ပုဂံပြည်သား ဧည့်ရိပ်မွန်

ပုဂံပြည်သား ဧည့်ရိပ်မွန် သီရိပစ္စယာတိုးချဲ့(၅)၊ရာဇသကြန်၃လမ်း ညစျေးအနီး ညောင်ဉီးမြို့

12/12/2025

ပုဂံပြည်သားရဲ့မိတ်ဟောင်းမိတ်သစ်များကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏

03/12/2025

Credit Bagan secenary

အမှတ်တမဲ့မှအမှတ်တရသို့🙂🙂🙂
28/11/2025

အမှတ်တမဲ့မှအမှတ်တရသို့🙂🙂🙂

ပုဂံပြည်သားမှာဆုံကြမယ်နော်😍😍😍
13/11/2025

ပုဂံပြည်သားမှာဆုံကြမယ်နော်😍😍😍

ရောက်ခဲ့ပြန်ပြီပုဂံရွှေပြည် #ပဲခူးမှရွှေဧည့်သည်များ
11/11/2025

ရောက်ခဲ့ပြန်ပြီပုဂံရွှေပြည်
#ပဲခူးမှရွှေဧည့်သည်များ

09/11/2025

# မဟာ

သာသနာရောင်ဝါထွန်းကားရာပုဂံမြေကိုလာရောက်လည်ပတ်ကြမည့်ဘုရားဖူးဧည့်သည်တော်အပေါင်းတို့ရှင့်။မိသားစုလိုက်ဖြစ်စေ.အသင်းအဖွဲ့နှင်...
25/10/2025

သာသနာရောင်ဝါထွန်းကားရာပုဂံမြေကိုလာရောက်လည်ပတ်ကြမည့်ဘုရားဖူးဧည့်သည်တော်အပေါင်းတို့ရှင့်။
မိသားစုလိုက်ဖြစ်စေ.အသင်းအဖွဲ့နှင့်ဖြစ်စေ.ချစ်သူမိတ်ဆွေသူငယ်ချင်းများနှင့်ဖြစ်စေအနားယူတည်းခိုအိပ်စက်ရန်နေရာလိုအပ်ခဲ့ပါပုဂံပြည်သားဧည့်ရိပ်မွန်ကိုသတိရလိုက်ပါရှင့်။ကျွန်မတို့ပုဂံပြည်သားဧည့်ရိပ်မွန်လေးကတော့
Location🏠: တန်ခိုးကြီးရွှေစည်းခုံဘုရားအနီးညစျေးတန်းတလမ်းကျော်မှာတည်ရှိတာကြောင့်စားသောက်သွားလာရေးလွယ်ကူပါတယ်ရှင်.။
Facilities: အခန်းတိုင်းဟာကျယ်ဝန်းပြီးရေချိုးခန်းအိမ်သာတွဲရက်.ရေပူ/ရေအေး. smart TV ရေခဲသေတ္တာ ပါရှိပါတယ်ရှင့်။များသောအားဖြင့်အညာမနက်ခင်းစာ(သို့)ရန်ကုန်မုန့်ဟင်းခါး(သို့)ကြာဆံကြော်တို့ကိုbreakfastအဖြစ်ပါရှိပါတယ်ရှင့်။
Electricity: Solar System တပ်ဆင်ထားတာကြောင့်အခိုက်အတန့်မီးပျက်သွားပါက lighting အသုံးပြုနိုင်မှာဖြစ်ပြီးမီးပျက်ချိန်ကြာမြှင့်ခဲ့ပါက ေနေ့လည်၁၂နာရီမှနေ့ခင်း၃နာရီ(ပြန်လည်အနားယူချိန် )ညနေ၆နာရီမှမနက်၆နာရီထိမီးစက်နား​​နေ ချိန်မှအပ
Airconဖြင့်အေးချမ်းစွာအိပ်စက်နိုင်မည်ဖြစ်ပါသည်ရှင့်။မီးက်နားနေချိန်တွေမှာsolar system ဖြင့်lighting အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင့်။
ဘုရားဖူးဧည့်သည်​ေတာ်များအေးချမ်းစွာလည်ပတ်နိုင်ရန်အတွက်other service များအနေဖြင့်
-Ebike/ tuk tuk service
- Ticketing service
- Car rental service
-Laundary service
- Guide service တို့လဲဆောင်ရွက်ပေးပါတယ်ရှင့်။
အခန်းခနှုန်းထားများမှာ -
၂ယောက်ခန်း-👫-၄၀၀၀၀
၃ယောက်ခန်း- ၅၀၀၀၀
၄ယောက်ခန်း-၆၀၀၀၀ ဖြစ်ပါတယ်ရှင့်
Bookingအတွက် 09260628483. 09768705322ကို Helloလိုက်ပါနော်။

အမှတ်တရများစွာနဲ့ပဲခူးမှမိသားစု@
20/10/2025

အမှတ်တရများစွာနဲ့ပဲခူးမှမိသားစု@

19/10/2025
17/10/2025

🎒ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

🎒ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။ အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

🎒အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

🎒နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

🎒ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

🎒လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

🎒နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

🎒ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

🎒ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

🎒ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

🎒စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

#ခရီးသွားပါ

Credit

Address

Nyaungoo

Telephone

+959260628483

Website

Alerts

Be the first to know and let us send you an email when ပုဂံပြည်သား ဧည့်ရိပ်မွန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပုဂံပြည်သား ဧည့်ရိပ်မွန်:

Share

Category