06/08/2026
အညာက အိုအေစစ်လေးသဖွယ်.. 🍀🌳
ပုဂံမြေဆိုတာ အပူပိုင်းဒေသမို့လို့ အများအားဖြင့် ခြောက်သွေ့တဲ့ ရှုခင်းတွေက နေရာယူထားကြတာ များပါတယ်..🍂
ပုဂံ ညောင်ဦးက တန်ခိုးကြီး ဘုရားစေတီပုထိုးတွေကို ဖူးမြော်ပြီးသွားတဲ့အခါ ဟိုတယ်ကို ပြန်လို့ အနားယူရတဲ့အချိန်က သိပ်အရေးကြီးလှပါတယ်..
တချို့ကကျ ဟိုတယ်က ညဘက်နားရုံ၊ အိပ်ရုံပဲ သုံးမှာ အရေးမကြီးဘူး ဆိုကြတယ်..
တကယ်တမ်းမှာတော့ ခရီးတစ်ခုရဲ့ အနားယူချိန်မှာ ဟိုတယ်ကောင်း.. တည်းခိုစရာကောင်းတစ်ခုမှာ တည်းဖို့က သိပ်အရေးကြီးပါတယ်..
ဟိုတယ်ကောင်း မဖြစ်ခဲ့ဘူးဆို
ကိုယ့်ခရီးအတွက် တစ်သက်တာ အမှတ်တရက အနှောင့်အယှက်တွေ ရောပါနေမှာ.. 😔😣
My Place Hotel ကတော့ ပုဂံမြေရဲ့ အိုအေစစ်လေးသဖွယ် တည်းခိုသူတွေအတွက် စိတ်ချမ်းမြေ့ဖွယ်ရာ ၊ မျက်စိပသာဒ ဖြစ်ဖွယ်ရာ ၊ ပင်ပန်းမှုကို အတတ်နိုင်ဆုံး ဖြေဖျောက်နိုင်ဖို့အတွက် ပြင်ဆင်စီစဉ်ပေးထားပါတယ်..
ဝန်ဆောင်မှုနဲ့ တည်းခိုနိုင်တဲ့ ဈေးနှုန်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ထားတာမို့ ဘာလိုသေးလဲဆိုပြီးတောင် မေးရမှာပါ..😁
အညာမြေဘက် ခရီးထွက်တဲ့အခါ
My Place ကို ဦးဦးဖျားဖျား သတိရလိုက်ပါနော်.. 🍀🍀
My Place Hotel - Bagan
အနော်ရထာလမ်းနှင့် သီရိပစ္စယာ ၄ လမ်းထောင့် (F.I.T Street)၊ ညောင်ဦး၊ ပုဂံ (ယခင် ယာခင်းသာဟိုတယ်)
☎️ Booking & Reservation
061-24600 51 , 09-44 799 1030
#ပုဂံ #ပုဂံခရီးသွား #ညောင်ဦး