Into the Clouds Coffee Speciality

Into the Clouds Coffee Speciality After all, tomorrow is another day!

🍓🍓🍓ကော်ဖီပင်ငယ် သက်တမ်း ၁ နှစ်ကနေ ၃ နှစ်အထိ စတော်ဘယ်ရီကို ကြားသီးနှံအဖြစ် စိုက်ပျိုးရင် ပေါင်းရှင်းရ သက်သာမဲ့အပြင် ပြင်ဦ...
31/08/2026

🍓🍓🍓ကော်ဖီပင်ငယ် သက်တမ်း ၁ နှစ်ကနေ ၃ နှစ်အထိ စတော်ဘယ်ရီကို ကြားသီးနှံအဖြစ် စိုက်ပျိုးရင် ပေါင်းရှင်းရ သက်သာမဲ့အပြင် ပြင်ဦးလွင်ဈေးကွက်အရ စတော်ဘယ်ရီကနေ ဝင်ငွေအလွန်ကောင်းနိုင်ပါတယ်။
လက်ရှိမှာတော့ကျနော်တို့ပြင်ဦးလွင် ဧက၂၀ကော်ဖီခြံထဲမှာစတော်ဘယ်ရီစိုက်ဖို့ အဆင့်ဆင့်မြေပြင်ရတဲ့ပုံတွေပါ။
စတော်ဘယ်ရီစိုက်တာကအရမ်းလက်ဝင်ပါတယ်။
စတော်ဘယ်ရီ စိုက်တော့မယ်ဆိုရင် မြေပြင်တာကစလို့ စိုက်ပျိုးပြုစုတာအထိ စနစ်တကျလေး လုပ်ပေးရင် အသီးထွက်လှပြီး အရသာ ပိုချိုစေပါတယ်။
ခြံမှာတော့ ဂျပန်စတော်ဘယ်ရီ ချိုမွှေးသီးနဲနဲနဲ့ ဒေသမျိုးများများစိုက်ပါတယ်။
ချိုမွှေးသီးက ၅ဆလောက်စျေးကြီးတယ်လေ😁
စိုက်ပျိုးနည်းကတော့ အရင်တခါရေးပေးပြီးပြီမို့လို့ မြေပြင်ပုံအဆင့်ဆင့်ကို တပုံချင်းနှိပ်ကြည့်သွားတော့နော်။

☘️အားလုံးပဲအဆင်ပြေကြပါစေ☘️
☁️ Cloud Valley Coffee Inc.
Into the Clouds Coffee Speciality
Grown in the Clouds, Crafted for Your Soul.

29/08/2026

အနာဂတ်တွေစိုက်ပျိုးထားတဲ့ မေမြို့က ကော်ဖီခြံလေး ☁️☕️
မေမြို့ရဲ့ တောင်တန်း၊ လေပြေ၊ မြူခိုးနုနုတွေနဲ့ ကော်ဖီခြံလေးရဲ့ သာယာအေးချမ်းတဲ့အလှ

လေပြေထဲမှာယိမ်းနွဲ့နေတဲ့ ခါတော်မီပင်တွေကြားက
စိမ်းလန်းတဲ့ကော်ဖီပင်လေးတွေ

မနက်ခင်းနေရောင်က
အရွက်စိမ်းလေးတွေပေါ် ကျရောက်လာတိုင်း
လေပြေတစ်ချက်နဲ့အတူ
ကော်ဖီခြံလေးက ပိုပြီးအသက်ဝင်လာတယ်။

ဒီနေရာမှာ
ကော်ဖီသီးတွေကိုပဲ စိုက်ပျိုးထားတာမဟုတ်ဘူး
လူ့ဘဝရဲ့အိုမင်းလာမဲ့အနာဂတ်အတွက်
အေးချမ်းတဲ့နေ့ရက်လေးတွေကိုပါ
တစ်ခါတည်း စိုက်ပျိုးထားသလိုပဲ။

မေမြို့ရဲ့ အေးမြတဲ့လေညှင်းထဲမှာ
ကော်ဖီတစ်ခွက်ရဲ့ အစပြုရာ
သဘာဝနဲ့အနီးစပ်ဆုံးကော်ဖီခြံလေးတခြံ… ☕️🌿

☘️အားလုံးပဲအဆင်ပြေကြပါစေ☘️
☁️ Cloud Valley Coffee Inc.
Into the Clouds Coffee Speciality
Grown in the Clouds, Crafted for Your Soul.

28/08/2026

T8667 ၁နှစ်သားပင်တွေရဲ့ကြီးထွားနေပုံကိုကြည့် 🌿🌿🌿
မနှစ်တုန်းက Geisha, SL 34, P 90, P88, T8667, H 528 ကော်ဖီမျိုးကွဲ ၆မျိုးကို မေမြို့ဧက ၂၀ခြံထဲမှာစိုက်ခဲ့တယ်။
အဲဒီ Coffee Variety တွေထဲမှာ ကျနော်စိတ်အဝင်စားဆုံးက T8667 ပါ။

စစိုက်ပြီဆိုကတည်းကနေ အခုတနှစ်သားအထိ မေမြို့ခြံထဲမှာ T8667 က တခြားမျိုးတွေထက် အသန်ဆုံး၊ အကြီးဆုံးဖြစ်နေပါတယ်။
အဲဒါနဲ့ T8667 အကြောင်းလိုက်လေ့လာကြည့်မိတော့

T8667 ဆိုတာ Costa Rica နိုင်ငံက CATIE သုတေသနစခန်းမှာ မွေးဖွားလာတဲ့ Arabica Catimor မျိုးနွယ်တစ်ခုပါ။ Caturra ရဲ့ အရသာကောင်းမွန်မှုနဲ့ Timor Hybrid ရဲ့ သန်မာမှုကို မျိုးစပ်ထားတာဖြစ်လို့ တောင်သူတွေအတွက်ရော ကော်ဖီသမားတွေအတွက်ပါ အားသာချက်၊ စိန်ခေါ်ချက် ဒွန်တွဲနေတဲ့ မျိုးကောင်းတစ်မျိုး ဖြစ်ပါတယ်။

အားသာချက်များ

ရောဂါဒဏ်ခံနိုင်ခြင်း:ကော်ဖီပင်တွေရဲ့ အဓိကရန်သူ ကော်ဖီရွက်ခြောက်ရောဂါ (Leaf Rust) ကို ကောင်းစွာ ခံနိုင်ရည်ရှိပါတယ်။
အထွက်နှုန်းကောင်းခြင်း: အပင်ပုပုကျစ်ကျစ်မို့ ခူးရလွယ်ပြီး အသီးနဲ့ အစေ့အရွယ်အစား ကြီးကြီးမားမားနဲ့ အထွက်တိုးပါတယ်။
Specialty အဆင့်မီခြင်း: ပေ ၄,၀၀၀ ထက်မြင့်တဲ့ နေရာမှာ စိုက်ပြီး Anaerobic သို့မဟုတ် Natural Process သေချာလုပ်ပေးရင် Cupping Score ၈၀ ကျော် Specialty Coffee စစ်စစ် ရရှိပါတယ်။

စိန်ခေါ်မှုနဲ့ အားနည်းချက်များ

အရသာထိန်းရခြင်း: Robusta ဗီဇ အနည်းငယ်ပါလို့ အမြင့်ပေမမီရင် သို့မဟုတ် စိုက်ပျိုးပြုပြင်မှု အားနည်းရင် အရသာ မနူးညံ့ပဲ ခါးသက်သွားနိုင်ပါတယ်။
အာဟာရ ပိုလိုအပ်ခြင်း: အသီးအလွန်သီးတာမို့ မြေဩဇာ အာဟာရဓာတ် လုံလောက်စွာ မကျွေးနိုင်ရင် အပင် ဆုတ်ယုတ်လွယ်ပါတယ်။

အချုပ်ပြောရရင် T8667 ဟာ စိုက်ရလွယ်၊ ရောဂါခံနိုင်ပြီး အထွက်ကောင်းတဲ့ တောင်သူကြိုက်အပင်မျိုးဖြစ်သလို
အမြင့်ပေ၄၀၀၀ အထက်မှာ ဂရုတစိုက်ထုတ်လုပ်နိုင်ရင် Specialty Coffee ဈေးကွက်ဝင်အဆင့်မီတဲ့ မျိုးစေ့ဖြစ်ပါတယ်။

T8667 ကို high altitude မှာ ကောင်းကောင်းစိုက်၊ cherry selection ကောင်းကောင်းလုပ်၊ processing ကောင်းကောင်းလုပ်ပြီး cupping score မြင့်အောင်ရလာရင် specialty coffee အဖြစ် ရောင်းနိုင်ပါတယ်။

အရသာဘက်မှာတော့ Geisha လို floral/fruity အရမ်းထူးခြားတဲ့မျိုးမဟုတ်ဘဲ chocolate, cocoa, caramel, nutty, creamy body ဘက်ကို ရနိုင်တဲ့မျိုးလို့ နားလည်ပါတယ်။ Processing နဲ့ စိုက်တဲ့နေရာကလည်းအရသာကို အများကြီးပြောင်းနိုင်ပါတယ်။

T8667 မှာ မျိုးတစ်မျိုးတည်းအတွက် fixed flavor profile မရှိပါဘူး။ Altitude, soil, ripeness, processing, roasting က အရသာကို အများကြီးပြောင်းစေပါတယ်။

T8667 ဟာ သီးထွက်ကောင်းတာမို့လို့ commercial coffee ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။
တကယ်တော့ T8667 ကို အသုံးပြုပြီး specialty coffee ထုတ်လုပ်ထားတဲ့ example တွေလည်း ရှိပါတယ်။

T8667 ကို harvest timing မတူအောင် စမ်းသပ်တဲ့အခါ February harvest က အရည်အသွေးပိုကောင်းပြီး cupping performance ပိုကောင်းခဲ့တာတွေ့ရပါတယ်။ ဆိုလိုတာက harvesting maturity ကလည်း အရေးကြီးပါတယ်။

T8667 cups တွေမှာ ယေဘုယျအားဖြင့်—
🍫 Chocolate / cocoa
🍯 Caramel / sweetness
🌰 Nutty notes
🌿 Herbal / green-toned notes တချို့
🥛 Creamy / medium body
🍊 Medium acidity လို profile တွေ တွေ့နိုင်ပါတယ်။

T8667 ကိုလေ့လာတွေ့ရှိခဲ့သလောက်ကတော့
မေမြို့ခြံမှာ ဒီ Variety မျိုးနဲ့ ရေမြေ/ရာသီဥတု ကိုက်နေတာ ဖြစ်နိုင်တယ်။
ဒီကော်ဖီအမျိုးအစားက အပင်သန်ပြီး အခြေအနေကောင်းကောင်းပေးရင် ကော်ဖီသီးအများကြီး ထုတ်ပေးနိုင်တဲ့အပြင် အမြင့်ပေ ၄ထောင်ကျော်မှာသေချာပြုစု အသီးမှည့်ကိုပဲတလုံးချင်းရွေးခူးDry Natural Process,Anaerobic Process စသဖြင့် Process ကောင်းကောင်းစနစ်တကျလုပ်နိုင်ရင် Speciality Coffee အဖြစ်ထုတ်နိုင်တဲ့မျိုးဖြစ်ပါတယ်။

သူ့ရဲ့ထူးခြားပြီးတခြားကော်ဖီပင်တွေနဲ့ခွဲခြားနိုင်တဲ့အချက်တခုက အရွက်နုအသစ်လေးတွေက သံချေးရောင်အဖြစ်နဲ့စထွက်လာတာပါပဲ နောက်မှ အရွက်တွေတဖြေးဖြေးရင့်လာတဲ့အခါ အစိမ်းရောင်ပြောင်းသွားတာပါ။
☘️အားလုံးပဲအဆင်ပြေကြပါစေ☘️
အချက်အလက်များကို
World Coffee Research – T8667 Variety Profile မှရယူပါတယ်
☁️ Cloud Valley Coffee Inc.
the Clouds Coffee Speciality
Grown in the Clouds, Crafted for Your Soul.

27/08/2026

Maymyo Parcel Coffee မှ စိုက်ပျိုးရေးအငြိမ်းစား အဘဆရာဦးစိုးသိန်းကိုယ်တိုင် (Huller )ဟာလာစက်အသစ်လေးလာစမ်းပေးပါတယ်
စက်ရဲ့ Made ကတော့ Made In Myanmar မန္တလေးစက်မှုဇုံ ဆရာဦးမင်းမော်ရဲ့လက်ထွက်ပါ
စက်ကတော်တော်အဆင်ပြေပါတယ်
Grade 1,2,3 ဆိုပြီး ရွေးပြီးသား၃ပေါက် အစေ့လှလှထွက်ပါတယ်
စက်ကိုမနှစ်ကတည်းကမှာထားတာ ရဘို့ကို ၄,၅,၆ လလောက်စောင့်ရတယ်
ရပြန်တော့လည်း အခွံချွတ်တဲ့ဘက်မလှည့်နိုင်လောက်အောင်ကိုစိုက်ပျိုးရေးဘက်လှည့်နေရ မအားနိုင်လို့ ခုမှပဲ စက်အသစ်ဖွင့်ပွဲလေးလုပ်ရပါတယ်
From Crop to Cup ဆိုတာ စကားလုံးလှသလောက်လွယ်တော့မလွယ်ပါဘူး
ရူးမတတ်လုပ်ရလို့ ကော်ဖီကိုလည်းရူးသွပ်မှရမှာပါ
ကျေးဇူးပါဆရာဦးစိုးသိန်း ကျေးဇူးပါဆရာဦးမင်းမော်🌷🙏😇

နေလှမ်းပြီးသား Parchment လေးတွေကနေ Green Beans ဖြစ်လာဖို့အတွက် အဆင့်ဆင့် ကြိတ်ခွဲသန့်စင်ပုံကို ဖော်ပြပေးလိုက်ပါတယ်။

ဒီအဆင့်ကို စိုက်ပျိုးရေးနယ်ပယ်မှာ Dry Milling လို့ ခေါ်ကြပါတယ်။
၁။ အစိုဓာတ် စစ်ဆေးခြင်း (Moisture Content Check)

Hulling (အခွံချွတ်ခြင်း) မလုပ်မီ Parchment ကော်ဖီစေ့ရဲ့ အစိုဓာတ်ဟာ ၁၀% မှ ၁၂% ကြားမှာ တိကျစွာ ရှိနေရပါမယ်။
အစိုဓာတ် များလွန်းပါက အခွံချွတ်စဉ် အစေ့များ ကြေမွသွားနိုင်ပြီး၊ ခြောက်လွန်းပါကလည်း ကျိုးပဲ့လွယ်ပါတယ်။

၂။ အခွံချွတ်ခြင်း (Hulling)

Parchment ၏ အပြင်ဘက်ရှိတဲ့ အခွံမာကို Huller Machine ဖြင့် ပွတ်တိုက်ဖယ်ရှားလိုက်ပါတယ်။
ဒီအဆင့်မှာ အခွံကျွတ်သွားပြီး အတွင်းမှ Green Beans များ ထွက်ပေါ်လာပါတယ်။

၃။ ဖုန်နှင့် အခွံဖတ်များ ဖယ်ရှားခြင်း

အခွံချွတ်ပြီးနောက် ပါလာသည့် Parchment အခွံဖတ်များ၊ ဖုန်မှုန့်များနှင့် ပေါ့ပါးသော အမှိုက်များကို လေစုပ်စက်/လေတိုက်စက် (Blower/Aspirator) ဖြင့် လေတိုက်၍ ဖယ်ရှားလိုက်ပါတယ်။

၄။ အမြှေးပါး ပွတ်တိုက်ခြင်း (Polishing - Optional)

ကော်ဖီစေ့အပြင်ဘက်တွင် ကျန်ရှိနေသေးသော ငွေရောင်အမြှေးပါး (Silver Skin) ကို ပိုမိုသန့်ရှင်းတောက်ပစေရန် Polishing Machine ဖြင့် ထပ်မံ ပွတ်တိုက်ပေးသည့် အဆင့်ဖြစ်ပါတယ်။ (အထူးသဖြင့် Wash Process ကော်ဖီများတွင် အဓိက ပြုလုပ်လေ့ရှိပါသည်)။

၅။ အရွယ်အစားအလိုက် ခွဲခြားခြင်း (Sizing & Grading)

ရရှိလာသော Green Beans များကို အပေါက်အရွယ်အစား ကွဲပြားသည့် ဇကာကွက်များ (Sieves / Screen Sizes) ပေါ်ဖြတ်ခိုင်းပြီး အရွယ်အစားအလိုက် (ဥပမာ - Screen 15, 16, 17, 18 /Grade 1,2,3 စသဖြင့်) သီးခြားစီ ခွဲထုတ်ပါတယ်။

၆။ အလေးချိန်နှင့် သိပ်သည်းဆအလိုက် ခွဲခြားခြင်း (Gravity Separation)

*Gravity Table** စက်ပေါ်တွင် တုန်ခါမှုနှင့် လေအားကို အသုံးပြု၍ သိပ်သည်းဆ မြင့်မားပြီး အရည်အသွေးကောင်းသော ကော်ဖီစေ့များကို အောက်ခြေတွင် ကျန်ခဲ့စေကာ၊ ပေါ့ပါးပြီး အစေ့မအောင်သော ကော်ဖီစေ့များကို သီးခြား ခွဲထုတ်လိုက်ပါတယ်။

၇။ အပြစ်အနာအဆာ ရွေးထုတ်ခြင်း (Defect Sorting)

Color Sorter (ရောင်စုံအာရုံခံစက်): အရောင်မမှန်သော၊ မှိုတက်နေသော သို့မဟုတ် မည်းမှောင်နေသော အပြစ်အနာအဆာပါသည့် အစေ့များကို အလိုအလျောက် ရွေးထုတ်ပေးပါတယ်။

Hand Sorting (လက်ဖြင့် ရွေးထုတ်ခြင်း): Specialty Coffee အဆင့်မီစေရန်အတွက် နောက်ဆုံးအဆင့်တွင် တောင်သူများရဲ့လက်ဖြင့် အနီးကပ် စစ်ဆေး ကြည့်ရှု၍ အပြစ်အနာအဆာပါသော အစေ့များကို တစ်စေ့ချင်း ဂရုတစိုက် ရွေးထုတ်ပေးပါတယ်။

ဒီအဆင့်များ အားလုံးပြီးစီးသွားပါက ရနံ့နှင့် အရသာ ထိန်းသိမ်းနိုင်ရန်(ဂုန်နီအိတ်/ ပလတ်စတစ်အိတ်)များတွင် စနစ်တကျ ထုပ်ပိုး၍ လှော်မည့် Roaster များထံသို့ ပေးပို့ရန် အသင့်ဖြစ်သည့် Specialty Green Coffee Beans ကို ရရှိပြီဖြစ်ပါတယ်။
☘️အားလုံးပဲအဆင်ပြေကြပါစေ☘️
☁️ Cloud Valley Coffee Inc.
Into the Clouds Coffee Speciality
Grown in the Clouds, Crafted for Your Soul.

မြူခိုးတွေဝေနေတဲ့ တောင်ပေါ်လမ်းမထက်... သဘာဝတရားရဲ့ ဆန်းကြယ်တဲ့ အလှတရားတွေ တိတ်ဆိတ် ငြိမ်းချမ်းမှုတွေအပြည့်နဲ့ဒီနေရာကိုတခ...
27/08/2026

မြူခိုးတွေဝေနေတဲ့ တောင်ပေါ်လမ်းမထက်...
သဘာဝတရားရဲ့ ဆန်းကြယ်တဲ့ အလှတရားတွေ တိတ်ဆိတ် ငြိမ်းချမ်းမှုတွေအပြည့်နဲ့
ဒီနေရာကိုတခါရောက်ဖူးရင် အခါခါထပ်လာချင်နေမှာ…🌿
#ရွာငံလမ်း

☁️ ဒီနေ့တော့ ကော်ဖီပင်တွေကို ကိုင်းပြင်ပေးရမယ့်နေ့။ဒီနေ့မနက် စိုက်ခင်းထဲဝင်တော့ တောင်ထိပ်တွေကို မမြင်ရဘူး။မြူတွေဖုံးနေတယ...
26/08/2026

☁️ ဒီနေ့တော့ ကော်ဖီပင်တွေကို ကိုင်းပြင်ပေးရမယ့်နေ့။
ဒီနေ့မနက် စိုက်ခင်းထဲဝင်တော့ တောင်ထိပ်တွေကို မမြင်ရဘူး။
မြူတွေဖုံးနေတယ်။
ပြာနှမ်းနှမ်းတိမ်တွေက တောင်ကြားထဲအထိ ဆင်းလာပြီ။

ကော်ဖီပင်လေးပေါ်မှာ
လိပ်ပြာလေးတကောင်နားနေတယ်။
မိုးရေစက်တွေစိုနေတဲ့ သစ်ရွက်တွေကို
လက်နဲ့ဖယ်ရင်း လမ်းလျှောက်လာတော့
တချို့ကော်ဖီပင်တွေက
ကိုင်းတွေများလာတာ သတိထားမိတယ်။

အတွင်းဘက်ကို ထိုးဝင်နေတဲ့ကိုင်းတွေ၊
တစ်ပင်နဲ့တစ်ပင် ပွတ်တိုက်နေတဲ့ကိုင်းတွေ၊
မလိုအပ်ဘဲ အားကုန်စေမယ့် အတက် အညွန့်အသစ်လေးတွေကို
နဲနဲချင်း ဖြတ်ပေးတယ်။

ကိုင်းတစ်ကိုင်းကို ဖြတ်လိုက်တိုင်း
“ဒါလေးကိုတော့ ထားလိုက်ရမလား…”
“ဒီကိုင်းလေးက နောက်ပိုင်းမှာ ကောင်းလာမလား…”
ဆိုပြီးသေချာ စဉ်းစားရတယ်။

ကော်ဖီပင်ကို ပြုစုတာက
အကိုင်းတွေကို ဖြတ်ပစ်ရုံနဲ့ မပြီးဘူး။
ဘယ်ကိုင်းကို ထားမလဲ၊
ဘယ်ကိုင်းကို ပြင်မလဲ၊
အပင်ကို ဘယ်လိုပုံစံနဲ့ ကြီးလာစေမလဲဆိုတာ
နေ့တိုင်းကြည့်ပြီး ဆုံးဖြတ်ရတယ်။

တစ်ခါတလေ
ကိုယ်ပြင်ပေးထားတဲ့ကိုင်းလေးတွေက
လအနည်းငယ်ကြာရင်
အသီးတွေ သယ်ထားတာ ပြန်တွေ့ရတယ်။

အဲ့ဒီအချိန်ကျမှ
“အင်း… ငါလုပ်ခဲ့တာ တန်ပါတယ်”
လို့ ကိုယ့်ဘာသာကိုယ် ပြောမိတယ်။

ဒီစိုက်ခင်းမှာ
ကော်ဖီသီးတွေကိုပဲ စောင့်ကြည့်နေတာမဟုတ်ဘူး။

သစ်ရွက်အသစ်လေး ထွက်လာတာ၊
ကိုင်းအသစ်လေး ပေါက်လာတာ၊
ပန်းလေးတွေ ပွင့်လာတာ၊
သီးကင်းတွေသီးလာတာ
ချယ်ရီလေးတွေ တဖြည်းဖြည်းနီလာတာ…

အဲ့ဒီအရာလေးတွေကို
နေ့တိုင်းကြည့်ပြီး ကြီးပြင်းလာတာကို
တိတ်တိတ်လေး စောင့်ကြည့်နေရတာ။

ကိုင်းလေးတွေ ပြင်ပြီးတော့
တောင်ဘက်ကို ခဏလှည့်ကြည့်လိုက်တယ်။
တိမ်ခိုးတွေက မပြယ်သေးဘူး။

ကော်ဖီပင်လေးတွေကတော့
မနက်ဖြန်အတွက်
တိတ်တိတ်လေး ဆက်ကြီးနေကြတယ်။

တစ်နေ့မှာ
ဒီအပင်လေးတွေပေါ်က ချယ်ရီတွေက
ဘယ်သူ့မနက်ခင်းထဲ ရောက်သွားမလဲ…

အခုတော့ မသိသေးဘူး။

ဒီနေ့ကတော့
သူတို့ကောင်းကောင်းကြီးလာဖို့
ကျွန်တော်တို့က ဆက်ပြုစုနေတုန်းပါပဲ။☘️

ကော်ဖီပင်ကို ဘယ်လိုကိုင်းပြင်မလဲ

ကော်ဖီပင်ကိုင်းပြင်ခြင်း (pruning)က အပင်ကျန်းမာရေးကောင်းစေပြီး နေရောင်နဲ့ လေဝင်လေထွက်ကောင်းစေကာ အသီးအထွက်နဲ့ အသီးအရည်အသွေးကို ထိန်းပေးနိုင်ပါတယ်။

၁။ မလိုအပ်တဲ့ကိုင်းတွေ ဖြတ်ပါ
- ခြောက်သွေ့၊ ရောဂါဖြစ်၊ ပိုးကျနေတဲ့ကိုင်းတွေ
- မြေပြင်နဲ့နီးနီးက ထွက်လာတဲ့ အားနည်းတဲ့ကိုင်းတွေ
- အပင်အတွင်းဘက်ကို ဝင်ပြီး တစ်ကိုင်းနဲ့တစ်ကိုင်း ထိခိုက်နေတဲ့ကိုင်းတွေကို ဖြတ်ပါ။

၂။ အဓိကကိုင်းကို ရွေးထားပါ
- ကော်ဖီပင်မှာ ပင်စည်/အဓိကကိုင်းတစ်ခု သို့မဟုတ် သင့်တော်တဲ့ အဓိကကိုင်းအနည်းငယ်ကို ထားပြီး ဘေးတက်ကိုင်းတွေကို စနစ်တကျ ထိန်းပေးပါ။
- အရမ်းထူထပ်နေရင် အားကောင်းတဲ့ကိုင်းတွေကို ရွေးပြီး ကျန်တာလျှော့ပါ။

၃။ အသီးသီးပြီးတဲ့ကိုင်းကို ပြန်လည်ပြုပြင်ပါ
- အသီးအများကြီးသီးပြီး အားနည်းသွားတဲ့ ကိုင်းဟောင်းတွေကို တဖြည်းဖြည်း ဖယ်ရှားပါ။
- အသစ်ထွက်လာတဲ့ ကျန်းမာတဲ့ အညွန့်/ကိုင်းတွေကို နောက်ရာသီအတွက် ချန်ထားပါ။

၄။ အပင်အမြင့်ကို ထိန်းပါ
- အရမ်းမြင့်သွားရင် အသီးခူးရခက်သလို အပင်အပေါ်ပိုင်းမှာ အလင်းရောင်မညီနိုင်ပါဘူး။
- အပင်အမျိုးအစားနဲ့ စိုက်ပျိုးစနစ်အလိုက် အမြင့်ကို ထိန်းပေးသင့်ပါတယ်။

🗓️ ဘယ်အချိန်မှာ ကိုင်းပြင်သင့်လဲ
အများအားဖြင့် အသီးခူးပြီးနောက်၊ မိုးရာသီ/အပင်ကြီးထွားမှု မစတင်ခင် ကိုင်းပြင်တာ အဆင်ပြေပါတယ်။ ဒေသ၊ ကော်ဖီမျိုး (Arabica/Robusta) နဲ့ စိုက်ပျိုးစနစ်ပေါ်မူတည်ပြီး အချိန်ကွာနိုင်ပါတယ်။

အရေးကြီးတာက တစ်ခါတည်း အများကြီးမဖြတ်ဘဲ အပင်ရဲ့ အရွယ်အစား၊ အကိုင်းအခက်ထူထပ်မှုနဲ့ အသီးသီးပြီးသားအခြေအနေကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြင်ပေးတာပါ။

🌿ကော်ဖီပင် ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ် ၊ ၄ နှစ် အရွယ်အလိုက် ကိုင်းဘယ်လိုဖြတ်ရမလဲဆိုတာကို ပုံနဲ့တကွ အဆင့်ဆင့်ရှင်းပြပေးထားပါတယ်။

Arabica Coffee အတွက် အသီးခူးပြီးနောက် အဓိကကိုင်းပြင် ၁ ကြိမ် + အညွန့်ရှင်း ၂–၃ ကြိမ်လုပ်တဲ့စနစ်ကို အသုံးပြုနိုင်ပါတယ်။

🌱 Arabica အတွက် တစ်နှစ်တာ ကိုင်းပြင်ဇယား

ဇန်နဝါရီ- အသီးခူးပြီးရင် အပင်ကို စစ်ဆေး၊ ကိုင်းခြောက်/ရောဂါကိုင်း ဖယ်
ဖေဖော်ဝါရီ - အဓိကကိုင်းပြင်၊ အသီးသီးပြီး အားနည်းသွားတဲ့ကိုင်း၊ အတွင်းဘက်ဝင်နေတဲ့ကိုင်း၊ ထူထပ်နေတဲ့ကိုင်းတွေ ဖြတ်
မတ် - ပင်စည်အောက်ခြေနဲ့ ကိုင်းပေါ်က မလိုအပ်တဲ့အညွန့် ဖယ်
ဧပြီ/မေ - အညွန့် (suckers) ရှင်း ၊ မလိုတဲ့ ထောင်တက်အညွန့်တွေ ဖယ်
ဇွန်/ဇူလိုင် - မိုးရာသီအတွင်း အညွန့်အသစ်တွေကို စစ်ပြီး ထပ်ဖယ်
သြဂုတ်/ဒီဇင်ဘာ - အသီးသီးနေချိန်ဖြစ်လို့ အကြီးစားကိုင်းမဖြတ်ဘဲ ကိုင်းခြောက်/ရောဂါကိုင်းသာ ဖယ်

✂️ အဓိကကိုင်းပြင်တဲ့အခါ

Arabica မှာ အပင်အတွင်းပိုင်းကို နေရောင်နည်းနည်းရပြီး
လေဝင်လေထွက်ကောင်းအောင်ထားတာ အရေးကြီးပါတယ်။

ဖြတ်သင့်တာတွေက—

- အပင်အလယ်ထဲကို ဝင်နေတဲ့ကိုင်း
- တစ်ကိုင်းနဲ့တစ်ကိုင်း ပွတ်တိုက်နေတဲ့ကိုင်း
- အားနည်းပြီး အသီးထုတ်နိုင်စွမ်းကျနေတဲ့ကိုင်း
- ခြောက်သွေ့/ရောဂါဖြစ်တဲ့ကိုင်း
- ပင်စည်အောက်ခြေက မလိုအပ်တဲ့အညွန့်
- အပင်အပေါ်ကို တည့်တည့်ထောင်တက်နေတဲ့ မလိုအပ်တဲ့အညွန့်

တစ်ခါတည်း အကိုင်းအများကြီး မဖြတ်ပါနဲ့။အရွက်အများစုကို ထားပြီး အပင်ရဲ့ အစာချက်လုပ်နိုင်စွမ်း မကျသွားအောင် ဖြည်းဖြည်းပြင်တာက ပိုကောင်းပါတယ်။

📌 အရေးကြီးဆုံးက အသီးခူးတဲ့လပါ။အသီးခူးချိန်က ဒေသအလိုက် ကွာနိုင်လို့ “ဇန်နဝါရီ–ဖေဖော်ဝါရီ” ကို အတိအကျမယူဘဲ အသီးခူးပြီး ၂–၄ ပတ်အတွင်းအဓိကကိုင်းပြင်တာကိုလုပ်ပါ။
☘️အားလုံးပဲအဆင်ပြေကြပါစေ☘️
☁️ Cloud Valley Coffee Inc.
Into the Clouds Coffee Speciality
Grown in the Clouds, Crafted for Your Soul.

🍒🫘☕️ကော်ဖီစေ့တစ်စေ့ရဲ့ ခရီးစဉ်ဟာ တောင်တန်းတွေပေါ်က တောင်သူတွေရဲ့ စိုက်ခင်းကနေ စတင်ပြီး ကျွန်တော်တို့ရဲ့ ကော်ဖီခွက်ထဲအထိ ...
25/08/2026

🍒🫘☕️ကော်ဖီစေ့တစ်စေ့ရဲ့ ခရီးစဉ်ဟာ တောင်တန်းတွေပေါ်က တောင်သူတွေရဲ့ စိုက်ခင်းကနေ စတင်ပြီး ကျွန်တော်တို့ရဲ့ ကော်ဖီခွက်ထဲအထိ စေ့စပ်သေချာတဲ့ အဆင့်ပေါင်းများစွာကို တလှမ်းချင်းဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

၁။ စိုက်ပျိုးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း (Cultivation)
တောင်ပေါ်ဒေသ မိုးရာသီမှာ ပျိုးပင်လေးတွေကို မြေမှာ စတင်စိုက်ပျိုးပါတယ်။
အပင်လေးတွေ သန်မာလာဖို့ သဘာဝမြေဩဇာ၊ ဘိုကာရှီတို့နဲ့ စနစ်တကျ ပြုစုရပြီး ၃ နှစ်မှ ၄ နှစ်အထိ မေတ္တာထား စောင့်ရှောက်ရပါတယ်။

၂။ ခူးဆွတ်ခြင်း (Harvesting)

ကော်ဖီသီး (Coffee Cherries) လေးတွေ ရင့်မှည့်ပြီး ရဲရဲနီလာတဲ့ ပွင့်လင်းရာသီ (ဒီဇင်ဘာ/ဇန်နဝါရီ/ဖေဖော်ဝါရီ) မှာ စတင်ခူးဆွတ်ပါတယ်။
အရည်အသွေးမီ ကော်ဖီရဖို့အတွက် အမှည့်လွန်နဲ့ အသီးစိမ်းတွေကို ချန်ခဲ့ပြီး အနီရောင် မှည့်ဝင်းနေတဲ့ ချယ်ရီသီးလေးတွေကိုပဲ လက်နဲ့ တလုံးချင်း သေသေချာချာ ရွေးချယ်ခူးဆွတ်ရပါတယ်။

၃။ ကော်ဖီသီးစေ့ ထုတ်လုပ်ခြင်း (Processing)

ခူးထားတဲ့ ကော်ဖီသီးတွေကို နည်းလမ်း ၃ မျိုးထဲက တစ်ခုခုနဲ့ အစေ့ထုတ်ယူပါတယ်။

Natural Process (သဘာဝအတိုင်း နေလှမ်းခြင်း): ကော်ဖီသီးလုံးအစိုအတိုင်း စင်ပေါ်မှာ ရက်သတ္တပတ် အတော်ကြာ အစိုဓာတ် ထိန်းပြီး နေလှမ်းတာမို့ သီးနှံရဲ့ ချိုမြိန်တဲ့ အရသာ စိမ့်ဝင်ကျန်ရစ်ပါတယ်။
Washed Process (ရေဆေးပြုပြင်ခြင်း): အခွံနွှာ၊ ရေနဲ့ ကြိတ်ခွဲပြီးအချဉ်ဖောက် အကျိအချွဲတွေကို ဆေးကြောကာ သန့်စင်တဲ့ အစေ့ (Parchment) အဖြစ် နေလှမ်းတာကြောင့် အချဉ်ဓာတ်နဲ့ မွှေးပျံသန့်ရှင်းတဲ့ အရသာ ရရှိပါတယ်။
Honey Process: ချယ်ရီသီးအခွံကိုပဲ နွှာပြီး အသားစိုအချိုဓာတ်လေးအတိုင်းနေလှမ်းတာကြောင့် ချိုချဉ်အရသာ သမမျှတစေပါတယ်။

၄။ အခွံချွတ်ပြီး အစေ့အရွယ်အစား ရွေးခြင်း (Milling & Grading)

နေလှမ်းလို့ အစိုဓာတ် ၁၀-၁၂% ထိ လျှော့ကျသွားတဲ့အခါ ကော်ဖီသီးခြောက်တွေ Parchment တွေကို အခွံချွတ်စက်ထဲ ထည့်ပြီး ကော်ဖီစေ့စိမ်း (Green Beans) ထုတ်ယူပါတယ်။
ရရှိလာတဲ့ အစေ့စိမ်းတွေကို အရွယ်အစား၊ အလေးချိန်နဲ့ အပြစ်အနာအဆာ (Defects) ပေါ်မူတည်ပြီး Great အဆင့်အတန်း ခွဲခြားပါတယ်။

၅။ လှော်ခြင်း (Roasting)

ကော်ဖီစေ့စိမ်း Green beans လေးတွေကို လှော်စက်ထဲမှာ အချိန်နဲ့အပူချိန် တိကျစွာ လှော်ယူရပါတယ်။
ဒီအဆင့်မှာ ကော်ဖီရဲ့ သဘာဝ ရနံ့နဲ့ အနံ့အရသာ (Flavor Profile) တွေ စတင်ထွက်ပေါ်လာပါတယ်။ (Light, Medium, Dark Roast)

၆။ အမှုန့်ကြိတ်ခြင်းနှင့် ဖျော်ခြင်း (Grinding & Brewing)

လှော်ပြီးသား ကော်ဖီစေ့တွေကို သောက်သုံးမည့် နည်းလမ်း (Espresso, Drip, French Press စသည်) ပေါ်မူတည်၍ အကြမ်း/အနု ကြိတ်ရပါတယ်။
နောက်ဆုံးမှာတော့ ရေနွေးပူပူလေးနဲ့ ဖျော်စပ်လိုက်တဲ့အခါ ကော်ဖီတောင်သူတွေရဲ့ ကြိုးစားမှုတွေနဲ့ တောင်တန်းတွေရဲ့ သဘာဝ ရနံ့တွေပါဝင်တဲ့ သင်းပျံ့တဲ့ကော်ဖီတစ်ခွက် ဖြစ်တည်လာရပါတယ်။

ဒါကတော့ တောင်သူတွေရဲ့လက်ထဲကနေ ကျွန်တော်တို့ရဲ့ကော်ဖီခွက်ထဲအထိ တဆင့်ချင်း သေသေချာချာလှမ်းခဲ့တဲ့ ကော်ဖီသီးလေးရဲ့ ခရီးပါပဲ☕️
Into the Clouds Coffee Speciality

ရွာငံက ကျောက္ကူပြင်ကျေးရွာ ခြံကကလေးတယောက်ရဲ့အိမ်ဝိုင်းထဲမှာစိုက်ထားတဲ့ ပဲခင်းကြားကကော်ဖီတွေ လက်ဖက်ခင်းလဲရှိတယ် ဓနုလူမျို...
24/08/2026

ရွာငံက ကျောက္ကူပြင်ကျေးရွာ
ခြံကကလေးတယောက်ရဲ့အိမ်ဝိုင်းထဲမှာစိုက်ထားတဲ့ ပဲခင်းကြားကကော်ဖီတွေ လက်ဖက်ခင်းလဲရှိတယ်
ဓနုလူမျိုးတွေက လောဘတော့နည်းတယ် မိရိုးဖလာကိုယ့်ခြံ ကိုယ်ယာ အလုပ်ပဲလုပ်ကြတာများတယ်
လပြည့်လကွယ်ဆို ဘယ်သူမှအလုပ်မလုပ်ကြဘူး ဘုန်းကြီးကျောင်းသွားတယ် ရွာဘုရားပွဲ ဘုန်းကြီးကျောင်းကပွဲတွေသွားတယ်
ဥပုသ်နေ့ဆို သူတို့အိမ်ဆိုင်လေးတွေဖွင့်ရောင်းတဲ့အစားအသောက်တွေသွားမရှာနဲ့ အကုန်ပိတ်တယ်
စျေးနေ့တရက်ပဲအိမ်ဆိုင်တွေဖွင့်တယ် တခါစားဘူးတာကောင်းလို့ နောက်တခါလိုက်မရှာနဲ့ စျေးနေ့မဟုတ်ရင် ငတ်
အိမ်တိုင်း ဝင်းတိုင်း ခြံတိုင်းမှာ သဘာဝအလေ့ကျပေါက်နေတဲ့ကော်ဖီပင်တွေရှိတယ်
ဟိုတနှစ်ကကော်ဖီစျေးတွေကောင်းတော့ မနှစ်ကကျောက္ကူပြင်တရွာလုံးကိုယ့်အိမ်ရှေ့တင်ခြံထွက်ကော်ဖီတွေလှန်းကြ သီးလုံးခြောက်တွေထုတ်ကြနဲ့ တရွာလုံးကော်ဖီသမားတွေဖြစ်ကုန်ပြီ
ဟိုအရင်ကဆို ရွာငံကော်ဖီနံမည်ကြီးဆိုလို့ အမရာနဲ့ ဥာဏ်ကြီးရှင်ပဲရှိတယ်
ကျန်တာ နောက်ပိုင်းထွက်လာတဲ့ ဓနုမယ် The Lady ရွှေသိဂီ ဒီလောက်ပဲ
ဒီနှစ်တော့ ရွာငံကော်ဖီဆိုပြီး ဆရာဝန်တယောက်စလိုက်တာ
ရွာငံတဝိုက်ထွက်သမျှကော်ဖီတွေဝယ် တံဆိပ်အမျိုးမျိုးနဲ့ ကြိတ်ရောင်းလိုက်ကြတာဝက်ဝက်ကွဲလို့ပဲ😊

လှလိုက်တဲ့ Green beans လေးတွေ🫘🫘🫘🌿ရာသီကုန်ခါနီးမှမိုးရနံ့တွေကို ကိုယ်ပေါ်မှာသယ်ပြီးတိတ်တိတ်လေး ရောက်လာတဲ့အစိမ်းရောင်ကော်ဖ...
22/08/2026

လှလိုက်တဲ့ Green beans လေးတွေ🫘🫘🫘
🌿ရာသီကုန်ခါနီးမှ
မိုးရနံ့တွေကို ကိုယ်ပေါ်မှာသယ်ပြီး
တိတ်တိတ်လေး ရောက်လာတဲ့
အစိမ်းရောင်ကော်ဖီစေ့လေးတွေ…

နေရောင်အောက်မှာ
တစ်စေ့ချင်းစီ ရင့်ကျက်လာခဲ့တဲ့အချိန်တွေ၊
မိုးစက်တွေအောက်မှာ
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာခဲ့တဲ့အိပ်မက်တွေ…

အခုတော့
လက်ဖဝါးပေါ်မှာ စုဝေးလို့
မိုးရာသီရဲ့ နောက်ဆုံးစာမျက်နှာကို
အစိမ်းရောင်နဲ့ ရေးထားသလိုပဲ။

ရာသီက ကုန်တော့မယ်…
ဒါပေမယ့်
ဒီအစေ့လေးတွေထဲမှာတော့
တောင်တန်းရဲ့အေးမြမှု၊
မြေကြီးရဲ့ရနံ့၊
မိုးရဲ့အမှတ်တရ
မကုန်သေးဘူး။

မနက်ဖြန်တစ်နေ့
လှော်စက်နဲ့တွေ့တဲ့အခါ
အညိုရောင်အဖြစ် ပြောင်းလဲသွားပေမယ့်

ဒီနေ့မှာတော့
သူတို့ဟာ
ရာသီကုန်ခါနီးရဲ့
နောက်ဆုံးအစိမ်းရောင်အလှလေးတွေ…

“ရာသီတစ်ခုရဲ့အဆုံးမှာ
အရသာတစ်ခုရဲ့အစ ရှိတယ်”☕️

Address

Han Myint Mo
Myo-Gyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959448006379

Website

Alerts

Be the first to know and let us send you an email when Into the Clouds Coffee Speciality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Into the Clouds Coffee Speciality:

Shortcuts

Share

Category