06/12/2025
Famous Traveller 9th Anniversary 👏
🥰 𝐅𝐚𝐦𝐨𝐮𝐬 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 𝐄𝐱𝐩𝐫𝐞𝐬𝐬 𝟗𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲🥳🥳🥳
💙💛 လွန်ခဲ့သော 6.12.2016 မှ စတင်ဖွင့်လှစ်ခဲ့သည့် Famous Traveller Express သည် ယနေ့ 6.12.2025 တွင် (၉)နှစ်တိတိပြည့်ခဲ့ပါပြီ 🥰
💛💙 စတင်ဖွင့်လှစ်သည့် အချိန်မှ စ၍ (၉) နှစ်တာ ကာလအတွင်း အဆင်မပြေမှုများ၊ အပြစ်အနာအဆာများ၊ စိတ်ကျေနပ်မှု မရရှိခြင်းများ အစရှိသော လိုအပ်ချက်များနှင့် (၉) နှစ်သားအရွယ် Famous Traveller အား မေတ္တာရှေ့ထားပြီး ကြည့်ရှု စောင့်ရှောက် အားပေးခဲ့သည့် ရဟန်းသံဃာများ နှင့် ခရီးသွားမိဘပြည်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းအား ကျေးဇူးအထူးတင်ရှိပါသည်။ 🙏🏻
💙💛 ထိုမှ တဖန် (၉) နှစ်တာ ကာလ အတွင်းဆိုးတူကောင်းဖက် လက်တွဲ ပေးခဲ့ကြသော Famous Traveller ၏ အနယ်နယ် အရပ်ရပ်မှ စီးပွါးဖက်မိတ်ဆွေများ အားလည်း ထပ်လောင်း ၍ ကျေးဇူးအထူးတင်ရှိပါသည်။ 🙏🏻
💛💙 ဆက်လက်၍ (၉) နှစ်တာ ကာလအတွင်း လုပ်ငန်းလည်ပတ်ရာတွင် များစွာကူညီပံ့ပိုးခဲ့သည့် Octagon International Services Company၊ KBZ MS General Insurance၊ TAL Company၊ GMBF Group၊ လင်းယုန် ၄ နိုင်ငံခြား cargo ပစ္စည်း ပို့ဆောင်ရေး၊ မူလ ရွှေသီဟ Co. Ltd၊ ကြယ်နန်းတော် ခရီးသွားလုပ်ငန်း၊ YONMING Auto (Myanmar) Co. Ltd၊ Ko Kyi Aye Trading Company (မဟာမျိုး)၊ AKT Holdings Company Limited (Mobil Engine Oil)၊ Aye Chan Mon Co. Ltd (Black Lion)၊ Universal Tractor Co.Ltd (Rocket Battery)၊ သူရိန် - ရွှေ မြန်မာ၊ သပြေညို ၊ SP Bakery၊ FUDO Bakery အစရှိသော မိတ်ဖက် ကုမ္ပဏီများအားလည်း ကျေးဇူးအထူးတင်ရှိပါသည် 🙏🏻🥰
💙💛 (၉) နှစ်တာကာလအတွင်း တစိုက်မတ်မတ် လက်တွဲမဖြုတ်ဘဲ ရှေ့သို့ချီတက်ခဲ့သော Famous Traveller ၏ internal customer များဖြစ်တဲ့ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် 🙏🏻
💛💙 (၉) နှစ်မှ သည် နောင် နှစ်ပေါင်းများစွာတိုင် ရှေ့ဆက်ရမည့် ကာလ တလျှောက်လုံးတွင် ကျေးဇူးရှင် ခရီးသွား မိဘပြည်သူများဘက်မှ Famous Traveller အားမေတ္တာမပျက် ဆက်လက်၍ လက်တွဲခေါ်ယူပေးပါရန် မေတ္တာရပ်ခံရင်း
Famous Traveller ဘက်မှလည်း အကောင်းဆုံး ဆက်လက်ကြိုးစားသွားပါမည် ဖြစ်ကြောင်း ဆန္ဒပြုလျက် …….
မေတ္တာများစွာဖြင့်
𝐅𝐚𝐦𝐨𝐮𝐬 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐞𝐫 𝐄𝐱𝐩𝐫𝐞𝐬𝐬 မိသားစု 💙💛