Sagaing Region MSME Development Department

Sagaing Region MSME Development Department Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sagaing Region MSME Development Department, Service Apartments, Monywa.

Creation of regionally innovative and competitive MSMEs across all sectors that enhance income generation and contribute to the social-economic development Mission.

21/08/2024

MSMEs များသိရှိနိုင်ပါရန် သတင်အချက်အလက်ထပ်ဆင့်မျှ​ဝေခြင်း

စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)အား ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေခြင်း အခမ်းအနားဖိတ်ကြားခြင်း (ရန်ကုန်တိုင်းဒေသကြီး)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို RBF Plus မှ ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့် ရန်ကုန်ဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိ စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အား အခမ်းအနားကို တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။

ပထမနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : MICT Park (Main Building - Conference Hall)၊ တက္ကသိုလ်များ လှိုင်နယ်မြေဝန်းအတွင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၀ရက် (အင်္ဂါနေ့)

ဒုတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် (အင်္ဂါနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၃ရက် (သောကြာနေ့)

တတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် (ကြာသပတေးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

နေရာ : စကားဝါအစည်းအဝေးခန်းမ၊ ၂လွှာ၊ The Regency Offices၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

တက်ရောက်လိုသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တက်ရောက်လိုသော နေ့အတွက် ဆက်သွယ်ရန် အီးမေးလ် - [email protected] (သို့မဟုတ်) ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉ ၂၆၃၇၀၂၃၉၇ ၊ ၀၉ ၇၅၇၇၀၀၆၉၇‬ ၊
၀၉ ၅၀၃၂၆၈၀ သို့ ဖော်ပြထားသည့်နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်စွဲများအတိုင်း ရုံးချိန်အတွင်း ဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။

21/08/2024

ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ အချက်အလက်မျှဝေဆွေးနွေးပွဲ (အွန်လိုင်း)

RBF Plusသည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့မှ စတင်၍ ပထမအကြိမ်မြောက် အဆိုပြုလွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

ယခုအခါတွင် RBF Plusသည် အဆိုပြုလွှာနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို အွန်လိုင်း (Zoom Application)မှတဆင့်ဆွေးနွေးရှင်းပြပေးမည် ဖြစ်ပါသဖြင့်
စိတ်ပါ၀င်စားသည့် လျှောက်ထားလိုသော စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) အနေဖြင့် အွန်လိုင်းဆွေးနွေးပွဲကိို တက်ရောက်နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါသည်။ စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် မိမိနှစ်သက်ရာ နေ့ရက်ကိုရွေးချယ်ပြီး တက်ရောက်နိုင်ပါသည်။

ပထမနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ရက် (သောကြာနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၂ရက် (ကြာသပတေးနေ့)

ဒုတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၆ရက် (တနင်္လာနေ့)

တတိယနေ့
နေ့ရက် : ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် (သောကြာနေ့)

နောက်ဆုံးထားစာရင်းပေးသွင်းရမည့်ရက် : ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက် (ဗုဒ္ဓဟူးနေ့)

အချိန် : နံနက် (၁၀:၀၀) နာရီ မှ နေ့ လည် (၁၂:၃၀) နာရီ အထိ

အွန်လိုင်းဆွေးနွေးပွဲသို့ အောက်ဖော်ပြပါ Zoom Meeting Link (သို့မဟုတ်) Meeting ID မှတဆင့် ဝင်ရောက်နိုင်ပါသည်။

Zoom Meeting Link : https://us06web.zoom.us/j/85438685871

Meeting ID: 854 3868 5871

စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အနေဖြင့် အောက်ပါအီးမေးလ် (သို့) ဖုန်းနံပါတ်များသို့ နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်များအတိုင်း ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
အီးမေးလ် - [email protected]
ဖုန်းနံပါတ် - ၀၉ ၄၅၆၈၇၆၆၁၃၊ ၀၉ ၇၇၄၂၁၂၄၀၅၊ ၀၉ ၅၀၃၂၆၈၀

14/08/2024

RBF Plusမှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း

RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

ယခုအခါတွင် RBF Plus၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်ကို စတင်ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ RBF Plusသည် “၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့” မှ “၂၀၂၄ခုနှစ် စက်တင်ဘာလ ၄ရက်နေ့” အထိ ပထမအဆင့်လျှောက်လွှာများ (Concept Notes)ကို စတင်ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပထမအဆင့်လျှောက်လွှာ (Concept Note)ကို ဤနေရာတွင် လျှောက်ထားပါ >>> https://ee-eu.kobotoolbox.org/x/HKyixfku

စိတ်ပါဝင်စားသော လုပ်ငန်းများအနေဖြင့် အောက်ပါ ဧရိယာများတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

ကဏ္ဍ (၁)

ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်‌သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)

ကဏ္ဍ (၂)

ဧရိယာ ၃ - စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုခြင်း
(Energy Efficiency/ Renewable Energy)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၆ - လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး
(Occupational Safety & Health)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)

ကဏ္ဍ (၃)

ဧရိယာ ၈ - ပြည်တွင်း၊​ ပြည်ပ ကုန်စည်ပြပွဲများတွင် လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များ ပါဝင်ပြသခြင်း
(Agrifood MSMEs Participation in Trade Fairs)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)

လျှောက်လွှာနှင့် ပတ်သက်သော အချက်အလက်များ နှင့် နမူနာဖြေဆိုနည်း Videoများကို ကြည့်ရှုရန် >>>
https://drive.google.com/drive/folders/18gFJ8IEc-Ctl_2F5JqQHxzy4arFNjsK9?usp=sharing

RBF Plus ၏ အဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီတွင် ဖော်ပြပေးသွားမည်ဖြစ်သဖြင့် RBF Plus ဖေ့စ်ဘုတ် စာမျက်နှာနှင့် အခြားသော လူမှုမီဒီယာချန်နယ်များကို စောင့်ကြည့်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

Address

Monywa
-

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+959400468911

Website

Alerts

Be the first to know and let us send you an email when Sagaing Region MSME Development Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sagaing Region MSME Development Department:

Share