Ngapali Lu Lu - Guest House

Ngapali Lu Lu - Guest House ကမ်းခြေအရှေ့တည့်တည့်တွင်တည်ရှိသော Guest House.

23/01/2025

ချောင်းသာ နဲ့ ငွေဆောင်မှာ

ဘလိုလုပ်ပီး ဧည့်သည်ရှိတော့မှာလည်း

အားလုံးက ငပလီ ရောက်နေကြပီလေ။

😉😉 😌😌

23/07/2024

ငပလီ သတင်း
ဘာတွေထူးသေးလည်းဗျ
တည်းခိုနေသူဒေရော အဆင်ပြကြရဲ့လား

အဆက်အသွယ်လည်း မရတော့လို့ 😁😁

24/06/2024

ယနေ့မှစ၍
ငပလီ သို့ အပန်းဖြေခရီး
ထွက်လာသူတိုင်း

ရက်အကန့်အသတ်မရှိ
အခမဲ့ တည်းခိုနိုင်ပါပြီ။

08/06/2024

ကျတော် ငပလီ လူလူမှ
ချစ်ရတဲ့ ကာကာ တို့ကို

ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့

သိန်း 150 တန်တဲ့

တလတာ အခန်း Free ရမယ့်
ကံစမ်းခွင့် အစီအစဉ်လေး

ဖန်တီးပေးလိုက်ပါပီ။

ကိုယ့်အတွက် ကိုကိုယ်တိုင်
ကံစမ်းခွင့် မရှိပါ။

ဒီပို့စ်အောက်မှာ
ကိုယ် ကံကောင်းစေချင်တဲ့သူကို

မန်းရှင်းခေါ်ပီး ပါ၀င်ကံစမ်းနိုင်ပါပီ။

မန်းရှင်းခေါ်ခံရသူ မဲပေါက်ခဲ့လျှင်

မိမိခေါ်ချင်တဲ့ အဖော်တယောက်နဲ့ အတူ
ကျတော်တို့ ငပလီလူလူမှာ
July လ တလလုံး
တည်းခိုခွင့် ရရှိပါမယ်။

ကံကောင်းတဲ့ သူ 10 ဦး ကို
June လ 30 ရက်နေ့
လူမြင်ကွင်းမှာ
ပေါ်တင် မဲလိမ်နှိုက်ပီး
အိမ်တိုင်ရာရောက်
လာခေါ်ပေးပါမယ်။

တရက် အခန်းခ 5 သိန်းဖြစ်သွားပါပီ ဈေးတင်လိုက်တယ် ဆိုပေမယ့်ပါ၀င်တဲ့ ၀န်ဆောင်မှု့တွေက ဖိုက်စတား ဟော်တယ်တွေပါ ငို သွား‌စေနိုင...
08/06/2024

တရက် အခန်းခ
5 သိန်းဖြစ်သွားပါပီ

ဈေးတင်လိုက်တယ် ဆိုပေမယ့်

ပါ၀င်တဲ့ ၀န်ဆောင်မှု့တွေက
ဖိုက်စတား ဟော်တယ်တွေပါ
ငို သွား‌စေနိုင်တဲ့

လုံး၀ အနစ်တွေ ထည့်ထားပါတယ်။

နေရာတိုင် အလွယ်တကူ‌ရနေတာတွေ
ကို လုံး၀ လုံ၀ မပေးတော့ပါဘူး

No Electricity
No Wifi
No Room service

တော်ရုံနဲ့
မကြားရ မမြင်ရ မကြုံရတဲ့
ကြုံချင်ရင်တောင် ခက်ခက်ခဲခဲ
ဖန်တီး ရမယ့်

ဗုံးသံ အမြောက်သံ သေနတ်သံ
အစစ် တွေကိုမှ

24/7 ကြားခွင့် ပေးထားပါတယ်

ကမ်းခြေက လှမ်းကြည့်ရင် လည်း

ပင်လယ်ကြီးနဲ့အတူ
Warship 3 စီးကိုလည်း
အမြဲ မြင်ခွင့်ပေးထားပါတယ်။

အထူးလာသင့်တဲ့ သူတွေကတော့

မျက်လုံး မှေးနေ တဲ့သူတွေ
အမြဲတမ်း ပါးစပ် ပိတ်နေတတ်တဲ့
သူတွေပါ

15ရက်လောက်နေရင်
မျက်လုံး ပြူးလို့
ပါးစပ်ကြီး ပြဲနေစေဖို့
အာမခံပါတယ်။

ကမ္ဘာသစ် ကိုများ ရောက်နေသလား
Time travel များ ဖြစ်သွားသလား
အိမ်မက်မက်နေတာလား

မေးခွန်းပေါင်းများစွာ
ကိုယ့်ကိုကိုယ် ပြန်မေးစေနိုင်တဲ့
ခံစားမှုလေးတွေ ပေးမှာပါ

ကိုယ့်အသက်ကို တန်ဖိုးထားတတ်တဲ့
အကျင့်လေးက အဆစ် ထည့်ပေးအုန်းမှာပါ။

ဈေးကြီးမှကောင်းတယ်ထင်တဲ့
ဈေးကြီးတာတွေ အရမ်းကြိုက်တပ်တဲ့

Sour Customer များ ကို

အရမ်းချိုတဲ့ မင်မင်က
ဖိတ်ခေါ်ပါရ‌စေ။

05/06/2024

မင်္ဂလာပါ

ငပလီ ကမ်းခြေကို
အလည်လာဖို့

ဖိတ်ခေါ်ပရစေ။

22/05/2024

12/ခရီးမသွားရမနေ(နိုင်)များအတွက်

အထူး အထူး အထူး

ပရိုမိုးရှင်း

ဒီလထဲ ငပလီကို လာပြီး
ကျတော်တို့ ဆီမှာ
လာရောက်တည်းခို ခဲ့လျှင့်

အခန်းခ တရက်အတွက်
20000 ကျပ် ပြန်အမ်းပေး‌ပါမည်။

Free တည်းပီး အခန်းခ ပြန်ယူကြစို့ 😁😁

မှတ်ချက်
အသွားအပြန် လေယဉ်လက်မှတ်ပြပေးရပါမယ်။

ကမ္ဘာကျော် ငပလီ ကမ်းခြေဟာ ပြည်တွင်းပြည်ပက  ဧည့်သည်များစွာကို နစ်ပေါင်းများစွာ ဧည့်ခံခဲ့ပြီး ပီမို့ ပင်ပန်းခဲ့ပီ ထင်ပါတယ်...
21/05/2024

ကမ္ဘာကျော် ငပလီ ကမ်းခြေဟာ

ပြည်တွင်းပြည်ပက ဧည့်သည်များစွာကို
နစ်ပေါင်းများစွာ ဧည့်ခံခဲ့ပြီး ပီမို့

ပင်ပန်းခဲ့ပီ ထင်ပါတယ်။

ခု ချိန် သူက အနားယူနေရှာပီ

အနားမယူနိုင်တဲ့
လောဘသားကောင် လူသားတွေမှာတော့

၀မ်တထွာ အတွက် ရုန်းကန်နေကြဆဲ

မိသားစု အတွက် ရုန်းကန်နေကြဆဲ

အာဏာ အတွက် ရုန်းကန်နေကြဆဲ

ဂုဏ်သိက္ခာအတွက်ရုန်းကန်နေကြဆဲ

မာန အတွက် ရုန်းကန်နေကြဆဲ

etc .... အတွက် ....

https://www.facebook.com/ak.lin.3990?mibextid=ZbWKwLAK Lin အကောင့် တခုပဲ ပေါက်ပါတယ်။ဒီလထဲမှာ ဆို ကြိုက်တဲ့နေ့ လာပါ အခန်း...
02/05/2024

https://www.facebook.com/ak.lin.3990?mibextid=ZbWKwL

AK Lin အကောင့် တခုပဲ
ပေါက်ပါတယ်။

ဒီလထဲမှာ ဆို ကြိုက်တဲ့နေ့ လာပါ အခန်း 3 ရက် Free ပါ

ဒီလထဲ မလာဖြစ်ခဲ့ရင်

ဘယ်နေ့ပဲ လာလာ
အကောင့်ပြပီး

အခန်း တရက် Free ယူပါ

ဘီယာ 🍺 တိုက်ပါအုံးမယ်။

02/05/2024

3D
ညနေ 3:00 ထိ

တယောက်ကို
3 ကွက် စီ
Comment မှာ မန့်ပေးပါ

ပေါက်တဲ့သူတိုင်း ကို
မေလ ထဲ
အခန်း 3 ရက် Free ယူပါ

အဝေးက လူတွေဆိုရင်
ငပလီ ရောက်ဖြစ်တဲ့အခါ
တရက် အခန်းခ free ယူပါ

ဘသူတွေ ကံကောင်းကြမလည်း
အပျော်ပေါ့

Address

Ngapali Beach
07172

Telephone

+959421753892

Website

Alerts

Be the first to know and let us send you an email when Ngapali Lu Lu - Guest House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ngapali Lu Lu - Guest House:

Shortcuts

Share

Category