air filter သန့်ရှင်းခြင်း (Service)၊

အစရှိသည့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မိမိတို့၏ တည်းခိုခန်းလုပ်ငန်းအား စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားပါသည်။

ပြင်ဆင်ဆောင်ရွက်ထားမှုကို အစစ်ဆေးခံနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနထံသို့လည်း လျှောက်ထားတင်ပြထားခဲ့ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ အဆင့်ဆင့်မှ မိမိတို့ ရတနာတည်းခိုခန်း လုပ်ငန်းအား ကြပ်မတ်စီစစ်ပြီး လုပ်ငန်းပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက တည်ခိုခန်းလုပ်ငန်းကို စနစ်တကျ ပြန်လည်ဖွင့်လှစ်ပါမည်ဖြစ်ကြောင်း တည်းခိုသူဧည့်မိတ်ဆွေ များအား အသိပေးအပ်ပါသည်။

အားလုံး ကျန်းမာချမ်းသာ ရောဂါဘယကင်းဝေးကြပါစေ။

Address

No. 131, Laytatt Street, Yadanar Manaung Qt, Meiktila Town, Mandalay Division
Meiktila

Telephone

+956423661

Website

Alerts

Be the first to know and let us send you an email when Yadanar Guest House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category