Sky Lake Inle Resort

Sky Lake Inle Resort Bounded by a magnificent natural landscape, with the breathtaking view mountain range...

Bounded by a magnificent natural landscape, with the breathtaking view mountain range in the backdrop overlooking the mesmerizing view of Inle Lake, our resort located in the heart of Inle Lake offers a sanctuary for you wanting to escape and rejuvenate.

ရှမ်းပြည်လို့ ပြောလိုက်တာနဲ့ စိတ်ထဲအရင်ပြေးမြင်တာက အင်းလေးကန်ထဲက ခြေထောက်နဲ့လှေလှော်ဟန်ရယ်တောင်ကြီးမြို့က မီးပုံးပျံမြင်...
01/09/2024

ရှမ်းပြည်လို့ ပြောလိုက်တာနဲ့

စိတ်ထဲအရင်ပြေးမြင်တာက

အင်းလေးကန်ထဲက ခြေထောက်နဲ့လှေလှော်ဟန်ရယ်

တောင်ကြီးမြို့က မီးပုံးပျံမြင်ကွင်းတွေကို

ချက်ခြင်းအတွေးထဲပေါ်လာတက်တယ်မလား

မျက်လုံးလေးမှိတ်ပြီး ဆက်တွေးရင်

ရှမ်းအိုးစည်သံလေးတွေ

ရှမ်းရိုးမတောင်တန်းကြီးတွေ

ရှမ်းအစားအစာတွေက

လူကြီးမင်းကို လာခဲ့ဖို့ ဖိတ်ခေါ်နေပါပြီရှင် 🙏🙏🙏

ဒီလိုအချိန် ဒီလိုရာသီဥတုက

ခရီးသွားဖို့အကောင်းဆုံး အချိန်ပါ

ပွင့်လင်းရာသီမဟုတ်သေးတဲ့အတွက်

ခရီးသွားနည်းသေးတာရယ်ကြောင့်

သွားလာရတာ အလွန်အဆင်ပြေပါတယ်

အင်းလေးကန်ကြီးရဲ့ သဘာဝအလှအပတွေကို

ခံစားပြီး မိုးရွာပြီးစမှထွက်လာတဲ့ သက်တန့်ကြီးကို

ဝရံတာကနေ တစိမ့်စိမ့်ထိုင်ကြည့်ချင်တယ်ဆို

ဒီအချိန်က လာရောက်အပန်းဖြေဖို့

အကောင်းဆုံးအချိန်ပါ

ရှမ်းအိုးစည်သံလေးတွေနဲ့လဲ

ဒီက အင်းလေးသူလေးတွေက

ကြိုဖို့အသင့်ပါပဲနော် 🙏🙏🙏

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





🎵 တောပန်းလေးများနဲ့လှချင်တိုင်း လှနေပါတဲ့လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ 🎵အဆိုတော်ဘိုဖြူရဲ့ ဒီသီချင်းလေးကြားရင်ရှမ်းပြည...
31/07/2024

🎵 တောပန်းလေးများနဲ့လှချင်တိုင်း လှနေပါတဲ့

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ 🎵

အဆိုတော်ဘိုဖြူရဲ့ ဒီသီချင်းလေးကြားရင်

ရှမ်းပြည်ရဲ့အငွေ့အသက်ကို

သူ့အလိုလိုခံစားမိလာပါတယ်

ဒီအချိန်ဆို တောပန်းလေးတွေစပွင့်တော့မှာပါ

နလေဲမပူသလို မိုးလဲအမွဲမရှာပါဘူး

ဓာတ်ပုံရိုက်ဝါသနာပါသူတွေအနေနဲ့

မိုးရာသီ သဘာဝနောက်ခံပုံလေးတွေ

ရိုက်ဖို့အကောင်းဆုံး အချိန်ပါ

ဒီအချိန်မှာ လာရောက်အပန်းဖြေရင်

ခရီးသွားနည်းတဲ့ကာလမို့

အင်းလေးကန်ရဲ့ သဘာဝဆန်နေမှုကို

ဆူညံမှုကင်းပြီး ခံစားလို့ကောင်းတဲ့

အချိန်ပါ၊ စိတ်က အလွန်တရာ

အေးချမ်းပြီ နောင်လုပ်မယ့်အလုပ်တွေအတွက်

စိတ်ကို Relax ပေးရင်း

လာရောက်အပန်းဖြေဖို့ အသင့်တော်ဆုံး

အချိန်တစ်ခုပါရှင် 💓

ရှမ်းအိုးစည်သံလေးတွေနဲ့အတူ

မျှော်နေမယ့် အင်းလေးသူလေးတွေပါရှင် 🙏🙏🙏

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





ရှမ်းရိုးမ တောင်တန်းကြားကနေ တိုက်ခတ်လာတဲ့ လေနုအေးတွေဟာစိတ်ကိုအရမ်းအေးချမ်းစေပါတယ် တချို့တွေက မိုးတွင်းခရီးသွားရတာမကြိုက်...
05/07/2024

ရှမ်းရိုးမ တောင်တန်းကြားကနေ

တိုက်ခတ်လာတဲ့ လေနုအေးတွေဟာ

စိတ်ကိုအရမ်းအေးချမ်းစေပါတယ်

တချို့တွေက မိုးတွင်းခရီးသွားရတာ

မကြိုက်တဲ့သူ အတော်များပါတယ်

နွေ နဲ့ ဆောင်းမှာ ခရီးသွားဖူးပြီးသွားရင်

အခုလို မိုးတွင်းလဲ ခရီးထွက်ကြည့်သင့်ပါတယ်

မိုးရာသီရဲ့ ခရီးသွားရတဲ့Vibe က

ဘယ်လိုခံစားချက်ကောင်းတွေပေးလဲဆိုတာ

ကျွန်မတို့ Sky Lake ကို

မိုးရာသီကို လာရောက်တည်းခိုကြည့်ရင်

သိပါလိမ့်မယ် .........

ကမ်းခြေမှာ လေကိုရူရှိုက်ရတာနဲ့

သစ်ပင်တွေ တောင်တန်းတွေကြားက

အောက်ဆီဂျင်ပြည့်ဝစွာပါတဲ့ လေကို

ခဏလောက်ဖြစ်ဖြစ် မျက်စိလေးမှိတ်ပြီး

ခံစားကြည့်ကြည့်ပါ

လေရဲ့ အေးမြမှုကို ထိတွေ့ခံစားရစေမှာပါ

နောက်တစ်ချက်ကတော့

တိတ်ဆိတ်ခြင်းပါ

မြို့ပြရဲ့ဆူလောင်သံတွေရဲ့

အဝေးဆုံးကိုရောက်နေတဲ့ ခံစားချက်က

ဘာနဲ့မှ မလဲနိုင်ပါဘူး

ညွှန်းစရာများနေလို့

ဒီနေရာမှာရပ်ပါရစေရှင်

လာမယ်ဆိုရင် နေပူပူ၊ မိုးရွာရွာ

ရှမ်းအိုးစည်သံလေးတွေနဲ့

ကြိုဆိုနေပါ့မယ်ရှင် 🤗🤗🤗

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင...
22/06/2024

အင်းလေးကန်သည်

မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊

တောင်ကြီးမြို့နယ်၊

ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။

မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင်

မြန်မာနိုင်ငံ၏ ဒုတိယမြောက်

အကြီးဆုံးကန်ဖြစ်သည်။

တောင်နှင့်မြောက်တန်းလျက်ရှိသော

တောင်တန်းကြီး(၂)ခုကြားတွင်

ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏

အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိလျက်ရှိသော

သဘာဝရေကန်ကြီးတစ်ခုဖြစ်ပါသည်။

လောပိတတွင် ရှိသော

(တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်)

ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက်

အဓိကကျသော ရေအရင်းအမြစ်

သဘာဝလှောင်ကန်လည်းဖြစ်သည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ

တည်ဆောက်ထားသည်။

တစ်နေရာမှ တစ်နေရာသို့

လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။

လှေကို ခြေဖြင့်လှော်ခတ်သည်။

အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည်

တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားပါသည်။

Ref : Wikipedia

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





🎵တောပန်းလေးများနဲ့လှချင်တိုင်း လှနေပါပြီလမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာအဆင်းအတက်ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာတေ...
12/06/2024

🎵တောပန်းလေးများနဲ့လှချင်တိုင်း လှနေပါပြီ

လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ

အဆင်းအတက်ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ

တောင်ပြာတန်းတွေ ဆီးလို့ကာ 🎵🎵🎵

ဒီသီချင်းသံလေးကြားရင်

ရှမ်းရိုးမတောင်တန်းကြီးတွေကို လွမ်းလာပြီမလား ???

သီချင်းသံလေးကြားလို့

ရှမ်းတောင်ကိုလာမယ်ဆို

ရှမ်းရိုးမတောင်တန်းကြားမှာရှိတဲ့

အင်းလေးကန်ထဲက Sky Lake Resort ကို

လာလည်စေချင်ပါတယ် ..........

အင်းလေးကန်ရဲ့ သဘာဝအလှအပတွေကို

တစ်ဝကြီးခံစားရသလို

စိတ်ရဲ့ပင်ပန်းနွမ်းနယ်မှုကို

အများကြီးလျော့ကျစေဖို့

အာမခံပါတယ်ရှင် .........

ရောက်အောင်သာလာခဲ့ပါ

ယဉ်ကျေးပြုဌာစွာနဲ့

ရှမ်းအိုးစည်သံလေးတွေနဲ့

ကြိုဆိုဖို့ အသင့်ရှိနေပါတယ်ရှင် 🌷❤️‍🩹🌺

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





June လရဲ့ မိုးရာသီအကြိုမိုးစက်လေးတွေကအလွမ်းဓာတ်ခံရှိသူအဖို့ အရမ်း Feel လို့ကောင်းတဲ့လတစ်လပါ မိုးရွာပြီးစဆို ထွက်လာတဲ့သက်...
01/06/2024

June လရဲ့ မိုးရာသီအကြိုမိုးစက်လေးတွေက

အလွမ်းဓာတ်ခံရှိသူအဖို့

အရမ်း Feel လို့ကောင်းတဲ့လတစ်လပါ

မိုးရွာပြီးစဆို ထွက်လာတဲ့သက်တန့်ကြီးက

ရင်သပ်ရူမောဖွယ်ကောင်းလှပါတယ်

ဒီအချိန်က ဘယ်နေရာကြည့်ကြည့်

အင်းလေးကန်ကြီးက လွမ်းစရာအတိပါပဲ

FA တွေမှ မဟုတ်ပါဘူး

RS ရှိတဲ့သူတွေအတွက်လဲ

အရမ်း Romance ဖြစ်တဲ့လပါ

မိုင်းသောက်တံတားပေါ် ထီးမဆောင်းဘဲ

မိုးရေထဲ နှစ်ယောက်သား

တံတားအဆုံးထိ ပြေးကြည့်စမ်းပါ

ပျော်စရာမကောင်းရင် မင်မင်လာပြော 💦💦💦

အင်းလေးရဲ့ အခုချိန်ရာသီဥတုက

အချိန်ပြည့်မိုးမရွာသလို အချိန်ပြည့်နေလဲမပူပါဘူး

ခဏရွာ ၊ ခဏနေထွက်ပုံစံပါ

အရမ်းနေလို့ကောင်း အချိန်ပါ

အများကြီးလဲညွှန်းမနေတော့ပါဘူး

လာမယ်ဆို ရှမ်းအိုးစည်သံလေးတွေနဲ့

မင်မင်တို့ အဖွဲ့သားတွေ ကြိုဖို့အသင့်ပါနော် 😘❤️‍🩹🥰

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





" ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ "🚩ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။🚩ဖွား - က‌ဆုန်လပြ...
22/05/2024

" ဗျာ၊ ဖွား၊ ပွင့်၊ စံ

ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ "

🚩ဗျာ - ကဆုန်လပြည့်နေ့မှာ

ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။

🚩ဖွား - က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။

🚩ပွင့် - က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။

🚩စံ - က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏

အဖြစ်တော်လေးမျိုးစလုံး

တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့်

ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။

ကဆုန်လပြည့်နေ့တွင်

ဒီပင်္ကရာဘုရားရှင်ထံမှ

ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍

ဗျာဒိတ်တော် ရရှိခဲ့သည်။

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော

သိဒ္ဓတ္ထမင်းသား ကို

သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင်

ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော

သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော

သိရီမဟာမာယာ မိဖုရားကြီးတို့မှ

လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ

ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃)

မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊

နံနက် ၁ ချက်တီးအချိန်

ဝိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင်

ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား

လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး

မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၊

ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

ယနေ့လိုထူးခြားသည့် ကဆုန်လပြည့်နေ့အခါသမယမှာ

မြန်မာပြည်သူ၊ ပြည်သားအပေါင်း

ဘေးဘယာဝေးကွာလို့

ကျန်းမာ၊ ချမ်းသာကြပါစေလို့

ကျွန်မတို့ Sky Lake မိသားစုမှ

ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင် 🙏🙏🙏

Sky Lake Inle Resort
================
For more detailed inquiry,
please contact to >>>
Contact No : 09777233023 / 09886662229
Gmail : [email protected]
Website: www.skylakeinleresort.com





Address

Near Maing Thauk Village , Inle Lake , Nyaung Shwe Town , Shan State , Myanmar
Nyaungshwe

Alerts

Be the first to know and let us send you an email when Sky Lake Inle Resort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sky Lake Inle Resort:

Share

Category