Myawaddy Palace Hotel

Myawaddy Palace Hotel Hotel

03/02/2023

ကရင်ပြည်နယ် မြဝတီမြို့

မြဝတီပဲလေ့(စ်) ဟိုတယ်တွင်
ဧည့်ကြိုကောင်တာတွင် (မ)တစ်ဉီးအလိုရှိပါသည်။
ဆယ်တန်းအောင်/ ဘွဲ့ရဖြစ်ရပါမည်။
လျှောက်ထားလိုသူမှ CV ဖောင်၊
မှတ်ပုံတင်(မူရင်းနှင့်အိမ်ထောင်စုဇယား) မိတ္တူ
ပါတ်(စ်)ပို့ဓာတ်ပုံ (၁) ပုံ နှင့်အတူ
လျှောက်ထားနိုင်ပါသည်။

လိပ်စာ "-မြဝတီပဲလေ့(စ်)ဟိုတယ်၊
ီအမှတ်(၂) ချစ်ကြည်ရေးတံတားလမ်း၊ မြဝတီမြို့

(ဆက်သွယ်ရန်ဖုန်း)

09-795140409

🇲🇲လွပ်လပ်ရေးနေ့ 🇲🇲ယနေ့ကျရောက်သော (၇၃)ကြိမ်မြောက် မြန်မာ့လွပ်လပ်ရေးနေ့ကို ZMH Group of companies မိသားစုမှ ဂုဏ်ယူဝမ်းမြော...
04/01/2021

🇲🇲လွပ်လပ်ရေးနေ့ 🇲🇲

ယနေ့ကျရောက်သော (၇၃)ကြိမ်မြောက် မြန်မာ့လွပ်လပ်ရေးနေ့ကို ZMH Group of companies မိသားစုမှ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ 🇲🇲🇲🇲🇲🇲

ပျော်ရွှင်ဖွယ်နှစ်သစ်ကူး အချိန်ခါသမယ ဖြစ်ပါစေကြောင်း ZMH group of companies မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါသည် 🎄🎊🎁🎈
31/12/2020

ပျော်ရွှင်ဖွယ်နှစ်သစ်ကူး အချိန်ခါသမယ ဖြစ်ပါစေကြောင်း ZMH group of companies မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါသည် 🎄🎊🎁🎈

Merry Christmas and happy new year 🎈🎆🎊 ပျော်ရွှင်ဖွယ်ရာနှစ်သစ်လေးဖြစ်ပါစေ ကျန်းမာခြင်းတွေသယ်ဆောင်လာပြီး ကြံစည်သမျှအောင်မ...
25/12/2020

Merry Christmas and happy new year 🎈🎆🎊

ပျော်ရွှင်ဖွယ်ရာနှစ်သစ်လေးဖြစ်ပါစေ

ကျန်းမာခြင်းတွေသယ်ဆောင်လာပြီး ကြံစည်သမျှအောင်မြင်ပါစေလို့ ZMH groups of companies မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🥰🥰

"အမျိုးသားနေ့ ဒို့မမေ့"၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော နှစ် (၁၀၀) ပြည့် "အမျိုးသားအောင်ပွဲနေ့" ...
09/12/2020

"အမျိုးသားနေ့ ဒို့မမေ့"

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော နှစ် (၁၀၀) ပြည့် "အမျိုးသားအောင်ပွဲနေ့" ကို Myawaddy Palace Hotel မှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

🪔🪔 သီတင်းကျွတ်ဆုတောင်း 🪔🪔ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ Myawaddy palace hotel ရဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှ...
31/10/2020

🪔🪔 သီတင်းကျွတ်ဆုတောင်း 🪔🪔

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ Myawaddy palace hotel ရဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ 🙏🙏🙏

ကပ်ရောဂါအပေါင်းမှလည်း အမြန်ကင်းဝေးပါစေကြောင်း‌ Myawaddy palace hotel မိသားစုမှ ဆု‌တောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့် 🙏🙏🙏

မဖြစ်မနေရုံးသွားရမယ်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များခုချိန်မှာ မဖြစ်မနေရုံးတက်နေတဲ့သူတွေလည်းရှိနေအုံးမှာပါ။ ကူးစက်လွယ်တဲ့ ...
11/09/2020

မဖြစ်မနေရုံးသွားရမယ်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ

ခုချိန်မှာ မဖြစ်မနေရုံးတက်နေတဲ့သူတွေလည်းရှိနေအုံးမှာပါ။ ကူးစက်လွယ်တဲ့ COVID – 19 ကို ကြောက်လန့်ပေမယ့် စားဝတ်နေရေးအရ မဖြစ်မနေရုံးသွားရမယ်ဆိုရင် ဆောင်ရန်ရှောင်ရန်တွေကိုဖော်ပြပေးလိုက်ပါတယ်။
၁) အိမ်ကနေ Mask ၊ Face Shield ၊ လက်အိတ်စွပ်သွားပါ။
အိမ်ကထွက်ကတည်းက Mask ၊ လက်အိတ်စွပ်သွားတာ ပိုစိတ်ချရပါတယ်။ အဲဒါမှ လူအများထိတွေ့နေရတဲ့ ပစ္စည်းတွေကိုကိုင်တွယ်တဲ့အခါ လက်အိတ်စွပ်မှ စိတ်ချရမှာဖြစ်ပါတယ်။ အိမ်ကထွက်တာနဲ့ သတိအနေအထားနဲ့မို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောတာပဲဖြစ်ဖြစ်၊ အခြားတစ်ယောက် နှာစေးချောင်းဆိုးတာပဲဖြစ်ဖြစ်၊ စိတ်ချရအောင် mask တပ်ထားရမှာဖြစ်ပါတယ်။

၂) နာရီနဲ့ အခြား accessories တွေကို အိမ်မှာ ချွတ်ခဲ့ပါ။
ရုံးသွားတဲ့အခါ ပြင်ပက မမြင်နိုင်တဲ့ပိုးမွှားတွေက သင့်ရဲ့ နာရီနဲ့ အခြား accessoriesတွေမှာ ခိုအောင်းနေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ နာရီနဲ့ အခြား accessories တွေကို အိမ်မှာ ချွတ်ထားခဲ့ပါ။

၃) ဆံပင်ရှည်ကို စည်းနှောင်သွားပါ။
အထူးသဖြင့် မိန်းကလေးတွေဆံပင်ရှည်ကို ထုံးဖွဲ့သွားတာပိုကောင်းပါတယ်။ ဆံပင်မှာ ပိုးမွှားတွေကပ်ညှိနေတာမျိုးကို ကာကွယ်နိုင်ဖို့အတွက် မဖြစ်မနေ စည်းနှောင်ထားသင့်ပါတယ်။

၄) ရုံးကိုရောက်တာနဲ့ လက်ဆေးပါ။
ရုံးကိုရောက်ရောက်ခြင်း ဘာပစ္စည်းမှမကိုင်ခင် လက်ကိုအရင်ဆေးပါ။ (လက်အိတ်မစွပ်ထားလျှင်) အများသုံးပစ္စည်းတွေကို တစ်ရှုးအသုံးပြုပြီး ကိုင်တွယ်ပါ။ လက်ပြန်ဆေးပါ။

၅) ကိုယ့်စားပွဲပေါ်က ပစ္စည်းတွေကို သီးသန့်ထား သန့်ရှင်းရေးလုပ်ပါ။
ကိုယ့်ရဲ့စာရေးစားပွဲကိုသန့်ရှင်းပါ၊ စာရေးကိရိယာတွေ ကိုယ့်အတွက်သီးသန့်ထားပါ။ ကွန်ပျူတာ ကီးဘုတ်တွေကို Hand Gel နဲ့ဂွမ်းနဲ့ဆွတ်ပြီး သန့်ရှင်းရေးလုပ်ပါ။ ကိုယ်ပိုင် သောက်ရေခွက်သီးသန့်ထားပါ။ တစ်နေ့တစ်ခါ Hand Gel နဲ့ ဂွမ်းသုံးပြီး ကိုယ့်ရဲ့စားပွဲကို သန့်ရှင်းရေးလုပ်ပါ။

၆) စားပွဲခုံ (သို့) လူတစ်ယောက်နဲ့တစ်ယောက် ‌ခြောက်ပေခန့်ခြားပါ။
ကိုယ့်စားပွဲကို အခြားတစ်ယောက်နဲ့ ခြောက်ပေခန့်ခြားမှာ သတ်မှတ်ထားပါ။ တစ်ရုံးလုံး ထိုကဲ့သို့ ဆောင်ရန်ရှောင်ရန်ကို လိုက်နာဖို့ စည်းကမ်းသတ်မှတ်ထားပါ။

၇) အများသုံးပစ္စည်းတွေ ကိုင်ပြီးတိုင်းလက်ဆေးပါ။
လက်အိတ်မစွပ်ဖြစ်လျှင် သတိလေးနဲ့ အများသုံးပစ္စည်းတွေကိုင်ပြီးတိုင်း လက်ဆေးဖို့မမေ့ပါနဲ့။
စီမံရေးရာဌာနပဲဖြစ်ဖြစ်၊ တာဝန်ရှိသူကို ရုံးတွင်း စည်းကမ်းလိုက်နာဖို့ သတ်မှတ်ပေးဖို့ ခွင့်တောင်းပါ။ တစ်ယောက်ကအစ အားလုံး သတိထားလိုက်နာကြပါစေ။

Vitamins ကြွယ်ဝတဲ့အစားအသောက်တွေစားဖို့လည်းမမေ့နဲ့နော် ခုလိုတကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသတိ အသိနဲ့နေထိုင်ရချိန်မှာသင့်အနေနဲ့ ဗီတာမင်စီပေါကြွယ်ဝတဲ့အစားအသောက်ကိုများများစားပေးပြီးကိုယ်ခံစွမ်းအားကိုတိုးမြှင့်ထားဖို့အထူးလိုအပ်ပါတယ် ။
ကျန်းမာရေးအတွက် အထောက်အပံံ့ဖြစ်စေသော ဂျပန်နိုင်ငံ Itoen company မှထုတ်လုပ်ထားတဲ့ Vegetable juice ဖျော်ရည်နှင့် Jujitsu Yasai Mix juice ဟာဆိုရင် Vitamins ကြွယ်ဝတဲ့ကျန်းမာရေးအတွက်အသင့်တော်ဆုံးဖျော်ရည်ဖြစ်ပါတယ် 🥕🥬🥒🍉🍎🍋🍓🍒

အသေးစိတ်ကြည့်ရူရန်နှင့်ဝယ်ယူရန် link 👇👇

https://www.facebook.com/2061979490694007/posts/3332171057008171/

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)မှာ သတ္တဝါအပေါင်းတို့စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး အလှူဒါနကောင...
03/08/2020

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)မှာ
သတ္တဝါအပေါင်းတို့စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး အလှူဒါနကောင်းမှုကုသိုလ်များစွာ ပြုလုပ်နိုင်ပါစေလို့ Myawaddy palace hotel မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏🙏🙏

20/07/2020

Address

No(5)Ward, Chit Kyi Yay Street
Myawadi

Telephone

09778492100

Website

Alerts

Be the first to know and let us send you an email when Myawaddy Palace Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myawaddy Palace Hotel:

Shortcuts

Share

Category