02/08/2026
***ကျေးဇူးတင်ဂုဏ်ပြုလွှာ***
ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (၂၉-၇-၂၀၂၆) ၊ ဓမ္မစကြာအခါတော်နေ့၌ ကျင်းပပြုလုပ်ခဲ့သော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မဉ္ဇူဆောင်၏ ပထမအကြိမ် ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲတွင် ဝိုင်းဝန်းကူညီပေးပါသော
(က) အသင်း (၇) သင်းမှ ခေါင်းဆောင်ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသူများ
(ခ) အခမ်းအနားပြင်နှင့် ပန်းအလှပြင်ပေးခဲ့ပါသော ကျောင်းသူများ
(ဂ) ဧည့်ခံကျွေးမွေးရေး တာဝန်ကျကျောင်းသူများ
(ဃ) အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးပါသော ကန်ဦးပဋိယတ္တိစာသင်တိုက်မှ ဦးသုမင်္ဂလ၊ ဦးကဝိန္ဒ၊ ဦးကောဝိဒ၊ အရှင်ဇနက နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာသန့်ညီလင်း၊ ဒေါက်တာထွန်းမြင့်၊ ဒေါက်တာဥမ္မာမြင့်၊ ဒေါက်တာနှင်းဝေဖြူ
(င) အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးပါသော မဆုပြည့်လင်း (3rd DVM)နှင့် ကြီးကြပ်ပေးပါသော ဒေါက်တာဖြူစင်မြတ်နိုး
တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါတယ်။