Aung MinGalar Hotel Inle

Aung MinGalar Hotel Inle Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung MinGalar Hotel Inle, Hotel, Nyaungshwe.

မင်္ဂလာပါ အမျိုးတို့ရေပျော်ရွှင်ချမ်းမြေ့ကြပါစေအင်းလေး ဖောင်တော်ဦးဘုရားပွဲ 15.10.2023 ရက်နေ့ မှ စပီတော့ 21 ဌာနကို 1.11....
14/10/2023

မင်္ဂလာပါ အမျိုးတို့ရေ
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
အင်းလေး ဖောင်တော်ဦးဘုရားပွဲ 15.10.2023 ရက်နေ့ မှ စပီတော့ 21 ဌာနကို 1.11.2023 နေ့အထိ ယခင်နှစ်တွေအတိုင် ပုံမှန် ဒေသစာရီကြွချီအပူဇော်မည်ဖြစ်ပါတယ်ဆိုတ့ဲအကြောင်းသီတင်ကောင်းပါးအပ်ပါတယ်ခင်ဗျ
မင်္ဂလာပါဗျ... အမျိုးတွေအားလုံးပျော်ရွှင်ချမ်း​​မြေ့ပါစေ
ေတာင်ကြီး/ အင်းလေး ကို အလည်လာကြမယ့် ခရီးသွားဧည့်သည်တော် များကိုတောင်ကြီးမြို့နဲ့လည်းမဝေး အင်းလေးရဲ့ဇက်ဆိပ်မြို့လေးဖြစ်တ့ဲ့(ညောင်ရွှေမြိ့်ု)မှာတည်ရှိတ့ဲ အောင် မင်္ဂလာ ဟိုတယ်
Aung MinGalar Hotel)ကိုလာရောက်တည်းဖို့ဖိတ်ခေါ်အပ်တယ်ခင်ဗျ 🙏

💉ဝန်ထမ်းများအားလုံးလည်း Covid ကာကွယ်ဆေးထိုးထားပြီး စည်းကမ်းချက် များနဲ့အညီပြန်လည်ဖွင့်လှစ်ထားပါတယ် 🙏
အခန်းအားလုံး၁၂ခန်းရှိပါတယ်
အခန်းအားလုံး Bungalow တထပ်တိုက်လုံးချင်းတွေဖြစ်ပါတယ်ခင်ဗျ
Superior ၃ခန်း Standard ၉ခန်းရှိိပါဗျ
အခန်းတွင်းမှာလည်း ( Air -conditioned , Free Wifi , LCD Tv with Satellite ,mini bar , Room safe , Hairdryer , Hot & Cold Shower/ Bath Tub , Quality Toiletry Set ) အစရှိတဲ့ Room Amenities အပြည်အဝပေးထားပါတယ်ခင်ဗျ
ခြံဝန်ကြယ်ကြယ်န့ဲစိမ်းစိုလှပတ့ဲ Garden ကြယ်ဝန်းတဲ့ ကားပါကင်ပါရှိတ့ဲအတွက် လုံခြုံဖို့စိတ်မပူရ*
ညောင်ရွှေမြို့ နန္ဒဝန်ရပ် ၃အကွက် ဖောင်တော်ဆိုက်လမ်းမှာရှိတ့ဲ
Aung MinGalar Hotel မှာလာရောက်တည်းဖို့ဖိတ်ခေါ်ပါရစေခင်ဗျ

✔️✔️ အခန်းစျေးနှုန်းတွေဟာအထူးသင့်လျှော်တာမို့လို့ အရောက်လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။

📞☎️အခန်းစျေးနှုန်းများ ကိုတော့
Chat Box မှာ ( သို့မဟုတ် )
Hotel Reception Phone numbers,
09453342510
09256241729
09428371919
For Reservations,
09 428371919
09453342510

မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ
[email protected]

မင်္ဂလာပါဗျ အမျိုးတွေအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေရှမ်းပြည်နယ်ထဲက “အင်းလေးဦးပိန်တံတား” ကိုရောက်ဖူးကြပြီလား...........မန...
09/09/2022

မင်္ဂလာပါဗျ
အမျိုးတွေအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ
ရှမ်းပြည်နယ်ထဲက “အင်းလေးဦးပိန်တံတား” ကိုရောက်ဖူးကြပြီလား...........
မန္တလေးရှိဦးပိန်တံတားနဲ့ ပုံစံတူ ”မိုင်း​သောက် တံတား” ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အရှေ့​​တောင်​ထောင့်၊ မိုင်းသောက် ကျေးရွာနဲ့ မိုင်းသောက်အင်းကျေးရွာကြားတွင်တည်ရှိပါတယ်။ တံတားအရှည်မှာ ပေပေါင်း(၁၅၀၀)၊ တိုင်လုံး​ပေါင်း (၅၂၈) လုံး၊ နားနေဆောင် (၅) ဆောင်ရှိပြီး မန္တလေးရှိဦးပိန်တံတားနဲ့ ပုံစံဆင်တူသောကြောင့် အင်းလေးဦးပိန် တံတားဟုလည်း အလွယ်ခေါ်ကြပါတယ်။ အင်းလေးကန်ရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိပြီးတော့ တောင်တန်းများကို နောက်ခံထားသော ကန်နှင့်တံတားအလှကြောင့် နေဝင်ရှုခင်းကြည့်ရှုရန် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ မိုင်းသောက်တံတားမှ လှေစီးပြီး ဖောင်တော်ဦးဘုရားသို့ သွားရောက်လည်ပတ်နိုင်သလို အနီးအနားရှိတောင်​ပေါ်ကျေးရွာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ မိမိရဲ့မိသားစု၊လုပ်ဖော်ကိုင်ဖက်၊ ချစ်ခင်ရသူတွေနဲ့ သဘာဝရှုခင်းအလှအပတွေကိုခံစားရင်း အမှတ်တရကောင်းတွေဖန်တီးပြီး ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ချင်တယ်ဆိုရင်တော့ မိုင်းသောက်တံတားကို သွားဖြစ်အောင်သွားဖို့ မှာလိုက်ပါရစေ....😊

14/07/2022

မင်္ဂလာပါ...(prayer_hands)(prayer_hands)(prayer_hands)
ဒီနေ့မှာတော့ အင်းလေးဒေသ၊ ကျေးပေါခုန်ကျေးရွာအုပ်စုအတွင်း ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၀၀၀) ခန့်မြင့်တဲ့ တောင်ပေါ်မှာ တည်ထားတဲ့ ရွှေအင်းတိန်ဘုရားကို ဖော်ပြပေးချင်ပါတယ်။ ရွှေအင်းတိန်ဘုရားကိုသွားမယ်ဆိုရင် ညောင်ရွှေမြို့မှ စက်လှေစီးပြီး သွားရောက်ဖူးမျှော်နိုင်ပါတယ်။ ဉာဏ်တော် (၄၅) ပေမြင့်ပြီး အရံစေတီပေါင်း (၁၀၅၄)ဆူ ဖြင့်ဝန်းရံထားတဲ့ ရွှေအင်းတိန်ဘုရားကို သီရိဓမ္မာသောကမင်းကြီးမှ သာသနာနှစ် (၂၀၀)ကျော်တွင် ဘုရားရှင်၏ ဓာတ်တော် မွေတော်များကိုဌာပနာ၍ တည်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားစေတီများရဲ့ တည်ထားမှုပုံစံမှာ မွေတော်ကက္ကူဘုရားပုံစံနဲ့ ဆင်တူပါတယ်။ ဘုရားသို့ ရောက်ရှိတဲ့အခါ ရှေးခေတ်မြန်မာတို့၏ ဗိသုကာလက်ရာများ၊ ရုပ်လုံးကြွအင်္ဂတေ ပန်းတော့လက်ရာများနှင့် နံရံဆေးရေးပန်းချီလက်ရာများကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဘုရား၏ ပတ်ပတ်လည်တွင် ဝါးတောများရှိပြီး ဘုရားသို့အသွားဝါးတောကို ဖြတ်သွားရတာကလည်း အလွန်စိတ်ချမ်းမြေ့ဖို့ကောင်းပါတယ်။ အင်းလေးကို အလည်ရောက်တဲ့အခါ သမိုင်းဝင် အနုပညာလက်ရာတွေရှိိသေးတဲ့အပြင်၊ သာယာအေးချမ်းလှတာမို့ လာရောက်ဖူးမျှော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မင်္ဂလာပါဗျနှစ်သစ်မှာ အမျိုးတွေအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ #အလွမ်းတောင်
19/04/2022

မင်္ဂလာပါဗျ
နှစ်သစ်မှာ အမျိုးတွေအားလုံး
ပျော်ရွှင်ချမ်းမြေ့ပါစေ
#အလွမ်းတောင်

မင်္ဂလာပါဗျအမျိုးတွေအားလုံးသာယာလှပတ့ဲ သဘာဝအလှလေးတွေကိုခံစားဖို့ နောင်အင်းလေး ကိုသွားကျစို့
22/02/2022

မင်္ဂလာပါဗျ
အမျိုးတွေအားလုံး
သာယာလှပတ့ဲ သဘာဝအလှလေးတွေကိုခံစားဖို့ နောင်အင်းလေး ကိုသွားကျစို့

Address

Nyaungshwe
AUNGMINGALRHOTELINLE

Telephone

+959428371919

Website

Alerts

Be the first to know and let us send you an email when Aung MinGalar Hotel Inle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung MinGalar Hotel Inle:

Share

Category