Sunrise Bagan Hotel

Sunrise Bagan Hotel 2022 Welcome Promotions

29/08/2026
ပုဂံရွှေပြည်
27/08/2026

ပုဂံရွှေပြည်

18/08/2026

အရိမတ္တနပူရမည်သောပြည်နှိုက် အစိုးရသော

အလွန်ဖုန်းတန်ခိုးကြီးစွာသော အပြည်ပြည်မှ ဆင်ဖြူသခင်ဟု ကျော်စောထင်ရှားဖြစ်ထသော

ဩီ တြိဘဝနာဒိတျပဝရ ဓမ္မရာဇာမည်သော

တရားမင်းကြီး၏ အထောင်မကသော အရောင် အဆင်းလှသော မိန်းမတို့ထက် အစိုးရသောအမိဖုရားစဝ်… တဲ့… သူရဲ့ ဘုန်းတော်ဘွဲ့ကို သူကိုယ်တိုင် ရေးတာ။

ကျောက်စာရေးထိုးတာက မြမ္မာနှစ် ၆၇၂ ခုနှစ် ခရစ်နှစ် 1310 ဝန်းကျင်ဆိုတော့ ပုဂံပျက်ပီးဆယ်နှစ်ဝန်းကျင်အကြာမှာ။ မွန်ဂိုတွေနောက်ဆုံးဝင်လာခဲ့တာဆိုတော့ ဒီကျောက် စာရေးတဲ့အချိန်မှာ ပုဂံပျက်စပြုနေပါပြီ။

မင်းမိဖုရား မင်းညီမင်းသားတွေလည်း နန်းတော် ရာထဲမနေရဲတော့ဘဲ ပုဂံမှာသူတို့လှူထားတဲ့ကျောင်းတော်ရာ၊ ကျောင်းတိုက်ရာနေရာတွေမှာ ဝင်ရောက်နေထိုင်ရတဲ့ ကာလတစ်ခုရှိခဲ့ဖူးတယ်။

ဒီကျောက်စာမှာပါတဲ့ မိဖုရားစောဟာ အလှူလုပ်ရင်း ခမ်းနားခဲ့ဖူးတဲ့ အတိတ်ကို ပြန်တမ်းတမိဟန်တူတယ်။

27/07/2026
20/04/2026

သာယာလှပသောပုဂံ

14/04/2026

💦 မဟာပုဂံ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဓါတ်ပုံပြိုင်ပွဲ 💦

📸✨ မဟာသီယံ ရိုးရာထိမ်းသိမ်းမှုအဖွဲ့မှ ကြီးမှုးကျင်းပသော ပုဂံမဟာသင်္ကြန်ဓါတ်ပုံပြိုင်ပွဲကို ဖိတ်ခေါ်အပ်ပါတယ်။

မည်သည့်ကင်မရာ၊ ဖုန်း အမျိုးအစားဖြင့်မဆို
ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
📅 မဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အတက်နေ့
ည(၇)နာရီအထိ
🖼️ ပြိုင်ပွဲဝင်ဓါတ်ပုံများကို (၅)ပုံအထိ ပေးပို့နိုင်ပါသည်။
⏰ သတ်မှတ်ချိန်ကျော်လွန်သော ပုံများကို
ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
🏆 ဆုများကို နှစ်ဆန်း(၁)ရက်နေ့ မနက်(၉)နာရီတွင်
Page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်။
📌 ဆုရရှိသောပုံများ မူရင်းပုံတင်ပြနိုင်ရပါမည်။
🚫 Edit အလွန်အကျွံ ပြုလုပ်ခြင်း မပြုရပါ။

🎁 ပေးအပ်မည့် ဆုများ
🥇 ပထမဆု – ဆုလက်ဆောင် + ၅သိန်းကျပ်
🥈 ဒုတိယဆု – ဆုလက်ဆောင် + ၃သိန်းကျပ်
🥉 တတိယဆု – ဆုလက်ဆောင် + ၂သိန်းကျပ်
👍 Like အများဆုံးဆု – ၁၅၀၀၀၀ ကျပ်
🔁 Share အများဆုံးဆု – ၁၅၀၀၀၀ ကျပ်

🎉 ဆု(၅)ဆုလုံးကို မဟာသီယံ ရိုးရာထိန်းသိမ်းမှုအဖွဲ့မှ
ချီးမြှင့်ပေးမည်ဖြစ်ပါသည်။

📍 ပြိုင်ပွဲဝင်နိုင်သော နေရာများ
🚶‍♂️ လမ်းလျှောက်သင်္ကြန်ကျင်းပရာ
➡️ သရပါတံခါးမှ ဗူးဘုရားလမ်းတစ်လျှောက်
(ပုဂံမြို့ဟောင်း) ပုံများသာ ဖြစ်ပါသည်။

🌿 ပုဂံမဟာသင်္ကြန်၏ ဆောင်ပုဒ်
“သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး
ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းစို့”

💛 မဟာအတာသည် ပျော်ရွှင်ရုံသက်သက်
သင်္ကြန်ပွဲမဟုတ်၊ ပုဂံ၏စစ်မှန်သော ရိုးရာဓလေ့များကို
ပြန်လည်ဖော်ထုတ်ရင်း ရှေးဟောင်းအမွေအနှစ်များကို
ကာကွယ့်မည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။

ပါဝင်မည့် ရိုးရာလှုပ်ရှားမှုများ 👉

🌼 သနပ်ခါးသွေးပွဲ
🐂 နွားလှည်းယဉ်တန်း လှည့်လည်ခြင်း
💧 ဧရာဝတီမြစ်မှ အတာရေခပ်ယူပွဲ
💆‍♀️ ခေါင်းဆေးမင်္ဂလာပွဲ

🍛 စတုဒီသာအကျွေးအမွေးများဖြင့်လည်း
ဧည့်ခံပေးမည်ဖြစ်ပါသည်။

💌 ပုဂံကိုချစ်မြတ်နိုးသူများအားလုံး
🚶‍♀️ မဟာအတာလမ်းလျှောက်သင်္ကြန်ကို ဆင်နွဲပျော်ရွှင်ရင်း
📸 ပြိုင်ပွဲဝင်ဓါတ်ပုံများ ပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။

📥 ဓါတ်ပုံများကို
👉 မဟာသီယံ X r2r page သို့ ပေးပို့ယှဉ်ပြိုင်ရပါမည်။

Page Link https://www.facebook.com/share/1ZbpCgYxNC/?mibextid=wwXIfr

#မြန်မာရိုးရာအတာသင်္ကြန်ပွဲတော် 💦
#မဟာသီယံmaharthian 🌸
#ပုဂံရှေးဟောင်းယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန် 🏛️

03/02/2026

Address

Nyaungoo
11101

Alerts

Be the first to know and let us send you an email when Sunrise Bagan Hotel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunrise Bagan Hotel:

Shortcuts

Share

Category