Hotel Classico Monywa

Hotel Classico Monywa family-friendly up and coming hotel that prioritizes customer satisfaction.

 #တော်သလင်းလပြည့် #ဂရုဓမ္မအခါတော်နေ့  အကြောင်းသိကောင်းစရာ  ဂေါတမမြတ်စွာဘုရား နုစဉ်အခါက  အန္ဒိယနိုင်ငံ၊ ကုရုတိုင်းမှာနေကြ...
06/09/2025

#တော်သလင်းလပြည့်

#ဂရုဓမ္မအခါတော်နေ့ အကြောင်းသိကောင်းစရာ

ဂေါတမမြတ်စွာဘုရား နုစဉ်အခါက အန္ဒိယနိုင်ငံ၊ ကုရုတိုင်းမှာနေကြတဲ့ သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကိုလုံခြုံအောင်စောင့်ထိန်းကြတဲ့အတွက် သူတို့တိုင်းပြည်မှာ မိုးလေဝသမှန်ကန်ပြီး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နေပါတယ်။

ကုရုတိုင်းမှာမိုးလေဝသညီမျှစွာ ရွာသွန်းနေချိန်မှာ ကာလိင်္ဂတိုင်းပြည်မှာတော့ မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်လို့ လူရောတိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်။ ရှေးမင်းများထုံးစံအရ မိုးရွာအောင် အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလစောင့်ပေမယ့် မိုးက မရွာဘဲဖြစ်နေပါတယ်။

ကုရုတိုင်းမှာမိုးရွာနေတာ အဉ္စနဝဏ္ဏဆင်တော်ကြီးရှိလို့ရွာတာပဲလို အယူရှိကြပြီး ဆင်ကြီးကိုရရှိအောင် ကိုယ်စားလှယ်လွှတ်ပြီး ရွှေနဲ့လဲပါလို့ တောင်းဆိုပါတယ်။ဒီတော့ကုရု ဘုရင်က စာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာ မိုးရွာမယ်ဆိုလျှင် ငါ၏ဆင်တော်ကြီးကိုရွှေနဲ့မရောင်းဘဲ အခမဲ့မေတ္တာလက်ဆောင်ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီးရောက်တော့လည်းကာလိင်္ဂတိုင်းမှာ မိုးကမရွာဘဲ ခေါင်မြဲခေါင်နေပြန်ပါတယ်။

ဒီတော့မိုးမရွာတာ ဆင်နဲ့ဘာမှ မပတ်သက်ဘူး၊သူတို့တိုင်းပြည်သားတွေကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာဖြစ်တယ်လို့ သဘောပေါက်ပြီး အဲဒီတရားကို ရွှေပြားပေါ်မှာကူးယူ ခဲ့ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံစေလွှတ်ပြန်ပါတယ်။

ကုရုတိုင်းပြည်မှာ တစ်တိုင်းပြည်လုံး ငါးပါးသီလမြဲကြတဲ့အနက် -

၁။ ဘုရင်ရယ်၊
၂။ မယ်တော်ကြီးရယ်၊
၃။ မိဖုရားကြီးရယ်၊
၄။ အိမ်ရှေ့မင်းရယ်၊
၅။ ပုရောဟိတ်ကြီးရယ်၊
၆။ မြေတိုင်းအမတ်ရယ်၊
၇။ ရထားထိန်းရယ်၊
၈။ လယ်ပိုင်ရှင်ကြီးရယ်၊
၉။ တင်းခြင်အမတ်ရယ်၊
၁၀။ တံခါးမှူးရယ်၊
၁၁။ ပြည့်တန်ဆာမရယ် -
အဲဒီပုဂ္ဂိုလ်(၁၁)ဦးဟာ ငါးပါးသီလကိုထူးထူးခြားခြားစောင့်ကြတဲ့အတွက် သူတို့ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီးတောင်းလာခဲ့တယ်။

ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်ကစပြီး တစ်တိုင်းပြည်လုံး ကျင့်သုံးကြတဲ့အခါမှာ မိုးတွေရွာသွန်း ပြီး ကာလိင်္ဂတစ်တိုင်လုံး ကပ်ကြီးသုံးပါးမှ လွတ်ကင်းပြီး သာယာဝပြောတဲ့နိုင်ငံ ဖြစ်လာပါတယ်။
ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ``ဂရုဓမ္မအခါတော်နေ့(ငါးပါးသီလ)´´အခါတော်နေ့ အဖြစ် ကျင်းပရခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မိုးလေဝသ မှန်ကန်ညီမျှအောင် လူတိုင်းကိုယ်စီ`ငါးပါးသီလ´ မြဲကြပါစေ
လို့ Hotel Classico Management နှင့်တကွ ဝန်ထမ်းများမှဆုတောင်းမေတ္တာပို့သလိုက်ရပါသည်🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit to owner

ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့မှာ မိတ်ဆွေများအားလုံးကျန်းမာချမ်းသာပြီး စိတ်အေးချမ်းမှုများရရှိကြပါစေကြောင်း CLASSICO ...
09/07/2025

ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့မှာ
မိတ်ဆွေများအားလုံးကျန်းမာချမ်းသာပြီး စိတ်အေးချမ်းမှုများရရှိကြပါစေကြောင်း
CLASSICO HOTEL မိသားစုများမှ ဆုမွန်ကောင်းများတောင်းပေးအပ်ပါတယ်ရှင်... 🙏🙏🙏🙏🙏

ယနေ့ နေ့ထူးနေ့မြတ်အခါသမယမှာ Hotel Classico မှာ အခန်းပြည့်လာရောက်တည်းခိုကြသောမိတ်ဟောင်းမိတ်သစ် ဧည့်သည်တော်များအားလုံးကိုလဲ ရင်ထဲမှအထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း နှင့် ဧည့်သည်များအတွက်ဝန်ဆောင်များကိုလဲ ဒီထက်ပိုမိုကောင်းမွန်အောင်ကြိုးစားသွားပါမည်ဖြစ်ကြောင်းပြောကြားပါရစေရှင်🙏🙏🙏🙏🙏
အေးချမ်းသာယာသောနေ့ထူးနေ့မြတ်လေးဖြစ်ကြပါစေ🙏🙏🙏🙏🙏

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ********************************* #ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့ကဆုန...
11/05/2025

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

(၁၁.၅.၂၀၂၅) တနင်္ဂနွေနေ့တွင် ကျရောက်သော အမေများ‌နေ့ မှာ သားသမီးတွေအပေါ် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတွေကို ဖြည့်ဆည်း...
11/05/2025

(၁၁.၅.၂၀၂၅) တနင်္ဂနွေနေ့တွင် ကျရောက်သော အမေများ‌နေ့ မှာ သားသမီးတွေအပေါ် ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတွေကို ဖြည့်ဆည်းပေးတတ်ကြတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံးသာမက မိခင်သဖွယ် စောင့်ရှောက်နွေးထွေးခဲ့ကြသူများအားလုံးကို Hotel Classico ( မုံရွာ ) မှချစ်ခြင်းမေတ္တာမြောက်များစွာဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။

Hotel Classcio - နှလုံးသားဖြင့်ဝန်ဆောင်မှုပေးမည်
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

“Hotel Classico ရေကူးကန်မှာ ကျောင်းပိတ်ရက် ဆုံကြမယ်"နွေရာသီရဲ့ ပူပြင်းမှုတွေကြားက အေးမြပြီး လန်းဆန်းစေမယ့် အနားယူစရာနေရာ...
01/03/2025

“Hotel Classico ရေကူးကန်မှာ ကျောင်းပိတ်ရက် ဆုံကြမယ်"

နွေရာသီရဲ့ ပူပြင်းမှုတွေကြားက အေးမြပြီး လန်းဆန်းစေမယ့် အနားယူစရာနေရာကို ရှာဖွေနေပါသလား? 🤔

Hotel Classico ရဲ့ ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ရေကူးကန်က မိတ်ဆွေတို့အတွက် best swimming pool experience ဆိုတာမျိုးခံစားရစေဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ🌊✨

နွေရာသီကျောင်းပိတ်ရက်လည်းရောက်ပြီဆိုတော့ ကလေးတွေရဲ့ပျော်ရွှင်မှုနဲ့ မိသားစုအတူတူ အပန်းဖြေဖို့ Hotel Classico ကို လာရောက်ပြီး ပြည့်ပြည့်စုံစုံ အနားယူလိုက်တော့နော်😍

Hotel Classico ရဲ့ ရေကူးကန်ကို နွေရာသီမှာ ဧည့်သည်တွေ အနားယူဖို့ အကောင်းဆုံးဖြစ်အောင် ပြုပြင်မွမ်းမံထားပြီး သန့်ရှင်းလတ်ဆတ်တဲ့ ရေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်က ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ စိတ်ချမ်းသာစရာဖြစ်စေမှာအသေချာပဲနော်💯

ဒါ့အပြင် ကလေးတွေအတွက် ရေကူးဖို့ စိတ်ချလက်ချနေရာရှိပြီဆိုရင် လူကြီးတွေအတွက်လည်း SPA နဲ့ အနှိပ်ဝန်ဆောင်မှုတွေက စောင့်ဆိုင်းနေပါတယ်😍

နွေရာသီရဲ့ ပူပြင်းမှုတွေကနေ လွတ်မြောက်ပြီး Hotel Classico မှာ အေးချမ်းလန်းဆန်းစွာ အနားယူနိုင်ဖို့ အခုပဲ အောက်ပါဖုန်းနံပါတ်တွေနဲ့ Email လိပ်စာကိုဆက်သွယ်ပြီး အကောင်အထည်ဖော်လိုက်တော့နော်....🤩

📍 Hotel Classico, Monywa

☎ 09798269961
☎️ 09798296961
📧 [email protected]







♥️♥️♥️Happy Valentine’s Day♥️♥️♥️              to all of our lovely guest♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️ဖေဖေါ်ဝါရီ ၁၄ ချစ်သ...
14/02/2025

♥️♥️♥️Happy Valentine’s Day♥️♥️♥️
to all of our lovely guest
♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️♥️

ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့မှာ

Hotel Classico ရဲ့ ချစ်ရတဲ့ရွှေဧည့်သည်များအတွက် 😘😘😘

ပထမဆုံး check in ဝင်တဲ့ ချစ်ဧည့်သည်အခန်း ၂၀ စာအတွက် ချစ်ခြင်းအထိမ်းအမှတ် 😍😍😍

🍫🍫ချောကလက် 🍫🍫လက်ဆောင်လေးတွေစီစဉ်ပေးထားတယ်နော်

ကဲ.......ချောကလက်လေးတွေတန်းစီ☺️☺️☺️

Address

Yae Baw Gyi Street
Monywa
02301

Telephone

+959887775537

Website

Alerts

Be the first to know and let us send you an email when Hotel Classico Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hotel Classico Monywa:

Share

Category