A Little Eco Lodge

A Little Eco Lodge The lodge is located just outside of congested Nyaung Shwe. It offers the spatial, natural and tranq
(237)

08/03/2026
Good morning friends!!!
08/01/2026

Good morning friends!!!

Dear friends of A Little Eco Lodge!We are sending our warm greetings to friends and colleagues, as it has been a long ti...
02/08/2025

Dear friends of A Little Eco Lodge!

We are sending our warm greetings to friends and colleagues, as it has been a long time we are silent.

In the time of difficulty and challenges, there are many organizations working in the community and sometimes in need of private space for mental well being, yoga retreat, team building, operational awareness, teachers training etc...

A Little Eco Lodge is contacted for this need.

In case if someone or some organization to organize such things for the small group around 15 or 18 and in need of decent venue, we will be very happy in helping this out.

Warmest....

07/01/2024

" အရာရာတိုင်းက ပညာပဲ "

ဟဲလို ဟဲလို ကြားရလား
ဟဲလို သမီးဘက်က လိုင်း
သိပ်မကောင်းဘူးရှင့်။

ကြားရပြီ ပြောပါ။

ဟုတ်ဟုတ်။ သမီးက နယ်မြို့လေး
တစ်မြို့မှာမွေးတာပါ။ ငယ်ငယ်
ကတည်းက မေမေရဲ့ ပြောပြချက်
တခုက "အရာရာတိုင်းက ပညာပဲ"။
အဲသလို ခဏခဏပြောတယ်။

သမီးစာသင်ကျောင်းက ပြန်လာရင်
မနားရဘူး။ မေမေရဲ့ ဈေးဆိုင်မှာ
စောင့်ပေးရင်း အိမ်စာတွေလုပ်ရတယ်။
သမီး သူငယ်ချင်းတွေကတော့
ကျောင်းစာပဲလုပ်ရတာ။ အဝတ်တောင်
မလျှော်ကြရဘူး။ ထမင်းဟင်းချက်
ကူဖို့လည်းမလိုကြဘူး။ သူတို့ အမေ
တွေက ပညာရေးကိုအားပေးပြီး
အကုန်လုပ်ပေးထားကြပါတယ်။

သမီးမှာက အိမ်အလုပ်လည်း
ဝင်လုပ်နေခဲ့ရတော့ တစ်ခါတလေ
ဝမ်းနည်းမိခဲ့ပါတယ်။ မေမေ က
ငါ့ကို မသနားဘူးပေါ့။

ဒီလိုနဲ့ သမီးတို့မြို့လေးနားမှာ
စစ်ပွဲတွေ စဖြစ်လာပါတယ်။
သမီးလည်း စာသင်ကျောင်းသွားဖို့
ခက်ခဲလာပါတယ်။ မေမေလည်း
ကျောင်းမလွှတ်ရဲဘူးပေါ့။

သမီးက ပညာဆက်သင်ချင်တော့
အိမ်ကိုခွင့်တောင်းပါတယ်။
နယ်စပ်ဘက်ကိုသွားပြီး ကျောင်း
ဆက်နေချင်ပါတယ်လို့။ မေမေက
ပြောပါတယ်။ "ငါ့သမီးက ကိုယ့်ကိုယ်
ကိုယ်စောင့်ရှောက်တတ်ပြီပဲ သွားပါ"။

သမီး အိမ်ကနေထွက်လာချိန်
အသက် (၁၇)နှစ်မပြည့်သေးပါဘူး။
အိမ်နဲ့ ဝေးဝေးလည်း ခရီးမသွားဖူးဘူး။
မိဘလည်း မပါနိုင်တော့ အားငယ်ခဲ့တယ်။

ဒါပေမယ့် ကိုယ်ရွေးချယ်တဲ့ လမ်းပဲ။
ငါ သွားရမယ်လို့ အားတင်းခဲ့တယ်။
အခု သမီးအသက်(၁၈) နှစ်ပြည့်
ခဲ့ပါပြီ။ နယ်စပ်မှာ ပညာဆက်သင်
နေပါပြီ။ နယ်စပ်နားက အဘွား
တစ်‌ယောက်ရဲ့အိမ်မှာ ခွင့်တောင်းပြီး
နေနေပါတယ်။ အဘွားကို ဝိုင်းကူညီ
ချက်ပြုတ်ပေးတယ်။ စိုက်ပျိုးရေး
ဝိုင်းလုပ်ပေးနေပါတယ်။

အခုမှ မေမေရဲ့ "အရာရာတိုင်းက ပညာပဲ"
ဆိုတဲ့စကားကို သဘောပေါက်ခဲ့တယ်။
အမေနဲ့ နေကတည်းက ဘာမှကူညီပြီး
မလုပ်ခဲ့ရင် သမီး အခုလို သူများနဲ့
နေရတဲ့အခါ အဆင်ပြေမှာ မဟုတ်ဘူး။
ပညာသင်ချင်ပေမဲ့ ကိုယ့်ဘာသာ
ဂရုမစိုက်တတ်ရင် မေမေလည်း
သမီးကို အဝေးကို သွားဖို့ခွင့်ပြု
ပေးမှာ မဟုတ်ဘူးဆိုတာ
နားလည်သွားပါပြီ။

သမီး မေမေကို ကျေးဇူးအရမ်း
တင်နေမိပါတယ် ရှင် . . .။

အခုလို ပြောပြပေးလို့
အခုလို သိခွင့်ရလို့ သမီးလေး ကို
ကျေးဇူးတင် လေးစားရပါတယ်နော်။

ကိုပီတိ
၇ ရက် ဇန်နဝါရီလ ၂၀၂၄

Crd # Naw Aung

12/04/2023

သင်္ကြန်တွင်း

မိသားစုလိုက်

ညောင်ရွှေမြို့နားမှာ

အေးအေးဆေးဆေး

တည်းခိုလို့ရမယ့်နေရာ လိုအပ်ရင်

A Little Eco Lodge ကို

ဆက်သွယ်ကြည့်ပါနော်…

# လျှပ်စစ်မီးကတော့ EPC ကအတိုင်းပါ

28/08/2022

ဆရာကတော့ လူမှားပြီးမပေါင်းမိစေနဲ့တဲ့…

Halloumi Cheese သို့မဟုတ် နွားနို့ခဲရန်ကုန်က အသိမိတ်ဆွေတွေထဲက A Little Eco Lodge က လုပ်တဲ့ နွားနို့ခဲစစ်စစ်ကိုရချင်လို့ ...
23/05/2022

Halloumi Cheese သို့မဟုတ် နွားနို့ခဲ

ရန်ကုန်က အသိမိတ်ဆွေတွေထဲက A Little Eco Lodge က လုပ်တဲ့ နွားနို့ခဲစစ်စစ်ကိုရချင်လို့ သီးသန့်မှာယူထားတာလေးရှိလို့ ဒီပို့စ်လေးကိုတင်လိုက်ရပါတယ်…

မိတ်ဆွေတွေထဲက နွားနို့ခဲစစ်စစ်ရချင်ကြရင် ၂၆/၂၇ ရက်နေ့ကိုပို့ပေးမှာဖြစ်လို့ လိုအပ်ရင် အမှာအော်ဒါတက်လို့ရပါတယ်ခင်ဗျ…

နွားနို့စျေး၊ ဂက်စ်စျေးတွေတက်နေပေမယ့် အရင်စျေးအတိုင်း ၁၀၀ ဂရမ်ကို ၃၀၀၀ ကျပ် (3000 kyats/100g) နဲ့ရောင်းပေးပါမယ်… deli ခ ဝယ်ယူသူက ကျခံပေးရပါမယ်။

ပုံထဲက နို့ခဲတွေကတော့ ၂၅၀ ဂရမ် ဝန်းကျင် အရွယ်လေးတွေဖြစ်ပါတယ်…

လိုအပ်ရင် မှာပေးကြပါဦးနော်…

မျောက်ကလေးများလို ဆော့ကစားနိုင်သောနေရာ ကလေးများအတွက် - လွတ်လပ်ခြင်း - ရဲရင့်ခြင်း - သန်မာခြင်း - ယုံကြည်မှုရှိစေခြင်းတို...
12/04/2022

မျောက်ကလေးများလို ဆော့ကစားနိုင်သောနေရာ
ကလေးများအတွက်
- လွတ်လပ်ခြင်း
- ရဲရင့်ခြင်း
- သန်မာခြင်း
- ယုံကြည်မှုရှိစေခြင်းတို့ဖြစ်စေဖို့ကူညီပေးပါတယ်@ a little eco lodge

ဟဲလိုသင်္ကြန်************🌿 ဟဲလို a little eco lodge ကလားဗျ🌴 ဟုတ်ပါတယ်ခင်ဗျ၊ ဘာများကူညီရမလဲဗျ🌿 ဪ ဟုတ်ကဲ့ သင်္ကြန်တွင်းဟို...
07/04/2022

ဟဲလိုသင်္ကြန်

************

🌿 ဟဲလို a little eco lodge ကလားဗျ

🌴 ဟုတ်ပါတယ်ခင်ဗျ၊ ဘာများကူညီရမလဲဗျ

🌿 ဪ ဟုတ်ကဲ့ သင်္ကြန်တွင်းဟိုတယ်ဖွင့်လားမေးကြည့်တာပါဗျ

🌴 ဟုတ်ကဲ့ ကျွန်တော်တို့ ၁၀-၄-၂၀၂၂ ကနေစပြီးဖွင့်ထားပေးပါတယ်ဗျ

🌿 ညောင်ရွှေမြို့အပြင်မှာဆိုတာတော့ သိထားတယ်ဗျ ဟိုတယ်အကြောင်းနဲ့ ဘယ်လိုဝန်ဆောင်မှုတွေရနိုင်မလဲပြောပြပေးနိုင်မလားဗျ

🌴 ဟုတ်ကဲ့ပါဗျ … ကျွန်တော်တို့ဆီမှာက အခန်း ၅ ခန်းရှိပါတယ်… အဆင့်မြင့်တဲ့ဟိုတယ် facility တွေတော့မရနိုင်ပါဘူး… ကျေးလက်ဆန်တယ် သက်တောင့်သက်သာရှိပြီး ကျယ်ဝန်းတဲ့အခန်းနဲ့ ခြံကျယ်ကြီးထဲမှာရှိပါတယ်… ကလေးတွေအတွက်လုံခြုံစိတ်ချရပြီး ကလေးတွေပျော်ရွှင်စွာဆော့ကစားနိုင်တဲ့ ကစားကွင်းလည်းရှိပါတယ်… မနက်စာကိုတော့ ဟိုတယ်ကပဲ စီစဉ်ပေးပါတယ်… နေ့လည်စာနဲ့ ညစာကိုတော့ ခြံထဲမှာပဲ ညောင်ပင်ကြီးအောက်မှာ သဘာဝ ဆန်ဆန်စားသုံးလို့ရအောင် စီစဉ်ပေးပါတယ်… အစားအသောက်ကတော့ ဒေသစာစစ်စစ် အချိုမှုန့်မသုံးတဲ့ အိမ်ချက်လက်ရာဖြစ်ပါတယ်…

တစ်ဆက်တည်းပြောပြထားချင်တာကတော့ eco lodge ဖြစ်ပြီး အခုကာလနေရာတော်တော်များများမှာကြုံတွေ့ရတဲ့ လျှပ်စစ်မီးပြတ်တောက်မှုတော့ ကြုံတွေ့ရနိုင်ပါတယ် (ဒီရက်ပိုင်း ၂ ပတ်လောက်ရှိပါပြီ နေ့ကော ညကော မီးမပြတ်ပါဘူး) အကယ်၍ကြုံတွေ့ရရင် လေအေးပေးစက်ကတော့ အခက်ကြုံနိုင်ပါတယ် … ဒါပေမယ့် ကျွန်တော်တို့တွေ လေအေးစက်မလို ညတိုင်းစောင်ပါးလေးခြုံအိပ်နေရတုန်းပါ…

ဪ ပြီးတော့ မြင်းစီးကွင်းက ကျွန်တော်တို့ဆီကနေ လမ်းလျှောက်သွားလို့ရတဲ့အကွာအဝေးမှာပဲရှိပါတယ်ဗျ… အင်းလေးသွားချင်တယ်ဆိုရင် စက်လှေစီစဉ်ပေးနိုင်ပါတယ်ဗျ…

🌿 ကျေးဇူးတင်ပါတယ်ဗျ ကျွန်တော်က ကလေးနှစ်ယောက်ပါလာမှာမို့မေးကြည့်တာပါ…

🌴 ဟုတ်ကဲ့ … ကလေးတွေ အရမ်းပျော်မယ့်နေရာလေးပါဗျ မြို့ပြမှာမရနိုင်တဲ့ ကစားနည်းတွေနဲ့ ခြံကျယ်ကြီးထဲမှာ ကစားရမှာပါ… ကလေးတွေအတွက် ဒန်းရှိတယ်၊ ခေါင်းအုံးရိုက်တဲ့စင်ရှိတယ်၊ ပုခက်ရှိတယ် ဘားတန်းဆွဲတာတွေရှိပါတယ်ဗျ…

🌿 အခန်းကဘယ်လိုယူလဲဗျ

အခန်းခက တစ်ည ၃၀၀၀၀ ပဲယူပါတယ်ဗျ ကုတင်ပိုအတွက်ရယ် ၅ နှစအထက်ကလေးတစ်ယောက်တိုင်းအတွက် တစ်ယောက် ၁၀၀၀၀ ထပ်ယူပါတယ်ဗျ

🌿 ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ ကျွန်တော် ညပိုင်းလောက်မှာ ပြန်ဆက်ပြီး ဘွတ်ကင်တင်လိုက်ပါမယ်ဗျ

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ


Ph: 092003993, 09772907077 ကိုဆက်သွယ်ဘွတ်ကင်လုပ်နိုင်ပါတယ်

06/04/2022

ကစားခြင်းကနေ ကိုယ်လက်ကြံ့ခိုင်စေခြင်း သန်မာစေခြင်းတွေအပြင် ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယုံကြည်မှု တိုးတက်ရရှိစေပါတယ်

Fun & Learn

05/04/2022

ကစားခြင်းမှ သင်ယူခြင်း

လွတ်လပ်စွာဆော့ကစားခြင်းကနေ ခန္ဓာကိုယ်ရဲ့မျှခြေအနေအထားကို ကလေးကိုယ်တိုင်လေ့လာသင်ယူနိုင်ပါတယ်

Fun & Learn!

Address

On The Way To Loi-khawt Trekking Route
Nyaungshwe
06081

Alerts

Be the first to know and let us send you an email when A Little Eco Lodge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Little Eco Lodge:

Share

Category