MYAT THU KHA Guest House Nyaung Shwe

MYAT THU KHA Guest House Nyaung Shwe Myat Thu Kha Guest House is not far from jetty and 15 minutes walking distance to downtown. We've also boat ,car rental ,trekking, and tickets service.

07/01/2020
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားတာခေါင်မွေတော်ဘုရားကြီးဆီ အရောက်လှမ်းခဲ့ကြပါရန်ဖိတ်ခေါ်ပါတယ်... စံကားတာခေါင...
12/05/2019

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားတာခေါင်မွေတော်ဘုရားကြီးဆီ အရောက်လှမ်းခဲ့ကြပါရန်ဖိတ်ခေါ်ပါတယ်... စံကားတာခေါင်ဘုရားသို့ ရေမိုင်(၃၇)မိုင်ခရီးကို ညောင်ရွှေမြို့လှေဆိပ်မှ မော်တော်စက်လှေဖြင့်(၂)နာရီခန့်စီးလျှင်ရောက်ပါတယ် ညောင်ရွှေမြို့မှ မိုင်းသောက်သွားလမ်းအတိုင်း ကားဖြင့်သွားပါက (၂)နာရီခန့်ကြာပါတယ်..အင်းလေးကန်ဝဲယာတစ်လျှောက်တွင် အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာလှည့်ရင်းတည်ထားခဲ့သော သမိုင်းဝင်(၆)ဆူမြောက် စံကားတာခေါင်မွေတော်ဘုရားဖြစ်ပြီး "ဤဘုရားအား ဆွမ်း သင်္ကန်း ပန်း စသည့် လှူဒါန်းပူဇော်ခြင်းဖြင့် ခုနှစ်ရက်သား သမီးတို့သည် ငါကဲ့သို့ပင် စင်္ကြာသိဒ္ဓိအမျိုးမျိုးရရှိကြ၍ နိဗ္ဗာန်ကိုလျှင်မြန်စွာမျက်မှေက်ပြုနိုင်ကြစေတည်း"ဟု သစ္စာဋ္ဌာန်ပြုထားသည့် ဘုရားတဆူလည်းဖြစ်ပါတယ်

07/11/2018

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်

Welcome to Taunggyi & Inlay!
18/10/2018

Welcome to Taunggyi & Inlay!

ညောင်ရွှေတောင်ဘက် ၁၀ မိုင့်ခန့်ကွာဝေးတဲ့ အင်းလေးကန်ရဲ့အရှေ့ဘက်ကမ်းက မိုင်းသောက်ရွာကလေးမှာ  အင်းလေးကန်ထဲက ရွာလေးတစ်ရွာနဲ့ ...
20/08/2018

ညောင်ရွှေတောင်ဘက် ၁၀ မိုင့်ခန့်ကွာဝေးတဲ့ အင်းလေးကန်ရဲ့အရှေ့ဘက်ကမ်းက မိုင်းသောက်ရွာကလေးမှာ အင်းလေးကန်ထဲက ရွာလေးတစ်ရွာနဲ့ မိုင်းသောက်ကို ဆက်သွယ်ထားတဲ့ (၂)ဖာလုံလောက်ရှည်တဲ့ သစ်သားတံတားလေးတစ်စင်းရှိတယ် အင်းလေးရဲ့ဦးပိန်တံတားလို့တင်စားလို့ရတယ် တံတားလေးတစ်လျောက်နားခိုစရာ အမိုးပါထိုင်ခုံလေးတွေရှိပြီး ပတ်ဝန်းကျင်မှာလည်း စားသောက်ဆိုင်လေးတွေရှိတယ် ရွာထဲကို ခြေနဲ့လှော်ခတ်တဲ့ ကနုးလှေလေးတွနဲ့ လိုက်ပို့တဲ့အစီအစဉ်ရှိပါတယ် အိမ်တွေကိုလည်းသွားလည်လို့ရပါတယ် အင်းသားရိုးရာဓလေ့တွေကို လေ့လာရင်း ခရမ်းချဉ်သဘာဝစိုက်ခင်းတွေဆီကို ကြည့်ရှု့ဖို့ ရှမ်းပြည်တောင်ပိုင်းရဲ့ အလှပဆုံးနေရာတစ်ခုဖြစ်တဲ့အင်းလေးကန်ကိုအလည်လာပါအုံးလို့ဖိတ်ခေါ်ပါတယ်

07/01/2018

ညောင်ရွှေမြို့ရဲ့ အရှေ့တောင်ဘက် (၃)မိုင် အကွာလောက်မှာ မြင်းစီးကလပ်လေးရှိပါတယ် ညောင်ရွှေကို လာလည်မယ်ဆိုရင် စက်ဘီးနဲ့ Red Mountain ဝိုင်ခြံမှာနေဝင်ချိန်ကြည့်ရင်းညစာစားရင်း ဝိုင်မြည်းစမ်းမလား ဒါမှမဟုတ် Red Mountain ကို မြင်းစီးမလား အင်းလေးကန်ပါတ်လည်မြင်းစီးမလားပေါ့ ရပါတယ် မြန်မာတွေအတွက်သင့်တော်တဲ့ဈေးနှုန်း အချိန်နာရီအလိုက်ရှိပါတယ် နိုင်ငံခြားသားတွေလည်းလာကြတယ် မြို့ထဲကို အကြိုအပို့လည်းလုပ်ပေးတယ်
အင်းလေးကန်ကို အပေါ်စီးကနေကြည့်လို့ရသလို ဆည်နဲ့ဘုန်းကြီးကျောင်းနဲ့ရှု့ခင်းလည်းလှတယ် နေဝင်ချိန်တောင်ကုန်းတောင်တန်းတွေပေါ် ဖျာကျနေတဲ့မြင်ကွင်းလေးကို စားရင်းသောက်ရင်းကြည့်လို့လည်းရတယ် နေရာသစ်တစ်ခုပေါ့

Address

No. 19, West Nan Thae Street, Ywa Tha Village, Nyaung Shwe, (infront Of Tha Nat Kha Hotel) , Inle Lake, Southern Shan State , Myanmar (Burma)
Nyaungshwe
PH:095240901

Telephone

9595039019

Website

Alerts

Be the first to know and let us send you an email when MYAT THU KHA Guest House Nyaung Shwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share