Yay Paw Thaung Resort, Gawyangyi

Yay Paw Thaung Resort, Gawyangyi ... Since 2017 ... Hotel,Resort and Restaurant

မင်္ဂလာပါ 🥰YPT resort ကိုလက်ရှိတွင် အခြေအနေ အရပ်ရပ်ကြောင့် ယာယီ ဝန်ဆောင်မှု ရပ်နားထားပါသေးတယ်ရှင့် ပြန်လည်ဖွင့်ဖြစ်ရင် P...
22/02/2025

မင်္ဂလာပါ 🥰

YPT resort ကိုလက်ရှိတွင် အခြေအနေ အရပ်ရပ်ကြောင့် ယာယီ ဝန်ဆောင်မှု ရပ်နားထားပါသေးတယ်ရှင့် ပြန်လည်ဖွင့်ဖြစ်ရင် Page မှာ တင်ပေးပါမယ်ရှင့်
အဆင်မပြေမှုများအတွက် YPT အဖွဲ့သားများမှ တောင်းပန်ပါတယ်ရှင့် ...

သာယာ လှပသော နေ့လေး ဖြစ်ပါစေ ရှင့် 🙏🙏🙏





မင်္ဂလာပါ ... 🙏အနယ်နယ် အရပ်ရပ်မှ ဂေါ်ရန်ဂျီကျွန်းရဲ့ သဘာဝအလှတရားများကို ကြည့်ရှု့ခံစားဖို့ လာရောက် လည်ပတ်ကြသော မိတ်ဆွေမျ...
06/05/2024

မင်္ဂလာပါ ... 🙏

အနယ်နယ် အရပ်ရပ်မှ ဂေါ်ရန်ဂျီကျွန်းရဲ့ သဘာဝအလှတရားများကို ကြည့်ရှု့ခံစားဖို့ လာရောက် လည်ပတ်ကြသော မိတ်ဆွေများခင်ဗျာ ...

Yay Paw Thaung resort အား သတ်မှတ်ရက်ထက်စောပီး renovation လေးတချို့ လုပ်ရအုံးမှာမို့ (1/5/2024) ကတည်းကပိတ်လိုက်ရပါတယ် ...

May လ Booking များအားလုံး အဆင်မပြေဖြစ်သွားရလို့ အားနာရပါတယ် 🙏
နားလည်ပေးလို့လည်း အထူးကျေးဇူးတင်ရပါတယ် ...

Hotel ပြန်ဖွင့်ရင်လည်း page မှာကြိုတင်ပီး အကြောင်းကြားပေးပါမယ် 🥰

အားလုံးပဲ ... ပြန်လည်ဆုံတွေ့ကြမယ်နော် 😊😊😊

ဂေါ်ရန်ဂျီကျွန်းနဲ့ပက်သက်သမျှသိလိုတာများ page messenger မှာလာရောက်မေးမြန်းလို့ရပါတယ်နော် 🙂

နှစ်သစ်မှာ ပျော်ရွှင်မှုများနဲ့ စတင်နိုင်ကြပါစေ 🥰🥰🥰

To contact : 09676026825/ 09263910632





❤️အဆုံးသတ်မရှိတဲ့ ပျော်ရွှင်မှုတွေနဲ့အတူ❤️ရေပေါ်သောင် အပန်းဖြေစခန်းမှာ ခဏတာ လာရောက်တည်းခို အပန်းဖြေခဲ့ကြသော အနယ်နယ် အရပ်...
24/04/2024

❤️အဆုံးသတ်မရှိတဲ့ ပျော်ရွှင်မှုတွေနဲ့အတူ❤️

ရေပေါ်သောင် အပန်းဖြေစခန်းမှာ ခဏတာ လာရောက်တည်းခို အပန်းဖြေခဲ့ကြသော အနယ်နယ် အရပ်ရပ်ကဧည့်သည်တော်များအားလုံးကို ကျေးဇူးတင်ပါတယ် ...

နောက်အခေါက်များလဲ အထူးလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ် ...

နှစ်သစ်မှာ ပျော်ရွှင်မှုများနဲ့ စတင်နိုင်ကြပါစေ 🥰🥰🥰

To contact : 09676026825/ 09263910632




24/04/2024

Relax Time🌊🌊

✨သဘာဝရဲ့ ဖြစ်တည်မှုအလှတွေကို ရှု့စားချင်ရင် အမြန်ဆုံး လှမ်းလာခဲ့သင့်တဲ့ ဂေါ်ရန်ဂျီကျွန်း🏖️    🌈သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ...
23/04/2024

✨သဘာဝရဲ့ ဖြစ်တည်မှုအလှတွေကို ရှု့စားချင်ရင် အမြန်ဆုံး လှမ်းလာခဲ့သင့်တဲ့ ဂေါ်ရန်ဂျီကျွန်း🏖️

🌈သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ကျောက်ဆောင်တွေရဲ့ အရိုင်းဆန်တဲ့အလှအပတွေကို စွန့်စားခန်းဆန်ဆန် လည်ပတ်ချင်
တယ်ဆိုရင် ဂေါ်ရန်ဂျီကျွန်းကို အရောက်လှမ်းလာခဲ့ဖို့တော့ လိုပြီနော်💥

🏝️ဂေါ်ရန်ဂျီကျွန်းဟာ အမိမြန်မာနိုင်ငံအတွင်းမှာပဲ တည်ရှိနေပြီး ပြောမကုန်လောက်အောင် များပြားလွန်းတဲ့ သဘာဝ ကျောက်ဆောင် အလှတရားတွေများစွာနဲ့ ခမ်းနားလွန်းတဲ့ ရေအောက်အလှတွေကို ရှုစားနိုင်လို့ မိသားစု၊ သူငယ်ချင်းတွေနဲ့ စုံတွဲတွေအတွက် အကောင်းဆုံး လည်ပတ်စရာ နေရာလေးတစ်ခုပါရှင့်🥰

🌅ဒီလိုလည်ပတ်စရာ နေရာတွေအများကြီးကို အေးဆေးအနားယူပြီး လည်ပတ်ချင်တယ်ဆိုရင်တော့ ဂေါ်ရန်ဂျီကျွန်းမှာ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနေတဲ့ Yaw Paw Thaung Resort, Gawyangyi မှာ အမြန်ဆုံးသာ ဘိုကင်တင်ထားလိုက်ဖို့ အကြံပြုပါရစေရှင့်😘

🏢Yaw Paw Thaung Resort, Gawyangyi က လူကြီးမင်းတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေရုံမက မိမိပစ္စည်းများကို စိတ်ချလက်ချနဲ့ထားပြီး လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးလို့ တည်းခိုဖူးသူတိုင်း ✨“နောက်တစ်ခါလည်း ဒီမှာပဲတည်းခိုမယ်”✨ဆိုရလောက်အောင် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနေပါတယ်ရှင့်💓

🏠Yaw Paw Thaung Resort, Gawyangyiရဲ့ ဈေးနှုန်းလေးတွေကတော့🤗

🏖️Seaview
📌100000 for two persons (Aircon/minibar/TV)
✨Extra 30000

🏖️Seaview
📌135000 for three persons (Aircon/minibar/TV)

💐Garden view Side A (fan/minibar)
📌75000 for two persons
📌105000 for three persons
✨Extra 25000

💐Garden view Side B (fan)
📌50000 for two persons
📌75000 for three persons
✨Extra 25000

🏢Orchid hall (fan)
📌5 persons and above
✨25,000 per person

💁🏻‍♀️အခန်းအားလုံး breakfast ပါပါတယ်ခင်ဗျာ
💁🏻‍♀️မီး ည ၆ နာရီ မှ ည ၁၁ နာရီ ထိပေးပါတယ်
💁🏻‍♀️ပင်လယ်စာဟင်းပွဲများလည်းမှာယူနိုင်ပါတယ်ရှင့်💗

💢Booking အတွက်ဆက်သွယ်ရန်

📞 09676026825/09263910632

နဲ့လာရောက်လိုသူများအတွက်

https://www.facebook.com/share/fVeWhXkC7tYYCSGp/?mibextid=WC7FNe




22/04/2024

ကိုယ့်ချစ်သူ ကိုယ်ချစ်ရတဲ့သူ 🥰

ကောင်းသောညပါ



20/04/2024

ဂေါ်ရန်ဂျီကျွန်းပေါ်က
အထင်ကရ နေရာတခုဖြစ်တဲ့

လိပ်ချိုင်ကျွန်းရဲ့ နေဝင်အလှလေးပါ ❤️







18/04/2024

Beach Mood 😍🌊🌊

🏖️‌ဂေါ်ရန်ဂျီကျွန်းကို Aircon express ကားလေးစီးပြီး တောတောင်အလှ ရှုစားချင်တဲ့မိတ်ဆွေများအတွက်🤩    ဂေါ်ရန်ဂျီကျွန်းကို လာ...
17/04/2024

🏖️‌ဂေါ်ရန်ဂျီကျွန်းကို Aircon express ကားလေးစီးပြီး တောတောင်အလှ ရှုစားချင်တဲ့မိတ်ဆွေများအတွက်🤩

ဂေါ်ရန်ဂျီကျွန်းကို လာရောက်လည်ပတ်ဖို့ ဘယ် Express ကားစီးရမလဲ မသိတဲ့သူတွေ အဆင်ပြေချောမွေ့စေဖို့ Yaw Paw Thaung Resort, Gawyangyiကနေ ပြောပြပေးပါမယ်ရှင့်🐣💗

🔖ကားလက်မှတ်ဝယ်ယူရရှိနိုင်နဲ့ Aircon Express ကားဂိတ်တွေကတော့💁🏻‍♀️

🚍ကံထူးအောင် (09421155911)
🚍ယူနီဗာဆယ် (09420450901)
🚍မြတ်ကောင်းကင် (09664482282) တို့ဖြစ်ပြီး

🚏ဒဂုံဧရာ အဝေးပြေးကွင်းကနေ ရန်ကုန်မှ ငရုတ်ကောင်းသို့ နေ့စဉ် ညနေ 5:30 ကားများထွက်ပါတယ်ရှင့်😍

🏝️ဂေါ်ရန်ဂျီကျွန်းမှာ လည်ပတ်စရာနေရာနဲ့ အသေးစိတ်သိလိုတာတွေကို Yaw Paw Thaung Resort, Gawyangyiမှာ တည်းသည်ဖြစ်စေ မတည်းသည်ဖြစ်စေ အောက်ပါဖုန်းနံပတ်များကို မေးမြန်းနိုင်ပါတယ်ရှင့်✨

☎️09676026825
☎️09263910632




လည်ပတ်စရာများတဲ့ ဂေါ်ရန်ဂျီမှာ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာ (6)နေရာ🗺️    ရင်သက်ရှုမောဖွယ်ရာ သဘာဝအလှတွေနဲ့ လည်ပတ်စရာ (22)ရာ...
15/04/2024

လည်ပတ်စရာများတဲ့ ဂေါ်ရန်ဂျီမှာ မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာ (6)နေရာ🗺️

ရင်သက်ရှုမောဖွယ်ရာ သဘာဝအလှတွေနဲ့ လည်ပတ်စရာ (22)ရာတောင်ရှိလို့ မဖြစ်မနေလည်ကို လည်သင့်တဲ့ နေရာ(6)နေရာကို Yaw Paw Thaung Resort, Gawyangyiကပြောပြပေးပါမယ်ရှင့်🤫💓

1.မြဝတီစေတီ

တောင်ပေါ်မှာစေတီတည်ထားလို့ ဖူးမြှော်ဖို့ တောင်တက်ရတာက ပင်ပန်းပေမယ့် အပေါ်ရောက်ရင် ရှု့ခင်းအလှက မော‌ပြေတဲ့အပြင် နေဝင်နေထွက်အချိန်လေးဆိုရင် အလွမ်းဓာတ်ခံလေးတွေကတော့ “မောင့်မျက်ရည်ဝိုင်း”ဆိုသလို လွမ်းဆွေးသွားစေမှာပါနော်🤭

2.ကြွေချိုင်ကမ်းခြေ

ကြွေချိုင်ကမ်းချေမှာဆိုရင် တစ်ခြားကမ်းခြေတွေလို နုံးတွေမရှိပဲ သဲတွေပဲရှိလို့ ရေကူးလို့ တော်တော်လေး အဆင်ပြေစေပြီး Sunset view ကလည်း ဓာတ်ပုံရိုက်ရင် ရူးလောက်အောင် လှတဲ့ နေရာလေးပါနော်😘

3.ကျောက်မိုးခို

ကျောက်မိုးခိုဆိုရင် သာယာတဲ့ကြည်နူးဖွယ်ရာခံစားချက်ကိုရစေပြီး လှိုင်းလုံးတွေရဲ့ အနီးအနားက ရိုက်ခံတဲ့အလှက ဘယ်အရာနဲ့မှလဲလို့မရအောင် လှပလွန်းတဲ့နေရာလေးပါရှင့်😍

4.လိပ်ဂျိုင်

လိပ်ဂျိုင်ဆိုရင်လည်း စက်လှေစီးသွားရတဲ့ Feeling က စိတ်ဖိစီးမှုတွေကိုအကုန်ဆွဲယူပစ်သလို့ ပပျောက်စေတဲ့အပြင် အရိုင်းဆန်တဲ့ သဘာဝအလှတရားတွေရှု့စားနိုင်ပြီး ဝါသနာပါရင် ခရုခွံလေးတွေကောက်ပြီး ပြန်သီအလှဆင်ဝတ်လို့ရပါသေးတယ်နော်😉

5.ကျောက်စက်ဂူ

ကျောက်စက်ဂူက သဘာဝရဲ့အနုပညာအလှလို့ ပြောရလောက်အောင် ကျောက်ဆောင်တွေက ကျောက်စက်ပန်းဆွဲ တွေအတိုင်းရှိနေပြီးအရမ်းလှလို့ ဓာတ်ပုံရိုက်လို့ အရမ်းလှတဲ့ နေရာလေးတစ်နေရာပါရှင့်🤩

6.ကျောက်ခြေထောက်

‌လုံးဝ ဘယ်အချိန်မဆို ဓာတ်ပုံရိုက်လို့အလှဆုံးနဲ့ လူတိုင်းသဘောကျပြီး သွားရာက်လည်ပတ်ကြတဲ့ အများဆုံးနေရာလို့ ပြောရပါလိမ့်မယ်။ ဘာလို့လည်းဆိုရင် ကျောက်ဆောင်တွေရဲ့ သဘာဝဖြစ်တည်မှု့အလှကို အများကြီးပေါ်လွင်စေပြီး တစ်သက်တာ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရတွေဖန်တီးနိုင်တဲ့နေ‌ရာလေးပါရှင့်🤗💕

အခုနေရာတွေမှာ ဘယ်နေရာတွေ အလှဆုံးလည်း သဘောအကျဆုံးလည်းဆိုတာ Comment မှာပြောသွားပေးကြပါဦးရှင့်🙆🏻‍♀️💗




အတာအိုးနဲ့ သင်္ကြန်ကြိုပါပြီ (၇) ရက်သားသမီး အပေါင်းကျန်းမာချမ်းသာစီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြပါစေ ❤️
13/04/2024

အတာအိုးနဲ့ သင်္ကြန်ကြိုပါပြီ

(၇) ရက်သားသမီး အပေါင်းကျန်းမာချမ်းသာ

စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ကြပါစေ ❤️




Address

Ngayokkaung
10301

Website

Alerts

Be the first to know and let us send you an email when Yay Paw Thaung Resort, Gawyangyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yay Paw Thaung Resort, Gawyangyi:

Share

Our Story

Hotel, Resort and Restaurant @ Goryangyi Island since 2017