07/03/2026
"ပုဂံရဲ့ အေးချမ်းတဲ့ ညနေခင်းလေးတွေကို လွမ်းနေပြီလား?" ✨
ဒီလိုရာသီမှာ ပုဂံကို ရောက်သွားရင် ရနိုင်မယ့် ခံစားချက်က
တခြားအချိန်တွေနဲ့ မတူဘူးနော်။ ညနေစောင်းလို့ နေအရှိန်လေး လျော့သွားတဲ့အချိန်... ရှေးဟောင်းဘုရားစေတီတွေကြားမှာ လေပြေအေးအေးလေး တိုက်ခတ်လာတာကို ခံစားရင်း နေဝင်ချိန်ကို ငေးကြည့်ရတာ တကယ်ကို စိတ်အပန်းပြေစေတာပါ။
ပုဂံရဲ့ တည်ငြိမ်မှုက လူကို တစ်နေ့တာလုံး ပင်ပန်းသမျှတွေ
မေ့သွားစေနိုင်လောက်အောင်ကို ဆွဲဆောင်မှုရှိပါတယ် 🧡
ဒါပေမဲ့ နေ့လယ်ဘက် ဘုရားဖူးသွားတဲ့အခါ ပုဂံရဲ့
အပူရှိန်ကတော့ အနည်းငယ် ရှိတတ်တာ အမှန်ပါပဲ။ အဲဒီလို ပူပြင်းတဲ့ အခိုက်အတန့်တွေမှာ Zfreeti Hotel က သင့်ကို အကောင်းဆုံး အနားယူခြင်းတွေနဲ့ စောင့်ကြိုနေမှာပါ။
🍃 စိမ်းလန်းစိုပြေတဲ့ Garden View အလှ ဟိုတယ်ကို ပြန်ရောက်တာနဲ့ ပထမဆုံး သင့်မျက်စိကို အေးမြစေမှာကတော့ Garden View လေးပါသစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းနေတဲ့ မြင်ကွင်းလေးက စိတ်ကို ချက်ချင်း ကြည်လင်သွားစေမှာပါ။
⚡️ အပူဒဏ်ကို မေ့ထားလိုက်ပါ
အပြင်က ပြန်လာတဲ့အခါ အခန်းထဲမှာ 24 နာရီ မီးအပြည့်အဝရရှိတာ ကြောင့် အဲကွန်းအေးအေးလေးနဲ့ ခဏလောက် အမောဖြေ နားနေနိုင်ပါတယ်။ အပူရှိန်လေး လျော့သွားတဲ့အထိ ခဏလောက် အနားယူပြီးမှ...
🏊♂️ အပန်းဖြေဖို့ ရေကူးကန်
နေအေးသွားတဲ့ ညနေခင်းမျိုးမှာတော့ Swimming Pool မှာ အေးအေးဆေးဆေး အပန်းဖြေလိုက်ရုံနဲ့တင် တစ်ကိုယ်လုံး လန်းဆန်းသွားမှာပါ။
📍 လမ်းပန်းဆက်သွယ်ရေးလည်း အရမ်းကောင်းတယ် Zfreeti Hotel က ညောင်ဦးရဲ့အချက်အချာကျတဲ့ နေရာမှာ ရှိတာကြောင့် နာမည်ကြီးဘုရားတွေကို သွားဖူးမလား၊ ညဘက် စားသောက်ဆိုင်တန်းတွေမှာ Chill မလား... သွားရလာရတာ အရမ်းကို လွယ်ကူပါတယ်
🌟 ကျွန်တော်တို့ Zfreeti ရဲ့ ဝန်ထမ်းတွေကလည်း သင့်ကို မိသားစုဝင်တစ်ယောက်လို နွေးထွေးပျူငှာစွာ ကြိုဆိုနေမှာဖြစ်ပြီး လိုအပ်တာမှန်သမျှကိုအကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အမြဲအသင့်ရှိနေပါတယ်
ဒီတစ်ခေါက် ပုဂံခရီးစဉ်မှာ အပူအပင်မရှိဘဲ အေးအေးလူလူနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာ အပန်းဖြေချင်တယ်ဆိုရင်တော့ Zfreeti Hotel ကို သတိရလိုက်ပါနော်။ 😊✨
တည်းခိုသူတိုင်း စိတ်ချမ်းသာစေမှာ Zfreeti Hotel ပါ
Reservation -
09 88000 4918 | 09 88000 4919
Hotlines - 09 259628745 | 09 408768833 | 09 880004917
============