02/12/2020
အေးပေါ့လိုက်နာရမှာပေါ့
မန္တလေးတိုင်းအတွင်း ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်များ ဒီဇင်ဘာ(၁၆)ရက်အထိ သက်တမ်းတိုး၊
Mandalay In-depth News၊ ဒီဇင်ဘာ-၂
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရာဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရန် ထုတ်ပြန်ထားသည့် တားမြစ် ကန့်သတ်ချက်များကို ဒီဇင်ဘာ(၁၆)ရက်အထိ တိုးမြင့် သတ်မှတ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရက ကြေညာသည်။
အဆိုပါ တားမြစ်ကန့်သတ်ချက်များကို အစိုးရက (၁၅)ရက်တစ်ကြိမ် သက်တမ်းတိုးနေခြင်း ဖြစ်ပြီး ယခု ဒီဇင်ဘာလအတွင်း အများပြည်သူ လိုက်နာရန် သတ်မှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များသည် ယခင် နိုဝင်ဘာလအတွင်းက သတ်မှတ်ခဲ့သည်များနှင့် ထပ်တူဖြစ်ပြီး ဖြေလျှော့ချက်၊ ပိုမိုတင်းကြပ်ချက်များ မပါရှိပေ။
မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ အနှိပ်ခန်းများ (အကြောပြုပြင်ရေး လုပ်ငန်းများ အပါအဝင်)၊ ကိုယ်ကာယ ကြံ့ခိုင်ရေး ၀န်ဆောင်မှု (GYM)၊ SPA အလှပြင်လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အင်းများအား ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း တိုင်းအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လူစုလူဝေး အများအပြားဖြင့် ကျင်းပသည့် ဘုရားပွဲများ၊ တရားပွဲ/ တရားစခန်းများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေး လုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တန်ခိုးကြီး ဘုရား၊ စေတီပုထိုးများ ဖူးမြှော်ခြင်းအား ခွင့်မပြုသေးပါကြောင်းနှင့် ဖူးမြှော်ခွင့် တောင်းခံလာပါက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟ်ုကော်မတီထံ တင်ပြခွင့်ပြုချက် ရယူပြီး ခွင့်ပြုချက် ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဟု ပါရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးတွေ့ရှိမှု များပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများ အားလုံး Community Based Facility Quarantine (၁၄)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် COVID-19 ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည်ဟု ကြေညာချက်တွင် ပါရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေပြီး ဒီဇင်ဘာ(၁)ရက်အထိ COVID-19 အတည်ပြုလူနာ (၆,၀၈၆)ဦး ရှိကာ ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ (၃,၇၇၇)ဦး၊ သေဆုံးသူ (၅၄)ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ (၂,၂၅၅)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြေညာချက်/ Ref- MRG
https://www.facebook.com/mandalayindepthnews
-19 #မန္တလေး #တားမြစ်ကန့်သတ်
မႏၱေလးတိုင္းအတြင္း ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ တားျမစ္ကန္႔သတ္ခ်က္မ်ား ဒီဇင္ဘာ(၁၆)ရက္အထိ သက္တမ္းတိုး၊
Mandalay In-depth News၊ ဒီဇင္ဘာ-၂
မႏၲေလးတိုင္းေဒသႀကီးအတြင္း COVID-19 ရာဂါ ကာကြယ္ထိန္းခ်ဳပ္ နိဳင္ေရးအတြက္ အမ်ားျပည္သူ သိရွိလိုက္နာရန္ ထုတ္ျပန္ထားသည့္ တားျမစ္ ကန္႔သတ္ခ်က္မ်ားကို ဒီဇင္ဘာ(၁၆)ရက္အထိ တိုးျမင့္ သတ္မွတ္ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး အစိုးရက ေၾကညာသည္။
အဆိုပါ တားျမစ္ကန္႔သတ္ခ်က္မ်ားကို အစိုးရက (၁၅)ရက္တစ္ႀကိမ္ သက္တမ္းတိုးေနျခင္း ျဖစ္ၿပီး ယခု ဒီဇင္ဘာလအတြင္း အမ်ားျပည္သူ လိုက္နာရန္ သတ္မွတ္ထားသည့္ တားျမစ္ကန္႔သတ္ခ်က္မ်ားသည္ ယခင္ နိဳ၀င္ဘာလအတြင္းက သတ္မွတ္ခဲ့သည္မ်ားႏွင့္ ထပ္တူျဖစ္ၿပီး ေျဖေလွ်ာ့ခ်က္၊ ပိုမိုတင္းၾကပ္ခ်က္မ်ား မပါရွိေပ။
မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚႏိုင္သည့္ လူထုအပန္းေျဖေနရာမ်ား၊ ပန္းျခံ၊ ကေလးကစားကြင္း၊ စကိတ္ကြင္း၊ ဖူဆယ္ကြင္း၊ ေဘာလံုးကြင္း၊ ႏိုက္ကလပ္၊ KTV၊ ကာရာအိုေက/စင္တင္ေတးဂီတ၊ စတိတ္ရႈိးပြဲမ်ား၊ ဗြီဒီယို႐ုံမ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ အႏွိပ္ခန္းမ်ား (အေၾကာျပဳျပင္ေရး လုပ္ငန္းမ်ား အပါအ၀င္)၊ ကိုယ္ကာယ ၾကံ႔ခိုင္ေရး ၀န္ေဆာင္မႈ (GYM)၊ SPA အလွျပင္လုပ္ငန္း၊ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းႏွင့္ အင္းမ်ားအား ယာယီပိတ္သိမ္းထားရန္ႏွင့္ ပိတ္သိမ္းျခင္း မျပဳပါက တည္ဆဲ ဥပေဒအရ အေရးယူမည္ ျဖစ္ေၾကာင္း တိုင္းအစိုးရ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ လူစုလူေ၀း အမ်ားအျပားျဖင့္ က်င္းပသည့္ ဘုရားပြဲမ်ား၊ တရားပြဲ/ တရားစခန္းမ်ား၊ မဂၤလာဧည့္ခံပြဲမ်ား၊ ရဟန္းခံရွင္ျပဳပြဲမ်ား၊ အျခားပြဲလမ္းသဘင္မ်ား၊ လူမႈေရး လုပ္ငန္းမ်ား၊ ဘာသာေပါင္းစုံ ခ်စ္ၾကည္ညီၫြတ္ေရးပြဲမ်ား ေခတၱယာယီ ပိတ္သိမ္းထားရန္ႏွင့္ ပိတ္သိမ္းျခင္း မျပဳပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ဟု ဆိုသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း တန္ခိုးႀကီး ဘုရား၊ ေစတီပုထိုးမ်ား ဖူးေျမွာ္ျခင္းအား ခြင့္မျပဳေသးပါေၾကာင္းႏွင့္ ဖူးေျမွာ္ခြင့္ ေတာင္းခံလာပါက COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟ္ုေကာ္မတီထံ တင္ျပခြင့္ျပဳခ်က္ ရယူၿပီး ခြင့္ျပဳခ်က္ ရရွိမွသာ ျပန္လည္ဖြင့္လွစ္ခြင့္ ျပဳမည္ဟု ပါရွိသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္၊ၿမိဳ႕နယ္၊ ရပ္ကြက္ႏွင့္ ေက်းရြာမ်ားသို႔ ျပည္ပႏိုင္ငံ မ်ားမွ ျပန္လည္ေရာက္ရွိသူမ်ားႏွင့္ ေရာဂါပိုးေတြ႕ရွိမႈ မ်ားျပားသည့္ ၿမိဳ႔နယ္မ်ားမွ ျပန္လည္ေရာက္ရွိလာသူမ်ား အားလုံး Community Based Facility Quarantine (၁၄)ရက္ႏွင့္ Home Quarantine(၇)ရက္ ထားရွိေဆာင္႐ြက္သြားရန္ႏွင့္ လိုက္နာေဆာင္႐ြက္မႈမရွိပါက တည္ဆဲဥပေဒအရ အေရးယူျခင္းခံရမည္ ျဖစ္ေၾကာင္းႏွင့္ မႏၲေလးတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ COVID-19 ကူးစက္ျပန႔္ပြားမႈ မျဖစ္ေပၚေစေရးႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားအား အေထာက္အကူ ျဖစ္ေစရန္အတြက္ ေန႔စဥ္ ည(၁၂)နာရီမွ နံနက္(၄)နာရီအတြင္း ညမထြက္ရ Curfew အမိန႔္မ်ားကို ဆက္လက္ထားရွိ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လိုက္နာေဆာင္႐ြက္မႈ မရွိပါက တည္ဆဲဥပေဒအရ အေရးယူ ျခင္းခံရမည္ဟု ေၾကညာခ်က္တြင္ ပါရွိသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း COVID-19 ေရာဂါ ကူးစက္မႈ ျမင့္တက္ေနၿပီး ဒီဇင္ဘာ(၁)ရက္အထိ COVID-19 အတည္ျပဳလူနာ (၆,၀၈၆)ဦး ရွိကာ ၎တို႔အနက္ ေဆး႐ုံဆင္းခြင့္ရသူ (၃,၇၇၇)ဦး၊ ေသဆုံးသူ (၅၄)ဦးႏွင့္ ေဆး႐ုံတက္ေရာက္ေနဆဲ (၂,၂၅၅)ဦး ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီက သတင္းထုတ္ျပန္ထားသည္။
မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ ေၾကညာခ်က္/ Ref- MRG
https://www.facebook.com/mandalayindepthnews
-19 #မႏၲေလး #တားျမစ္ကန္႔သတ္