07/08/2026
🙏 နန္ဒာသီရိဟိုတယ်၏ ဝါဆိုသင်္ကန်းကပ်၊ ဆွမ်းကပ်နှင့်
တရားနာ ကုသိုလ်ပြု အခမ်းအနား 🙏
ဝါဆိုလ၏ မြင့်မြတ်သော ဓမ္မအခါသမယတွင် နန္ဒာသီရိဟိုတယ် မိသားစုမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာယူခြင်းတို့ကို ရိုသေကြည်ညိုသော သဒ္ဓါစိတ်အပြည့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤအလှူမှ ရရှိသော ကုသိုလ်အစုစုတို့ကို နန္ဒာသီရိဟိုတယ်၏ ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်အပေါင်းတို့အား အမျှပေးဝေလိုက်ပါသည်။
🙏 အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စိတ်နှလုံးအေးချမ်းစွာဖြင့် စီးပွားလာဘ်လာဘများ တိုးပွားကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
သာဓု... သာဓု... သာဓု... 🙏