Pristine Mermaid Resort Ngapali

Pristine Mermaid Resort Ngapali The Pristine Mermaid Resort (Ngapali) is the best shore of Ngapali beach and facing with famous mermaid sculpture.
(1047)

🎄Merry Christmas ပါ 🎄နှစ်တနှစ်ရဲ့ အေးချမ်းပျော်ရွှင်စရာ Christmas နေ့လေးမှစပြီး နေ့ရက်တိုင်းကို ပျော်ရွှင်ကြည်နူးစွာ ဖြတ...
25/12/2024

🎄Merry Christmas ပါ 🎄

နှစ်တနှစ်ရဲ့ အေးချမ်းပျော်ရွှင်စရာ Christmas နေ့လေးမှစပြီး နေ့ရက်တိုင်းကို ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🙏

15/11/2024
မင်္ဂလာပါ 🙏မိတ်ဆွေတို့ရဲ့ နွေရာသီအားလပ်ရပ်တွေမှာ အပန်းဖြေအနားယူဖို့ 🏠နေရာလေးစီစဉ်နေပြီဆိုရင် ရေကြည်ပြာခြင်း၊ သဲဖြူခြင်း၊...
13/03/2024

မင်္ဂလာပါ 🙏

မိတ်ဆွေတို့ရဲ့ နွေရာသီအားလပ်ရပ်တွေမှာ အပန်းဖြေအနားယူဖို့ 🏠နေရာလေးစီစဉ်နေပြီဆိုရင် ရေကြည်ပြာခြင်း၊ သဲဖြူခြင်း၊ ကမ်းခြေပြေပြစ်ခြင်းတို့နဲ့ ထင်ရှားပြီး အရှေ့တောင်အာရှရဲ့ ကမ်းခြေတွေထဲမှာ အလှဆုံးစာရင်းဝင်ထားတဲ့ 🏖 ငပလီကမ်းခြေဆီ လာရောက်လည်ပတ် အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မျက်စိတစ်ဆုံးမြင်ရတဲ့ 🌊 ပင်လယ်ပြာပြာကြီးနဲ့အတူ ကမ်းခြေတလျှောက် လမ်းလျှောက်ရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ဖြေလျှော့ဖို့ စဉ်းစားနေတဲ့ 🧡 Beachlovers တွေအတွက်ကတော့ ကမ်းခြေသွားပြီး အနားယူဖို့အကောင်းဆုံးအချိန်တခုပါပဲ။

ငပလီကမ်းခြေကို 🛫 လေယာဥ်နဲ့လာမယ်ဆိုရင် ရန်ကုန်-သံတွဲ မိနစ် (၅၀) ခန့်၊ မန္တလေး-သံတွဲ မိနစ် (၆၀) ခန့် ကြာမြင့်ပြီး တည်းခိုတဲ့ ဟိုတယ်တွေကလည်း လေယာဥ်ကွင်းမှာ လာကြိုပေးလို့ အချိန်ကုန်သက်သာပြီး သက်တောင့်သက်သာနဲ့ ငပလီကမ်းခြေကိုရောက်ရှိနိုင်ပါတယ်။ ရန်ကုန်မှ 🚘 ကားဖြင့်သွားမယ်ဆိုရင်တော့ ကြာမြင့်ချိန် ၁၀ နာရီဝန်းကျင်ခန့်ရှိပြီး ဧရာ၀တီတိုင်း ငသိုင်းချောင်း-ဂွလမ်းမှတဆင့် ကမ်းသာယာကမ်းခြေ၊ မော်ရွှေချိုင်၊ ကျိန္တလီတို့ကိုကျော်ဖြတ်ပြီး သဘာဝအလှတရားတွေနဲ့ လှပနေတဲ့ ငပလီကမ်းခြေကို ရောက်ရှိမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ကားလမ်းကြောင်းများ 🚫 ခေတ္တပိတ်ထားပါသေးတယ်။

လေယာဥ်ကွင်း မြောက်ဘက်ခြမ်းမှာ ဂေါ့ကမ်း‌ခြေ (‌ဂေါ့ရွာ)၊ ပေါင်ဝန်တံတား၊ လေယာဥ်ကွင်း တောင်ဘက်မှာဆိုရင် မဇင်ကျေးရွာမှ ကမ်းခြေတလျောက် ဇီးဖြူကုန်း၊ ငပလီ(မြို့)၊ လင်းသာ၊ မြပြင်၊ ဂျိတ္တော အစရှိတဲ့ ရွာလေးတွေရှိပါတယ်။

ငပလီမှာ ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်ဆိုပြီး ကမ်းခြေသုံးခုရှိပါတယ်။ 🏖 ကမ်းခြေတလျှောက်မှာဆိုရင် သောင်ပြင်ညီညာ ကျောက်ဆောင်ကင်းပြီး ကလေးငယ်တွေပါ ရေဆော့လို့ ကောင်းတဲ့နေရာကတော့ ဟိုတယ်ဇုံဘက်မှာရှိတဲ့ မြပြင်(ချိုင်)ပဲဖြစ်ပါတယ်။ မြပြင်ရဲ့ အလှဆုံးနေရာကတော့ 🧜‍♀️ ရေသူမ (Mermaid) ရုပ်တုရှိတဲ့နေရာပဲဖြစ်ပြီး ဟိုတယ်ဇုံဖြစ်တဲ့အတွက် အဆင့်မြင့် ဟိုတယ်တွေများပြီး နာမည်ကြီး စားသောက်ဆိုင်တွေလည်း များပါတယ်။

📸 ဓာတ်ပုံရိုက်လို့ကောင်းပြီး လည်ပတ်စရာတွေအနေနဲ့
- Pristine Mermaid Resort ရှေ့က ရေသူမရုပ်တု၊�- အုန်းပင်ကောက်(ဇီးဖြူကုန်း)၊ �- မောင်တော်ကျောက်(ဇီးဖြူကုန်း)၊ �- ပုလဲကျွန်း(Snorkeling)၊ �- Light House (ဂျိတ္တော)၊�- PVI Restaurant �- တံငါရွာ(ဂျိတ္တော)၊ �- မဒေးတောင် (View Point) နဲ့ တောင်ပါ်မှာတည်ထားတဲ့ ရပ်တော်မူဘုရားကြီးတို့ရှိပါတယ်။

Pristine Mermaid Resort က ငပလီရဲ့ အလှဆုံးကမ်းခြေ မြပြင်(ချိုင်)ရဲ့ 🧜‍♀️ ရေသူမရုပ်တုနေရာမှာ တည်ရှိပြီး 180' Panoramic View ဘန်ဂလိုအခန်းလေးတွေက ကမ်းခြေနဲ့အနီးဆုံးမှာရှိပြီး 🌊 ပင်လယ်ကြီးရဲ့ အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။
- နေ့စဉ်နံနက်စာ�- လေဆိပ်အကြိုအပို့�- ကျယ်ဝန်းသောရေကူးကန်�- ကလေးများအတွက် Child Pool,�- ၂၄ နာရီလျှပ်စစ်မီး�- ဘန်ဂလိုအခန်းများ�- အခန်းတိုင်းမှာ Aircon၊ Minibar၊ ရေပူရေအေး၊ Shower room၊ Open Air Bathtub များ�- ကောင်းမွန်သောဝန်ဆောင်မှုများနဲ့ �- Pristine ကို စဉ်ဆက်မပြတ်အားပေးတည်းခိုကြတဲ့ ဧည့်သည်တော်များရဲ့ Good Review တွေကလည်း Pristine Mermaid Resort ကိုရွေးချယ်တည်းခိုသင့်တဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။

Pristine Mermaid Resort ကို ဧပြီလကုန်အထိ အထူးဈေးနှုန်းများဖြင့် ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမှာဖြစ်လို့ မိသားစုနဲ့ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် နွေရာသီအပူရှောင်မယ်ဆိုရင်တော့ Pristine Mermaid Resort ရဲ့ Page Messenger m.me/pristinemermaidresort မှာ ၂၄ နာရီ ပိတ်ရက်မရှိ အခန်းအမျိုးအစား၊ အခန်းဈေးနှုန်းများကို ဝင်ရောက်ကြည့်ရှုပြီး အခန်း Booking များတင်ထားလို့ရနေပါပြီ။

အောက်ပါဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိင်ပါတယ်။
Yangon Sales & Reservation:
Direct Inquiry (ရုံးချိန်အတွင်း) : ☎️ +95 9 5197774, +95 9 403372727 | Agent Inquiry +95 9 5197772
Hotel Direct : +043 2042381, 043 2042382
(တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း၊ စနေ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း ဆက်သွယ်နိုင်ပါသည်)
✉️ [email protected] | [email protected] (Travel Agent)
🌐 Website : www.pristinemermaid.com

#ငပလီ
#ကမ်းခြေ

Timed it perfectly to witness the mesmerizing sunset over Ngapali Beach 🏖
12/01/2024

Timed it perfectly to witness the mesmerizing sunset over Ngapali Beach 🏖

🎄 နှစ်သစ်ကူးပိတ်ရက်တွေမှာ မိသားစုနှင့်အတူ ကမ်းခြေမှာအပန်းဖြေဖို့ .... ချစ်ခင်ရသူများ မိတ်ဆွေအပေါင်းအသင်းများနဲ့ ပျော်ပျေ...
28/12/2023

🎄 နှစ်သစ်ကူးပိတ်ရက်တွေမှာ မိသားစုနှင့်အတူ ကမ်းခြေမှာအပန်းဖြေဖို့ .... ချစ်ခင်ရသူများ မိတ်ဆွေအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါးခရီးထွက်ကြဖို့ ..... စီစဉ်နေတယ်ဆိုရင် ... အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ အပျော်ဆုံးအချိန်များကို ခံစားနိုင်ဖို့ ငပလီ မြပြင်ဟိုတယ်ဇုံကမ်းခြေမှာရှိတဲ့ 🧜‍♀️ Pristine Mermaid Resort မှာ အပန်းဖြေတည်းခိုဖို့ ဖိတ်ခေါ်လိုက်ပါတယ်.....

နှစ်သစ်ကူးညမှာ Fruit Punch and Beer 🍻 များကိုလည်း Buy two get one အစီအစဉ်များနဲ့ရောင်းချပေးမှာဖြစ်သလို လတ်ဆတ်တဲ့ 🐙 Sea Food Barbecue, Special A la carte menu များလည်း စီစဉ်ထားမှာဖြစ်ပါတယ်....

Pristine ကို အစဉ်တစိုက်ချစ်ခင်အားပေးကြသော ဧည့်သည်တော်များအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွါးဥစ္စာများတိုးတက်ပွါးများပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏

Pristine ရဲ့ Promotion အခန်းဈေးနှုန်းများကိုလည်း FB Page messenger m.me/pristinemermaidresort မှတဆင့် ပိတ်ရက်မရှိဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ....

Yangon Sales & Reservation :
☎️ + 95 9 5197774, 95 9 403372727�(Agent) 95 9 5197772
(တင်္နလာနေ့မှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း၊ စနေ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း)
✉️ [email protected]ďż˝(Agent) [email protected]�🌐 Website : www.pristinemermaid.com

🤶 Wishing you a season of love and a New Year filled with prosperity and joy. 🎄🎄🎄
22/12/2023

🤶 Wishing you a season of love and a New Year filled with prosperity and joy.
🎄🎄🎄

20/10/2023

မင်္ဂလာပါ ဧည့်သည်တော်များခင်ဗျာ
(Edit- messenger ပြန်ကောင်းသွားပါပြီ)

လတ်တလော Messenger မှ စာပို့လို့မရတဲ့ Error လေးဖြစ်ပေါ်နေတဲ့အတွက် ဧည်သည်တော်များသိလိုတဲ့ ဟိုတယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အောက်ပါဖုန်းနဲ့ပါတ်နဲ့ Viber တို့မှ တဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်ဖုန်း
095197774 (Phone/Viber) , 09421069020 (Phone/Viber)

ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

The open-air bathtub experience at Pristine Mermaid Resort is not just a bath; it's a journey of relaxation, mindfulness...
13/10/2023

The open-air bathtub experience at Pristine Mermaid Resort is not just a bath; it's a journey of relaxation, mindfulness, and rejuvenation.








အာရှ၏ အလှဆုံးစာရင်းဝင် ငပလီကမ်းခြေမြို့ 🏝️🏝️ငပလီလို့ပြောလိုက်တာနဲ့  ပင်လယ်ရေပြင်ပြာပြာ ဖြူမွမွသဲသောင်ပြင်နဲ့ အုန်းပင်တန်...
16/09/2023

အာရှ၏ အလှဆုံးစာရင်းဝင် ငပလီကမ်းခြေမြို့ 🏝️🏝️

ငပလီလို့ပြောလိုက်တာနဲ့ ပင်လယ်ရေပြင်ပြာပြာ ဖြူမွမွသဲသောင်ပြင်နဲ့ အုန်းပင်တန်းတို့ကို ပြေးမြင်မိကြမှာပါ။ ငပလီကမ်းခြေဟာ အာရှရဲ့ အလှပဆုံးကမ်းခြေ ၁၀ ခုစာရင်းမှာ တခုအပါအဝင်ဖြစ်ပါတယ်။ အဓိကက ရေကြည်ပြာခြင်း သဲဖြူခြင်း ကမ်းခြေပြေပြစ်ခြင်းနဲ့ အထပ်မြင့်အဆောက်အဦများ ကန့်သတ်ထားပြီး ကမ်းခြေ အလှကို သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ငပလီကမ်းခြေမြို့အဖြစ် ၂၀၁၄ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ၁၈၂၆ ခုနှစ် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရောက်ရှိလာတဲ့ အီတလီ လူမျိုးများက အီတလီမှ နာပိုလီမြို့(Napoli)ရဲ့ ကမ်းခြေနှင့်တူတာကြောင့် အလွန်ရှုခင်းကောင်းပြီး သာယာ လှပသော အီတလီစကား “နေပလီ” ဟုခေါ်ဆိုရာမှ နောင်မှာ ငပလီဟူ၍ ဖြစ်လာခဲ့ပါတယ်။

ငပလီသို့ သွားနိုင်သောလမ်းကြောင်း🛩️🚘

ငပလီကမ်းခြေကို ကားလမ်း နှင့် လေကြောင်းလမ်း နှစ်မျိုးဖြင့် ရောက်ရှိနိုင်ပါတယ်။ ကားလမ်းနဲ့ဆို မိုင် ၂၅၀ ခန့် ကွာဝေးပါတယ်။ လမ်းကောင်းပါတယ်။ ကားလမ်းတလျောက် တောတောင်ရှုခင်းနှင့် ပင်လယ်ပြာကြီးကို စီးမြင်ရတဲ့ အရသာကတော့ အိပ်ငိုက်စရာမလိုအောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ပိုင်ကား၊ Express နှစ်မျိုးလုံးနဲ့လာနိုင်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ဆို ၈ နာရီမှ ၁၀ နာရီကြား၊ Express နဲ့ဆို ၁၂ နာရီမှ ၁၄ နာရီကြားလောက်ကြာတတ်ပါတယ်။

လေကြောင်းလိုင်းကတော့ ပွင့်လင်းရာသီဆိုရင် နေ့စဉ်နီးပါး ရှိပါတယ်။ ရန်ကုန်-သံတွဲ မိနစ် ၅၀ ခန့်သာ ကြာပါတယ်။ မန္တလေး-သံတွဲကတော့ မိနစ် ၆၀ ခန့်ကြာပြီး ပုံမှန် Scheduled Flight မရှိပဲ အလျဉ်းသင့်သလို ပြေးဆွဲပေးပါတယ်။(သက်ဆိုင်ရာ Photo များမှာလည်း လမ်းကြောင်းများနဲ့ပါတ်သက်လို့ ဖော်ပြထားပါတယ်)

ငပလီရောက်ရင် သွားသင့်သောနေရာများ🏞️🌈

ငပလီရောက်လို့ ပင်လယ်လှိုင်းတွေနဲ့အတူ 🏊‍♂️🏊‍♀️ရေကူးအပန်းဖြေတာတွေအပြင် လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်... ( သက်ဆိုင်ရာ Photo များမှာလည်း Caption များ ဖော်ပြထားပါတယ်)

ပုလဲကျွန်း🏝️ ... ငပလီရောက်ရင် ပုလဲကျွန်းကတော့ မဖြစ်မနေ သွားသင့်တဲ့နေရာတစ်ခုပါ။ ရေကြည် ရေသန့်ပြီး အများစုက 🤿🤿Snorkeling လုပ်ကြပါတယ်။ ကျွန်းပေါ်မှာ စားသောက်ဆိုင်လေးလည်းရှိတော့ ရေငုပ်လိုက် အုန်းရေလေးသောက်လိုက်နဲ့ အေးအေးဆေးဆေးအနားယူလို့ရပါတယ်...

Light House⛵⚓ ... ဓာတ်ပုံရိုက်လို့ အရမ်းလှတဲ့ နေရာလေးတစ်ခုပါ... 🌠🌠ငှက်သိုက်ပုံစံနေရာနဲ့ ဒါန်းလေးတွေကလည်း Light House ကိုသွားဖို့ ဆွဲဆောင်နေပါတယ်...

ကျောက္ကလပ်ကမ်းခြေ 🏖️.... ကမ်းခြေတွေထဲမှာတော့ 🎣🎣အဝေးဆုံးနဲ့ အလှဆုံးပါပဲ။ အချိန်ရမယ်ဆိုရင် ကျောက်ကလပ်ကမ်းခြေသွားလည်ပြီး သဘာဝတရားကြီးရဲ့ အလှကိုအပြည့်အဝခံစားနိုင်ပါတယ်။ တခြားကျွန်းတွေဖြစ်တဲ့ မော်ရွှေလေး၊ သမ္ဘန်ချိုင်၊ ကွင်းဝိုင်းကမ်းခြေတွေကိုလည်း သွားလို့ရပါသေးတယ်...

ပေါင်ဝန်တံတား 🏞️.... ဒီတံတားက သံတွဲလေဆိပ်အနီးမှာရှိပြီး ဒေသခံတွေအကြားမှာ နာမည်ကြီးပါတယ်။ ငပလီကနေဆို ကားနဲ့ နာရီဝက်လောက်သွားရပြီး 🌱🌱ရှားပါးဒီရေတောတွေကြားက အလှတရားတစ်ခုဖြစ်တာကြောင့် သွားသင့်တဲ့နေရာလေးတစ်ခုပါပဲ....

မောင်တော်ကျောက်စေတီ .. ဇီးဖြူကုန်းရပ်ကွက် ပင်လယ်ကမ်းခြေမှာတည်ရှိပြီး မြန်မာပြည်မြေပုံနဲ့တူတဲ့ ကျောက်ရဲ့အလယ်မှာ ဓါတ်ပုံရိုက်ရင် အရမ်းလှတဲ့နေရာလေးပါ။ အနီးအနားမှာ အုန်းပင်ကောက်လည်းရှိတော့ တစ်ခါတည်း ဓါတ်ပုံရိုက်ခဲ့လို့ရပါတယ်။

တံငါရွာ 🏕️... Pristine Mermaid Resort ကနေ စက်ဘီးနဲ့သွားမယ်ဆိုရင် ၁၀ မိနစ်ကျော်လောက်တော့ကြာပါတယ်။ တံငါရွာမှာ တံငါသည်တွေရဲ့ နေထိုင်မှုဘဝပုံစံတွေနဲ့ မနက်ပိုင်း ပင်လည်ပြင်ကနေ ငါးဖမ်းပြီးပြန်လာကြတဲ့ ရေလုပ်သမားတို့ရဲ့ လှုပ်ရှားရုန်းကန်နေကြတဲ့ပုံရိပ်တွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်...

ဆင်စခန်း ⛰️... ငပလီကနေ တလင်းဆိပ်ကျေးရွာထိသွားရပြီး အဲဒီမှတဆင့် 🚣🏻‍♀️🚣🏻‍♂️သံတွဲမြစ်အတွင်းလှေစီးပြီး ဆင်စခန်းကိုဆက်သွားရပါတယ်။ ဆင်လေးတွေ အစာကျွေး၊ ရေချိုးပေးပြီး တောတောင်သဘာဝ ⛰⛰အလှအပကို ခံစားနိုင်ပါတယ်...

🙏🙏🙏ဘုရားတွေဖူးမယ်ဆိုရင်တော့ ဂျိတ်တောဘက်က မဒေးတောင်ပေါ်မှာတည်ထားတဲ့ ရပ်တော်မူဘုရားကြီးရှိသလို မဒေးတောင်ပေါ်ကနေ တံငါရွာကိုလှမ်းမြင်ရတဲ့ မြင်ကွင်းကလည်းအရမ်းလှပါတယ်။ မြပြင်ဘက်က မြရတနာဆုတောင်းပြည့်ပုထိုးတော်ကြီး၊ သံတွဲမြို့က အထင်ကရ အံတော်၊ ဆံတော်၊ နံတော်ဘုရားသုံးဆူတို့ကိုလည်း သွားရောက်ဖူးမျှော်နိုင်ပါတယ်...

ငပလီမှာ နေရာအများကြီးထဲကမှ အခုတလောနာမည်ကြီးနေပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေက ...

၁။ အုန်းပင်ကောက်(ဇီးဖြူကုန်း)
၂။ PVI restaurant
၃။ Light House ( ဝင်ကြေး ၂၀၀၀ )
၄။ ကျောက္ကလပ်ကမ်းခြေ
၅။ မဒေးတောင် View Point
၆။ Pristine Mermaid Resort ရှေ့က ရေသူမရုပ်တု
၇။ မောင်တော်ကျောက်စေတီ (ဇီးဖြူကုန်း)
၈။ ပေါင်ဝန်တံတား
၉။ Ngapali trekking

ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တစ်ဝကြီး စားမယ်ဆိုရင် 🦂🦈🐡

၁။ K2 Restaurant ( Merciel Hotel ရှေ့, မဇင်လေဆိပ်အနီး : 09420530046 )
၂။ Min Thu Restaurant ( Pristine Mermaid Resort အနီး, မြပြင် : 09250604859 )
၃။ Zaw II Restaurant ( Amata Resort အနီး, မြပြင် : 09250604007 )
၄။ Two Brothers Restaurant ( Amata Resort အနီး, မြပြင် : 09421756607 )
၅။ Htay Htay Kitchen ( သံတွဲ-လင်းသားလမ်းမ၊ လင်းသာလမ်း : 09451201910 )
၆။ Maung May Restaurant ( Airport Main Road, ငပလီ : 09254302558 )
၇။ Best Friend Restaurant ( Silver Beach Hotel အနီး : 09426185478 )
၈။ Hala အစားအသောက်နဲ့ပတ်သက်ရင်တော့ 09950288985 (သံတွဲ) ကိုဆက်သွယ်ကြည့်လို့ရပါတယ်နော်....

အလည်အပတ်နဲ့ ကျွန်းတွေသွားချင်တယ်ဆိုရင် ကိုယ်တည်းတဲ့ ဟိုတယ်ကို ပြောလိုက်တာနဲ့ စိတ်ချရတဲ့ ဒေသခံ ကားဆရာ, လှေဆရာတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးပါလိမ့်မယ်။ ဟိုတယ်တွေရှေ့မှာလည်း သုံးဘီး (Tuk Tuk) တွေရှိပါတယ်။ ငပလီရောက်ရင် သုံးဘီး (Tuk Tuk) လေးစီးပြီး လျှောက်လည်ရတာကလည်း မြို့ပြနဲ့မတူတဲ့ အငွေ့အသက်လေးတွေ ရရှိနိုင်ပါတယ်။

ရှောင်ရန်များ
- ကမ်းခြေမှာ စက်ဘီး၊ စက်တပ်ယာဥ် (ကား ၊ဆိုင်ကယ်)၊ E-Bike ၊မြင်း / နွားလှည်း / မြင်းလှည်း စီးခြင်းများ ခွင့်မပြုထားပါဘူး။
- Speed Boat, Banana Boat, Jetski , လေထီးခုန်ခြင်း, ရေပြင်စကိတ်စီးခြင်းတို့ကို တားမြစ်ထားပါတယ်။

ဘယ်မှာတည်းမလဲ??? 🏘️🏘️

ငပလီမှာ 🏡🏡တည်းခိုစရာနေရာတွေအများကြီးရှိတော့ ကိုယ်သုံးမယ့် 💰💰budget အလိုက် ရနိုင်တဲ့ ဝန်ဆောင်မှုအပေါ် မူတည်ပြီး ရွေးချယ်တည်းခိုနိုင်ပါတယ်...
🏝🏝ငပလီမှာ ဇီးဖြူကုန်း၊ လင်းသာ၊ မြပြင်ဆိုပြီးတော့ ကမ်းခြေသုံးခု ရှိပါတယ် ။ ကျောက်ဆောင်တွေမရှိပဲ ကမ်းခြေပြေပြစ်ပြီး သဲပိုဖြူတာကြောင့် ရေကြည်ပြာတဲ့ မြပြင်(ချိုင်)ကတော့ အလှဆုံးပါပဲ။ အဆင့်မြင့်ဟိုတယ်တွေ အများဆုံးတည်ရှိပါတယ်။ မြပြင်ရဲ့အလှဆုံးနေရာကတော့ ရေသူမ(mermaid)ရုပ်တု 🧜‍♀️ 🧜‍♀️ တည်ရှိတဲ့နေရာ ဖြစ်ပါတယ် ...

Pristine Mermaid Resort 🏘️🏘️

ငပလီရဲ့ အလှဆုံးကမ်းခြေ မြပြင်(ချိုင်)ရဲ့ 🧜‍♀️ 🧜‍♀️ ရေသူမ mermaid ရုပ်တုနေရာမှာ တည်ရှိပြီး 180' Panoramic View ဟိုတယ်ဘန်ဂလိုအခန်းလေးတွေက ကမ်းခြေနဲ့အနီးဆုံးမှာရှိတော့ ပင်လယ်ပြင်ကြီးရဲ့အလှအပကို အပြည့်အဝခံစားနိုင်ပါတယ်။ Beach ကလည်းလှ ရေကူးလို့လည်းကောင်း ကမ်းခြေပြေပြစ်ပြီး ကျောက်ဆောင်တွေမရှိတော့ ကလေးငယ်တွေအတွက် အန္တရာယ်ကင်းစွာ ဆော့ကစားနိုင်ပြီး Private Beach လိုဖြစ်နေပါတယ် ....

Pristine Mermaid Resort ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်တွင်းခရီးသွားဧည့်သည်များအတွက် သက်သာသောဈေးနူန်း အကောင်းဆုံးဝန်ဆောင်မူများပါဝင်တဲ့ Promotion များ စီစဉ်ထားရှိပါတယ် ...

ဒါ့အပြင် အခန်းအမျိုးအစားအလိုက် Package ဈေးနူန်းများ၊ ဝန်ဆောင်မူများနှင့် ဓါတ်ပုံများကို လူကြီးမင်းတို့ အလွယ်တကူသိရှိရွေးချယ်နိုင်အောင် နဲ့ တန်ဖိုးရှိသောအချိန်များ သက်သာအောင် FB Page messenger m.me/pristinemermaidresort မှတဆင့် ၂၄ နာရီ ဝန်ဆောင်မှု ပေးထားပါတယ် ...

အောက်ပါဖုန်းနံပါတ်များသို့လည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ...
Yangon Sales & Reservation:
+ 95 9 5197774၊ 95 9 403372728 (Direct Sales)� 95 9 5197772 (Agent Sales) �(တနင်္လာမှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း၊ စနေ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း)

ပင်လယ်ရေကြည်ပြာပြာ သဲဖြူလွှလွှ  သဘာဝအလှတရားများနှင့် ရခိုင်ပြည်နယ်က ကမ္ဘာကျော်ငပလီကမ်းခြေဆီ ခရီးသွားဖို့ စိတ်ကူးနေကြတဲ့ ...
01/09/2023

ပင်လယ်ရေကြည်ပြာပြာ သဲဖြူလွှလွှ သဘာဝအလှတရားများနှင့် ရခိုင်ပြည်နယ်က ကမ္ဘာကျော်ငပလီကမ်းခြေဆီ ခရီးသွားဖို့ စိတ်ကူးနေကြတဲ့ ချစ်ရသောဧည့်သည်တော်များအတွက် Pristine Mermaid Resort, Ngapali ကို စက်တင်ဘာ ၂၉ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်..

ပွင့်လင်းရာသီအစမှာ မွန်းကျပ်မှုတွေဖြေလျှော့ရင်း ပင်လယ်ကမ်းခြေသဘာဝနဲ့ လိုက်ဖက်သည့် Nautical Theme 🏖️ ⚓ များနှင့် ဖန်တီးတည်ဆောက်ထားသော Pristine Mermaid Resort 🧜‍♀️ Ngapali မှာ တည်းခို အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါရစေ ....

ငပလီရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ဟိုတယ်ရှေ့က Mermaid 🧜‍♀️ ရေသူမရုပ်တုကလည်း ဧည့်သည်တော်တို့အတွက် အမှတ်တရဓာတ်ပုံလေးတွေဖန်တီးဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ .... 180 Degree မြင်ကွင်းကျယ် သီးသန့်ဘန်ဂလိုအခန်းများ၊ ကျယ်ဝန်းသောရေကူးကန်၊ Private ဆန်တဲ့ ဟိုတယ်ကမ်းခြေ၊ နွေးထွေးပျုငှါတဲ့ ဝန်ဆောင်မှုများနှင့် အတူ ဧည့်သည်တော်များကို ကြိုဆိုနေပါ့မယ်ရှင် ...

သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့်အတူ မိသားစုနှင့်အပန်းဖြေခရီး၊✈️ မိတ်ဆွေသူငယ်ချင်းများနှင့် အပျော်ခရီးများ၊ 🚌 ကုမ္ပဏီ၊ အသင်းအဖွဲ့များ၏ နှစ်ပတ်လည်အမှတ်တရ ခရီးစဉ်များအတွက် လေယာဉ်လတ်မှတ်စီစဉ်ပေးခြင်း ၊ လေဆိပ်အကြိုအပို့စီစဉ်ပေးခြင်း(အခမဲ့)၊ နေ့စဉ်နံနက်စာ (Buffet)တို့အပြင် အခန်းအမျိုးအစားလိုက် Dinner စားသောက်ခွင့်၊ SPA အသုံးပြုခွင့်များကိုလည်း အခမဲ့ Complimentary ဝန်ဆောင်မှုများအဖြစ် Opening Promotion စီစဉ်ပေးထားပါတယ်ရှင် ....

ဒါ့အပြင် ကျွန်းများသို့ Boat Trip ⛴️ ၊ ဘုရားစုံ လှည့်လည်ဖူးမြှော်ခြင်း၊ မြို့တွင်းနှင့် အထင်ကရနေရာများသို့ လည်ပတ်ခြင်းတို့ကိုလည်း သီးခြားဝန်ဆောင်မှုအနေနှင့် စီစဉ်ပေးထားပါတယ် ....

Promotion အခန်းဈေးနှုန်းများ၊ ဝန်ဆောင်မှုများ၊ ဓါတ်ပုံများနှင့် လိုအပ်သော information များကို လူကြီးမင်းတို့ အလွယ်တကူသိရှိရွေးချယ်နိုင်အောင်နှင့် တန်ဖိုးရှိသောအချိန်များ သက်သာအောင် FB Page messenger m.me/pristinemermaidresort မှတဆင့် ၂၄ နာရီ ⏳ ဆက်သွယ်ကြည့်ရှုနိုင်ပါတယ်ရှင် ...။

Yangon Sales & Reservation :
☎️+ 95 9 5197774၊ 95 9 403372727�(Agent) 95 9 5197772�(တနင်္လာမှ သောကြာနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း၊ စနေ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း)

📧 Email: [email protected]ďż˝(Agent) [email protected]�🌐 Website : www.pristinemermaid.com

ချစ်စွာသော ဧည့်သည်တော်များရှင့်Pristine Mermaid Resort , Ngapali ကို မေလ ဒုတိယပါတ်မှစ၍ မိုးရာသီကာလ ခေတ္တပိတ်ထားပြီး အောက...
16/05/2023

ချစ်စွာသော ဧည့်သည်တော်များရှင့်

Pristine Mermaid Resort , Ngapali ကို မေလ ဒုတိယပါတ်မှစ၍ မိုးရာသီကာလ ခေတ္တပိတ်ထားပြီး အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင်။

သဘာဝအလှတွေနဲ့ပြည့်စုံတဲ့ ငပလီကမ်းခြေမှာ လာရောက်အပန်းဖြေအနားယူရင်း Pristine မှာ တည်းခိုခဲ့ကြတဲ့ ဧည့်သည်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ လာမည့်ရာသီမှာလည်း အထူးပရိုမိုးရှင်းများနှင့်အတူ အကောင်းဆုံးဝန်ဆောင်မှုများနှင့် ကြိုဆိုဖိတ်ခေါ်ပါတယ်ရှင်။

နောက်ထပ်သတင်းကောင်းအနေနဲ့ သုံးနှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ Pristine ရဲ့ property တစ်ခုဖြစ်တဲ့ Pristine Lotus Resort, inle ကိုလည်း လာမည့်အောက်တိုဘာလမှစ၍ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ယခင်အသွင်ဒီဇိုင်းများ၊ ဝန်ဆောင်မူများနှင့်အတူ ဖိတ်ခေါ်ပါရစေရှင်။

ချစ်စွာသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင့် ။ 🙏

Address

Gyeiktaw Main Street
Ngapali Beach

Alerts

Be the first to know and let us send you an email when Pristine Mermaid Resort Ngapali posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pristine Mermaid Resort Ngapali:

Shortcuts

Share

Category